ဆောင်းတွင်းဝင်လာပီမို့ ရက်ဟောင်းတွေကြွေ၊ ရွက်ရင့်တွေ နီဝါရောင်ပြောင်းလို့ တစ်ဆောင်းသစ်ပြန်ပီပေါ့။
မိုးတွင်းပိုင်းသာ အသီးနှံပေါပေမယ့် ဆောင်းတွင်းကျတော့ အသီးရွက်နဲနဲပါးသွားတယ်။
အရင်အပတ်က supermarket မှာ မျှစ်လေးတွေထုတ်ထားတာတွေ့လို့ဝယ်လာတယ်၊ စိတ်ထဲ တစ်ထင့်ထင့် ရယ်။ ဒီကမျှစ်တွေများ ၀ါးကိုပါးပါးလှီးထားသလားအောက်မေ့ရအောင် ရင့်မာလှပါတယ်။
အိမ်ရောက်ရောက်ခြင်းဖွင့်ကြည့်တော့ မျှစ်လေးတွေက အရမ်းမဟုတ်တောင် အနေတော်လောက်နုနေတော့ အရမ်းကိုပျော်သွားတယ်။ ကားပေါ်မှာလဲမဖွင့်ရဲဘူး။ အနံ့က သင်းလှိုင်နေတာ။
ဒီကနေ ၂နာရီလောက်ကားစီးရတဲ့ နေရာမှာ ကျောင်းတက်နေတဲ့ ဆရာမတစ်ယောက် အိမ်ကို လာလည်တော့ အဲဒီနေ့မှာ မျှစ်တာလပေါ့လေးချက်ထားတာနဲ့ကြုံတော့ သူ့ကိုကျွေးလိုက်တယ်။
သူကအရမ်းစားလို့ကောင်းတာဘဲတဲ့ သူတို့ဘက်မှာတော့ မျှစ်မရောင်းဘူး မျှစ်အရမ်းကြိုက်တယ် လို့ ပြောပါတယ်။ အေးလေ.. ဒါနဲ့ဘဲ ကူးလဲ မျှစ်ကိုဘယ်လိုရှာပုံတော်ဖွင့်ရသလဲ ဆိုတဲ့ဇတ်လမ်းအစက နေ ပြန်ခင်းရပြန်ပါတယ်။ ဒီတစ်ခေါက်တောင် ကံကောင်းစွာ မျှစ်လေးတစ်ထုတ်ရတာပါ။
ကျန်နေတဲ့တစ်ဝက်ကိုတော့ ကျောင်းအလွမ်းပြေ၊ အရှေ့တောင်တိုင်းက ကရင်သူငယ်ချင်းမလေးတွေ အလွမ်းပြေ ထောင်းစားဖို့ စီစဉ်လိုက်ပါတယ်။
ရေခဲသေတ္တာထဲက ငရုတ်သီးစိမ်းတွေလိုက်ရှာတော့ ခြောက်နေပီ၊ ဒါနဲ့ဘဲ ပန်းရုံတွေကြားငရုတ်ပင်ကို လိုက်ရှာပီး ငရုတ်သီးစိမ်းလိုက်ခူးရပါတယ်။
ပထမဦးဆုံး ငရုတ်သီးစိမ်းကိုညက်နေအောင် ဆားနဲ့ရောထောင်းပါမယ်။
ထောင်းပီးပီဆိုရင်တော့ မမေ့မလျှော့ သံပုရာသီးလေးညှစ်လိုက်မှာ မျှစ်ထောင်းအရသာပိုမိုပေါ်လွင်လာ မှာနော်။ ကဲ ဒီညတော့ မျှစ်ထောင်းလေးနဲ့ ထမင်းမြိန်အုံးမှာသေချာတယ်။
နောက်နေ့တော့ ပေါက်ကရစားတယ်ဆိုပီး အနုနည်းနဲ့ အဆူခံဖို့ ပြင်ဆင်ရပါအုံးမယ်။ :P




13 comments:
ကူးကူးရေ
စားချင်တာစားပြီးအဆူခံရတာ တန်တယ်နော့။
း)
ကြုံတုန်းမြှောက်သွားတာ။
တကယ်တော့ စားချင်စရာလေးပါ။ ပေါက်ကရ ဟုတ်ပါဘူး။ သံပုရာသီးလေးပါတော့ ပိုသွားရည်ကျသွားတယ်။
း)
ဗိုက်စာနေတုန်း ရောက်လာတယ်ကူးရေ အရမ်းကြိုက်တဲ့ဟင်း စားချင်လိုက်တာ
ဗိုက်တောင်ဆာလာပြီ ကူးကူးရေ။ မျှစ်ဆို ဘယ်လိုလုပ်လုပ်ကြိုက်ပါသည်။
မရောက်တာလဲ အတော်ကြာသွားလို့ စိတ်ဆိုးနဲ့အုံးနော်။
မျှစ်ကိုဘယ်လိုချက်ချက် ကြိုက်တယ်။
ရှေ့  တပ်ထဲလုပ်စားကြည့်မယ်။
ကျေးဇူးတင်ပါတယ်။
စားကောင်းမယ်ပုံလေး . တစ်ခါမှအဲလိုလုပ်မစားကြည့်ဖူးဘူး။ ဒီတစ်ပတ်ပိတ်ရက်မှလုပ်စားကြည့်ရမယ်။
မျှစ်ထောင်းတဲ့။ မကြားဖူးဘူး။ အရမ်းကောင်းမှာပဲ။ လုပ်စားကြည့်ချင်တယ်။ ဒါပေမဲ့ ငရုတ်ဆုံ မရှိဘူး ညီမရ။ ညီမဆီကပဲ စားသွားတယ်နော်။ သိပ်ကောင်း။
ကူးးးးးးကူးးးးစ်
အဟင့်.... မျှစ်ထောင်းတဲ့
မြူးစ် သိပ်ကြိုက်တာသိလား
သားရေတောင်ကျတယ် လုပ်စားအုံးမယ် ..ကျေးဇူးကူးစ်
မျှစ်ထောင်းကြိုက်တယ်ကူးကူးရေ
အခုပဲ ဟိုဘက်အိမ်ကနေ ကြာဇံချက်နဲ့ ရှောက်သီးသုပ်စားလာတယ်။ ဒီဘက်အိမ်ရောက်တော့လည်း မျှစ်ထောင်းတဲ့။ ကောင်းလိုက်တာ။ သွားရည်တောင် ကျတယ်။ ထမင်းပူပူလေးနဲ့ စားမယ်၊ အမဲနှပ်လေးနဲ့၊ ဟင်းခါးလေး တစ်ခွက်လောက်နဲ့ဆို ရှယ်ပဲ။
အရမ်းကျေးဇူးတင်တယ်နော်။ သိပ်ကြိုက်။
မျှစ်ထောင်းက လန်းပဗျာ :)
ဝါးမျိုးတုန်းတော့မှာပဲ။
Post a Comment