Pages

Friday, February 29, 2008

မုန်လာဥချဉ်သုပ်၊ ပဲတီပေါက်သုပ်

သူငယ်ချင်းတွေက..စားစရာအကြောင်းဘဲရေးနေလို့ဆိုပြီးပြောနေကြပေမယ့်လဲ...
အစားကနေ့တိုင်းစားရတာကိုး..ဒီတော့ အစာအကြောင်းဘဲရေးတာများမှာပေါ့...
အမှန်ကတော့ပုံဘဲကြည့်ပြီးသူတိုကမစားရလို့.. မနာလိုတာဖြစ်မယ်.. ဟီးဟီး
ဒီနေ့တော့ မုန်လာဥချဉ် သုပ်နဲ့ ပဲတီပေါက်သုပ်အကြောင်းကိုရေးမလို့ပါ။
ချဉ်ဖတ် ကိုအရမ်းကြိုက်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိပါဘူး။ ဒီရောက်တော့ ချဉ်ဖတ်စားချင်လို့ ကိုးရီးယား ကင်မ်ချီကို ၀ယ်စားတယ်.. အရသာကတော်တော့ကိုဆိုးတယ်..ဘာကြောင့်မှန်းမသိဘူး ကြိုက်ဘူး။
ချဉ်ဆုတ်နေတဲ့အထဲ အနံ့က စိမ်းရွှင်ရွှင်နဲ့...
ဒါနဲ့ မာမီကိုဖုန်းဆက်ပြီး ချဉ်ဖတ်ဘယ်လိုလုပ်ရလဲမေးတယ်။ ပထမတစ်ခါ..မုန်လာဥတွေဝယ်..ဗူးကြီးကြီးဝယ်ပြီး
အချဉ်တည်မယ်ဆိုပြီး...ထမင်းချက်ပြီး ဆားနဲ့ရောနယ်.. မုန်လာဥလှီးထားတာတွေနယ်.. ဗူးထဲမှာသိပ်.. နေလှန်း...
တစ်လပြည့်လို့ ပုပ်သွားတယ် မချဉ်ပါဘူး။ ဒါနဲ့ ဇွဲမလျော့ဘူး။ နောက်တစ်ခါထပ်ဝယ်..လှီးပြီးဆန်ဆေးရေနဲ့စိမ်တယ်.. ဆားထည့်တယ်..မချဉ်ပြန်ဘူး။ နောက်တော့ မာမီကပြောတယ် ဘာဆားသုံးတာလဲဆိုတော့.. အိုင်အိုဒိုက် ဆားသုံးတာကိုး...ဆိုင်မဆိုင်တော့မသိဘူး..ဆားအကြမ်းသွားဝယ်... နောက်တတိယတစ်ခါစိမ်တော့ အောင်မြင်သွားတယ်..ပျော်လိုက်တာ...
မုန်လာဥချဉ်တွေကိုထုတ်..ရေဆေး ပြီးပါးပါးလှီး
မြေပဲကြော်ကို ညက်အောင်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်
ငရုတ်သီးခြောက်မှုန့်ကိုထည့်
ကြက်သွန်ဖြူကို ဆီသတ်
အားလုံးထည့်ပြီးတဲ့အခါမှ၊ နံနံပင်လေးအုပ်ပြီး နယ်လိုက်တော့...ကောင်းလိုက်တာပြောမနေနဲ့..ထမင်းနဲ့တောင်မစားတော့ဘူး။ နယ်ပြီးရင်တော့ပန်းကန်ပြောင်းထည့်ပေါ့... နယ်ထားတဲ့ပန်းကန်က ပေနေမှာလေ... ဒီတိုင်းထိုင်စားတာတစ်ပန်းကန်ကုန်တယ်။

ပဲတီပေါက် သုပ်ကတော့
ပဲတီပေါက်လေးတွေကို ရေနွေးနဲ့အရင်ဖျောပြီး ဇကာနဲ့စစ်ထားပါတယ်။
ကြက်သွန်အနီကိုဘဲဆီသတ်
ခရမ်းချဉ်သီးကို အလယ်ကနေဖြတ်လှီးပြီးထည့်တယ်။
ငရုတ်သီးစိမ်းလေးတွေပါးပါးလှီးပြီး
ပဲမှုန့်၊ ဆား၊ ချိုမှုန့် နဲနဲ ကိုထည့် ပြီး နံနံပင်လေးအုပ်နယ်လိုက်တာပါ။
အချဉ်ကဲခြင်ရင်တော့ သံပုရာသီးလေးတစ်ခြမ်းလောက်ညှစ်ထည့်လိုက်ပါ။

Thursday, February 28, 2008

မိသားစုထမင်းဝိုင်း

တစ်နေ့က.. ညီမ၀မ်းကွဲက ငါးပိရေကျိုစားခြင်တယ်တဲ့။ ရှိသေးလား လို့မေးတော့ ကျွန်မကရှိတယ်။ ယိုးဒယား ငါးပိလားလို့မေးတော့ သူက မဟုတ်ဘူး..မြန်မာငါးပိဘဲစားချင်တယ်တဲ့။ ဆိုတော့..ကျွန်မက နဲနဲကျန်သေးတယ်။ ပို့ပေးလိုက်ရမလားဆိုတော့သူကမပို့နဲ့အမနဲ့အတူစားချင်တာတဲ့.. ခုတစ်လောနေကသိပ်မကောင်းအလုပ်ကပင်ပန်း စိတ်လဲ ပင်ပန်းနဲ့ ဒီအချိန် နို့မှုန့်လာကျွေးရင်တောင်ကောင်းကောင်းစားနိုင်မှာမဟုတ်ဘူး..ဒါပေမယ့် သူလာတော့ ငါးပိကို အိမ်က ကောင်မလေး စိတ်ရှည်ရှည်နဲ့ သောက်ေ၇သန့်ဗူးထဲကိုထိုးထည့်ပေးလိုက်တဲ့ဟာကိုခက်ရင်းနဲ့ ဆွဲထုတ်တာ..ဟူးးးး မောတယ်။ ထည့်တဲ့သူကတော့ ဘယ်လောက်ပင်ပန်းမလဲမသိဘူး။ ငါးပိက မာမီ့ရဲ့ selected ဆိုတော့ အကျည်းခွံပါတဲ့ ငါးသေးသေးတွေ.. ကိုသေချာလုပ်ထားတာ.. ကျိုလိုက်တော့ မွှေးးနေတာဘဲ.နဲနဲတော့ကျဲတယ်. ဒါနဲ့ကျွန်မက ငရုတ်သီးစိမ်းလေးတွေကို အညှာချွေ၊ ကြက်သွန်ဖြူကိုအခွံနွှာပြီး လှော်လိုက်တယ်။ အနံ့သင်းပြီးမွှေးလာရင်ချ၊ ပြီးတော့ ညက်အောင်ထောင်း၊ ခွက်ထဲထည့်၊ ပြီး ငါးပိရည်ကျိုပူပူကိုအပေါ်လောင်းထည့်..အနံ့ကတော့မွှေးနေတာဘဲ။ တစ်အိမ်လုံးငပိနံ့ကလှိုင်လှိုင်ထနေတာ။ ဒါတောင်သူများကိုအားနာလို့ ကျိုတုန်းက အဖုံးအုပ်ထားသေးတယ်.. ကိုယ်ကြိုက်တဲ့အစာဆိုတော့လဲ မွှေးနေတာပေါ့။

တူတော်မောင်ကတော့ ငြိမ်ငြိမ်နေပါဘူး။ သူ့အမေဟင်းချက်တာကို ကြည့်ချင်တာ.. မကြည့်ရရင်အော်ငိုရော။ သူကလှမ်းကြည့်ဖို့အရပ်မမှီတော့ ဂက်စ်မီးဖိုခလုတ်တွေကို လှည့်နေတာ တစ်ခုပြီးတစ်ခု..တစ်ခါတစ်လေ..ဟာ ..ဟင်းအိုးခုထိမဆူသေးပါလား..မမေးနဲ့ တူတော်မောင်..ခလုတ်လှည့်ပြီးပိတ်ထားတာ.. သူကဖွင့်ပိတ်မသိဘူး..သူလှည့်ရရင်ပြီးရော.. ဒါနဲ့ ဟင်းချက်တုန်းမှာ သူ့အမေတလှည့်၊ ကျွန်မတလှည့်သူ့ကိုချီထားရတယ်။ သူ ဟင်းချက်နေတာကိုမြင်ရရင်ငြိမ်ငြိမ်လေးကြည့်နေတယ်။ နင့်သားတော့ကြီးလာရင် စားဖိုမှူးဖြစ်မယ်ထင်တယ်လို့ ကျွန်မတောင်ပြောလိုက်သေးတယ်။
ညီမ၀မ်းကွဲက ကျွန်မကို ငါးကိုအုန်းနို့+ ဆနွင်းတက် နဲ့ချက်တာစားဖူးလား..ချက်ကျွေးမယ်ဆိုပြီး သူနနွင်းတက်လေးတွေဝယ်လာတယ်။ ကျွန်မအဲဒါတွေကိုဈေးမှာအမြဲတွေ့တယ်။ ဘာမှန်းမသိလို့မ၀ယ်တာ။ ဂျင်းအတက်လိုဘဲ ဒါပေမယ့်နဲနဲသေးတယ်။ အဲဒါကိုခြောက်အောင်လုပ်ပြီးကြိတ်ရင် နနွင်းမှုန့်ရတယ်တဲ့..
အင်း..နနွင်းမှုန့်နဲနဲထည့်ရင်တောင်..ဟင်းတွေဝါ။ အိုးတွေဝါ..အခုနနွင်းတက်ဆိုတော့ စဉ်းစားကြည့်တော့.. ဗြောင်းဆန်အောင်ဝါတယ်။။ လက်မှာအခုထိဝါတုန်းဘဲ။မီးနေသည်နဲ့တောင်တူလာပြီ...
သူက ကြက်သွန်ဖြူ၊နီ ဂျင်းနဲနဲနဲ့ နနွင်းတက်များများကို ငရုတ်ဆုံထဲညက်နေအောင်ထောင်းတယ်။ ပြီးတော့ ဆီချက်သတ်တယ်။ အနံ့ကတော့မွှေးနေတာဘဲ။ ပြီးတာနဲ့ အုန်းနို့မှုန့် ကို ရေအေးနဲ့ဖျော်ပြီးတော့ ဆီချက်သတ်တဲ့အိုးထဲကိုလောင်းထည့်လိုက်တယ်။ ပွက်တာနဲ့ တလားဗီးယားငါးအကောင်လိုက်ကို ဓားနဲ့ နဲနဲမွှန်းပြီး ထည့်လိုက်တယ်။ ဆား၊ ချိုမှုန့် သင့်တော်ရုံထည့်ပြီး အစက အုန်းနို့အနှစ်ဟင်းရည်က ငါးအကောင်ကို ဖုံးလုခင်ခင်..အဲဒါကို မီးအေးအေးနဲ့ခပ်ကြာကြာတည်လိုက်တော့ ငါးလဲကျက်၊ အုန်းနို့ဟင်းအနှစ်လဲ တော်တော့်ကိုပျစ်နေပြီ ဆိုမှအိုးကိုချလိုက်တယ်။ အဖုံးတော့ဖုံးလို့မရဘူး ၊ အုန်းနို့ပါတော့ အဖုံးဖုံးရင် ဝေကျတယ်။
အုန်းနို့က လတ်လတ်ဆတ်ဆတ်ကိုသုံးလဲရပါတယ်။ ဒါပေမယ့် ကျွန်မတို့က အလွယ်နည်းဆိုတော့၊ အုန့်နို့အမှုန့်လဲ တော်တော့်ကို မွှေးပါတယ်။ ကျက်တော့ ငါးတစ်ကောင်လုံးထဲကို အုန်းနို့အနဲ့တွေနဲ့ အရသာစိမ့်စိမ့်လေး..အရမ်းစားလို့ကောင်းပါတယ်။ အချိန်ရပြီးအားမယ်ဆိုရင်ချက်စားကြည့်ကြပါလား။

အအီပြေအတွက်ကတော့ ဆန်ဆေးရည်ကိုတည် ပွက်တာနဲ့ ပိန်းဥလေးတွေအခွံနွှာထည့်၊ ပြီးရင် မန်ကျည်းမှုန့် နဲနဲထည့်၊ကြက်သွန်နီလေးတွေလှီးထည့်ပြီး နောက်ဆုံးမှာ တော့ ကန်ဇွန်းဥအရွက်နုစိမ်းစိမ်းလေးတွေထည့်လိုက်တော့
အရည်သောက်အချဉ်ဟင်းချိုတစ်ခွက်ရပြီပေါ့။

