Pages

Friday, May 29, 2009

ရာဘာကုန်းကမှို (အမှတ်တရ)

ကျောင်းတုန်းကမိန်းကလေးအဆောင်အနောက်ဖက်ဂုန်နီစက်ရုံသွားတဲ့အခြမ်းမှာတောင်ကုန်းကြီးတစ်ခုရှိတယ်။အဲဒီကုန်းကြီးက
ကျောင်းအပိုင်၊ဟင်းသီးဟင်းရွက်တွေအရှေ့တောင်တိုင်းကကရင်မလေးတွေနဲ့ရခိုင်ဖက်ကသူတွေကအဲဒီကုန်မှာသွားပြီးခူးကြ
တယ်။အရင်ကမျောက်တွေလဲရှိတယ်၊တောကြောင်တွေနဲ့တောတရိစ္ဆာန်လေးတွေရှိတယ်။နောက်ပိုင်းမှာတော့ရာဘာplantation projectစတော့ရာဘာကုန်းဖြစ်လာတယ်။ကျောင်းသူကျောင်းသားတွေအကုန်အလုပ်လုပ်ရတယ်။သူ့နေရာနဲ့သူပေါ့၊

တစ်ချို့ကတော့ကျောင်းခန်း၊စတိုးဆိုင်၊ကျောင်းဆေးခန်း၊လယ်ခင်း၊ပန်းခင်း၊ရာဘာကုန်း၊လက်သမားစသည်ဖြင့်ခွဲပြီးလုပ်ကြရ
တယ်။ရာဘာကုန်းမှာလုပ်တဲ့သူအများစုတော့ပင်ပန်းတယ်။ရာဘာစစိုက်ခါစဆိုတော့ကျွမ်းကျင်တဲ့သူတွေဌားပြီးပလတ်စတစ်ကာ
မိုးကာအိမ်အောက်မှာပျိုးပင်လေးတွေကိုစနစ်တကျထားရတယ်။တော်တော်ဂရုစိုက်ရတယ်။ပျိုးပင်ထည့်တဲ့အိတ်လေးတွေကအစ
မြေကြီး၊မြေသြဇာအချိုးညီညီနဲ့ရာဘာပင်ပေါက်လေးတွေကိုဂရုတစိုက်စိုက်ရတယ်။ပြီးမှအကွာအဝေးညီညီအကွက်ချထားတဲ့မြေ
နေရာမှာတစ်ပင်စီစီတန်းစိုက်ရတယ်။ရေအတွက်ကတော့ရေတွင်းတူးရပါတယ်။ရေတွင်းကအနက်ကြီးတူးရတယ်။ကျယ်လဲကျယ်
တယ်။အဲဒီရေတွင်းကြီးမှာလဲဖြစ်ပေါ်လာပုံရာဇ၀င်လေးရှိသေးတယ်။

ကျောင်းမှာregisterစလုပ်တဲ့အချိန်မှာရည်းစားရှိမရှိကိုတစ်ခါတည်းထည့်ပြီးလုပ်ရပါတယ်။ရည်းစားရှိတယ်ဆိုရင်နှစ်ဖက်သော
မိဘတွေရဲ့ထောက်ခံစာကိုပါပူးတွဲပြီးတင်ရတယ်။registerလုပ်တုန်းကတော့ရည်းစားမရှိဘူး၊နောက်ပိုင်းမှာရည်းစားရသွားတယ်
ဆိုပါစို့၊အဲဒီအခါဆောင်မှူးကိုအသိပေးပြီးမိဘတွေဆီကထောက်ခံစာလှမ်းတောင်းရပါတယ်။ကျောင်းတုန်းကချစ်သူရည်းစားအတွဲ
တွေနဲ့ပတ်သတ်ရင်အတော်လေးကိုကျပ်ပါတယ်။စည်းကမ်းချက်တွေလဲများတယ်။ယောက်ျားလေးဆောင်နဲ့မိန်းကလေးဆောင်၊ မိန်းကလေးအဆောင်ကိုဘယ်ယောက်ျားလေးမှဂိတ်ကနေ၀င်ခွင့်မပေးဘူး၊သမီးရည်းစားတွေစကားပြောချင်ရင်အဆောင်မှူးကို
ခွင့်တောင်းပြီးသတ်မှတ်ထားတဲ့ပန်းခြံလိုနေရာလေးမှာခုံလေးတွေစီထားပေးတယ်။အဲဒီနေရာမှာထိုင်ပြီးစကားပြောရပါတယ်။ ဒါကိုစောင့်ကြည့်နေတဲ့တာဝန်ကျကျောင်းဆရာတစ်ယောက်လဲရှိပါသေးတယ်။အခုချိန်ပြန်စဉ်းစားရင်ရီချင်စရာကောင်းပေမယ့်
အဲဒီအချိန်တုန်းကတော့တကယ်ပါဘဲ။ကျောင်းခန်းထဲမှာနေ့ခင်းကြောင်တောင်လူမြင်ကွင်းမှာဖြစ်ပေမယ့်ရည်းစားတွေထိုင်စကား
ပြောတာကိုတွေ့ရင်warningလာပါတယ်။နောက်တစ်ခါထပ်တွေ့ရင်ကျောင်းထုတ်ပါတယ်။အဲဒီတော့ချစ်သူရည်းစားရှိသူတွေဟာ စကားပြောချင်ရင်လမ်းလျှောက်ရင်းပြော၊ကောင်လေးကကောင်မလေးကိုအဆောင်ဂိတ်ထိလိုက်ပို့ခွင့်ရှိပါတယ်။ ချစ်လှပါချည်ရဲ့၊ လွမ်းပါတယ် ဆိုတဲ့ရည်းစားစာတွေကတော့ သူငယ်ချင်းတွေကတဆင့် ပို့ပေးလို့ရတယ်။

စနေနေ့ညနေပိုင်းမှာcafeteriaကHallကြီးထဲမှာဗီဒီယိုပြပေးပါတယ်။ကားတွေကတော့ပျင်းဖို့အရမ်းကောင်းပါတယ်။ဒါတောင်မှ TVအကြီးကြီးနှစ်လုံးကိုကျောချင်းကပ်ထားပြီးတော့မိန်းကလေးတစ်ခြမ်း၊ယေက်ျားလေးတစ်ခြမ်းကြည့်ရပါတယ်။ဆရာတွေ
အလစ်မှာတစ်ချို့သောအတွဲတွေကမိန်းကလေးဘက်အခြမ်းမှာလာလာခိုးထိုင်တတ်ကြတယ်။ကျောင်းဝင်းကနေကန်တင်းကို
သွားတဲ့လမ်းမရှည်ကြီးမှာရည်းစားတွေဆိုရင်ထီးတစ်ချောင်းတည်းအတူဆောင်းခွင့်မရှိပါဘူး။ဆောင်းမိလို့ကတော့နောက်နေ့ academic deanကခေါ်ပီးအစည်းဝေးခန်းထဲမှာ၂နာရီလောက်lectureအပေးခံရပါတယ်။ Libraryမှာလဲထိုနည်း လည်းကောင်းပါဘဲ။TownDayဆိုတာရှိတယ်၊မိန်းကလေး၊တစ်ပတ်၊ယောက်ျားလေးတစ်ပတ်၊အပြင်ထွက်ခွင့်ရတယ်။အတူသွား ခွင့်မရှိပါဘူး။သတ်မှတ်ထားတဲ့အတွဲတွေစကားပြောခွင့်ရှိတဲ့နေရာမှာပြောနေသည့်တိုင်အောင်ညနေ၆နာရီကျော်နေနဲနဲဝင်တာ
နဲ့ စကားပြောတာရပ်၊ ကိုယ့်အဆောင်ကိုယ်ပြန်ရပါတယ်။

