စန္ဒကူး

ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်...ကိုယ်ချစ်တဲ့သူတွေကိုစကားအနေနဲ့ပြောမထွက်ခဲ့တာတွေရှိတယ်။ ပြောပြနေရလောက်အောင်အချိန်မရတာလဲရှိတယ်၊အခြေအနေမပေးတာလဲရှိတယ်။တစ်နေ့ကျွန်မမရှိတော့တဲ့တစ်နေ့ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာ အမှတ်တရဖြစ်နေအောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ဝေဌခြင်တာလေးတွေ ကိုဒီမှာဘဲသွန်ချထားလိုက်မယ်။

Search This Blog

Loading...

မြူးစ် (ခ) ရုံလေး သို့

မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။

မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ်  အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့...

မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်..

ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်..

တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား..

ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး..
အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်...
ကူးစ်ပြောချင်တာက ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့.. ဘယ်လောက်အပြောဆိုခံခဲ့ရပေမယ့်.. ကိုယ့်အတွက် စိတ်ထိခိုက် တွေးမိတိုင်းဝမ်းနည်း အောင် စိတ်ထဲမှာမှတ်မထားပါနဲ့နော်..
သူတို့ကိုခွင့်လွှတ်ပီး မေ့ပစ်လိုက်ပါ...ကိုယ့်ကိုထိခိုက်နာကျင်စေတဲ့အရာမှန်မသမျှကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါ..
ကိုယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ဆက်လျှောက်သွားပါ... ကိုယ်စိတ်ချမ်းသာလို့ ဘယ့်သူမှမထိခိုက် လုပ်နေတဲ့ အရာတစ်ခု ဘာမဟုတ်တဲ့အထင်လွဲမှုတွေကြောင့် ပျော်ရွှင်မှုတစ်ခါးလေးတစ်ချပ်မပိတ်မိပါစေနဲ့နော်..

မြူးစ်ကို ညီမလိုလဲချစ်တယ်..သူငယ်ချင်းလိုလဲခင်တယ်..
မြူးစ် အပေါ်ထိခိုက်ခံခဲ့ရတာတွေ ခွင့်လွှတ်ပီးမေ့ပစ်လိုက်ပါနော်..
ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာနေပါမြူးစ် ....

ဆက်လက်ဖတ်ရှူရန်.....

ဘောစကိုင်း တို့စရာ

ကျွန်မငယ်ငယ်တုန်းက မန္တလေးမှာ မမေ့နိုင်တဲ့အရာတွေထဲမှာ ဘောစကိုင်းသီးနဲ့ သီးသီး ပေါ့..
သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းကတစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်..   အခုလက်ရှိ

ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ...
အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း...
သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်...
ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်တယ်..


အရသာကတော့ ဒညင်းသီးနဲ့ခပ်ဆင်ဆင် အဲလောက်တော့အနံ့မပြင်းပေမယ့် စားပီးရင် ခံတွင်းမှာ အနံ့နဲနဲ ကျန်ခဲ့ပါတယ်... ကျွတ်ကျွတ်လေးနဲ့ တို့စရာအဖြစ်အရမ်းစားလို့ကောင်းပါတယ်...
မနေ့ညနေက ဘောစကိုင်းသီးနုနုလေးတွေတို့စားရင်း မန္တလေးမြို့သစ်ဖက်ကို ရောက်သွားသလို ခံစား ကြည့်နူး အောက်မေ့မိပါသေးတယ်...

ဆက်လက်ဖတ်ရှူရန်.....

ခရမ်းသီးကြပ်တိုက် နှပ်

ခရမ်းသီးကြိုက်တဲ့သူများအတွက်ပါ။ အရင်တစ်ပတ်က (၁)နာရီလောက်ဝေးတဲ့ဟင်းသီးဟင်းရွက်ဈေးကို ရောက်သွားခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ သိရိမင်္ဂလာဈေးလိုမျိုးပေါ့.. ဟင်းသီးဟင်းရွက်တွေ အများကြီး သေချာသပ်သပ်ရပ်ရပ်စီပီးရောင်းနေတာ။ ဒီမှာဆောင်းတွင်းဆို အသီးရွက်က ရှားလာပီလေ။ ဒါနဲ့ ခရမ်းသီးတွေ လဲလတ်လတ်ဆတ်ဆတ်လေးတွေ့တာမို့ဝယ်လာခဲ့ပါတယ်.. ပြန်ရောက်ပီးလဲ မချက်ဖြစ်ဘူး။ ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်ထားရင် တစ်ဖြည်းဖြည်းအရောင်ပြောင်းလာပီးတော့ ပုပ်သွားတယ်..အခြားသီးနှံတွေနဲ့ မတူဘူး။ မပုပ်ရင်လဲ ခြောက်သွားတယ်။ ဒါကြောင့်တစ်မျိုးစမ်းကြည့်ဖို့စဉ်းစားပီ အရမ်းလဲခြောက်မသွားကြပ်တိုက်သလောက်လေး အပူပေးပီ နဲနဲအရေခွံလေးတွေခြောက်သွားအောင်ကင်ထားလိုက်ပါတယ်..  တစ်ပတ်ကျော်မှ မှချက်ဖြစ်တာပါ..

