Pages

Thursday, July 31, 2008

မိုးတွင်းမှာ ဒူးရင်းသီး နှင့် တူနာငါးစပ်စပ်

ကျွန်မနေထိုင်တဲ့နေရာမှာကျွန်းတွေအများကြီးရှိပါတယ်။ ဒူးရင်းသီးကတော့ဒီကဒေသခံတွေ
အကြိုက်ဖြစ်ပေမယ့်ကျွန်မနေတဲ့ခြံဝင်းကြီးထဲမှာတော့အဖြူတွေများတော့သူတို့ကအနံ့မခံ
နိုင်ကြဘူး...ဒါကြောင့်စားချင်လဲကြိတ်မှိတ်နေရတယ်။ အဲဒါလဲတစ်မျိုးကောင်းတယ်။ ဘာလို့လဲ
ဆိုတော့အရမ်းဈေးကြီးလို့။ ဒါပေမယ့် ဒူးရင်းသီးပေါ်ချိန်ဆိုရင် တောင်ဖက်ကျွန်ကနေကားနဲ့
လာလာရောင်းတယ်။ ဈေးကြီးပေမယ့်စားချင်စိတ်ကိုထိန်းမရတဲ့အဆုံးကျွန်မနဲ့သူငယ်ချင်း
ဒူးရင်းသီးဝယ်စားဖြစ်ပါတယ်။ ဒီတစ်ခါဈေးကတော့သင့်တင့်တယ်လို့ပြောရမယ်။ ၁ကီလိုကို
4500ကျပ်လောက်ကျတယ်။ ကျွန်မတို့ရွေးတဲ့အသီးက ၃ကီလိုဆိုတော့ 13500ကျပ်ပေါ့။


ဝယ်ပြီးတော့ရုံးအပြင်ကပန်းရုံထဲမှာဖွက်ထားလိုက်တယ်။ ရုံးဆင်းတာနဲ့ပျော်ရွှင်မြူးတူး
ပြီးဒူးရင်းသီးကိုဆွဲပြီးလူနေအိမ်နဲ့ဝေး...တန်းနစ်ကွင်းတောင်ဖက်ကကုန်းပေါ်က၀ါးအိမ်လေးမှာ
ဒူရင်းသီးကိုအကျနခွဲပြီးစားပါတော့တယ်။ နှစ်ယောက်စားတာလောက်တောင်မလောက်ဘူး။


ဝါးအိမ်လေးအပေါ်ကနေလှမ်းကြည့်တော့ အောက်ဘက်တောင်ကုန်းဆင်းလေးမှာစပါးပင်လေး
တွေအလှစိုက်ထားတာမျက်စိပသာဒရလွန်းလို့..အောက်မှာကြည့်နော်... မိုးတွင်းရောက်ပီဘဲလေ။

တန်းနစ်ကွင်းမရောက်ခင်ကျွန်မသွားသွားထိုင်နေတဲ့နေရာလေးက အောက်ပိုင်းကျတယ်။

ဒါနဲ့ပြောဖို့မေ့သွားတယ်။ အဲဒီနေ့နေ့လည်မှာသူငယ်ချင်းအင်ဒိုတစ်ယောက်ထမင်းခေါ်စားတော့
သွားစားလိုက်သေးတယ်။ တူနာငါးကိုပေါင်းတယ်လို့ခေါ်မလားဖုတ်တယ်လို့ခေါ်မလား grill လုပ်
ပြီးတော့ ငရုတ်သီးအစိမ်းအနီတောင့်တွေကိုကြက်သွန်ဖြူနီဆီသတ်ပြီးချက်ထားတာကိုအပေါ်က
လောင်းချထားတာ...စားလို့ကောင်းမှကောင်း..အစပ်ကြိုက်တဲ့ကျွန်မအတွက်တော့လျှာလည်စရာ
ဟင်းတစ်ခွက်ပါဘဲ....