စားပါအုံးလား။။။

Wednesday, February 27, 2008

ဆယ်လ်မွန်ငါးချက်

၁။ ဆယ်လမွန်ငါးစားလောက်ရုံး (ပဲပြားတုံးခန့်) အတုံးတစ်တုံး အရေခွံဓားနဲ့လျှပ်ခွာပါ။
၂။ ဆား+ ငရုတ်ကောင်းမှုန့်ကို ငါးအသားတုံးပေါ်အနဲငယ်ပတ်ပတ်လည်လိုက်ဖြန်းပါ။
၃။ မကပ်နိုင်တဲ့ဒယ်အိုးမှာဆီနဲနဲထည့်၊ ဆီကိုဒယ်အိုးမှာပြန့်အောင်လုပ်ပါ။ အငွေ့ထွက်လာလျှင်ငါးအသားတုန်းကိုထည့်.. လှည့်ပြီး ရွှေအိုရောင်သန်းလာသည်အထိလှိမ့်ပါ..ပြီးအဖုံးခဏအုပ်အလွန်ဆုံး (၂)မိနစ်နှင့်ဆို ငါးကျက်နေပြီး..ထို (၂) မိနစ်အတွင်းမီးကိုအေးအေးမျှင်းမျှင်းထားပါပြီးဒယ်အိုးမှထုတ်အအေးခံ
၎။ ကြက်သွန်ဖြူ၊ နီ ဂျင်းကို တောက်တောက်စင်းဆီနဲနဲထည့်… ပူရင် ဆနွင်းနဲနဲထည့်..ပြီးဆီသတ်၊ မဆလာ ထည့်..ငရုတ်သီးမှုန့်ထည့်အနှစ်ရအောင်ဆီသတ်။။အချိုမှုန့်၊ဆားလိုတဲ့အရသာထည့်..
ပြီးခရမ်းချဉ်သီးကိုလေးထောင့်
အတုံးလေးတွေ
အံစာတုန်းအရွယ်လှီးပြီးဆီချက်အိုးထဲထည့်။။
မီးအေးအေးနှင့်အနှစ်ရအောင်မွှေပါ။ ပေါ့ ငံမြည်း.. လိုတာထပ်ထည့်(အချဉ်ကြိုက်ရင် မန်ကျဉ်းရေ.. သို့ အချဉ်မှုန့်ထည့်)
၅။ ငါးရုတ်သီးအနီပွ.. အနီနဲ့ အစိမ်းရောင်၊ ဂေါ်ဖီထုတ်တို့ ကို ပါးပါးလေး မျှင်မျှင်လေးရှည်ရှည်လေးလှီးပါ။ပြီးဆီအိုးကပ်တည်ပြီး.. တစ်ချက်နှစ်ချက်ထည့်မွှေပါ.. ပြီးရင်ခပ်ပြီး
ပုဂံပေါ်တွင်ပြင်ဆင်ခြင်း
ပုဂံအလည်မှာ ငါးရုတ်သီးအနီပွ.. အနီနဲ့ အစိမ်းရောင်၊ ဂေါ်ဖီထုတ်ရောပြီး ဆီပူမှာလှိမ့်ထားတာကို လုံးလုံးလေးပုံ..ပြီးငါးကိုတင်..ပြီး ဟင်းအနှစ်ကိုအပေါ်မှလောင်းချပါ..ပြီး အပေါ်မှနံနံပင်အုပ်..(အခုကတော့ ကန်ဇွန်းဥလိုမျိုး၊ နိုကိုဥလိုဥနီကို အုန်းသီးခြစ်တဲ့ဟာနဲ့ခြစ်ပြီးအုပ်တင်ထားတာပါ)သံပုရာနှစ်လုံး (သို့) လျှောက်သီးလှီးဘေးမှာတင်ထား..(လိုရင်အချဉ်ညှစ်စားလို့ရတာပေါ့)ပြီးတော့ ထောပတ်သီးလတ်လတ်ဆတ်ဆတ်လေးတစ်လုံးလောက်ကို ခပ်ထူထူလှီးပြီးဘေးမှာချထားပါ..ထောပတ်သီးစားရင်အသားရေလှတယ်.. ဆယ်လမွန်ငါးက ဗီတာမင် (E)နဲ့ ထောပတ်သီးကလဲဗီတာမင် (E)ူအာနိသင်တူတူဘဲ။ ဒါကြောင့်တွဲစားတာကောင်းတယ်။ ချယ်ရီတိုမားတိုး၊ပန်းခရမ်းချဉ်သီးလေးတွေကိုဘေးမှာချထားလိုက်..
(စိတ်ပေါက်ရင်အလုံးလိုက်ကောင်ဝါးလို့ရတယ်) ကဲ..တောင်းဆိုထားသူများ..ချက်စားလို့ရပါပြီ...
Credited to To To Ni Ni

Tuesday, February 26, 2008

အောင်မြင်သောအသက်တာသို့

ပညာရှင် ဒွိုက်အေဒီလာဖီးလ် က ဘာပြောလဲဆိုတော့ ဘုရားသခင်ဟာ လှုပ်ရှားမှုမရှိတဲ့ဟာကို မကူညီပေးဘူး..ဒါဟာမှန်ပါသလား..
၁။ ရေကူးသင်မယ်ဆိုပါတော့။ စာသင်ခန်းထဲမှထိုင်ပြီး ရေကိုဘယ်လိုကူး..ဘယ်လိုခတ်ရတယ်ဆိုတာထိုင်ပြီးသင်နေတာ တကယ်တမ်းလက်တွေ့မပါရင် ဘယ်တော့မှရေကူးတတ်မှာမဟုတ်ပါဘူး။
၂။ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ၊ ကားမောင်းသင်တာ.. အကုန်လုံးက လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ သင်ယူမှသာတတ်မြောက်မှာဖြစ်ပါတယ်။
၃။ စကိတ်စီးတာနဲ့ ဘတ်စကတ်ဘော၊ ဘောလုံးကန်တာ..အားလုံးဟာလဲအတူတူပါဘဲ။
ဘုရားသခင်ဆီမှာ ကျွန်တော်ကျွန်မကို ဒီလိုဖြစ်အောင်လုပ်ပေးပါ။ ဟိုဟာပေးပါတောင်းဆိုတာထက် လူကိုယ်တိုင်ကလဲကြိုးစားမှုရှိမှရမှာဖြစ်တယ်။
ခန္တာကိုယ်အရ..
တစ်ချို့သောသူတွေကထိုင်ခုံမှာထိုင်နေတာက မရွေ့ဘူး၊ ဒါပေမယ့် သူတို့ တစ်စုံတစ်ဦးလာရောက်ကူညီစောင်မ ဖို့ကိုမြော်လင့်နေတယ်။
တစ်ချို့တွေကြတော့.. ဘုရားသခင် ကျွန်တော်ကျွန်မကိုစောင်မပါ၊လမ်းပြပါလို့တောင်းဆိုပေမယ့် သူတို့ကိုယ်တိုင်ကျတော့ ပြထားပေးတဲ့လမ်းကိုမသွားခြင်ကြဘူး။
ဘုရားသခင်က ကျွန်တော်/မ တို့ကို အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကို အကုန်လုံးမညွှန်ပြ၊ မဖော်ပြထားပါဘူး။ အကယ်လို့ သူသာ ညွှန်ပြခဲ့ရင် ကျွန်တော်/မ တို့မှာလဲ ယုံကြည်ခြင်းတွေပျက်ပြားသွားပါလိမ့်မယ်။
ဘုရားသခင်က ကျွန်တော်/မတို့ကို ခြေလှမ်းတစ်လှမ်းစီ..တဆင့်ပြီးတဆင့်ညွှန်ပြပေးပါတယ်။ အဲဒီအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းမယ်ဆိုရင် ဘုရားသခင်ရဲ့ ဂရုဏာကိုခံစားနားလည်သိရှိလာမှာပါ။
အောင်မြင်မှုအတွက်ရွှေသော့ချက်
၁။ အောင်မြင်မှုကို စိန်ခေါ်ရုန်းကန်လှုပ်ရှားမှုမရှိဘဲနဲ့ ဘယ်သူမှမရနိုင်ဘူး (ဟိုးမားဒေါင်းဒီ)
၂။ အသက်တာမှာအောင်မြင်မှုဆိုတာ ကိုယ်ပိုင်အစွမ်းအစရှိလို့ဆိုတာထက် အာရုံစူးစိုက်ပြီး အပတ်တကုတ်ကြိုးစားမှုပေါ်မှာသာမူတည်ပါတယ်။ ( စီ ဒဗလျု ၀မ်တီ)
၃။ မျက်နှာအပေါ်ယံမှာ မဖြစ်နိုင်လောက်တဲ့အခြေနေတွေနဲ့ အောင်မြင်နေတဲ့လူအများစုဟာ သူတို့ကိုယ်သူတို့ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ မသိကြဘူး။ (ရောဘတ် အိတ်ခ်ျ စကာလာ)
အကယ်လို့ပထမအကြိမ်မှာ အောင်မြင်ခဲ့ရင် ၊ နောက်တခါပိုခက်ခဲတဲ့အရာကိုကြိုးစားကြည့်ပါ။
အောင်မြင်မှုကိုကိုယ့်ရဲ့ကြိုးစားမှုမပါဘဲနဲ့အရူးအမူးလိုချင်နေသူများကတော့ မစိုက်ရသေးတဲ့အပင်ရဲ့ အသီးကို ခူးဖို့ကြိုးစားနေတာနဲ့တူပါတယ်။ဘုရားသခင်က ကျွန်တော်/မတို့အတွက် လမ်းဆုံး နှစ်ခုပေးထားပါတယ်၊ တစ်ခုကတော့ ထိုင်နေ နောက်တစ်ခုကတော့ တွေးတောစဉ်းစား လုပ်သင့်တာကိုလုပ်၊ အောင်မြင်မှုက အဲဒီနှစ်ခု ကျွန်တော်/မတို့ ဘယ်တစ်ခုကိုပိုပြီးအသုံးချလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။အောင်မြင်မှုလမ်းက တောင်ပေါ်ကို ပြေးတက်တာနဲ့တူပါတယ်။ ဒါကြောင့်မို့ဘယ်လောက်အချိန်တိုအတွင်းမှာ ငါတောင်ပေါ်ကိုရောက်နိုင်ရမယ်လို့ သတ်မှတ်လို့မရပါဘူး။
ဒီကနေ့အောင်မြင်နေတဲ့လူအများစုဟာ မနေ့က ကျရှုံးနေပြီး လက်မမြောက်ဘဲ ဆက်ရင်ဆိုင်နေခဲ့တဲ့သူတွေဖြစ်ပါတယ်။ အရာအားလုံးပျောက်ဆုံး၊ ကျရှုံးနေတာကို လက်မမြောက်ဘဲ ရှေ့ဆက်သွားနိုင်တဲ့သူတွေအတွက် အောင်မြင်မှုက မလွဲမသေသူတို့လက်ထဲကိုရောက်လာမှာပါ။ မနားမနေအလုပ်ကိုကြိုးစားလုပ်ကိုင်ခြင်းက အေင်မြင်မှုဆီကို ရောက်အောင်ခင်းပေးတဲ့အလွယ်ကူဆုံးတံတားတစ်ခုပါ။
ခရစ်ယာန်အသက်တာမှာ ပြည့်စုံဖို့ရန်အတွက် ကတော့ အရာရာကို ခိုင်မာတဲ့ယုံကြည်ချက်နဲ့ မလဲမပြိုတည်ဆောက်ပြီး ကောင်းမွန်စွာပြုကျင့်ခြင်းသာအရေးကြီးပါတယ်။
တစ်ခါတစ်ရံမှာ (မျက်မမြင်တစ်ယောက်က တစ်ယောက်ကို လမ်းပြနေတာ.နှစ်ယောက်စလုံးဒုက္ခရောက်နိုင်တယ်) ဆိုတဲ သဘောက အမြဲမမှန်နိုင်ပါဘူး။
လူးဝစ်ဘရေးလ် ဆိုတဲ့ ပြင်သစ်လယ်သမားကောင်လေးတစ်ယောက်ကတော့ သူငယ်စဉ်ကလေးအရွယ်ကနေ မျက်စိနှစ်လုံးကွယ်ခဲ့ရပါတယ်။ မှာအသက် ၁၈ နှစ် ရောက်တဲ့အခါမှာတော့ မျက်မမြင်တွေလက်ချောင်းလေးတွေနဲ့စမ်းပြီးစာဖတ်လို့ရအောင်ရေးတဲ့အက္ခရာတွေကိုသူတီထွင်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့စာလုံးတွေကို ၁၈၃၂ က တော်ဝင်စာသင်ကျောင်းမှာ တင်ပြခဲ့ပေမယ့် အငြင်းခံခဲ့ရပါတယ်။
နောက် နှစ်ပေါင်း ၂၀ လောက်သူအသက်ရှင်ပြီးတဲ့အခါမှာတော့ ၁၈၅၂ မှာအဆုတ်ရောဂါနဲ့ဆုံးပါးသွားခဲ့ပါတယ်။
သူ့အသက်တာတစ်လျှောက်လုံးမှာ သူကြိုးစားခဲတာအရာမထင်ခဲ့ပါဘူး။ အောင်မြင်မှုရလဒ်ကိုသူမခံစားသွားခဲ့ရပါဘူး။ သူသေဆုံးပြီး နောက်နှစ်ပေါင်း ၈၀ လောက်မှာတော့ သူ့တီထွင်ခဲ့တဲ့ မျက်မမြင်ဖတ်တဲ့အက္ခရာတွေကို ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပါပြီ။
သူထွင်လို့ပြီးခဲ့တဲ့အတွက် မျက်မမြင်တွေ စာမဖတ်နိုင်တဲ့ဘ၀ကို သူအလင်းရောင်ပေးခဲ့ပါတယ်။
ကောင်းမွန်စွာကြိုးစားပြုကျင့်ခဲ့တဲ့အရာတွေအတွက် အသက်တာမှာ မိမိသေဆုံးသွားရင်တောင်အသီးအပွင့်တွေ တွေ့ချင်မှတွေ့ရမယ်။ ဒါပေမယ့် လူးဝစ်ဘရေးလ် ကတော့ သူသေပြီးနှစ်ပေါင်း ၈၀ ကျော်မှ အောင်မြင်ခြင်းအသီးပွင့်တွေရရှိလဲခဲ့တာပါ။
ဒါကြောင့် အောင်မြင်မှုက ကိုယ်စီကိုယ်ဌအတွက် ချက်ချင်းရချင်မှလဲရမယ်။ ကျွန်တော်/မတို့အနေနဲ့ ကောင်းမွန်စွာပုံမှန်ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်မှုက နောက်ကနေကပ်လိုက်လာမှာဖြစ်ပါတယ်။ ဖြတ်လမ်းကိုလဲမလိုက်နဲ့၊ သူများကိုလဲအားမကျပါနဲ့။ တစ်ခါတစ်လေသူများကိုအားကျတာကောင်းပေမယ့် ကိုယ့်ရဲ့မသိစိတ်က အားကျတာကနေတဆင့်၊ သူ့လိုမဖြစ်နိုင်တဲ့အခါမှာစိတ်အားငယ်တတ်ကြတာလူ့သဘာဝမို့ပါ။
လောကကြီးကိုအရှုံးပေးထွက်ခွာသွားတဲ့သူတွေထက်ဆိုးတဲ့အရာတစ်ခုကတော့ စ ရမှာကိုကြောက်တဲ့သူတွေဘဲဖြစ်ပါတယ်။ အရာတစ်ခုခု ကိုစတင်လုပ်ကိုင်ဖို့ တွန့်ဆုတ်ကြောက်ရွံ့နေတဲ့သူများပါ။
ကလေးတစ်ယောက်က သူ့အမေကို မေမေ.. မေမေကတစ်ခါမှသူများမကောင်းတာကိုပြောတာမကြားဖူးဘူး၊ ချီးမွမ်းတာဘဲကြားဖူးတယ်။ မေမေကကော၊ စာတန် နတ်ဆိုးကို ကောင်းတာတစ်ခုခုပြောနိုင်မလား တဲ့
ဒါနဲ့ သူ့အမေက.. ကောင်းပြီသား... စာတန်က မဆုတ်မနစ်ကြိုးစားလုပ်ဆောင်တာ အရမ်းတော်တယ်တဲ့။
ဟုတ်တယ်မဟုတ်လား။။ နတ်ဆိုးစာတန်က ကျွန်တော်/မ တို့ကို မကောင်းတဲ့အရာတွေလုပ်မိအောင်၊ မဟုတ်တဲ့စကားတွေပြောတတ်အောင်၊ မတွေးသင့်တဲ့အတွေးတွေတွေးမိအောင် မရပ်မနား၊ ကြိုးစားလုပ်ဆောင်နေတယ်လေ။ အဲဒီအတွက် ကျွန်မတို့ကလဲ သူ့လို ကြိုးစားပြီး ကောင်းတဲ့ဘက်မှာရပ်တည်၊ ရှေ့ကိုတည့်တည့်ကြည့်၊ မှန်ကန်တဲ့အတွေးခေါ်တွေနဲ့ ဘုရားသခင်ဆီက လမ်းပြမှုကိုတောင်းခံပြီး ဆက်ချီတက်သွားမယ်ဆိုရင် စာတန်ကကျရှုံးပြီး ကျွန်တော်/မတို့လဲ အောင်မြင်မှန်ကန်တဲ့အသက်တာကို ရရှိလာမှာသေချာပါတယ်။