အဲလောက်စည်းကမ်းကျပ်တဲ့အထဲကနေပီးစည်းကမ်းအပြင်နဲနဲကျော်သွားတဲ့အတွဲတွေ၁၂တွဲလောက်မိသွားပါတယ်။ အဲဒီအတွဲတွေအတွက်ဒဏ်ပေးတဲအနေနဲ့ရေတွင်းကြီးကိုတူးခိုင်းပါတယ်။ပေါက်တူး၊ဂေါ်ပြားနဲ့မြေမာမာတောင်ကုန်းပေါ်မှာရေ
တွင်းကြီးကိုတူးရတာမလွယ်လှပါဘူး။ယောက်ျားလေးတွေကတူး၊မိန်းကလေးတွေကမြေသယ်။အဲဒါနဲ့ရာဘာကုန်းကြီးမှာရေတွင်း
အကြီးကြီးတစ်တွင်းဖြစ်ပေါ်လာပါတယ်။ရေကပေ၂၀၀အေက်ထိတူးမှသာထွက်လာတာမို့အတွဲလေးတွေခမျှာ၃ပတ်နီးပါးအပင်
ပန်းခံလိုက်ရပါတယ်။သူတို့ကောင်းမှုကြောင့်ပေါ်လာတဲ့ရေတွင်းထဲကရေတွေကိုရာဘာကုန်းအတွက်သုံးပါတယ်။ ရာဘာကုန်းကရာဘာပင်လေးတွေကြီးလာတဲ့အခါ အောက်ခြေကအပင်ရိုင်းတွေလဲရှင်းကုန်ပါပီ။ရာဘာကုန်းမှာအလုပ်လုပ်တဲ့သူတွေအများဆုံးရတာမှိုပါ။တောင်ပို့မှိုတွေခဏ
ခဏရတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်အိအိလှိုင်၊ကရင်မလေး၊အသားရည်အရမ်းလှပြီးချစ်ဖို့ကောင်းတယ်၊ နောက်တစ်ယောက် က ၀ါးကို့လို့ ရာဘာကုန်းကအလုပ်လုပ်ပြန်လာရင်မှိုလေးတွေ၊သပွတ်အူသီးအနုလေးတွေနဲ့ ကြောင်လျှာသီးလေးတွေယူလာပေးတတ်တယ်။မှိုကိုမီးသွေးနဲ့ဖုတ်စားပါတယ်။တစ်ခါတစ်လေအခြောက်လှမ်းပြီး
ငရုတ်သီးစိမ်းလေးခြမ်းကွဲအောင်ထောင်းပြီးကြော်စားသေးတယ်။ကျွန်မကျောင်းတုန်းကအဖြစ်ပျက်တွေကိုတွေးမိ
တိုင်းချစ်စရာကောင်းတဲ့သူငယ်ချင်းလေးတွေကလွဲလို့ကျန်တာတွေသတိမရတော့ပါဘူး။ပြီးခဲ့တဲ့အပတ်ကညီမ၀မ်း
ကွဲကသူတို့ကျောင်းခြံဝင်းထဲကမှိုတွေနှုတ်လာပေးတော့ကျွန်မအတွေးတွေကလွန်ခဲ့သောကျောင်းတုန်းကရာဘာ
ကုန်းမှိုတွေကိုပြန်သတိရလာတာကြောင့်ဒီစာလေးကိုလေးကိုရေးချင်စိတ်ပေါက်လာ
တာပါ။လူတိုင်းမှာအတိတ်ကအကြောင်းရာလေးတွေမေ့ပျောက်ပျောက်ဖြစ်နေမိသည့်တိုင်အောင်တိုက်ဆိုင်မှုလေး
တွေကြုံလာတိုင်းပြန်အောက်မေ့မိတာသဘာဝမဟုတ်လားနော်။

Thursday, May 28, 2009

တန်ဖိုးမဲ့မျက်ရည်ဟုခေါ်သည်

နှိုးစက်အသံအောက်မှာ ဦးနှောက်ကအလုပ်စလုပ် စိတ်ကနိုးထဖို့သင့်ပီ

ခေါင်းထဲကနေ့တဓူဝ အရေးတွေးကာစီစက် တွက်ချက်တဲ့ခဏ

အသက်ရှင်နေရခြင်းကို ရွေးချယ်ခွင့်မရှိပေမယ့်

သမရိုးကျဘ၀မှာလည်ပတ်ရင်း မဆုံးနိုင်သေးတဲ့ခရီးဆက်လျှောက်ရမှာမို့..

ကိုယ့်ခေါင်းကိုယ်မတ်၊ အစနရှာမရတဲ့အကြောင်းတစ်ခုကိုတွေးပြီးပြုံး..

ဒီလိုနဲ့နေ့တစ်နေ့ကိုအစပြုရပြန်ပီ….

ခေါင်းသေးသေးလေးနဲ့ပင်လယ်ကူးတတ်တယ် တဲ့ ပုဇွန်ဆိတ်လေးကို

တွေးမိရုံရီချင်မိပေမယ့် ပုဇွန်ဆိတ်လောက်တောင်မတွေးခေါ်နိုင်တဲ့ခေါင်းကြီးကြီးတစ်ခု

ငါ့ခေါင်းပေါ်ဘာလို့များလေးလေးပင်ပင်တင်ထားမိပါလိမ့်။

အချစ်ကြီးသူတွေအရူးမူးချစ်သူတွေ ကိုသနားစာနာမိခဲ့ဖူးပေမယ့်..

အဖာတစ်ရာနဲ့ အဆင့်ဆင့်ထိုးနှက်ခံထားရတဲ့ ငါ့ရင်ထဲငါဘာကြောင့်ဝင်မကြည့်မိပါလိမ့်။

စင်ပေါ်ကဇတ်ရုပ်၊ သူ့ခွင်နဲ့သူ ကကြိုးတွေဆင်.. သူ့ဇတ်သူမျော

သူပျော်ပျော်၊ သူမော်မော်… ပွဲကြည့်ပရိတ်သတ်တစ်ရောက်လို အညှို့ခံဘ၀နဲ့

ထိုင်ငေးနေရုံကလွဲ ကိုယ်ဘယ်ရောက်မှန်းမသိ..

စည်းဝိုင်းအပြင်ဘက်က ရွှေစွန်ညိုလိုဝဲနေရတဲ့ဘ၀ ငါခါးသီးလိုက်ချင်တယ်။

မီးတောင်ပေါ်ကခုန်ချလာတဲ့

ပူစပ်စပ်စကားလုံးတွေနဲ့ အခါခါလောင်းချခံထားရတဲ့ ငါ

နလန်မထူနိုင်အောင်အထပ်ထပ် ကန်ထုတ်ခံထားရတဲ့အခါ

ငါ့ခေါင်းထဲကသွေးကြောတွေပေါက်ထွက်မတတ်ခုန်ပေါက်နေတဲ့ခါ

ငါ့နှလုံးခုန်ချက် အသက်ရှုသွင်းချက်နဲ့မကိုက်တော့တဲ့ခါ

ငါကျမိတဲ့မျက်ရည်ဟာ….