အမဲသားကတော့ဘယ်လိုချက်ထားလဲမသိဘူး။ သူပြောတာတော့အင်ဒိုနီးရှားကလာတဲ့ဟင်းချက်
မှုန့်နဲ့ချက်ထားတယ်ဆိုဘဲ..အနံ့လေးကမွှေးသလိုလိုတစ်မျိုးလေး..မချိုတော့စားရတာအဆင်ပြေ
ပါတယ်။

Thursday, July 24, 2008

စားခဲ့ဝါးခဲ့စဉ်က - ၂














ဘုရားသခင်...ဘာကြောင့်လဲ????


Monday, July 21, 2008

ကျွန်မနှင့်ပတ်သတ်သိကျွမ်းသောယောက်ျားများ -၁

ကျွန်မကိုယ့်ကိုကိုယ်စသိတတ်တဲ့အရွယ်မှာခင်မင်ကြောက်စရာကောင်းတဲ့ဦးလေးကြီးတစ်ယောက်
ရှိတယ်။ သူကျွန်မမမွေးခင်ကတည်းက မာမီ့ကိုဆေးရုံပို့ပေးတာလဲသူဘဲ။ မွေးမွေးခြင်းမှာအဖေ
တောင်မချီရသေးဘူးသူဘဲအရင်ချီလို့အဖွားကစိတ်တိုပြီးသူ့ကိုဆူသေးတယ်။သူ့နာမည်ကဂျယ်ရီ။
ကူးကူးတို့အခေါ်တော့ဦးဂျယ်ရီပေါ့။ သူကအသားမဲတယ်။ သူ့မိသားစုတွေကမန္တလေးမှာဘိုးဘွား
စဉ်ဆက်နွားမွေးကြတယ်။ နွားခြံကြီးနဲ့ဘာကုလားလို့ခေါ်လဲတော့မသိဘူး။ သူကအဲဒီတုန်းကလူပျို
ပေါက်အရွယ်ပေါ့။ ကျွန်မငယ်ငယ်တုန်းကသူ့ကိုကြောက်လဲကြောက်၊ ခင်လဲခင်ပါတယ်။အဲဒီတုန်း
ကအိမ်မှာမာမီကသူ့ညီမ(အမေတူအဖေကွဲ)တစ်ယောက်ကိုခေါ်ထားတယ်။ အန်တီလေးကလဲ
အပျိုပေါက်အရွယ်ပေါ့။ ဦးဂျယ်ရီကအန်တီလေးစိမ့်စမ်းရီရီ ကိုကြိုက်တယ်လေ။ဒါပေမယ့်မရပါဘူး။
၁၉၈၈ အရေးခင်းဖြစ်တော့ ဒို့အရေးမှာသူကထိပ်ဆုံးကသူ့မိသားစုတားတဲ့ကြားကသွားတော့နောက် ဆုံးအချုပ်ထဲရောက်ရော။ သူ့မိဘတွေလဲဒီလောက်ဆိုးတာဆိုပြီးပစ်ထားတာမာမီနဲ့ပါပါးကသူ့ကို အချုပ်ထဲကိုသွားတွေ့၊ ထမင်းပို့ပေး။ သူကတစ်ခုခုဆိုအရမ်းစိတ်မြန်တယ်။ ဘုရားတရားလဲအရမ်း
ရှိတယ်။ ခရစ်စမတ်ရောက်လို့ carol လိုက်ဆိုပြီဆိုရင်သူက ဗုန်းကြီးမှာတိုင်တစ်ခုထောင်ပြီးကြိုး
တစ်ချောင်းနဲ့ ဘေ့စ် တီးတာမပျက်မကွက်။ ဘုရားကျောင်းတက်ရင်လဲသူကဆုတောင်းရင်ဘယ်
သူက မျက်စိမှိတ်လဲ၊ဘယ်သူကစကားပြောနေလဲလိုက်ကြည့်နေလို့ ကျွန်မတို့ကလေးအဖွဲ့ကသူ့ကို