ကြိမ်သီး

လမ်းဘေးမှာ တွန်းလှည်းလေးနဲ့ အပေါ်မှာ သဲနဲ့ရောပြီးလှော်တဲ့ကြိမ်သီးတွေရောင်းတာတွေ့ဖူးကြမှာပါ...
ရန်ကုန်မှာတုန်းက လမ်းဘေးမှာတွေ့တာနဲ့ ကားရပ်ခိုင်းပြီး ဆင်းဝယ်တာ..အရမ်းကြိုက်တယ်။
မာတာကတော့ ပြောမနေနဲ့..သူငယ်ချင်းတွေက..သွားကျိုးမယ်တဲ့..တစ်လုံးနှစ်လုံးလောက်စား ပြီးရင် သူတို့မစားနိုင်တော့ဘူး.
ဇွဲရှိရှိနဲ့စားတာကတော့ ကျွန်မဘဲ.. ဒီရောက်တော့ ကြိမ်သီးကို Roast လုပ်ပြီးရောင်းတာဝယ်စားတယ်။ ဈေးတော့နဲနဲကြီးတယ်။ တစ်ခြားအသီးတွေမစားဘဲချွေတာလိုက်တော့ စားချင်တဲ့ကြိမ်သီး ကိုတစ်ချိန်လုံးထိုင်စားလို့ရပြီ။
အမကြီးတစ်ယောက်ကမေးတယ်.. ကြိမ်သီးနင်တို့တိုင်းပြည်မှာရှိလားတဲ့.. ဟာ.ရှိတာပေါ့..အများကြီးဘဲ...
ဘယ်လိုအပင်မျိုးလဲတဲ့.. ကျွန်မက ကြိမ်ခုံတစ်ခုကို ပြလိုက်တယ်.. အဲဒါကြိမ်သီးရဲ့ အပင်ပေါ့လို့... သူတို့ကလဲ မတွေ့ဖူးတော့ ဟုတ်လား..တခါမှမသိဘူးတဲ့...ကြိမ်သီးက အင်္ဂလိပ်လို chestnut's လို့ခေါ်တယ်လေ.. အဲဒါ ကို အွန်လိုင်းက မမ ခိုင်ခိုင်ထွန်းက ကြိမ်သီးမဟုတ်ဘူး မြေဇာဥလို့ခေါ်တယ်လို့ အတင်းလာငြင်းနေသေးတယ်... မလွယ်ဝူး...
ဥနဲ့ အသီးတောင်မခွဲတတ်ကြပါလားနော်...
အမှန်က ပဲခူးကို (၉)တန်းတုန်းက ကျောင်းပေါင်းစုံကပွဲသွားတုန်းက ကြိမ်ပင်တွေတွေ့ခဲ့တယ်.ကြိမ်သီးလေးတွေကိုလဲ ခူးစားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းကသေးသေးလေး.. အခုဟာက အကြီးကြီး..
တစ်ကယ်တော့ ကြိမ်ပင် က သတ်သတ် ၊ ကြိမ်သီးက သတ်သတ်ပါ..
ကြိမ်သီးလို့ကျွန်မတို့ခေါ်တဲ့ အသီးက ကြက်မောက်သီးလို အမွှေးတွေနဲ့.. အဲဒါကို ခွဲမှ အထဲမှာ အခွံမာမာလေးနဲ့ ကြိမ်သီးဆိုတဲ့ဟာလေးတွေထွက်လာတာ.. မြန်မာတွေကတော့ နာမည်ပေးတာတော်တယ်လို့ပြောရမယ်.. ကြိမ်သီးအခွန်က ကိုက်လိုက် ရင်ကြိမ်ဝါးကို ကိုက်ရသလိုဖြစ်နေတာကိုး...
အမှန်ကတော့ တုံးလွန်းတာကျွန်မပါ။ ပတ်ဝန်းကျင်လေ့လာမှုအရမ်းအားနည်းခဲ့တာ... သနပ်ခါးပန်းရဲ့ ပင်စည်က သနပ်ခါး ဆိုပြီးခုတ်ပြီးသွေးလိမ်းလို့ မျက်နှာတစ်ခုလုံးနီပြီးယောင်လားဖူးတယ်။ ပထမနှစ်လောက်တုန်းက အရှေ့တောင်တိုင်းက ကရင်မတွေ မျှစ်သွားချိုးမယ်ဆိုပြီး ၀ါးပင်ပေါက်စတွေယူလာတာကိုလဲ ထိုင်ရီဖူးတယ်.. တောသူမတွေ မြက်တောင်စားရင်စားမှာ..လို့ နောက်ဖူးတယ်...ကောင်းပါလေရော... နောက်တော့လဲ သူတို့ယူလာတဲ့ဝါးပေါက်စလေးတွေနဲ့ တာလပေါ့ချက်တာကို မြိန်မြိန်ရှက်ရှက် သောက်ခဲ့ဖူးတယ်။ သူတို့က ရာဘာကုန်း (တောင်တစ်ခုလုံးရာဘာပင်စိုက်ထားတာ) မှာအလုပ်လုပ်တော့ ကျွန်မကို တစ်ခါတစ်လေ တောင်ပို့မှိုအကြီးကြီးတစ်ခုတစ်လေတွေ့ရင်နုတ်လာပေးတယ်.. ပြီးတော့ မီးဖုတ်ပြီးကျွေးတယ်.. ကောင်းမှကောင်းဘဲ..ကြော်စားတာထက်တောင်ကောင်းသေး...မှိုအစားကောင်းလို့ ကျန်တဲ့သူတွေက မှိုတောက်လို့ဆေးရုံရောက်..့ကျွန်မကတော့မသိသလိုနဲ့..ဆရာတွေလာမေးတော့..
မစားဘူးလို့ပေါလိုက်တယ်..ဟီးဟီး
အဆိပ်ပြင်းတဲ့ပင့်ကူကိုက်တာတောင်မသေတာ.. မှိုလောက်တော့အေးဆေးဘဲ..
တစ်ခေါက်လဲ ဒညင်းသီးမီးဖုတ်အရမ်းစားချင်တာ.. ဒညင်းသီးတုန်းတဲ့အချိန်ဆိုတော့ အစိမ်းမရှိဘူးး..ဒါနဲ့ဘဲ အမ၀မ်းကွဲ က ဆားရည်စိမ်ထားတဲ့ဒညင်းသီးဘဲရှိတယ်တဲ့..ကျွန်မ ဖုတ်စားရအောင်ကောင်းမှဘဲဆိုပြီး ..ဆားရည်စိမ်ဒညင်းသီးတွေထုတ်..ဖုတ်စားတာ.. နောက်နေ့ အမ၀မ်းကွဲ က ၀မ်းလျှောပြီးကျောင်း (၂) ရက်လောက်မတက်နိုင်ဘူး..ကျွန်မကတော့ ဒေါင်ဒေါင်မြည်... ဆိုးတယ်နော်..ဟိဟိ

အပြင်မှ အတွင်းသို့

ငါအပြင်မှာအမြဲရပ်နေရတယ်။
ပြတင်းပေါက်ကနေအထဲကိုလှမ်းကြည့်လိုက်တော့

အခြားသူတွေပျော်ရွှင်တက်ကြွ
နေထိုင်မှုဘ၀တွေနဲ့
အပျော်အတိပီးလို့ပေါ့
အချစ်..ငါဘယ်တော့မှ
ရလာနိုင်တော့မှာမဟုတ်ပါဘူး
ငါလုပ်ခဲ့သမျှအားလုံး
ရောက်ခဲ့သမျှနေရာအားလုံး
ငါ အပြင်မှာဘဲရပ်ပြီး
အထဲကိုငေးကြည့်နေရတယ်။
ငါ..အောင်မြင်ရမယ်၊ လို့တွေးလိုက်တိုင်း
အသက်တာမှာ အထီးကျန်မွန်းကြပ်
လစ်ဟာနေတဲ့နှလုံးသာက
နာကြင်မှုအပြည့်နဲ့
အနာဂတ်ရောင်ခြည်တွေကို
ဝါးမျိုသွားပြီး
အထီးကျန်အေးစက်နေတဲ့မိုးရေအောက်မှာ
ငါ့ တစ်ယောက်တည်းထားခဲ့ပြန်တယ်
ငါ..
အထဲကိုငေးကြည့်နေတာကိုရပ်
ငါ့စိတ်ဘယ်လောက်ပြင်းပြခိုင်မာလဲဆိုတာပြဖို့
ငါကြိုးစားတယ်
သူများတွေဘ၀ထဲဝင်ပြီး
ဖျော်ဖြေမိတဲ့စိတ်အလျဉ်အတွေးဆိုးတွေကိုရပ်
ငါ့ကိုယ်ငါအပြင်မှာ မားမားမတ်မတ်ရပ်တည်နိုင်အောင်
ကြိုးစားတယ်..
အစကတော့ေ၀၀ါးဝါးနဲ့ ခံယူချက်ကမငြိမ်ဘူး
တစ်ဆဆနဲ့ သန်မာလာပြီး
နေပူအောက်မှာ ရပ်နေတဲ့ငါ့ကို
အရိပ်ပေးလာတယ်
ငါ့အိမ်မက်တွေ အချိန်နဲ့အမျှ
အကောင်ထည်ပေါ်လာတယ်
ငါ..ဖိတ်ခေါ်ခြင်းမခံရတုန်းက
နောက်ဆုံမှာ အမြဲထားခံခဲ့ရတာတွေကို
စဉ်းစားမိရင်တောင်
အားငယ်နေတာထက်
ထက်ကြွတဲ့စိတ်အဟုန်က ပိုပြင်းပြနေတယ်
ငါ့အနာဂတ်ကိုလဲ တစ်စိုက်မတ်မတ်ကြည့်တော့
ဘယ်လမ်းကိုလျှောက်ရမလဲဆိုတာကွဲကွဲပြားပြားသိလာတယ်
အထီးကျန်အားငယ်တဲ့စိတ်တွေဟာ
ငါ့ကိုခြိမ်းခြောက်တာသက်သက်လဲဆိုတာ
ငါနားလည်လာတယ်
လိုအပ်ချက်တွေလစ်ဟာနေတဲ့ဘ၀ကို
အတွေးမှာမျောပစ်လိုက်တော့
ငါ့ကိုဘယ်ဆီခေါ်သွားနေလဲဆိုတာ
ငါခံစားလာရတယ်
ဒါကြောင့်
ငါ...
ကိုယ့်ကိုကိုယ်အားတင်း
သူတကာငေးပြီး အထီးကျန်အားငယ်နေတာကိုရပ်
အပြင်မှာငါတစ်ယောက်တည်းဖြစ်ပါစေ
ငါ.ဆိုတာဘာလဲဆိုတာကိုပြဖို့
ငါ့နေရာမှာဘဲ မြဲမြဲရပ်နေဖို့
ဆုံးဖြတ်လိုက်တယ်