--------------------------

လာပီ..ပြောလိုက်ရင်မျက်ရည်လေးတစမ်းစမ်းနဲ့


Wednesday, May 27, 2009

ခေါင်းအုံးပေါ်ရောက် Rap စာသားများ

အခုတစ်လောအွန်လိုင်းကရတဲ့ရေဒီယိုလေးတွေနဲ့တော်တော့ကိုဟန်ကျနေတာပါ။သိမ်းထားတဲ့သီချင်းတွေလဲနားထောင်ရတာ အလွတ်ရနေပီ။ရေဒီယိုလေးထဲကသီချင်းလေးတွေကမြန်မာသီချင်းတွေများတာရယ်၊တစ်ပုဒ်ပြီးရင်ဘာသီချင်းများလာမလဲစိတ်
ဝင်စားနေတာရယ်နဲ့ရုံးကပြန်ရောက်ရင်FarmTownမှာအလုပ်ရှုပ်ပြီးသီချင်းလေးနားထောင်နဲ့အဆင်ကိုပြေနေတာပါဘဲ။ Rapသီချင်းလေးတွေကိုကျွန်မကြိုက်တတ်သလိုFeaturingလေးတွေနဲ့ဆိုထားတဲ့သီချင်းလေးတွေဆိုအရမ်းသဘောကျတာ။ အွန်လိုင်းမှာသာနေပြီးမမွှေနှောက်တတ်ပြန်တော့ဘာမှမသိဘူး၊ပိန်းတယ်ပြောလဲပြောချင်စရာပါ။ရေဒီယိုဝဘ်ဆိုက်(၂)ခုရ
ထားတယ်။MYMCနဲ့APYTZတစ်ဖက်တစ်ဖက်ပြောင်းနားထောင်ရင်းနဲ့ဒီနေ့ညနေတော့သီချင်းတစ်ပုဒ်နားထောင်မိတော့ ဘုတ်ဒေါ၊သမီးရည်းစားချိန်းတွေ့တာထက်လွန်ကဲတဲ့အဆင့်ကိုကောင်မလေးတစ်ယောက်နဲ့တွဲဆိုထားတာ၊စာသားသတိ
မထားမိချိန်တော့ခေါင်းတစ်ညိမ့်ညိမ့်နဲ့မိနေတာ၊နောက်မှတော့တို့မြန်မာrapperတွေခေတ်မှီလှချည်လားပြောရမလား၊မသင့်
တော်ဘူးပြောရမလား၊ လူငယ်လေး တွေဆိုထားတဲ့သီချင်းတစ်ပုဒ်ပါ။ ဆင်ဆာ မိ/မမိတော့မသိဘူး။

ဘာမှတော့ဝေဖန်ပိုင်ခွင့်မရှိပေမယ့်စိတ်ထဲမှာတော့ထော်လော်ကန့်လန့်ကြီးကိုဖြစ်နေတာ။သတိထားမိတဲ့အချိန်မှာအဲလိုမျိုး
သီချင်းတွေတစ်ပုဒ်မကဘဲတော်တော်များနေပီဆိုတာဘဲ။လူငယ်တွေချစ်သူရည်းစားထားတဲ့အရွယ်မှာအဲလိုလုပ်ဖို့အားပေး
ဆိုတာလား၊သူတို့ကိုယ်တိုင်လုပ်ခဲ့လို့ဘဲပရိတ်သတ်ရှေ့ချပြသလားတော့မဝေခွဲတတ်ဘူး။သီချင်းဆိုတဲ့ကောင်လေးတွေက
တော့တော်တော်အသံကောင်းပါတယ်၊ကောင်မလေးတွေရောပါ။စာရေးနေရင်းတန်းလန်းနောက်တစ်ပုဒ်ဆက်လာပါတယ် ရင်လှုပ်၊...လှုပ်...ဘာညာ.. ဟူး... ကျွန်မခေတ်မမှီသေးဘူး။

သဘောကျနှစ်သက်ပြီးပါးစပ်ဖျားမှာစွဲနေတဲ့rapသီချင်းလေးတွေကစိုင်းစိုင်းတို့၊Acidတို့ဆိုတဲ့သီချင်းလေးတွေစိုင်းစိုင်းခွေ
စထွက်တုန်းကသီချင်းလေးတွေဆိုမိန်းကလေးတယောက်ကိုချစ်တာကိုမွန်မွန်ယဉ်ယဉ်လေးဆိုသွားတာ၊ဒါမျိုးဆိုလဲသီချင်း
ဖြစ်တယ်မဟုတ်လားနော်၊စာသားတွေကမောက်ကမ၊ဆဲဆိုအော်ဟစ်တာတွေထည့်ပြီးလူငယ်တွေစာရိတ္တကိုလမ်းမှား
ရောက်အောင်လှုံ့ဆော်တဲ့စာသားတွေထည့်ဆိုမှrapသီချင်းဖြစ်တာလား။ကျွန်မဘဲမြန်မာrapperတွေအဆင့်ခုန်ကျော်
သွားတာမမှီလိုက်တာလားဂီတအနုပညာကိုသေချာနားမလည်တာလားဆိုတာကိုတော့အဲလိုသီချင်းတွေကြားမိရင်နား ထောင်ကြည့်ကြပါ။

Tuesday, May 26, 2009

အိမ်မှအကောင်လေးများ

အိမ်မှာခွေး (၄)ကောင်ရှိတယ်။ ပုလု၊ ပုလုသမီး ရှမီလာ နဲ့ မီးကီ၊ အထီးလေးက ယုန်ယုန်၊ ပုလုနဲ့ ရှမီလာကဗိုက် ကြီးတော့ ကလေးလေးတွေထပ်မွေးတယ်။ ကြောင်ကတော့ ကြီးမှမွေးတာ၊ ညီမလေးက မိဘမဲ့လေး ဆွေမျိုးလဲ မရှိဘူးတစ်ကောင်တည်းလျှောက်သွားနေတာသနားပါတယ်ဆိုပြီးအိမ်ထဲခေါ်မွေးထားတာ။ မိဘမဲ့မို့တော်တော့ တယ် ကြောင်က အရပ်လဲရှည်၊ ၀လဲဝ။။။ ပုံကိုသာကြည့်တော့။ ခွေးလေးတွေက အခုဆို ရင် ၁၀ကောင်ရှိပီ။