ချစ်လဲချစ်၊ မုန်းလဲမုန်း၊ ပြန်လဲမပြောရဲပေါ့။ ဘုရားကျောင်းလာတိုင်းထမင်းချိုင့်လေးထည့်လာပြီး
တော့ ပြီးတာနဲ့အားလုံးအိမ်မှာစုစားကြတယ်။ မှတ်မှတ်ရရကတော့သီးသီးထောင်း။ ကျွန်မအရမ်း
ကြိုက်တယ်။သီးသီး ကိုသိကြလားတော့မသိဘူး။ မန္တလေးမှာတော့အများကြီးဘဲ။ မှည့်ရင်အရမ်းစားလို့ကောင်းတယ်။ အပင်အမြင့်ကြီနဲ့သီးတာအခွံကတော့တော်တော့်ကိုမာတယ်။ မန္တလေးအမေရိကန်သံရုံးဝင်းထဲမှာအများကြီးဘဲ။ဦးဂျယ်ရီကအဲဒီမှာအလုပ်လုပ်တော့သူက
ကောက်ကောက်လာတယ်။ သီးသီးအစိမ်း(မမှည့်တစ်မှည့်)ကိုငရုတ်သီးနဲ့ချဉ်စပ်လေးထောင်း
ထားတာကိုအမြဲ ယူလာတယ်။ အဲဒါကျွန်မအရမ်းကြိုက်။ ကျွန်မတို့မောင်နှမသုံးယောက်နဲ့အိမ်
နီးချင်းကလေးတွေလစတာနဲ့ တမာပင်ပေါ်တက် တမာပန်းတွေခူး၊ပန်းစဉ်းတွေလုပ်ပြီးခြံပြင်က
အုတ်ခုံပေါ်မှာထိုင်ပြီးစကောထဲမှာချပြီးရောင်းတယ်။ ဘယ်သူမှမ၀ယ်ဘူး။ကျွန်မကဈေးလိုက်သွားရင်ဈေးထဲမှာဈေးသည်တွေ
ပန်းလေးတွေစည်းပြီး ရောင်းတာသူများဝယ်တာတွေ့တာကိုး..ငယ်ငယ်တုန်းကဈေးသည်အရမ်းလုပ်
ချင်တာ(ရည်မှန်းချက်ကမြင့်တယ်နော်..ဟဲဟဲ)ရောင်းစရာလဲမရှိတော့အားလုံးကိုအဖော်စပ်ပြီးတမာ
ပွင့်ချိန်ဆိုခူးပြီး ဗန်းနဲ့ချပြီးခြံရှေ့မှာတစ်နေကုန်ထိုင်နေတော့တာဘဲ။ ညနေပိုင်းရောက်တော့ပန်းတွေလဲ နွမ်း..ဘယ်သူမှလဲမ၀ယ်...အလကားပေးတာတောင်ဘယ်သူမှမယူဘူး...ဟိဟိ အရေးထဲမှာဦးဂျယ်ရီကိုချောင်းရသေးတယ်။ (မာမီနဲ့ပါးပါးကသူ့အလုပ်နဲ့သူသွားကြတော့စိတ်ပူစရာမ
လိုဘူး) သူကအလုပ်သွားအလုပ်ပြန်အိမ်ရှေ့ကနေဖြတ်ပြန်တော့.နေပူထဲမှာဆော့နေတာတို့၊ အပင်ပေါ်
တက်နေတာတို့၊တွေ့ရင် ပြန်တိုင်တာတို့ ကိုယ်တိုင်လာပြီးရိုက်တာတို့လုပ်တော့ကျွန်မတို့အားလုံးသူ့ကို
ကြောက်တယ်။ တစ်ခါတစ်လေခက်ခက်ခဲခဲသရက်သီးပေါ်ချိန်အပင်ပေါ်တက်ပြီး သရက်သီးခူးနေတဲ့
အချိန်..တစ်ယောက်ယောက်က ဦးဂျယ်ရီလာနေပြီဟေ့..ဆိုရင် ဘယ်လိုလုပ်အပင်အောက်ရောက်သွား