ရိုးရိုးခရမ်းသီးနှပ်ပုံစံမျိုး..
ကြက်သွန်ဖြူနီ ဆီသတ်
ပုဇွန်ခြောက်မှုန့်နဲ့
ငရုတ်သီးအကြမ်းမှုန့်
ခရမ်းသီးကြပ်တိုက်ထားတာလေးတွေထည့်ပီး၊ ငါးငံပြာရည်လဲနဲနဲဖြန်းပီး ဆားအချိုမှုန့်သင့်တင့်အောင် ထည့်ပီးချက်လိုက်တာပါ..
နဲနဲနူးသွားအောင်ရေလေးထည့်ချက်ပါ..အရသာကတော့ဘယ်လိုကွာလဲဆိုတာ ချက်စားမှသိမှာနော်..
ကူးကူးတောင် ရိုးရိုးအစိမ်းချက်တာထက်ကိုပိုအရသာတွေ့နေလို့ ခက်နေပီ..း)


လိုအင်ကြံဆနည်းလမ်းရဆိုပါတော့လေ..း)

ဆက်လက်ဖတ်ရှူရန်.....

Unique Plan for Holidays!



ဆက်လက်ဖတ်ရှူရန်.....

ဒီဇင်ဘာအလှ/အလွမ်း

(စန္ဒကူးရေးချင်တာက)
ဒီဇင်ဘာလကိုချစ်တတ်တဲ့သူများအတွက် တစ်ကူးတစ်ကရိုက်ပို့ထားပေးတဲ့ ပုံလေးတွေတင်ပေးလိုက် ပါတယ်။ ညီမလေးက ဒီဇင်ဘာမှာမွေးတယ်၊ မာမီနဲ့ပါးပါး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တယ်..
ဒီဇင်ဘာတိုင်းမိသားစုတွေပြန်စုံကြတယ်...
ရုံးပိတ်ရက်တွေလဲအများကြီး...လက်ဆောင်တွေလဲအများကြီးရသလို.မရှိဆင်းရဲသားတွေကိုလဲ ကိုယ့်မှာ ရှိတာလေးကို အကုန်နီးပါးပြန်ဝေမျှဖြစ်တဲ့ပုံမှန်လလေးပေါ့....
(ဆက်ဖတ်ရန်)
အလုပ်အများဆုံးလလို့ပြောလို့ရသလို..
ဒီဇင်ဘာလရဲ့အေးစိမ့်တဲ့အရသာကိုလဲချစ်တယ်...
ခြောက်သွေ့တဲ့လေအေးအေးတွေကိုလဲချစ်တယ်...
မိသားစုရဲ့နွေးထွေးမှုကိုလဲလွမ်းတယ်...
ချစ်သူ့ရဲ့စိုးရိမ်ပူပန်တဲ့အကြည့် ကိုလဲ တမ်းတတယ်...
ဒီနှစ်ခရစ္စမတ်ပါတီကိုတော့ အသက်နဲ့အလိုက် dress code အရောင်တွေသတ်မှတ်ထားတယ်...
ကျွန်မအသက်နဲ့ဆိုတော့ အစိမ်းရောင်ကျတယ်...
blue christmas လို့ လွမ်းရောင်သန်းပီး အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင် အပြာရှေ့မှာ အလွမ်းကဗျာ ဆန်မယ့်အရေးမှာ..အခုတော့ အစိမ်းရောင်ဝတ်ပီး ခဏစိမ်းကားနေရအုံးမယ့်နမိတ်များလား..နော်။



(ဆက်ဖတ်ရန်)

ဆက်လက်ဖတ်ရှူရန်.....