Monday, February 25, 2008

ပဲပြားဘလချောင်ကြော်

ပဲပြားကို အတုံးလေးတွေတုံးပြီး ဆား၊ နနွင်းနဲနဲသမအောင်ထည့်၊ ဆီများများနဲ့ ကြွပ်နေအောင်ကြော်၊
ပြီးရင် ခပ်ပြီးဆယ်ထား..ဆီစစ်ထား၊ ပြီးကြက်သွန်ဖြူနီကို ကြော်..ပြီးအားလုံးအတူရောလိုက်ရင်..
အချိန်ကြာကြီးထားစားလို့ရတဲ့ သတ်သက်လွတ်ပဲပြားဗလချောင်ကြော်ရပါပြီ။

ကြက်သားသုပ်

ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။
ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ
ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ)
ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား
ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ်
ပြီးရင်တော့
ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။
ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့
စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။

ဘူးသီးကြော် /မြင်းခွာရွက်ကြော်

ဘူးသီးကြော်အတွက်
ဘူးသီးကို ရေစင်အောင်ဆေးပြီး အကွင်းလိုက်လှီးပါတယ်။(အခွံနွှာဖို့မလိုပါဘူး)
ပြီးရင်တော့ ကန့်လန်ဖြတ်အချောင်းရှည်လေးတွေရအောင်ထပ်လှီးပါတယ်။
မုန့်နှစ်ကတော့ အိမ်ကယူလာတဲ့ရွှေလိပ်ပြာအကြော်မှုန့် ကိုသုံးပါတယ်။
နိုင်ငံရပ်ခြားကသူတွေအတွက်တော့ တန်ပူရာအမှုန့်နဲ့ကြော်လို့ရမှာပါ။
မုန့်နှစ်မှုန့်ကိုရေနဲ့ခပ်ပြစ်ပြစ်ဖျော်ပြီး ဗူးသီးချောင်းလေးတွေကိုနှစ်ထားပါတယ်..
ဆီအရမ်းပူပြီးအငွေ့တွေတက်လာတာနဲ့ မီးကို အေးအေးရောက်အောင်လျှော့ချပြီး ဗူးသီးလေးတွေတစ်ချောင်းဆီထည့်ကြော်တာပါ..အထက်အောက်..လှန်ပေးး..အနီညိုရောင်လေးသန်းလာရင်တော့ စကာထဲထည့်စစ်ထား... ဆီစင်လောက်မှ တစ်ရှူးသန့်သန့်မှာတင်ပြီး ထပ်စစ်..ပြီးရင်တော့စားလို့ရပါပြီး...
အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး မန်းကျည်းရေကိုယူ
ကြက်သွန်ဖြူကိုညက်အောင်ထောင်း
ငရုတ်သီးစိမ်း ကိုလဲညက်အောင်ထောင်းပါ။ ပြီးရင်တော့ နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်လိုက်ရုံပါဘဲ။


ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။

ကျွန်မ၏ရုံးပိတ်ရက်-၃

ဒီတစ်ပတ်ကတော့.. long weekends ပါ။ တနင်္လာနေ့ကဘာနေ့လဲမသိဝူး..Working Holiday ကနေ Non-working Holiday ဖြစ်သွားတော့..အားတာပေါ့..သုံးရက်တောင်..
သောကြာနေ့ကတော့ ရုံးနေ့တစ်ဝက်ပိတ်တာမို့.. ပတုန်းမထဲက မမအွန်စောရေးထားတဲ့ကြက်သားသုပ်နည်းကိုဖတ်.. မလုလုဆီက ကြက်သားသုပ်ကိုငမ်းထားတော့ လုပ်စားမယ်ဆိုပြီးတော့
ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။
ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ
ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ)
ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား
ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ်
ပြီးရင်တော့
ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။
ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့
စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။
စနေနေ့ကတော့ဘုရားကျောင်းသွားပြီး ပြန်လာတော့ ဆရာ့အိမ်မှာ ထမင်းခေါ်ကျွေးတော့သွားစားတယ်။ ကောင်းမှကောင်း။ ကြက်ဟင်းခါးသီးကို အစိမ်းလိုက်ထူထူလှီးပြီး ခရမ်းချဉ်သီးလေးနဲ့သုပ်ထားတာလဲပါတယ်။ ကျန်တာကတော့ ဘိုစာတွေပေါ့။။
ညနေကျတော့ ရုံးက ညွှန်မှူးတစ်ယောက်ရဲ့ နှုတ်ဆက်ပွဲ.. ကျွေးတာကတော့သတ်သက်လွတ်တွေချည်းဘဲ.. အရသာကတော့ စိမ့်ချို.. ပေါ့.. စားလို့တော့မကောင်းပါဘူးး... အသီးတွေကတော့ မဆိုးပါဘူး..
ဒါကူးကူးပန်းကန်ပေါ့..


ဘူဖေးလိုမျိုးဆိုတော့ ပုံထားလိုက်တယ်. အများကြီးစားတယ်မထင်နဲ့ မကုန်ဘူး။
အကုန်လုံးနီးပါးပုံထည့်လာတာ က multiple choice လုပ်လို့ရအောင်..သိတယ်ဟုတ်.. နဲနဲစား..မကြိုက်တရင် တစ်ခုပြောင်းရွေးစား...အဲဂလို...
နှုတ်ဆက်ပွဲပြီးတာနဲ့ ကျောင်းက Culture Night အတွက်ပြေးရပြန်ရော.. မြန်မာအဖွဲ့ခေါင်းဆောင်က ချင်းလူမျိုး..ကျောင်းသားတစ်ယောက်ပေါ့..တစ်ချိန်လုံး..အမြန်လာ..အခုလာတော့ မြန်မာချိတ်ထမီနဲ့ ခါးတိုဝတ်ခဲ့ နဲ့ တစ်ချိန်လုံးခေါ်နေတယ်။ အစကတော့ တိုင်းရင်းသားအကတစ်ခုခုကမယ် ပေါ့.. နောက်တော့ မကတော့ဘူး.. presentation ဘဲ လုပ်တော့မယ်ဆိုလို့..ပင်ပင်ပန်းပန်းအချက်လက်တွေဆုဆောင်းပေးတာ..အချိန်နီးတော့ သီချင်းဆိုမယ်ဖြစ်ရော.. စတာက ၇း၀၀ နာရီ.. ကျွန်မ နှုတ်ဆက်ပွဲပြီးတော့ ၈း၂၀ ရှိပြီး.. မမီတော့ဘူးထင်တယ်။ ဒါပေမယ့် သွားဖြစ်အောင်တော့သွားလိုက်မယ်လေဆိုပြီးတော့ ဟိုရောက်တော့ မြန်မာအဖွဲ့အစီစဉ်က နောက်ဆုံးမတိုင်ခင်တစ်ခုဆို တော့ ကျွန်မလာတာတွေ့တော့ ၀မ်းသာအားရနဲ့.. ထမီတစ်ထည်ပေးပတ်လိုက်ပြီးတော့ သီချင်းတက်ဆိုကြလေသတည်းပေါ့... ထမီပေးပတ်တယ်ဆိုတာ..ထမီကမချုပ်ရသေးဘူး..အသစ်ကွင်လိုက်ကို ပတ်လိုက်တာပါ..သီချင်းဆိုတော့..ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပု ...လို့ခေါင်းဆောင်လုပ်သူထအော်တော့ မထိမ်းနိုင်တော့ဘူးရီတာ(သူကတောင်ပေါ်ကချင်း..စကားကမပီဘူးလေ)
...မြန်မာစုစုပေါင်း (၆) ယောက် နဲ့ ကျွန်မ၀မ်းကွဲ ယောက်ျား အင်ဒို က လဲ ကလေးချီပြီး ကရင်အိကျီနဲ့ စင်ပေါ်တက်ရပ်ပေးတော့ (၇)ယောက်ခွဲဖြစ်သွားရော.. ပရိတ်သတ်တွေကတော့ နားမလည်တော့မရီဘူးပေါ့လေ..
ကျွန်မတို့ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို...ဟီးဟီး...ဘာဘဲဖြစ်ဖြစ် လက်ခုပ်သြဘာသံတွေကတော့ သောင်းသောင်းဖျဖျပေါ့... သိတယ်မဟုတ်လား..မြန်မာမလေးတွေက ချောသကိုး/ မာနာကလဲ ကြီးသေး....ဟိဟိ
ပြီးတာနဲ့ ဆရာမတစ်ယောက်အိမ်မှာ ခေါက်ဆွဲကြော်တွေစားကြ.. ညစာပေါ့...ပျော်စရာကောင်းပါတယ်။
စနေနေ့ကအိမ်ပြန်ရောက်တော့ ဒေါက်တာမမနဲ့ သူငယ်ချင်းက ကျွန်မအိမ်မှာ လာအိပ်တော့စကားကောင်းနေကြတာ မနက် (၃) နာရီလောက်မှအိပ်ကြတော့ နောက်နေ့နိုးတော့ (၉)နာရီကျော်ပြီလေ... ထမင်းချက်ပြီး
အသားတုရယ်ဒီမိတ်ဗူးကိုဖောက် ခရမ်းချဉ်သီးအနှစ်လေးနဲ့ချက်၊


မုန်ညှင်းဖြူဟင်းချိုနဲ့. ခရမ်းသီးကိုပြုပ်၊ ခက်ရင်းနဲ့ ခွဲ ခြစ်ပြီး ကြက်ဥ၊ မဆလာ၊ ဆား၊ ချိုမှုန့်နဲ့ နှစ်ကြော်


ပဲပြားကို အတုံးလေးတွေတုံးပြီး ကြွပ်ကြွပ်ဗလာချောင်လိုကြော်
သတ်သက်လွတ်ချည်းဘဲလေ.. ဒေါက်တာမမက အသားမစားဘူး..ဘာဘဲဖြစ်ဖြစ်စားလို့ကောင်းတာတော့အမှန်ဘဲ..
နေ့လည်လောက်ကျတော့ ဘူးသီးကြော်စားတယ်။ အကြော်မှုန့် အိမ်ပြန်တုံးကယူလာတာ..
အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်တာ.. ကောင်းမှကောင်း..အိမ်နီးချင်းတွေ တောင်သွားကျွေးလိုက်သေးတယ်။။။
ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။
စားကြပါအုံးလား... ကျွန်မချစ်သူကိုနောက်လိုက်သေးတယ်.။။
ရန်ကုန်ပြန်ပြီး အကြော်ဘဲကြော်ရောင်းတော့မယ်လို့...ဟိဟိ

Wednesday, February 20, 2008

STOP THE KILLING OF SEALS

ကျွန်မဒီနေ့ သူငယ်ချင်တစ်ယောက်ကပို့ပေးလိုက်တဲ့ ဒီပုံလေးတွေနဲ့ စာကိုဖတ်ပြီး မျက်ရည်တောင်ကျမိတယ်။
ကျွန်မအကောင်လေးတွေကိုအရမ်းချစ်တယ်.... ကိုယ့်ကိုအန္တရာယ်မပေးဘဲ သူတို့ဘာသာနေတဲ့အကောင်လေးတွေကို အပျင်းပြေလိုက်သတ်ဖြတ်နေတဲ့အကြောင်းအရာတွေကို စိတ်ကိုထိခိုက်စေခြင်းနဲ့အတူ တတ်နိုင်သလောက် ဝေဌပေးချင်လို့ ဒီပိုစ်လေးကိုတင်လိုက်တာပါ။

This is me.... Baby Seal..
ကျွန်တော်ဖျံကလေးပါ


Norway and Canada have a new kind of tourism. Killing
baby seals!!!! They call it 'hunting' and it's a sport

နော်ဝေး နဲ့ ကနေဒါနိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေကို
ဆွဲဆောင်တဲ့အနေနဲ့... ဖျံကလေးတွေကိုသတ်ရအောင် ဆိုပြီး သူတို့ပြောတာကတော့ အမဲလိုက်အားကစားနည်းတစ်မျိုးတဲ့

You want to call this sport ??
ဒါကိုကစားတယ်လို့ခေါ်ပါလားဗျာ။


Is he a sportsman???

သူကရော အားကစားသမားလား



Why?