မှန်းကိုမသိဘူး။ အဲလောက်ကြောက်တာ။ တစ်ခါက သူမာမီတို့နဲ့စကားလက်ဆုံကျနေတဲ့အချိန် ကျွန်မတို့
ကသူ့ကိကလဲစားခြေမယ်ဆိုပြီး သူ့စက်ဘီးကိုဇောက်ထိုးထားပြီး ရှိသမှအမှိုက်တွေ၊သစ်ကိုင်းခြောက်တွေ
ကိုဘီးထဲကိုထိုးထည့်ပြီးနင်းတဲ့နေရာကနေလှည့်ကြတာ.. (ကြံရည်ကြိတ်တဲ့စက်လိုသဘောထားပြီးတော့)
အဲဒီနေ့ကသူလမ်းလျှောက်ပြန်ရလေရဲ့။ သူလာရင်ကျွန်မတို့ကလေးတွေအတွက် ပီကေတွေပါတယ်။
ချိုချဉ်တွေ၊ ချောကလက်တွေ ပါလို့သူလာရင်ဝိုင်းအုံနေတာဘဲ။ မုန့်ရပြီးတာနဲ့အားလုံးကြက်ပျောက်ဌက်
ပျောက်။ မှတ်မှတ်ရရ ဦးလေးတစ်ယောက်ပါဘဲ...သူ့အဖြစ်ပျက်တွေကတော့တော်တော့်ကိုရီရတယ်။
သူ့ခမျာအချစ်ရေးကံမကောင်း..လို့ပြောရမလား...သူကြိုက်တဲ့သူတိုင်းသူ့ကိုပြန်မကြိုက်ပါဘူး။ သူကလဲ
အသားတော်တောမဲတာကိုး။ နောက်ပိုင်းကျွန်မတို့ရန်ကုန်ပြောင်းပြီး သူလဲသိပ်မကြာခင်ရန်ကုန်က
အမေရိကန်သံရုံးကိုအလုပ်နဲ့ပြောင်းလာပြီးနောက်ပိုင်းဝင်ငွေကလဲကောင်းတော့ ကြိုက်သူဝိုင်းဝိုင်းလည်
ဖြစ်လာပါလေရော။ ၀င်ငွေကောင်းသလောက်အလှူအတန်းလဲအရမ်းရက်ရောတယ်။ လခမရသေးဘူး သူကကြိုတင်လှူထားနေပြီ။ အဲလိုမျိုး... အသက်ကလဲ ၄၀ ကျော်လာတော့မိန်းမယူသင့်လို့နီးစပ်ရာနီး
စပ်ရာဝိုင်းစပ်ပေးကြတော့လဲ သူကလဲဂျီးများတယ်။ သူယူမယ့်မိန်းကလေးက အပျိုဖြစ်ရမယ်၊ ရည်းစားမထားဖူးတဲ့သူဖြစ်ရမယ်။ ဘုရားတရားရှိရမယ်...စသည်ဖြင့်များလွန်းတော့စပ်ပေးတဲ့သူတိုင်း စိတ်ပျက်ရလို့ အခုထိလူပျိုကြီးဘ၀နဲ့ဆက်သွားနေလေရဲ့... (သူ့ရွယ်တူခင်တဲ့ဦးလေးကြီးတွေကသူ့ကို
အမြဲစတယ်။ မင်းအဲလိုဂျီးများရင်တော့ မွေးကင်းစကလေးကိုစရန်ရိုက်ထား... ပြီးရင်အမြဲစောင့်ကြည့်
နေတဲ့)ကျွန်မဘွဲ့ရတဲ့အထိထုံးစံအတိုင်းအိမ်ကိုလာတုန်း..အခင်မင်မပျက်ဆက်ရှိနေတဲ့ဦးလေးဂျယ်ရီ
ကိုကျွန်မ စိတ်ထဲမှာမှတ်မှတ်ရရမြင်ယောင်နေတုန်းပါ။ အခုတော့သူ Australia ရောက်သွားတာ (၆)
နှစ်ကျော်သွားပါပြီ။