တောင်ပေါ်ချင်းပဲပုပ်

မြစ်ဝကျွန်းပေါ်ကနေ တောင်ပေါ်တစ်ခါတက်ပါအုံးမယ်။ မန္တလေးကနေစစ်ကိုင်း၊ စစ်ကိုင်းကနေ ကလေးဝ၊ အဲဒီက နေတဆင့်ကလေးမြို့၊ မဟူရာတောနက်ကြီးကိုဖြတ် ဖလန်း၊ ဟားခါး ရောက်ခဲ့တုန်းက အကြောင်းလေး တွေကိုပြော ပြချင်လို့ပါ။ ကျွန်မအဖွားကဟားခါးချင်းဆိုတော့ ဟားခါးမြို့ရောက်တဲ့ အခါတစ်မြို့လုံးနီးပါးအမျိုး တွေ ချည်းပါဘဲ။ ခရီးသွားခဲ့တုန်းကအတွေ့ကြုံကတော့ သည်းထိတ်ရင်ဖိုစရာကောင်းလှတာမို့ ပြန်လာပီးနောက်ပိုင်းတစ်ခါမှာတွေး မကြည့်မိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ဒီမှာကျောင်းလာတက်တဲ့ မီဇို မိသားစုတစ်စုရောက်လာတော့ တောင် ပေါ်က ပဲပုပ်ခြောက်လေးတွေနဲ့ ငရုတ်သီး ခြောက်တွေ လက်ဆောင် လာပေးလို့ တောင်ပေါ်ဒေသ ကိုတစ်ခါပြန်သ တိရမိပါတော့တယ်။ တောင်ပေါ်မှာ အမဲသားဆို အတုံးအတစ် လိုက်ပြုပ်၊ ဆားနဲ့ငရုတ်သီးနဲ့ တို့စားကြတယ်။ ပြောင်း ဖူးပြုတ်ကတော့ကျွန်အနှစ်သက် ဆုံးအစားစာ ဘဲ၊ပြောင်းဖူးအခြောက်ထွေကိုခြွေအခွံ ကွာအောင်ထောင်း ထားပြီး လှောင်ထားလေးရှိတယ်။ အဲဒါကိုပြုပ်၊ ဆားနဲ့ငရုတ်သီးစိမ်းနဲ့ထောင်း ပြောင်းဖူးပြုပ်ရည်နဲ့ အတူတွဲစား၊ တစ်ချို့ ကဂျင်းစိမ်းကိုအပြားလေှးီးပြီးတို့စား တတ်သေးတယ်။ ပြောင်းဖူးပြုပ်ရည်ထဲကိုကျက်ခါနီးမှာ ပဲရွက်၊ ဖရုံရွက် ၊ ဟင်းနုနွယ်စသည်ဖြင့် ထည့်ပြုပ်စားတယ်။ စားလို့အရမ်းကိုကောင်းပါတယ်။ တောင်ပေါ်ထွက်အစားသောက် တွေထဲမှာ ပန်းသီး၊ ပြောင်းဖူး၊ ငရုတ်သီးစိမ်း၊ အောင်လောက် (ပဲစေ့တစ်မျိုးကိုအပုပ်ခံထားတာ)၊ ပဲအမျိုးစား တော်တော်များများ လဲတောင်ပေါ်ထွက်တွေပါဘဲ။ ဒီတစ်ခါတော့ပဲပုပ်စေ့အခြောက်လေးတွေရလို့ပဲပုပ် အကြောင်းရေးမလို့ပါ။ ရှမ်းပဲပုပ်ကအရသာစိမ့်နေအောင်ကောင်းသလို၊ တောင်ပေါ်ချင်းတောင်ဖက်ကပဲပုပ် ကလဲအနံ့ဆူးရှရှနဲ့ အရသာလေးနက်လှပါတယ်။ ဆားမပါဘဲအခြောက်ခံထားတဲ့အတွက် ကြော်စားစား၊ ရေနွေး နဲ့စိမ်ပြီးဆီဆား နဲ့နယ်စားစား အရမ်းစားလို့အရသာရှိပါတယ်။ တောင်ပေါ်ဒေသမှာအခြောက်ခံထားတဲ့ပဲပုပ်စေ့ လေးတွေ၊ ပြောင်းဖူးစေ့တွေနဲ့ ငရုတ်သီးခြောက်တွေကိုအရမ်းအေးပြီး အပင်တွေစိုက်ပျိုးလို့မရတော့အတဲ့အချိန် ထိသိမ်း ထားပြီးစားလေ့ရှိတယ်။ရန်ကုန်မှာရောင်းတဲ့ပဲပုပ်စေ့တွေလိုငံကျိကျိနဲ့အရသာမပေါ့ပါဘူး။ကျွန်မတော့ ရလာတဲ့ ပဲပုပ်လေးတွေနဲ့ငရုတ်သီးခြောက်လေးတွေကိုကြော်စားပါတယ်။

Sunday, May 24, 2009

Gtalk မှ Feeling များ


သူများတကာတွေတော့မသိဘူး။ ကူးကူးတော့ ဂျီတော့ခ်ကတိုင်တယ်လေးတွေကိုတစ်ကူးတစ်ကဖတ်လေ့ရှိ တယ်။ အဲဒီစာတန်းလေးတွေက ကိုယ်စကားပြောချင်တဲ့အခါသူတို့အား၊ မအား၊ အိပ်ပျော်နေသလား၊ အပြင် ထွက်နေလား၊ အသဲကွဲနေလား၊ ပျော်ရွှင်နေလား စသည်ဖြင့်ဖတ်ပြီးခန့်မှန်းလို့ရတယ်လို့ကျွန်မကတော့ယူဆ
တယ်။ အင်တာနက်ကိုအလကားနီးပါးသုံးလို့ရသူအများစုနဲ့ အင်တာနက်ဆိုင်မှာအလုပ်လုပ်သူ အများစုက Offline ဆင်းနေတာ၊ Invisible နေတာအရမ်းရှားတရ်။ကျွန်မတော့ Invisible နဲ့နေပီး လာchatရင် လုံးဝကို
ပြန်မ ဖြေဘူး။ပုန်းလဲပုန်းတယ်လာလဲစကားပြောတယ်။ အဲဒီအတွက် Gtalk status မှာကောင်လေးတစ်ယောက်
တင်ထားတာကိုကျွန်မသဘောကျခဲ့ဖူးတယ်။
Google ကလုပ်တဲ့ mail ကို ဂျီမေးလို့ခေါ်တယ်၊ ဂူဂယ်လ် ကထုတ်တဲ့ တော့ခ် ကို ဂျီတော့ခ် လို့ခေါ်
တယ်။ ဂျီတော့ခ်
မှာပုန်း Invisible လုပ်ပီးနေတဲ့သူတွေကို ဂျီပုန်း လို့ခေါ်တယ်တဲ့။