ဘာကြောင့်လဲ


You're our only hope !!!
သင်သာကျွန်တော်တို့အတွက် တစ်ခုတည်းသောမြော်လင့်ချက်ပါ


Please let it stop. This barbarism shouldn't be possible in our society

ကျေးဇူးပြုပြီးရပ်ပါတော့... ဒီလိုကြမ်းတမ်းရက်စက်တဲ့သူတွေ လူ့အဖွဲအစည်းမှာရှိနေကြလားဗျာ


Don't turn your back on us, we are so defenseless, we have no guns, please help us..!!!
ကျွန်တော်တို့ဘက်ကိုလည်းကြည့်ကြပါအုံးဗျာ. ကျွန်တော်တို့မှာ အကာကွယ်မရှိပါဘူး.. သေနတ်လဲမရှိပါဘူး...ကျေးဇူးပြုပြီးကူညီကြပါ


I know these images seem painful for you, but we feel the pain...!! We are being slaughtered by ruthless people and it's going on RIGHT NOW...!!!
ဒီပုံတွေကြည့်ပြီး ခင်ဗျားတို့လဲစိတ်ထိခိုက်မယ်ဆိုတာသိပါတယ်.. ဒါပေမယ့် ကျွန်တော်တို့လဲနာကျင်ခံစားနေရပါတယ်..
ကျွန်တော်တို့တွေထဲက အများစုဟာ ရက်စက်တဲ့သားသတ်သမားတွေရဲ့လက်ချက်နဲ့ သေဆုံးပြီးဖြစ်သလို အခုလဲ သူတို့တွေ သတ်ဖြတ်တာကိုခံနေရပါတယ်။


What gives him the right to kill us. Who is he to decide about life and death

သူတို့ကိုဘာကများ ကျွန်တော်တို့ကိုသတ်ဖို့အခွင့်ပေးရတာလဲ။ သူတို့က ကျွန်တော်တို့သေခြင်း၊ ရှင်ခြင်းကိုအဆုံးဖြတ်ပေးရအောင်ဘယ်သူတွေမို့လို့လဲ။


What kind of sport is this..?? I didn't harm anyone..!! I was just swimming around doing nothing, now I'm dead...!!

ဘာကစားနည်းမျိုးလဲ..ကျွန်တော်တို့ဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ဖူးပါဘူး.. ကျွန်တော်တို့ ရေကူးတယ်.. လမ်းလျှောက်တယ်.. အစားစားတယ်.. ဒါပေမယ့် အခုသူတို့သတ်လို့ သေကြရတော့မယ်။


Please help me and my friends...!!!
ကျေးဇူးပြုပြီးကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုသနားသဖြင့်ကူညီကြပါ။



You can't just ignore these images..?? Keep silent and doing nothing makes you guilty...!!
ဒီတောင်းဆိုချက်ကို လစ်လျူရှုမထားပါနဲ့ဗျာ..


Please help us...!!

ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ကြပါ။


Please don't leave us alone...!!

ကျွန်တော်တို့ဖျံကလေးတွေကို ပစ်မထားကြပါနဲ့


STOP THE KILLING OF SEALS
ဖျံကလေးတွေကို လိုက်လံသတ်ဖြတ်ခြင်းကိုရပ်တန်းကရပ်ကြပါ။


Tuesday, February 19, 2008

ငါးကင်

တီလားဗီးယားငါးကို အကျည်းခွန်ထိုး၊ ဗိုက်ခွဲ၊ အူထုတ်၊ ကလီစာထုတ်... သဲခြေအိတ်(အစိမ်းရောင်)လေးမကွဲအောင်ထုတ်..မဟုတ်ရင်ခါးလိမ့်မယ်။။
သံပရာသီးခြောက်လုံးကိုအရည်ညှစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းကို နုတ်နုတ်စင်း (သို့)ထောင်း။ စပါးလင်က
နှစ်ချောင်းလောက်ကိုအရင်းလေးတွေဘဲလှီးပြီးထောင်းထည့်.ခရမ်းချဉ်သီးတစ်လုံးကိုနုတ်နုတ်စင်း။ ပြီး သံပရာရည်ထဲကိုထည့်မွှေ၊ သကြားကိုနဲနဲထည့်၊ ပြီးရင် ပဲငံပြာရည်အကြည်ရည်ကို လဖက်ရည်ဇွန်း လေးဇွန်းထည့်။ ဆားသင့်တော်ရုံထည်.. (အစပ်ကြိုက်ရင် ငရုတ်သီးတောင့် ၆တောင့်ပါးပါ့လှီးထည့်)
ငါ့ကိုဗိုက်ခွဲပြီး..ကိုယ်မှာသုံးလေးမြောင်းနဲနဲမွှန်း။။။ ငါးနဲ့..ခုနရောထားတဲ့ဆော့ တွေနဲ့ ရောပြီးနှပ်ပြီးစိမ်ထား.... ၁၅ မိနစ်
ပြီးတော့ ငါးကိုထုတ်... ခုနလုပ်ထားတဲ့ဆော့ထဲကအဖတ်တွေကိုထုတ်ပြီး... ငါးဗိုက်ထဲထည့် အပြင်ကိုလဲ လိုက်သုတ်.. မွန်းထားတဲ့နေရာကြားတွေလဲထည့်. ပြီးရင် ငွေရောင်စက်ကူ (foil) နဲ့မထုတ်ခင်း ငါးထည့်မယ့်နေရာကို နှမ်းဆီ (သို့ ) ဟင်းသီးဟင်းရွက်ဆီနဲ့သုတ်..လုံအောင်ပတ်ပြီးတော့... oven ထဲထည့်... 180 - 185 ဒီဂရီနဲ့ 15 to 20 minutes ကင်/ဖုတ်... ပြီးရင်ထုတ်... ပြီးငါးအကောင်ပေါ်ကို ငရုတ်ကောင်းမှုန့်နဲနဲဖြူး....ပြီးရင်စားလို့ရပြီ... (၀ိုင်လေးနဲ့ဆိုကောင်းမှကောင်း)

ရုံးပတီသီးမြေပဲနှပ်

ဒီကလူတွေက...မြေပဲကြော်ကို လမ်းဘေးမှာဆိုင်လေးတွေနဲ့ရောင်းကြတယ်။ မြန်မာမှာတော့ နေကြာစိ၊ ကွာစိ၊ အချဉ်ထုပ်၊ ဇီးထုပ်တို့သာရေစာစားကြပေမယ့်.. ဒီမှာတော့ လမ်းလျှောက်ရင်းလဲ မြေပဲကြော်လေးတွေ ကတော့လေးတွေနဲ့ထည့်ပြီး..စားကြတယ်။။။
ရုံးပတီသီး - ရေစင်အောင်ဆေးထားပါ။ ရုံးပတီသီးကို အညှာထိနားထိတိုင်အောင် အဖျားကနေလေးခြမ်းခွဲပါ။ ရုံးပတီသီးအတောင့်လိုက်ပုံမပျက်စေနဲ့။.... ပြီးရင်.. ကြက်သွန်ဖြူ၊နီ၊ ဂျင်းနဲနဲ အရောင်တင်မှုန့်၊ နနွင်းနဲ့ ဆီသတ်မယ်။ ပြီးရင်.. မြေပဲထောင်းထားတာကိုထည့်မယ်။ ပြီး ငါးငံပြာရည်..လေးငါးစက်လောက်ထည့်မယ်။.. အနံ့မွှေးလာတာနဲ့.. ရုံးပတီသီးအတောင့်လိုက်လေးတွေကိုစီပြီးထည့်ပါ. ဆား၊ သကြားထည့်ပြီး ရေလေးမြုပ်ရုံလောင်းထည့်ပြီး အဖုံးအုပ်ထားပါ (မမွှေနဲ့နော်)...စိမ်းစိမ်းလေးနဲ့ နှုးလောက်ပြီဆိုရင် ချပြီး.. အတောင့်လိုက်လေးတွေကိုဟင်းပန်းကန်ထဲစီထည့်ပါ။။ ပြီးမှ ဟင်းအနှစ်လေးတွေကိုအပေါ်ကလောင်းထည့်ပါ။။။ ရုံးပတီသီးစီးစီးလေးမှာ မြေပဲစိမ့်စိမ့်အရသာဟာအတွင်းထိစိမ့်ဝင်နေပြီး.. လျှာပေါ်တင်လိုက်တာနဲ့ ဆီချက်မွှေးမွှေးအနံ့လေးပါ..ရောပြီး.. အလွန်မြိန်တဲ့ဟင်းတစ်ခွက်ဖြစ်ပါလိမ့်မယ်။

ဒါကတော့သက်သတ်လွတ်တွေအတွက် ဟင်းသီးဟင်းရွက်ကြော်လေးတွေပါ။
ပုံပါပြထားပြီဆိုတော့ ကြော်တတ်မှာပါ..



ရိုးရာအချဉ်ဟင်းအရည်

ငါး
Knorr termerine cube (1)
ပဲသီးတောင့်ရှည်
မုန်လာဥဖြူ
မုန်လာထုပ်ဖြူ
ဌက်ပျောဖူး
ကန်ဇွန်းရွက်
ပိန်းဥ
ဂျင်း
ကြက်သွန်နီ
ဆန်ဆေးရေ

ဆန်ဆေးရေ (ဒုတိယ /တတိယ) ကို အိုးထဲထည့်တယ်ပါ။ ပွက်ပွက်ဆူလာလျှင်..ကြက်သွန်နီကိုလှီးထည့်ပါ။ ဂျင်းကိုအပြားဝိုင်းဝိုင်းလှီးထည့်ပါ။
ငါးကြီး(၄) ပိုင်း(သို့) ငါးခေါင်း ကိုအတုံးလိုက်ထည့်ပြုပ်ပါ။ ပိန်းဥအခွံခွာ လေးခြမ်းခြမ်းထည့်ပါ။ ပိန်းဥနူးလောက်သည်အထိ
အနဲငယ်စောင့်ပါ
မုန်လာဥဖြူစောင်းစောင်းလှီး၊ မုန်လာထုပ်အဖြူ နှင့် ဌက်ပျောဖူကိုလှီးထည့်ပါ။ Knnor မန်းကျဉ်းခဲတစ်ခဲထည့်ပါ။ (မန်ကျည်းရည်ထည့်လဲရပါတယ်) ဆား၊ ချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ပေါ့/ငံ/ချဉ်.. မြီးပြီး.. ကန်ဇွန်းပင် အရှည်လိုက်ရေဆေးပြီးထည့်ပါ။ ပဲသီး ကို ရှည်ရှည်ဖြတ်ပြီးထည့်ပါ။ ပြီး အဖုံးအုပ်ပြီးမီးဖိုပေါ်မှချပါ။။

ကြက်ဟင်းခါးသီးအကြွပ်ကြော်

ဒီနေ့ညနေ..ပျင်းပျင်းနဲ့လမ်းလျှောက်.. ဈေးရောက်တော့ ကြက်ဟင်းခါးသီးအရှည်တစ်လုံးဝယ်လာတယ်။
ကြော်စားမယ်..

ပထမဆုံးကြက်ဟင်းခါးသီးကိုပါးပါးလှီး၊ ဆားနဲနာနာနယ်၊ ရေနဲနဲထည့်။။ နယ် ပြီး နှစ်ရေလောက်ဆေးထား.. (နဲနဲလျှက်ကြည့် ဆားအရသာ..ကြက်ဟင်းခါးသီးမှာစိမ့်ဝင်နေလိမ့်မယ်)
ကြက်သွန်နီ ကို ဓါးနဲ့ နုတ်နုတ်စင်း၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး..သေးသေးလှီး
ဆီနဲနဲများများ..မှာထည့်ကြော်... အနံ့လေးမွှေးလာတာနဲ့ ဗလချောင်ကြော် (အိမ်မှပို့ပေးသည်) နှစ်ဇွန်းလောက်ခပ်ထည့်.. တစ်ချက်နှစ်ချက်မွှေပြီးတာနဲ....
ကြက်ဟင်းခါးသီး ကိုထည့်.. အချိုမှုန် နဲနဲလေးထည့် (ဆားထည့်ရန်မလိုတော့ပါ).. ပြီးတော့ အဖုံးမအုပ်ဘဲမီးအေးအေးနဲ့ကြော်... နဲနဲနွမ်းလာ ရင်..
နော ကြက်သားခဲ Knorr Chicken Cube တစ်ခြမ်းကိုထည့် (ဘာရယ်မဟုတ်စမ်းထည့်ကြည့်တာ၊ ကျက်မှအရမ်းကောင်းမှန်းသိတာ)
ပြီး.. မီးအေးအေးလေးနဲ့ကြွပ်အောင်ကြော်... အရမ်းကိုစားလို့ကောင်း... ထမင်းမပါဘဲနဲ့တောင်..ဒီတိုင်းစားလို့ကောင်းတယ်။။
အရင်တုန်းကလဲခဏခဏကြော်စားဖူးတယ်။ ဒါပေမယ့် တစ်ခါမှဒီလောက်အရသာမရှိဘူး..