Thursday, July 17, 2008

ချစ်ရေးချစ်ရာပြသနာကူညီအကြံပေးသည်

ကျွန်မအခုတစ်လောကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်တော့..အကြံပေးအရာရှိလိုလို
နှုတ်လုံတဲ့သူဖြစ်လို့လူတိုင်းရင်ဖွင့်တာတွေကျွန်မစိတ်ထဲမှာပြည့်သိပ်မွန်းကြပ်ပြီး
အလိုလိုနေရင်းကြားသိလာရတဲ့သင်ခန်းစာတွေဆောင်ရန်ရှောင်ရန်တွေကိုချစ်သူ
ရှိသူများအတွက်ရော..ချစ်သူမရှိသေးသူများအတွက်ပါအဆင်ပြေအောင်လူမှုရေး
လုပ်ငန်းလေးလုပ်မလားစဉ်းစားမိတယ်...နည်းနည်းတော့အချိန်ပေးရမှာပေါ့...
ဒါကြောင့်..အချစ်ကိစ္စကြောင့် ပြသနာမျိုးမျိုးဖြစ်နေသူတွေကိုနှစ်သိမ့်ကူညီပေးတဲ့
အကြံပေးသူအဖြစ်နဲ့ဆက်လက်ရှိနေအုံးမယ်...
ကျွန်မနောက်ထပ်အသစ်တင်မယ့်ပိုစ် နာမည် ကတော့
ကျွန်မနှင့်ပတ်သတ်သိကျွမ်းဘူးသောယောက်ျားများ ဖြစ်ပါတယ်။
အဲဒီခေါင်းစဉ်နဲ့ပတ်သတ်ပြီးကျွန်မရေးပြီးတဲ့အခါဘာကောမန့်မှလက်ခံမှာမဟုတ်ပါ။
စနေသမီး..ကူးကူးသည်ခေါင်းမာပါသည်...း)
အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ...

Tuesday, July 15, 2008

ကာရေဗီယန်ငါးများ

ကာရေဗီယန်ငါးဥ...ဆိုပါလား....တစ်ခါမှကြားဘူးဝူး...ဟီဟီး
အကြံကုန်ထုတ်သုံးမရတဲ့အဆုံးမှာ ဈေးကိုသွားမေးလဲသိဝူးတဲ့....
နောက်ဆုံးတော့ chef tony ကိုဘဲမေးရတော့တာပေါ့.. သူကလဲပြေပြမလို့က
connection ကအရမ်းကိုဆိုးနေတော့ရှင်းပြလို့မရဘူး..ကျွန်မကလဲအကောင်းပြရင်တောင်
အရိပ်မြင်တာမဟုတ် (ဆိုးတာအဲလို)...ဟိုရှာဒီရှာနဲ့ ကာရေဗီယန်ငါ;ဘယ်လိုချက်လဲဆိုတာ
ကိုယ့်ဘာသာကိုယ် အာဖျံကွီးလုပ်လိုက်ပါတယ်...
- ငါး ကိုရေစင်အောင်ဆေးပါ..
- နံနံပင်များကိုနုတ်နုတ်စင်းထားပါ..
-သရက်သီးများကိုအခွံနွှာပါးပါးလှီးထားပါ..
-၀ိုင်အဖြူ အနဲငယ်ကိုအသင့်ပြင်ထားပါ..
-ဟင်းချက်အနှစ်မှု့န်ကိုအဆင်သင့်ထုတ်ထားပါ..
ပြီးရင်တော့.. ဆီကိုပူအောင်တည်ပြီး မီးမျှင်းမျှင်းနဲ့ ငါးအပေါ်ယံလေးတွေတင်းသွား
အောင်ကြော်ရပါတယ်။ ပြီးတာနဲ့ သရက်သီးအမှည့်ပါးပါးလှီးထားတာကိုထည့်ပါ။
ပြီးရင်ဟင်းချက်အနှစ်မှုန့်ကိုရောမွှေပြီး ၀ိုင်ဖြူအနဲငယ်ထည့်ပြီးကျက်အောင်ချက်ပါ။
ပြီးရင်တော့နံနံပင်နုတ်နုတ်စင်းထားတာကိုထည့်မွှေလိုက်ရင်ရပါပြီ....
အပေါ့အငံကတော့ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့... ကျွန်မကတော့ကြိုက်ဝူးး....
မြန်မာထမင်းဟင်းကလွဲလို့..... :D








 
Powered by Blogger