ကျွန်မကို သူများကပြောတယ်။ နေ့နေ့ညည အိပ်တာကအစ၊ ဖျားရင်တောင်အွန်လိုင်းပေါ်တက်ဖျားတာရှား တယ်ဆိုဘဲ။ ဟုတ်ပါတယ်။အိမ်မှာလဲအင်တာနက်ကရနေ၊ ရုံးမှာလဲအမြဲလိုလိုအွန်လိုင်းလုပ်ထားတော့ အမြင် ကပ်မယ်ဆိုလဲကပ်ချင်စရာ။ Gtalk, Yahoo Messanger, Skype သုံးခုကိုတော့အမြဲလိုလိုဖွင့်ထားတယ်။
YM ကတော့ရုံးတွင်းအချင်းချင်းနဲ့ အခြားနိုင်ငံကလုပ်ဖော်ကိုင်ဖက်တွေအရေးပေါ်ဆက်သွယ်ဖို့မဖြစ်မနေ ဖွင့် ထားရသလို၊ gtalk ကလဲမြန်မာပြည်ကသူတွေအတွက်သီးသန့်ဆက်သွယ်ဖို့အဆင်ပြေအောင်ဖွင့်ထားရပါတယ်။ skype ကတော့တော်ရုံဝင်တာနဲပေမယ့် အာဖရိကဘက်နဲ့ တစ်ချို့သောအထူးအခွင့်ရေးပေးသူအတွက်တစ်ခါ တစ်ရံ သုံးရပါတယ်။ အိမ်ကရုံးအသွားလမ်းမှာတောင် အိမ်မှာကျန်ခဲ့တဲ့ကွန်ပြူတာမပိတ်တာမို့ အွန်လိုင်းဖြစ်နေ တုန်းဘဲ။တစ်ခုတော့ရှိတယ်။ မှတ်မှတ်ရရ ခေါင်းစဉ်းလေးတွေတင်တင်ထားတယ်။ အပြင်သွားရင်သွားတယ်၊ အိပ်တယ်ဆိုအိပ်တယ်၊ အလုပ်များရင်များတယ်၊ ၀မ်းနဲ ၀မ်းသာနေမကောင်း စသည်ဖြင့်။
အိပ်တယ်လို့ပြောင်းပြီးတာနဲ့ တန်းကနဲအိပ်လို့ရတာမဟုတ်အိပ်ပျော်ဖို့အချိန်ကယူရသေးတယ်။ တစ်ချို့တွေရှိ တယ်။ အိပ်နေတဲ့အချိန်မှန်းသိရဲ့အတင်းဘဲmessage တွေရိုက် ပြန်မဖြေရင် ကိုယ့်ကိုကိုယ်မလုံဘဲ ဘယ်သွား နေလဲပြန်မဖြေတာမာနကြီးတာလား၊ ဘယ်သူတွေနဲ့များ အသဲအသန်ပြောနေလို့ပြန်မဖြေတာလဲ စကားနာထိုး တတ်တဲ့သူတွေလဲရှိတယ်။ ကျွန်မစိတ်တိုအလုပ်များရင်တော့block ပစ်လိုက်တယ်။စကားနာထိုးတတ်တဲ့သူတွေ လောက်မုန်းတာမရှိဘူး။ဥပမာ၊ ကျွန်မအကြောင်းမသိတဲ့သူတစ်ယောက်က ကျွန်မဖုန်းမကိုင်လို့ယမ်းသမ်းပြီး လျှောက်စွပ်စွဲပြောခွင့်မရှိသလို၊ ကျွန်မဘယ်အချိန်ဘယ်မှာ၊ဘာလုပ်တတ်လဲသိသူတွေအနေနဲ့လဲ သိသိရက်နဲ့ စကားနာထိုးဖို့အကြောင်းမရှိပါဘူး။ လူတိုင်းမှာ Privacyရှိတယ်။အွန်လိုင်းတွေ့ရုံနဲ့ငါဘာမေးမေးအခွန်းတိုင်း
ပြန်ဖြေရမယ်ဆိုတဲ့တစ်ယူသန်စိတ်လက်ကိုင်ထားလို့မရဘူး။ အရေးအကြောင်းစကားပြောနေရင်းမှာတောင် အရေးပေးသင့်သူကိုပေးရတယ်ဆိုတာလူတိုင်းနားလည်ပါတယ်။ ဥပမာ ကျွန်မ တစ်ယောက်ယောက်နဲ့ အလာ ပသလာပပြောနေချိန်မှာ မြန်မာပြည်က သူငယ်ချင်းတစ်ယောက်ကအရေးကြီးကိစ္စတစ်ခုအတွက်အင် တာနက် ကဖေးက်ုတစ်ကူးတစ်ကလာပြီးမေးတဲ့အခါကိုယ်ကသူ့ကိုဦးစားပေးရပီ။ မြန်မာပြည်မှာအင်တာနက်ဆိုတာ နိုင်ငံတစ်ကာလိုအလကားနီးပါးပေါခြင်းသောခြင်းရတာမဟုတ်ဘူး။ အချိန်နဲ့အမျှ အ၀ိုင်း.. ကထွက်နေတာ။
နားလည်မှုပေးခြင်း၊ မပေးခြင်းဆိုတာ သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ထားရင့်ကျက်မှု အပေါ်မူတည် တယ်လို့ ထင်တာ ပါဘဲ။ ဒီလိုပြောရင် အွန်လိုင်းပေါ်ကဆင်းနေပါလားပြောချင်မယ်၊ ကျွန်မအခုအခြေအနေ၊ အခုအနေ ထား၊လုပ်နေရတဲ့အလုပ်အနေထားအရ ဘယ်လိုမှဆင်းလို့မရတဲ့အခြေနေမှာ နားလည်မှုမပေးနိုင်တဲ့သူတချို့၊ တောင်းပန်ပါတယ် Gtalk Signal လေးနဲ့ Status စာတန်းလေးကို အလေးထားပေးကြပါလို့။

ကဲဒါတွေကိုအသာထားအုံးး.. အခုပြောချင်သေးတာက gtalkပေါ်ကစာတန်းလေးတွေကတစ်ခါတစ်လေအရမ်းရီ ရတယ်။ ဘယ်သူတွေဘယ်လို idea ရလို့ထွင်လဲမသိဘူး။ဖတ်မိတာနဲ့မပြုံးဘဲမနေမိအောင်ကို သဘော ကျမိ တယ်။ အဲလိုအတွေးလေးတွေရတတ်တဲ့သူတွေကိုကျွန်မသဘောကျတယ်။ကျွန်မချစ်သူဆိုသီချင်းရှိသမျှ အကုန်ဖျက်ဆိုတာပါးစပ်ထဲကထွက်တာနဲ့ပေါက်ကရတွေဘဲ။ တစ်ခါတစ်လေစိတ်ဆိုးခဲ့တာတောင်အော်အော် ရီမိခဲ့သေးတယ်။ အောက်မှာအများကြီးထဲကတစ်ချို့ကို ကျွန်မကူးချထားတယ်။

milmaw: ကောင်းကင်က တရားသူကြီး..... မြေကြီးက သက်သေ...... ကိုယ်က တရားခံ......

ပုဒ်မက ၁၅၀၀.... အပြစ်က ချစ်မိလို့..... စီရင်ချက်က အသည်းကွဲစေ....

(ဒါကတော့ တရားဟောဆရာလူပျိုလေးတစ်ယောက်ပါ၊ လွမ်းတာတောင်ချစ်တာတောင်

ကျမ်းစာထဲကအရာတွေအလွတ်မပေးပါဘူး)

အသဲဆိုတာ1ခါကွဲပြီးရင်နာသွားတယ် နာတဲ့အတွက်ရောင်သွားတယ် ရောင်တဲ့အတွက်

အသဲကကြီးသွားတယ် ကြီးတဲ့အတွက်နောက်1ယောက်ပိုဆန့်သွားတယ်!!!!!!!

(ဒါကတော့ ကျွန်မဘလော့အတွက်သုံးတဲ့ လိပ်စာထဲကကောင်လေးတစ်ယောက်ပါ..