မုန်ညှင်းခါးချဉ်ရေဟင်း

မုန်ညှင်းစိမ်း (အစိမ်းရောင်..ခါးသက်သောအရသာရှိပါသည်) ကိုရေစင်အောင်ဆေး..သင့်တော်ရုံဖြတ်ပြီး အိုးထဲထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းအနဲငယ်ကိုထောင်းပြီး ထည့်ပါ။ ငံပြာရည်ထည့်ပါ။ မျှင်ငပိအနဲငယ် ရေဖျော်ထည့်ပါ။ ဆနွင်းနဲနဲ၊ အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းကိုနှစ်ခြမ်းခြမ်းပြီးထည့်ပါ။ ဆား၊ ချိုမှုန့် ဆီနဲငယ်ထည့်ပြီး... နောာ (Knoor) မန်ကျည်းခဲ တစ်ဝက်ထည့် (သို့) မန်ကျည်းရည်ထည့်ပြီး အားလုံးကိုသမအောင်လက်နှင့်နယ်ပါ။ ပြီးလျှင် မီးဖိုပေါ်တည်ပါ။ သူ့အရည်နှင့်သူ..ဆူလာပြီး အနံ့မွှေးလာလျှင်.. ရေသင့်တော်ရုံထပ်ထည့်ပြီး..ပွက်ပွက်ဆူအောင်ထပ်တည်ပါ။ ပြီးလျှင်အရသာမြီး.. အိုးကိုဖိုပေါ်မှချပြီးသုံးဆောင်ပါ...
ချဉ်စပ်ဟင်းရည်...စားလို့အရမ်းကောင်း... ငါးကြိုက်သူများ..ငါးခေါင်း (သို့) ငါးတုံးများကို ရေထည့်ပြီးနောက်ပိုင်းထည့်ပြီးချက်စားလဲကောင်းပါသည်။
(မုန်ညင်းအစိမ်းမှာခါးသက်သောအရသာရှိပါသည်။ သို့သော်အချဉ်ဟင်းချက်ပြီးလျှင်ခါးသောအရသာပျောက်ပြီး...စိမ့်သောအရသာသို့ပြောင်းသွားပါလိမ့်မည်)

ချဉ်ပေါင်ရွက်ဟင်းရည်

ကူးကူးကတော့ ချဉ်ပေါင်ရွက်ဟင်းချိုဆိုရင်..ချဉ်စုတ်နေတာတဘောကျလို့...
ချဉ်ပေါင်ရွက်တွေကိုရေဆေး... အိုးထဲထည့်.. တည်လိုက်တယ် ပြီးနွမ်းလာရင်... ဘာမှမထည့်ဘဲ မွှေတယ်... ကြေပြီး နဲနဲစေးလာပြီဆိုရင်.. ကြက်သွန်နီလှီးထည့်... ငရုတ်သီးစိမ်းလှီးထည့်.. မျှင်ငပိ ကိုရေဖျော်ထည့် ဆီနဲနဲထည့်... ပြီး ဆားထည့်.. ချိုမှုန့်ထည့်.. ငါးငံပြာရည် (၃)စက်လောက်ထည့်.. ရေထည့်...
ချဉ်စုတ်နေတာ... ဟီးဟီး... (ကြိုက်တတ်ရင် ဟင်းအိုးပွက်ပွက်ဆူမှ မီးဖိုပေါ်ကချပြီး နံနံပင်လေးနဲနဲအုပ်) အဲဒါကူးကူးရဲ့
အလွယ်နည်းပါ..
** ကြက်ဥလေးတွေကို အလုံးလိုက်ကြော်ပြီးရောထည့်လိုက်ရင်လဲဟင်းတစ်ခွက်ရရော...

ပါဝင်ပစည်းများ
ချဉ်ပေါင်ရွက်
ကြက်သွန်နီ
ငရုတ်သီးစိမ်း

မျှင်ငပိ
ငါးငံပြာရည်
ဆား/ချိုမှုန့်

ငါးကြော်ပဲငပိနှပ်

ငါး - ခတ်လတ်လတ်(၁) ကောင်
အကြော်မှုန့် (သို့) တန်ပူရာမှုန့်
ကြက်ဥအနှစ် (၁)လုံး
ကြက်သွန်နီ/ဖြူ/ ငရုတ်သီးခြောက်
ဂျင်း
ပဲငပိ (၅)ကျပ်သား
ကော်ရည်
ဆလတ်ရွက်
ခရမ်းချည်သီးသေးသေးလေး

ငါးတစ်ကောင်ကို ဗိုက်ဖောက်၊ အူထုတ်၊ ဗဟက်ထုတ်ပြီး တည့်တည့်ခွဲချပါ။ ပြီးလျှင်ပြားပြားလေးဖြစ်အောင် မှောက်ချပြီး ခေါင်းမှ ကျောရိုးအလည်ကို ဓါးနှောင့် (သို့) ငရုတ်ကျည်ပွေ့နှင့် ထုပါ... ပြီလျှင်..
ငါးတစ်ကောင်လုံးကို ကြက်ဥအနှစ်ဖြင့်သုတ်ပါ.. ပြီးလျှင် အကြော်မှုန့်ထဲ ထည့်လှိမ့်လိုက်ပါ.. ငါးတစ်ကောင်လုံးဖြူသွားသောအခါ..ဆီအေးအေးနှင့်ကြော်ပါ.. ကြော်နေသောအချိန်တွင်
ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်သီးခြောက်တို့ကိုညက်အောင်ထောင်းထားပါ. ပြီးလျှင် ဆီသတ်
မွှေးလာလျှင် ပဲငပိ ကိုထည့်ပါ.. (ပဲငပိ ဆားငံသောကြောင့်ဆားထည့်ရန်မလို) အချိုမှုန့်နဲနဲ.. သကြားနဲနဲထည့်ပါ...
ပြီးလျှင်... ကျက်ခါနီး.. ကော်ရည်ဖျော်ပြီးထည့်ပါ...
့ပန်းကန်အပြားကြီးကြီးပေါ်တွင် ဆလတ်ရွက်ကြီးကြီးနှစ်ရွက်ကို အောက်ခံအနေနှင့်ခင်းထားပါ... ပြီလျှင်ကြော်ထားသောငါးကို မှောက်ပြီး အလယ်တွင်တင်ပါ... ပြီးလျှင်.ချက်ထားသော ပဲငပိကော်ရည်ဟင်းနှစ်ကို ငါးကြော်ပေါ်သို့ လောင်းချ..ပတ်ပတ်လည်တွင်လဲလောင်းချပါ... ချယ်ရီတိုမေးတိုး (cherry tomatos) ခရမ်းချည်သီးသေးသေးလေးများကို နုတ်နုတ်စင်း... ပြီး ပန်ကန်ပတ်ပတ်လည်တွင်ချထားပါ...
ပြီးလျှင်စားလို့ရပါပြီ....
Credited to .... To To Ni Ni

ငါးကျပ်တိုက်ငရုတ်စိမ်းထောင်း

ငါး - ကျပ်တိုက် (၃) ကောင် ( ငါးခြောက်ရောင်းသောနေရာမှ ကြပ်တိုက်ထားသောငါးခြောက်)
နံနံပင်
ကြက်သွန်နီ

ငရုတ်သီးစိမ်း
သံပုရာသီး

ငရုတ်သီးစိမ်းများကို မညက်တစ်ညက်ထောင်းပါ။ ငါးများကို နွှာထားပါ (ကြပ်တိုက်ထားပြီးဖြစ်သောကြောင့် ပြုပ်ရန်မလိုတော့ပါ) နံနံပင်ကိုပါးပါးလှီးပါ။ ငရုတ်သီးစိမ်းထောင်းထားသောအထဲသို့ ငါးကြပ်တိုက်နွှာထားသောအဖတ်များ၊ လှီးထားသောကြက်သွန်များကိုထည့်ပါ။ နံနံပင်ကိုထည့်ပါ ချိုမှုန့် နဲငယ်ထည့်ပြီး အနဲငယ်သမအောင်ဆက်ထောင်းပါ။
ပြီးအရသာမြည်းကြည့်ပါ။ ငါးကြပ်တိုက်ဆားငံလျှင် ဆားထည့်ရန်မလိုပါ.. အငံကြိုက်လျှင်စားအနဲငယ်ထပ်ထည့်ပါ။
ပြီးလျှင်ခပ်ပြီ ဟင်းခွက်တွင်ထည့်ထားပါ။
သံပုရာသီးတစ်ခြမ်းကိုလှီးထားပြီ.. စားသောအခါအဆင်သင့်ညှစ်စားနိုင်ရန် ဘေးနားမှာ ပုံထားပါ။

ပုံပြင်

တစ်ခါတုန်းက..... ကောင်လေးဘာပြောပြောယုံတတ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
တစ်ခါတုန်းက....ကောင်လေးနဲ့ သူငယ်ချင်းတွေ ဒေါ်ရိတ်ကြီးဆိုင်မှာ ထိုင်ပြီး ကောင်မလေးတွေငမ်းနေတာကို အတူထိုင်ကြည့်ဖူးတယ်။
တစ်ခါတုန်းက.... ကောင်လေးက အရမ်းကြိုက်တဲ့ ဆေးကုလာမ ကျောက်ကျောမဲမဲတွေကို ဖားလောင်းတွေကို ကြိတ်ထားတာ မသောက်နဲ့လို့ပြောတာယုံပြီးမသောက်ရဲတော့တဲ့ကောင်မလေးရှိဖူးတယ်။
တစ်ခါတုန်းက... ကောင်လေးရဲ့သူငယ်ချင်းတွေက လူသားတွေကို စီးတီးမတ်မှာ စရောင်းနေပြီ၊ ဟိုအသားရှိလားလို့ ဒိုင်ရှိုမေးရတယ်လို့ပြောတာကိုယုံပြီး သွားမေးလို့ အရှက်ကွဲဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
တစ်ခါတုန်းက....ကောင်လေးက အမျိုးတွေသွားကြည့်မယ်လို့ခေါ်တော့ ယောင်တောင်တောင်နဲ့ တရိစ္ဆာန်ရုံကို ခဏခဏရောက်ဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
တစ်ခါတုန်းက....လိုင်းကားက အရမ်းစီးလို့ကောင်းပါတယ်ဆိုပြီး လူတွေကျပ်ညပ်နေတဲ့လိုင်းကားကို ပုဇွန်တောင်အထိလိုက်စီးဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
တစ်ခါက...တစ်ခါက ပေါ့.... ငတုံးမလေးတစ်ယောက်ရှိသတဲ့.... သူကဘယ်သူလဲ...

အသိခေါက်ခက်အ၀င်နက်

ဒီနေ့... နှင်းဆီ နီရဲရဲ (၅) ပွင့်နဲ့ ၀က်ဝံကလေးတစ်ကောင်ရတယ်။ (၅) ပွင့်ကတော့ဘာအဓိပါယ်လဲတော့မသိဘူး...
ထားပါလေ... ချစ်သူများနေ့ကပြီးခဲ့ပြီဘဲ...
အချစ်ဆိုတာ ဆန်းကြယ်လို့ ချစ်သူများနေ့ဆိုပြီးတစ်ခန်းတစ်နားကျင်းပကြတယ်ထင်ပါတယ်။ဆန်းကြယ်တဲ့အဖြစ်ပျက်တွေအများကြီးထဲက
၂၀၀၄ တုန်းက အဖြစ်ပျက်လေးတစ်ခုကိုရေးပြချင်လို့ပါ။ ကျွန်မက အဲဒီတုန်းက Secretary ဆိုပါတော့... အကြီး(၃) ယောက်က အားလုံးယောက်ျားတွေဘဲမို့လို့ အလုပ်လုပ်နေတဲ့သူတွေအားလုံးနဲ့ပတ်သတ်တဲ့ Personal ကိစ္စ တွေ ကို ကျွန်မကတာဝန်ယူပြီဖြေရှင်းရတယ်။
ရုံးကို စာနဲ့တစ်မျိုး၊ လူကိုယ်တိုင်လာပြီးတစ်ဖုံ.. ကျွန်မတို့ရုံးက တောရွာလေးတစ်ရွာရဲ့ အခမဲ့စာသင်ကျောင်းမျာ စာသင်ဖို့လွှတ်ထားတဲ့ ဆရာမလေး(အပျို)က ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့သတင်းကို ကြိမ်ဖန်များစွာကြားလာတဲ့အခါ အဲဒီဆရာမလေးနဲ့တစ်အိမ်ထဲအတူထားတဲ့ သူနာပြုဆရာမလေး ကိုခေါ်မေး တော့သူလည်းသေချာမသိ၊ သူစမ်းတာ လဲအစမ်းမခံဘူးတဲ့။ ဒီကိစ္စတော့ရှင်းမှရတော့မယ်ဆိုပြီး တစ်ရက် ကျွန်မ ရုံးက ကားဆရာရယ်၊ ကျွန်မရယ်၊ ရုံးက ကောင်မလေးတစ်ယောက်ရယ်အဖော်ခေါ်ပြီး.. ရန်ကုန်မြစ်တစ်ဖက်ကို ဇက်နဲ့ကူး၊ ဟိုလက်ရောက်တော့ ကားပြန်စီး၊ ပြီးတော့ စက်လှေစီး၊ ပြီတော့ ကုန်းကြောင်းလျှောက်၊ ပြီး လက်နဲ့ လှော်တဲ့လှေကိုစီးပြီး အဲဒီဆရာမလေးနေတဲ့နေရာကိုရောက်ခဲ့တယ်။ ကျွန်မစီမှာ စုဆောင်းထားတဲ့အချက်အလက်တွေရှိတယ်။ ရောက်တော့တော်တော့ကိုပင်ပန်းနေပြီ၊ ဒါပေမယ့်လုပ်စရာရှိတာပြီးအောင်လုပ်မှ ဒီနေ့ရန်ကုန်ပြန်ရောက်ရမယ်ဆိုတော့.. ရွာသားတစ်ယောက်ကို အဲဒီကောင်လေး မောင်စံ ကိုသွားခေါ်ခိုင်း။
ကျောင်းဆရာမ ( အသက် ၂၉ နှစ်ကျော်၊ ဘွဲ့ရ၊ ပညာတတ်၊ အမေမရှိတော့)
မောင်စံ (ဆရာမလေးကိုတစ်ဖက်သတ်အတင်းကြိုက်နေသူ။ အသက် ၂၂ နှစ်ခန့်၊ အလုပ်အကိုင်ကတော့ ငါးပေါ်ချိန်ငါးဖမ်း၊ လှေလှော်အဌါးလိုက်၊ အုံးပင်တက်၊ အဖေနှင့် မိထွေး နှင့် ကလေး (၆) ယောက်ခန့် နေသော အိမ်ကျဉ်းလေးတွင် ကပ်နေထိုင်သူ)
ကိုသိန်း (ဆရာမလေး၏ချစ်သူ၊ ရည်းစားသက်တမ်း (၃) နှစ်ကျော်ကြာ၊ ချစ်သော်လည်း အမေကသဘောမတူသေကြောင့်လက်မထပ်ရဲ)
မောင်စံက ကျွန်မစောင့်နေတဲ့ဧည့်ခန်းကို ဓါးရှည်တစ်ချောင်းနဲ့တက်လာပါတယ်။ ကျွန်မလဲရုတ်တရက်လန့်သွားပြီးတော့ ဘာလုပ်မလို့လဲလို့မေးတော့.. ငိုပြီးတော့ ငါဒီလောက်ချစ် မြတ်နိုးရတဲ့ ဆရာမကို ဘယ်သူက ဗိုက်ကြီးတယ်ပြောတာလဲ.. ဘယ်သူကလုပ်တာလဲ..လုပ်တဲ့ကောင်သတ်မယ်..ဆိုပြီးတတွတ်တွတ်အော်ပြောနေတယ်... ဆိုတော့ ကျွန်မ အဖေရှာတဲ့ကိစ္စမှာ မောင်စံမဖြစ်နိုင်ဘူးဆိုတာရိပ်မိလိုက်တယ်။ ဆရာမလေးက ကျွန်မထက်အသက်များကြီးကြီးပါတယ်။ သူ့ကိုမေးတော့..ဗိုက်ထဲမှာ လေလုံးလိုဘဲ... မာပြီးနာနေတယ်.. လို့ဘဲပြောတယ်... ဘယ်သူနဲ့ဖြစ်တာလဲ..သူ့ရည်းစားအကြောင်းကိုမေးတော့ သူက အဲဒီကောင်အကြောင်းမပြောနဲ့ အဆက်သွယ်မရှိတာကြာပြီတဲ့..ဆိုတော့ ကျွန်မက.. ဆရာမ.. ဒီတိုင်းအိမ်ထဲမှာ ဆက်ပုန်းနေလို့တော့ထူးမှာမဟုတ်ဘူး..အဖြစ်မှန်ကိုပြောပြပါ..မောင်စံနဲ့များဖြစ်တာလား..သူဆရာမကို အတင်း..... ဆိုတော့..သူက..အို..မောင်စံကိုသွားမေး..ငါ့ကိုလာမမေးနဲ့...တဲ့..
ကျွန်မမောင်စံဆီပြန်သွား..မောင်စံဆရာမကို....အလိုမတူဘဲတစ်ခုခုများ... ဘာ..ဒီမှာ ဆရာမ (ကျွန်မကိုခေါ်တာပါ) ကျွန်တော်က ဆင်းရဲသား..ပိုက်ဆံလဲမရှိဘူး..ပညာဆိုလဲ စာတောင်မရေးတတ်ဘူး..မြို့ကြီးကနေလာတဲ့ဆရာမလေးကို ကျွန်တော်ကြိုက်တယ် ချစ်တယ်ဆိုပေမယ့် ကျွန်တော်သူဒုက္ခရောက်အောင် ယုတ်မာတဲ့နည်းနဲ့မကြံစည်ဘူး... ဘာလဲ သူအခုဗိုက်ကြီးနေပြီလားး.ကျွန်တော်သိတယ်အဲဒါ ဟိုကောင်ဘဲ (ဆရာမလေး၏ရည်းစား) ဒါပေမယ့် သူမယူချင်နေ၊ ကျွန်တော်ယူမယ်... ကျွန်တော်စောင့်ရှောက်မယ်..တတ်နိုင်သလောက်ရှာကျွေးမယ်၊ တဲ့..
ဒါနဲ့ ကျွန်မက နင်တကယ်ယူမှာသေချာလား..နင့်ကလေးမဟုတ်လဲနင်ယူမှာလား.. ကလေးကို စောင့်ရှောက်မှာလား ဆိုတော့.. သူက ယူမယ်..ဒီတစ်ယောက်ကျွန်တော့ကလေးမဟုတ်လဲ နောက်တစ်ယောက်ဆိုရင်ကျွန်တော့ကလေးဘဲတဲ့................. ကောင်းရော
ဒါနဲ့ ကျွန်မ ဆရာမလေးဆီပြန်သွား.. မောင်စံကတော့ နင့်ကိုယူမယ်ပြောနေတယ်.. ဘာဘဲဖြစ်ဖြစ်ယူမယ်တဲ့..
အဲဒီတော့ သူက မယူနိုင်ဘူး... သူငါ့ကို အဲလို အနိုင်ကျင့်လို့မရဘူး... ငါကလေးရှိလဲသူ့ကိုမယူဘူးတဲ့..
တော်တော်ကိုခေါင်းစားသွားတယ်။ မောင်စံကပြောတော့ သူမဟုတ်ဘူး၊ ဒါပေမယ့် သူယူမယ်..
ဆရာမလေးပြောတဲ့သဘောက တော့ မောင်စံကသူ့ကိုမရမှန်းသိလို့ အတင်းကြံပြီး ရအောင်ယူတဲ့သဘော..
ဘာဘဲဖြစ်ဖြစ် ဗိုက်ထဲကကိစ္စကိုတော့ရှင်းအောင်လုပ်ရမယ်၊ ကျွန်မသူ့ကို ဒလဆေးခန်းတစ်ခုကိုရအောင်အတင်းခေါ်လာတယ်။။ ဆရာဝန်မကစမ်းကြည့်ပြီး..ငါခန့်မှန်းတာမမှားပါဘူးအေ..ကိုယ်ဝန်ပါတဲ့.. နောက်တော့ ရန်ကုန်ထိခေါ်လာပြီး Ultrasound ရိုက်ကြည့်တော့ ကိုယ်ဝန်က (၃)လတောင်ရှိနေပြီတဲ့..မိန်းကလေးချည်းဘဲသွားတော့ မျက်နှာငယ် လိုက်တာပြောမနေနဲ့...
ဆရာဝန်တွေက confirmလုပ်တဲ့အချိန်မှာ ပျက်သွားတဲ့မျက်နှာတွေကို သူတို့လဲသတိထားမိမယ်ထင်ပါရဲ့။ ဒါနဲ့ ဘဲ သူတို့ကိုပြန်ခိုင်းလိုက်ပြီး ကျွန်မလဲ အိမ်ပြန်လာခဲ့တယ်။.. တစ်လမ်းလုံးသူတို့အကြောင်းကခေါင်းထဲကထုတ်လို့မရဘူး... နောက်နေ့မှာ တော့ ကျွန်မ အထက်လူကြီးတွေကို တင်ပြပြီး...ဆရာမလေးကိုဖျောင်းဖျ မောင်စံနဲ့ လက်ထပ်ပေးလိုက်ပါတယ်။ ကိစ္စပေါ်ပြီးတဲ့အချိန်မှာ ရုံးစည်းကမ်းအတိုင်း ကိုယ်ကျင့်တရားဖောက်ဖျက်တဲ့အတွက် (၆) လ အလုပ်ထုတ်ပါတယ်။ နောက်ပိုင်းသူဆက်လုပ်ချင်သေးတော့ အလုပ်ဆက်ခန့်ထားပါတယ်။ အခုတော့ သူတို့အိမ်ထောင်အဆင်ပြေနေပါပြီ။
တစ်ကယ်တော့ ကျွန်မတို့ ရုံးက ဆရာ၊ဆရာမလေးတွေ..ဘွဲ့ရ၊ ပညာတတ်လေးတွေကို နယ်တို့၊ ရွာတို့ ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ သူများအကျိုးဆောင်ဖို့ စာသင်ကျောင်းတွေ၊ ဆေးခန်းလေးတွေဖွင့်ဖို့ လွှတ်တယ်။ ယောက်ျားလေးတွေကတော့ ကိစ္စမရှိဘူး.. မိန်းကလေးတွေဆို နှစ်ယောက်၊ နှစ်ယောက်တွဲလွှတ်တယ်..ဒါပေမယ့် အပျို မိန်းကလေးတွေ နယ်ဝေးမှာ အလုပ်လုပ်နေရတဲ့အခါ စုံစမ်းနှောက်ယှက်တာတွေဝင်လာတတ်တယ်...အရမ်း အန္တရာယ်များပါတယ်။ ဒါကျွန်မ ကြုံတွေ့ခဲ့တဲ့အဖြစ်ပျက်တွေထဲကတစ်ခုပါ...
တစ်ကယ်တော့ဆရာမလေးက သူ့ချစ်သူနဲ့ ဖြစ်သွားတဲ့ကိစ္စပါ။ သူ့ချစ်သူရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ချင်တာနဲ့ သူက မောင်စံကြောင့်လိုလိုထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုလိမ်ညာခဲ့တဲ့အကြောင်းကို ကျွန်မကို စာရေးပြီး တောင်းပန်ပြောပြပါတယ်။ သူ့ချစ်သူကလဲ အဲဒီကိစ္စကိုသိတော့ အမေ့စကားမလွန်ဆန်နိုင်လို့ဆိုပြီး ရှောင်နေတယ်ဒါပေမယ့် အားလုံးအဆင်ပြေနေကြပြီဆိုတော့ အဲဒီအဖြစ်မှန်ကို ကျွန်မ စိတ်ထဲမှာဘဲထားလိုက်တော့တယ်။
လောကကြီးမှာ မိန်းမသားများ ကျွန်မအပါအ၀င်..လှည့်စားခံရခြင်း၊ အသိခေါက်ခက်အ၀င်နက် တဲ့အဖြစ်မျိုးမှကင်းဝေးကြပါစေ။

Monday, February 18, 2008

အချစ်စစ်ဆိုသည်မှာ (True Love mean)


Find a guy who calls you beautiful instead of hot...
...who calls you back when you hang up on him...
...who will stay awake just to watch you sleep...
...wait for the guy who kisses your forehead...
...who wants to show you off to the world when you are in your sweats...
...who holds your hand in front of his friends...
...wait for the one who is constantly reminding you of how much he cares about you and how lucky he is to have you...
...wait for the one who turns to his friends and says, "...that's her, or that's him"...
If you open this, you have to repost it so that you'll be showered with only love for the rest of your life .

နှစ်ထပ်ကား..မွှား.မွှား

ထုံးစံအတိုင်းစာဖတ်သူကရေးတာတိုလို့ ပွစိပွစိလုပ်တာနားမခံနိုင်လို့...နောက်တစ်ခုထပ်ရေးအုံးမယ်...
နှစ်ထပ်ကားစီးဖူးကြလား.. ကျွန်မကတော့နှစ်ထပ်ကားကို စင်ကာပူရောက်မှတွေ့ဖူးတာပါ..စီးချင်လိုက်တာ..ပြောမနေနဲ့
စီးတာကဟုတ်ပီ..ဘယ်ကနေဘယ်ကိုစီးမလဲ..မသွားတတ်မလာတတ်တော့ တော်တော်ဒုက္ခရောက်တယ်။
ဒါနဲ့ဘဲ တိုတိုပြောရရင်နှစ်ထပ်ကားကိုစီးဖြစ်တယ်ဆိုပါတော့...
စင်ကာပူလိုနိုင်ငံမျိုးက..နှစ်ထပ်ကားမှာ မွှား..ရှိတာယုံလားဟင်...မယုံချင်နေ..ကိုယ်တွေ့..ပြောပြမယ်..
ငယ်ငယ်တုန်းကတော့မွှား ဆိုတာတစ်ခါမှမတွေ့ဘူးဖူး..လူကြီးတွေပြောတာတော့ကြားဖူးတယ်.. ပိုးမွှားတွေကိုက်မယ်..ဘာညာပေါ့... ပိုးကတော့ဟုတ်ပီ..မွှားကဘာလဲ..
ကားပေါ်ရောက်တော့ ထိုင်တာမကြာတေးဘူး..အဲဒီမွှား က လက်ပေါ်တက်လာတယ်.. ခါထုတ်လဲမရ.. ဖိသတ်လဲမရ...
လက်ချောင်းတွေလဲပါတယ်..တော်တော်ကြောက်ဖို့ကောင်းတယ်.. အကောင်သာကြီးရင်.. တောဘုရင်ဖြစ်မှာ..