ယောက်ျားလေးတွေအတွက်တော့အကောင်းဆုံးဆင်ခြေပဲဖြစ်မယ်ထင်တယ်)

M Dream: “ဘေးကို ဘေးကို ဒီမှာရေကူးမလို့ ...”

(ဒီဟာလေးကတော့ သတင်းစာထဲက အင်းယားကန်မှာရေကူးတဲ့အကြောင်းပါပြီးနောက်

မှာထွက်လာတဲ့စာတန်းလေးပါ)

သ၀န်တိုသလားမမေးနဲ့..မှန်တောင်မကြည့်ဘူးမင်းကိုချစ်တဲ့သူဆိုကြည့်မရလွန်းလို့

(ဒါကတော့စင်ကာပူကအကိုကြီးတစ်ယောက်ပါ.. ပြောသာပြောတယ် စွံပလွံသီးပါ...

ရုပ်ကခပ်ဖြောင့်ဖြောင့်ဆိုတော့ ကောင်မလေးတွေဝိုင်းနေသလား၊ ယင်ကောင်လေး

တွေဝိုင်းနေလားမသိပါ)

yam: ဟိုးဆရာ နတ်ကနားရှိတယ်..တောင်ပြုန်းပွဲမို့ လူအများကြီးပဲ...ရှေ့ကြည့်နောက်လှည့်ကြည့်

...ကိုးကြီးကျော်က..ငါ့ကိုကြည့်တယ်

(ဒါကျတော့တစ်မျိုး၊ စိုင်းစိုင်းသီချင်းဖျက်ဆိုတာတွေများကြီးကြားဖူးပေမယ့်ဒီတစ်ခါ

တော့တောင်ပြုန်းပွဲပါဆွဲထည့်တာ.. )


ilounk9: ဓားကိုချစ်တယ်.....လူဆိုးလေး

(ဒီ ဂျီတော့ခ် ပိုင်ရှင်ကတော့ သူ့ပုံမှာ ဓားတိုတစ်ချောင်းကိုကိုက်ထားပြီး အီစီကလီ

အကြည့်နဲ့ကြည့်နေပီး စာတန်းကိုအထက်ပါအတိုင်းရေးထားတယ်၊ ဘာကိုဆိုလို

လဲတော့ကျွန်မလဲစဉ်းစားလို့မရပါ)

thura09: U-ကို ချစ်နိုင်လောက်တဲ့ သတ္တိ I-မှာ မရှိသေးဘူး။

(india မှာကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်ပါ၊ သူလဲအချစ်တွေ့နေပီထင်

ပါရဲ့ မေမေချစ်တဲ့သားလေး..မေ့မေ့စကားနားထောင်နော်..အမကတိုင်မှာ)


Mam: only 15days left to go back to YGN :) :) :) :) :) :)

(ဒါကတော့မကြာခင်ရန်ကုန်ပြန်ပြီးလက်ထပ်တော့မယ့်သတို့သားလောင်းလေး

ရဲ့ ရင်ခုန်သံပါ... ပျော်နေမှန်းသိသာတယ်း)

Saturday, May 23, 2009

အရိပ်


မြေပြင်ညီမှာ ၀င့်ကြွား
သင့်လျော်ညီညီအရာထင်ဖို့
ချစ်သူရဲ့ အလင်း ငါ လိုတယ်..
မိုးပေါ်တက်အလှမဆင်နိုင်ငြား
ချစ်သူ့နွေးထွေးမှုနဲ့
မြေပြင်ကိုအလှဆင်ပေးနိုင်တယ်
အချိန်ရောက်တော့ ခြေရာပျောက်
ေ၀၀ါးဝါးနဲ့ အခါခါ မှောက်
ချစ်သူသည်သာငါ့အလင်း
နွေးထွေးမှုနဲ့ ခေါင်းတစ်ချက်
ထွေးပိုက်လှည့်ပါအုံး

Monday, May 18, 2009

သီဟိုစေ့ကွတ်ကီး


ဘယ်နေရာရောက်ရောက်မြန်မာပြည်ကသီဟိုစေ့ကလက်ဆောင်အဖြစ်အရမ်း
ကိုသင့်တော်လှပါတယ်။ သီဟိုစေ့ကိုမြန်မာမှာနေတုန်းကစားစရာအဖြစ်လို့မ
သတ်မှတ်ခဲ့ပေမယ့်ဒီလိုနိုင်ငံမျိုးတွေမှာတော့လူတစ်ကာနှစ်နှစ်ခြိုက်ခြိုက်ဈေး
ကြီးပေးဝယ်ပြီးစားနေကြတာပါ။ ဒီနေ့တော့သီဟိုစေ့ကွတ်ကီးလုပ်ဖို့စိတ်ကူးရ
တာနဲ့စမ်းလုပ်ကြည့်ဖြစ်ပါတယ်။
သီဟိုစေ့ (၂)ခွက်
ဂျုံ (၂)ခွက်
ဆားအနဲငယ်
သကြား (ကိုယ်ကြိုက်သလောက်ထည့်ပါ၊ အချိုကြိုက်တတ်ရင်များများထည့်)
မုန့်ဖုတ်ဆော်ဒါ (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)
ထောပတ်ဆီ (အနဲငယ်)
သီဟိုစေ့အလုံးလိုက်ဆိုရင်ညက်အောင်ကြိတ်ထားလိုက်ပါ။ ကျွန်မကတော့မ
ညက်တညက်လေးအနေတော်လောက်ထားပြီး ဂျုံမှုန့်ထဲကိုသကြား၊ ဆားနဲငယ်
မုန့်ဖုတ်ဆော်ဒါနဲနဲလေးနဲ့သီဟိုစေ့တွေထည့်ပြီး ရေနွေးနွေးလေးနဲ့နယ်ပါတယ်။
ထောပတ်ဆီလဲထည့်တယ်။ ရိုးရိုးဆီလဲသုံးလို့ရပါတယ်။ နဲနဲလေးအတွန့်တက်
ပြီး coffeemate အထုပ်သေးလေးတစ်ခုဖောက်ထည့်လိုက်သေးတယ်။
အဆိမ့်ကလဲကြိုက်သေးသကိုး။ အားလုံးသမအောင်နယ်ထားပြီးတဲ့ဂျုံလုံးကို
ခဏထားထားလိုက်ပါတယ်။မိနစ် ၂၀လောက်ဆိုရင်တော့ ဂျုံကိုအရှည်ဖြစ်
အောင်လက်လဲလိမ့်ယူပြီးလိုသလောက်အလုံးလေးတွေလုပ်၊ပြီးရင်ပြန်ဖိပြီး
ပြားအောင်လုပ် ဗန်းပေါ်ဆီသုတ်ပြီးမုန့်ပြားလေးတွေတင်၊ ၁၈၀ ဒီဂရီနဲ့
မိနစ် (၄၀) ဖုတ်လိုက်ရင်..မွေးကြိုင်ပြီးကြိုက်တဲ့အချိန်စား၊ အထားလဲခံတဲ့
သီဟိုစေ့ကွတ်ကီးလေးတွေရပါပီ။ စားပြီးရင်းစားချင်
သိပ်လဲမချိုစိမ့်တဲ့အရသာမို့ခံတွင်းတွေ့မိတာအမှန်ပါ။း)

Saturday, May 16, 2009

အဖွားတို့ရွာမှာ

ကျွန်မအဘွားနေတဲ့ရွာကိုသိလ္လာရွာလို့ခေါ်တယ်။ မြောင်းမြကနေ(၂)နာရီလောက်
ကားစီးရတယ်။ အရင်တုန်းကဆိုကားလမ်းမပေါက်လို့လမ်းလျှောက်သွားရတယ်။
တောထဲတောင်ထဲမှာပေါ့။ ကားစီးသွားလို့ရတဲ့အချိန်ကျပြန်တော့လဲကားအမိုးက
လှုပ်စိလှုပ်စိနဲ့၊ ထော်နဲထော်နဲ့သွားတဲ့ကားကိုမနက် (၄)နာရီလောက်မြောင်းမြက
စောင့်စီးရတယ်။ တစ်ရက်တစ်စီးဘဲရှိလို့လူကတော့ကျပ်တောင့်နေတာ၊ တစ်ခါ
တစ်လေမတ်တပ်ရပ်တောင်စီးရသေးတယ်။ အဖွားတို့အဒေါ်တို့ကိုတွေ့ချင်တော့
လဲသွားတာပါဘဲ။ ရွာထဲကိုကားဝင်လာပြီဆိုရွာထဲကကလေးတွေအကုန်ပြေး
ထွက်လာပြီးကားနောက်ကိုပြေးလိုက်ကြတယ်။ ရွာအ၀င်မှာကျောင်းနဲ့ဘုန်းကြီး
ကျောင်းလေးရှိတယ်။ အဘွားအိမ်က တောင်အောက်ဘက်ကျတယ်၊ ချိုင့်ထဲမှာ
(ရေတွင်းနားမှာပေါ့) တစ်ရွာလုံးမှရေတွင်း (၃)တွင်းစု ထားတဲ့နေရာ (၂)နေရာ
ဘဲရှိတယ်။ သောက်ရေအတွက် ရေတွင်းကတော့အမိုးတွေဘာတွေရှိတယ်။
ရွာထဲကသူတွေရေချိုးချင်ရင်အဖွားအိမ်နားမှာအကုန်လာချိုးကြတယ်။
ကျွန်မတို့ကားပေါ်ကစင်းတာနဲ့ အမေ့ကိုတစ်ယောက်ယောက်တွေ့ပီဆိုရင်..
သူ့နာမည်ကိုအရှေ့မှာနန့်XXXXဆိုပြီးလာနှုတ်ဆတ်ကြတယ်။သူတင်းပို့တဲ့
ကလေးတွေလဲမြန်တယ်။တောင်ချိုင့်အောက်မှာနေတဲ့ဦးလေးတွေကရောက်
လာပြီးပစ္စည်းတွေလာသည်ပေးတယ်။ပြီးရင်တော့အဖွားအိမ်ကိုချီတက်ကြတာ
ပေါ့။အဖွားတော့ပျော်နေတာသိသာတယ်။ဒါပေမယ့်သူကသိပ်ရောရောနှော
နှောမနေဘူး။ခြေတံရှည်ကျွန်းအိမ်ကြီးလှေခါးပေါ်တက်လိုက်ရင်အပေါ်ရောက်
တာနဲ့ ရေအိုးတွေ(၃)လုံးတန်းစီထားတဲ့နေရာအရင်ရောက်တယ်။
အိပ်ခန်းမရှိဘူး၊ ကာထားတာဘဲရှိတယ်။ တစ်ခြမ်းမှာမိန်းကလေးတွေအိပ်တယ်။
ဧည့်ခန်းမှာ ဦးလေးတွေနဲ့ အဖေအိပ်တယ်။ ကျွန်မကတော့ထုံးစံရောက်တာနဲ့
ဖျာခင်းပြီးအိပ်တာဘဲ။ မာမီတို့အဖေတို့ကတော့စကားတွေဖောင်ဖွဲ့၊ မောင်လေးနဲ့
ညီမလေးကခွေးကိုလိုက်စလိုက်၊ဦးလေးတွေနဲ့ ရောရောရောလုပ်နေတယ်။ကျွန်မ
အိပ်လို့နိုးပီဆိုရင် ဦးလေးလူးလူးက ကျွန်မကိုသေချာလာကြည့်ပီးရီပါတယ်။ သူက
လူပျိုကြီး၊ကျွန်မနိုးတာနဲ့စားဖို့ရှာတာဘဲ။ အဲအချိန်အဒေါ်အငယ်က တောထဲက
ဇရစ်၊ တပင်ရွှေထီး၊ ကောက်ကွေ့ညွှန့် တွေခူးပြီးပြန်လာပါတယ်။ အိမ်အောက်မှာ
ပြေးနေတဲ့ကြက်ထဲကတစ်ကောင်တော့လျော့တာသေချာတယ်။ ပါးပါးကရှိတာနဲ့
စားမယ်မသတ်ပါနဲ့ပြောလဲ အဒေါ်က အကိုကြီးအမကြီးတို့လာလည်ရင်ကျွေးဖို့မွေး
ထားတာ၊ချက်မှဖြစ်မယ်ဆိုပြီး (မည်သို့ချက်သည်မသိ) မွှေးကြိုင်နေတာနဲ့အတော်
ကိုဗိုက်ဆာလာပါတယ်။ မပါမဖြစ် ငပိရည်ကျို( မျှင်ငပိကိုရေထည့်ပြီးကျိုတာပါ၊
ပျစ်ပျစ်လေးနဲ့ ကျိုပြီးရင်တော့အချိုမှုန့်နဲနဲခတ်၊ ငရုတ်သီးမှုန့်ဖြူးထဲလိုက်တာပါ။
မပြောမရှိနဲ့အရမ်းကိုစားလို့ကောင်းပါတယ်။ ကြက်သားတောချက်၊ မျှင်ငပိရေကျို၊
တို့စရာအရွက်တွေအစုံလင်နဲ့ ကြမ်းပြင်မှာခုံအ၀ိုင်းခင်းပြီးခွေးခြေခုံလေးတွေနဲ့
ထိုင်
ပြီးအားရပါးရလွေးကြတာပေါ့။ ကြက်သားဟင်းချက်တိုင်းအဖိုးနဲ့ဦးလေးတွေ
ကကျွန်မ
ကိုအသည်းနဲ့အမြစ်အရင်ဆုံးထည့်ပေးတယ်။ ကျွန်မအဲဒါကြိုက်တယ်။
ပြီးတော့ခေါင်း.
ထမင်းစားသောက်ပီးရင်တော့ ရှိတဲ့ပိန္နဲသီး၊ထညက်ခဲ၊မြေပဲယို၊ကနစိုးသီးတွေအစုံစား
ကြတယ်။ ရာသီချိန်လိုက်ပေါ့၊ ရေနွေးကြမ်းနဲ့၊ ဒီလိုနဲ့အဲဒီရွာလေးကိုကျွန်မအရမ်း
ချစ်ပါတယ်။ ရေတွင်းကရေကစိမ့်စမ်းရေဆိုတော့ဘယ်အချိန်မဆိုအေးမြနေတာဘဲ။
စကားတစ်ခုရှိတယ်၊ သိလ္လာရွာသူတွေကအရမ်းချောတယ်တဲ့။ ဘာလို့လဲဆိုတော့
သူတို့ချိုးတဲ့သောက်တဲ့ရေကြောင့်ဆိုဘဲ။ ဟုတ်ရင်လဲဟုတ်လောက်တယ်။ တစ်ရွာ
လုံးကမိန်းကလေးတွေအသားရေဖြူဝင်းပြီးကြည်လင်နေတယ်။ ချောမွတ်နေတာ
ဘဲ။ ကျွန်မကတော့ သွေး ၄ပုံ၁ပုံသာပါလို့အဲလောက်တော့မချောဘူးပေါ့။ :P
မောင်လေးကတော့ရွာရောက်တိုင်းအိမ်သာထဲဝင်ရင်အကြာကြီးဘဲ၊ ဘာလုပ်နေ
လဲမမေးနဲ့၊အိမ်သာဆိုတာက၀ါးပိုးဝါးနှစ်ချောင်းကိုကန့်လန့်ဖြတ်ဆောက်ထားတာ။
အောက်မှာချောင်းရှိတယ်။ အဲဒီချောင်က ရေချိုးကန်ကရေချိုးထားတဲ့ရေတွေနဲ့ညစ်
ပတ်တဲ့ရေတွေစီးသွားတဲ့ချောင်း။ အိမ်သာထဲဝင်ထိုင်အောက်ကိုငုံ့ကြည့်လိုက်ရင်
ငါးလေးတွေရောင်စုံကူးနေတာတွေ့ရတယ်။ အရင်တုန်းကအိမ်သာဆိုအရမ်းစိတ်
ညစ်တာ။ ၀ါးပိုးဝါးတွေတက်လိုက်ရင်လှုပ်စိစိနဲ့ကြောက်ဖို့ကောင်တယ်။ အရေးထဲ
အနောက်ဖက်တောထဲကချောင်းချောင်းနေတဲ့အကောင်တွေရှိသေးတယ်။
တောကြောင်၊ တောကြက်အရိုင်း၊ တောခွေး..စသည်ဖြင့်။တစ်ခါမှတော့သေချာ
မတွေ့ဖူးဘူး. ဒါပေမယ့်ညဖက်ဆိုရင်တော့မျက်လုံးတွေတွေ့ရတယ်။ အဖွားအိမ်
ထောင့်လေးမှာခရေပင်အကြီးကြီးရှိတယ်။ ခရေပွင့်လေးတွေမနက်လင်းရင်
ကောက်
ပြီးဝါးနှီးလေးနဲ့သီ၊ အဒေါ်လေကတောထဲမှာကွမ်းခြံရှိတယ်။ ကျွန်မလဲ
တစ်ခါတစ်လေ
လိုက်သွားတယ်။ တစ်ကိုယ်လုံးဖုံးတဲ့အ၀တ်တွေဝတ်ပြီးတော့။
ကွမ်းခြံသွားတဲ့လမ်းမှာ
နာနတ်သီးတွေမှည့်နေရင်တောရှင်းဓါးနဲ့ခုတ်ပြီးကျွေး
သေးတယ်။အသွားတော့ဦးလေး
လှည်းနဲ့လိုက်သွားတာ။လမ်းမှာဦးလေးတွေ
မီးသွေးဖုတ်တဲ့နေရာဝင်စပ်စုပြီးရေငန်းသီး
ခူးသေး။ရေငန်းသီးကအရမ်းကို
ချဉ်စုတ်တာကလား။ အဲဒါကိုဆား၊ငရုတ်သီးနဲ့သုပ်စား၊