ရှားစောင်းပင်နဲ့ပိုးတုံးလုံး

ကျွန်မရဲ့ဘလော့ကိုဝင်ကြည့်တဲ့သူပေါင်းရာကျော်ပြီဖြစ်ပေမယ့် ဘယ်သူတွေဖတ်လို့ရလဲ၊ မရလဲတော့ မသိဘူး..
ခင်မင်တဲ့သူတစ်ချို့ကတော့ comment လေးတွေချန်ထားပေးပါတယ်။ နောက်ခံတွေက အခုမှ ညီမပင့်ဂိုး က ကြိုးစားပန်းစားလုပ်ပေးနေစဲမို့..တစ်ရက်တစ်မျိုးပြောင်းနေတာ..မိုက်တယ်နော်..ဟ..ဟ..
ဘာဘဲဖြစ်ဖြစ်တစ်ရက်တစ်မျိုးလေးတော့ ရေးမှ..မဟုတ်ရင်အလုပ်ကပြန်လာ..မောမောပန်းပန်းနဲ့ ကျွန်မဘလော့လေးကိုဝင်၊ အသစ်ရေးထာတာမတွေ့ရင်
ရန်တွေ့တတ်တဲ့သူတွေကိုကြောက်လို့.. ရေးလိုက်အုံးမယ်။
တစ်ခါတုန်းက လူတစ်ယောက်က သူ့ကို ပန်းလှလှလေးတစ်ပွင့်နဲ့ လိပ်ပြာလေးတစ်ကောင်ပေးပါလို့ဘုရားဆီမှာ ဆုတောင်းတယ်။
ဒါပေမယ့် ဘုရားသခင်က သူ့ကို ရှားစောင်း (ကန္တာရ) ပင်နဲ့ ပိုးတုံးလုံးကောင်ပေးတယ်တဲ့..
သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်.. ငါတောင်းတာတမျိုးဘာများမှားသွားလို့လဲ..သွားတယ်.. .ဘုရားသခင်ကလဲ ငါတောင်းတာလှလှလေးတွေကိုမပေးဘူး..ဘာလို့ ဒါဒီရုပ်ဆိုဆိုး ဆူးပင်နဲ့ ပျော့စိစိပိုးတုံးလုံးကောင်ကိုပေးတာလဲဆိုပီးတော့ရေရွတ်နေသတဲ့. ဒါပေမယ် ဘုရားသခင်ကသူ့ကိုတောင်းတဲ့သူများတော့အလုပ်များမှာဘဲ ငါဘာမှ ပြန်မေးပြီးစောဒကတက်မနေတော့ပါဘူးဆိုပြီးနေလိုက်တယ်။
တစ်ရက်ကျတော့ အဲဒီ ရှားစောင်းပင်ပေးလကနေ..အရမ်းလှတဲ့ပန်းလေးပွင့်လာပြီးတော့ ရုပ်ဆိုးဆိုးပိုးကောင်က လဲ အတောင်လက်စုံလင်တဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်သွားရောတဲ့ကွယ်။...

ဘုရားသခင်က လူသားတွေအတွက်လိုအပ်တဲ့အချိန်မှာအကောင်ဆုံးဖြစ်အောင်စီစဉ်ပေးပါတယ်။
တစ်ခါတစ်လေ လူတွေတောင်းဆိုနေတဲ့အရာတွေက လိုအပ်တဲ့အရာတွေမဟုတ်ဘူး။ လိုချင်တဲ့အရာတွေဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန်မှာ ဘုရားရှင်ဆီမှာတောင်းပြီး သူပေးတာသာမငြီးမငြူ၊ ဆင်ခြေမပေးဘဲလက်ခံယူလိုက်ပါ။ အချိန်တန်တဲ့အခါဘုရားသခင်ကသင့်ကိုအကောင်းဆုံးကိုပေးခဲ့တယ်ဆိုတာကို လက်ခံလာပါလိမ့်မယ်။
ဒီနေ့တော့ ဒီပုံပြင်လေးနဲ့ စာပိုဒ်လေးကို ဝေမျှခြင်တာပါ။

Sunday, February 17, 2008

ကျွန်မ၏ရုံးပိတ်ရက် - ၂

ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့...ဖြစ်သလိုစားနေတာကြာလို့ဈေးသွားပြီးတော့ဟင်းချက်စားအုံးမှဘဲဆိုပြီး..ဒီနေ့စောစောထ၊ စောစောဆိုတာ (၈း၃၀) ပါ ဈေးကိုလမ်းလျှောက်သွားတယ်..လမ်းမှာဈေးကပြန်လာတဲ့သူတွေနဲ့တွေ့တော့ သူတို့က ..ဟေး ဘယ်သွားမလို့လဲဆိုတော့ရှက်တာနဲ့ ကျောင်းနားခဏသွားမလို့လို့ပြောခဲ့တယ်။ သူများဈေးပြန်လာတဲ့အချိန်မှ..ဈေးသွားတဲ့အဖြစ် ဒါတောင်မနဲကိုအိပ်ရာပေါ်ကထရတယ်။
ပြီးခဲ့တဲ့အပတ်က အိမ်မှာဆန်ကုန်သွားတော့ ၀ယ်ထားပြီးသားလုံးတီးဆန်အညိုတွေကိုဘဲချက်စားနေတာ.. စားလို့လဲမကောင်းဘူး.မနဲဝါးရတယ်..အရေးထဲအံသွားကလဲပေါက်တော့... မ၀ါးနိုင်..ဒီကဆန်တွေက အကောင်းဆုံးတောင် တော်တော်ဆိုးတယ်။ ဆန်ဝယ်မယ်ဆိုရင် ယိုးဒယားက ဆန် (Jasmine Rice) ကိုဝယ်စားရတယ်။ ဆန်အကောင်းကြိုက်တာမဟုတ်ပါဘူး..အဲဒီဆန်ကမြန်မာပြည်ကဆန်နဲ့ခပ်ဆင်ဆင်လေ..
သူကလဲ ကီလိုနဲ့ခွဲမရောင်းဘူး၊ ၀ယ်ချင်ရင်အိတ်လိုက်ဝယ်ရတာဆိုတော့..မ၀ယ်ဘဲရှိတာနဲ့စားနေတာ..
သောကြာနေ့ကတော့ သူငယ်ချင်းကောင်လေးတစ်ယောက်ကို ဆန်အိတ်လိုက်ဝယ်လာခဲ့ပေးပါလို့ အကူညီတောင်းတော့..အခုဆိုဆန်လဲရှိပြီ..တော်တော်အဆင်ပြေတယ်။
ဈေးသွားတော့ တလားဗီးယား ငါးဝယ်မယ်ဆိုပြီးငါးတန်းထဲဝင်တာ..လူတွေများလို့မတိုးနိုင်တာနဲ့ အပြင်ကိုပြန်ထွက်.. ကြက်ဥအညိုရောင်လေးတွေတွေ့တာနဲ့ဝမ်းသာပြီး (၁၀)လုံးဝယ်လာတယ်။ (ဒီမှာကြက်ဥအဖြုတွေဘဲရှိတာကိုး) ပြီးတော့ မုံညှင်းအဖြူအစည်းကြီးတစ်စည်းဝယ်၊ ပိန်းနှဲသီးနုနုလေးတွေကို အခွံခွာပြီး ဖြတ်ထားပြီးသားတွေရောင်းတာနှစ်ထုတ်ဝယ်။ နံနံပင် (ဒီကနံနံကတစ်မျိုး..ပိန်ညောင်ရှည်ရှည်နဲ့)တစ်စည်းဝယ်၊ ပြီးတော့ ငါးတန်းက ထွက်တဲ့အခြမ်းကပြန်ဝင်ပြီး တလားဗီးယားအရှင် (၃)ကောင်ဝယ်ပြီး အကောင်လိုက်အကြည်းခွံခွာပြီး ဗိုက်ခွဲခိုင်းလိုက်တယ်။ ပြီးတော့ ဌက်ပျောဖူးတစ်ဖူးဝယ်။ ရွှေငါးလေးတွေ၊ ငါးသေးသေးတွေပလတ်စတစ်အိတ်ထဲထည့်ပြီးရောင်းတဲ့နေရာမှာသွားစပ်စုလိုက်သေးတယ်။ အောင်မလေး မြွေတွေကိုပါရောင်းတာ.. ပလတ်စတစ်ထဲရေထည့်ပြီး မြွေကိုလဲထည့်ထားတယ်။ ရေမြွေလားမတိဝူး..လှတော့လှတယ် အစင်းကျားနဲ့.. အဲဒီကနေတစ်ပတ်ပြန်ပတ်ပြီး ဗူးသီးသေးသေးတစ်လုံးနဲ့ ခရမ်းသီး (လက်ညိုးလောက်ဘဲရှိမယ်) အဲဒါ ပဇွန်ခြောက်နဲ့နှပ်စားရင်ကောင်းမယ်ဆိုပြီးဝယ်ခဲ့သေးတယ်။ မိုးကလဲဖွဲဖွဲရွာ လိုက်၊ ရပ်သွားလိုက်နဲ့..ကျွန်မထီးမပါ..မိုးရေထဲဟိုပြေးဒီပြေးနဲ့ အိမ်ပြန်ရောက်လာရော..
အိမ်ရောက်တော့.. ထမင်းအိုးတည်၊ ငါးကိုအကောင်လိုက်ရေပြန်ဆေး၊ မစင်သေးတဲ့အကျည်းခွံလေးတွေပြန်ခွာ ပြီး နှစ်ကောင်ကို ရေခဲသတ္တာထဲထည့်၊ ကျန်တဲ့အကောင်ကိုတော့ ငံပြာရည်နဲ့ပြုပ်လိုက်တယ်။



ကြက်သွန်ဖြူနီ၊ ထောင်းထားတာကိုရေနွေးပွက်ပွက်ဆူထဲထည့်၊ ပြီး ပြုပ်ပြီးသားငါးကို အရေခွံတွေခွာပြီးလွှင့်ပစ်၊ အသားချည်းလဲနွှာပြီး ဟင်းချိုအိုထဲထည့်.. ပြီးတော့ မုန်ညှင်းအဖြူတွေကိုရေစင်အောင်ဆေးပြီး နှစ်ပိုင်းပိုင်းပြီး အိုးထဲထည့်၊ ဆားနဲနဲထည့်လိုက်တော့ တော်တော်ချိုတဲ့ဟင်းချိုအိုးတစ်အိုးရပြီ။


ပိန်းနဲသီးအနုလေးတွေကိုတော့ ငရုတ်သီးစပ်စပ်နဲ့ မနေ့ကလုံးထားတဲ့အသားနဲ့ရောပြီးချက်လိုက်တယ်။



ခရမ်းသီးသေးသေးလေးတွေကိုတော့ပြုပ်ပြီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံနဲ့ ရောထောင်းပြီး..ကျွန်မရဲ့ မနက်စာချက်ပြုပ်ချင်းကိုရပ်လိုက်တယ်။ ဟိုနေ့က ဌက်ပျောသီးကောင်းတဲ့အကြောင်းတွေရေးထားပြီးမို့..ဌက်ပျောသီးစားမှဆိုပြီးဌက်ပျောသီးတစ်ဖီးဝယ်လာတာနဲ့
အရမ်းကျမ်းမာအောင်ဆိုပြီး.(၅)လုံးလောက်ထမင်းစားပြီးထိုင်စားလိုက်တယ်။
ကျွန်မအရမ်းကြိုက်တာ Cheese လဲပါတယ်။ ထမင်းစားပြီးတိုင်း ရုံးကိုအလာလမ်းမှာ. Cheese Slice အပြားတွေကိုဒီတိုင်းကို စားနေတာ..ကျမ်းမာရေးနဲ့တော့မညီညွတ်ပါဘူး။ ဒါပေမယ့်ကြိုက်တာကိုး..
သေသွားတဲ့ကြီးကြီးက...မသေခင်စားချင်တာလေးတော့စားသွားမှာဘဲဆိုတာခဏခဏပြောတယ်။
အဖိုးကလဲဆေးရုံမှာရှိတဲ့အချိန် သူနဲ့မတဲ့တာတွေဆရာဝန်ကမစားခိုင်းတာကို သူ့ကိုစောင့်တဲ့အိမ်ဖော်မလေးကို
ပိုက်ဆံပေးပြီးခိုးချက်ခိုင်တယ်။ နောက်ဆုံးတော့သွေးတိုးနဲ့ဆုံးသွားတာပါ။
ညနေကျတော့..မ၀ယ်မဖြစ်အသုံးအဆောင်လေးတွေသွားဝယ်မယ်ဆိုပြီးအိကျီဝတ်တော့ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီးတော်တော်စိတ်ပျက်မိတယ်...တော်တော်တုတ်တဲ့ခါး..အဆီတစ်ထပ်..အသားတစ်ထပ်...
ခန္တာကိုယ်မှာဝမယ့်ဟာတွေအကုန် ဗိုက်နဲကခါးမှာစုနေတာ.. လေ့ကျင့်ခန်းတော့ပုံမှန်လုပ်အုံးမှဘဲ... (အတွေးထဲမှာ..ဟီးဟီး)

 
Powered by Blogger