ရန်ကုန်တောင်ပြန်သယ်လာသေးတယ်။ ကွမ်းခြံရောက်ရင်အေးမြနေတာဘဲ၊
တောချောင်
ထဲမှာလေ.. ကွမ်းခြံရေလောင်းဖို့ကတော့တောထဲမှာစီးနေတဲ့စမ်း
ချောင်းလေးတွေရှိတရ်။
အပြန်လမ်းမှာတော့ရွာအနောက်ဖက်အ၀င်(ကားစီး
လာတာအရှေ့ဘက်အ၀င်)မှာချောင်း
အကြီးကြီးရှိတယ်။ရေတက်ရေကျချိန်ရှိ
တယ်။ ချောင်းထဲမှာငါးတွေပုဇွန်တွေ၊ ပလောက်
ပလောက်တွေအများကြီး။ ပ
လောက်ပလောက်ဆိုတာ ရေထဲမှာနေတဲ့ငါးဒါပေမယ့်ရေ
စပ်ကုန်းပေါ်မှာ
လဲသူတို့လမ်းလျှောက်တတ်တယ်။အရမ်းမြန်တဲ့ငါးတွေပေါ့။ချောင်းအ
ပေါ်မှာ
တံတားလေးရှိတယ်။ သစ်လုံးကြီးတွေနဲ့အခိုင်မာဆောက်ထားတာ။
ရွာထဲမှာလူ
နေအိမ်တွေသာရှိတာ။ အားလုံးရွာအနောက်တံတားကိုဖြတ်တောင်
်ပေါ်တက်ပြီးတောထဲ
ဝင်ကြတယ်။ တောထဲမှာမှကိုယ့်ခြံကိုယ်စီရှိကြတယ်။
ပြောရရင်ရွာထဲကသူတွေစီးပွားက
တောထဲမှာ။အဲဒီတံတားပေါ်ကနေရေတက်
ချိန်ဆိုကျွန်မတို့သုံးယောက်ခုန်ခုန်ချတယ်။
ရေကူးကျတယ်။နစ်တဲ့အခါလဲရှိတယ်။
ဦးလေးတွေကစောင့်နေရတယ်။ချည်ပေါင်ရွက်
စိုက်ရောင်းတဲ့သူလဲရှိတယ်။ မာမီရွာရောက်တာသတင်းကြားရင်ဟင်းရွက်၊တို့စရာလေးတွေလက်ဆောင်လာ
ပေးကြတယ်။ညနေရေကျချိန်ဆိုအဒေါ်ငယ်နဲ့ငါးသဲ့ဖမ်းတဲ့ဇကာ
ကုံးယူပြီးချောင်း တစ်လျှောက်ပုဇွန်လိုက်သဲ့တယ်။အရမ်းကိုပျော်ဖို့ကောင်းတယ်။ပြန်ရောက်ရင်
ချဉ်ပေါင်ရွက်နဲ့ပုဇွန်စိတ်စိမ်းစိမ်းလေးတွေရေစင်စင်ဆေးပြီးအချဉ်ဟင်းငပိ

တတုံးထည့်ချက်ပြီးထမင်းလွေးကြတာ....ရွာလေးကိုအရမ်းသတိရတယ်။
အိမ်အပြန်မနက်ကားစီးတော့မယ့်ဆိုရင်တော့အဖိုးလေးကျင်မကျွိ ကတံမြက်စည်း
တွေလာပို့ပေးတယ်။ မာမီပိုက်ဆံပေးလဲမယူဘူး။သူကတံမြက်စည်းလုပ်တယ်။
သူလုပ်တဲ့တံမြက်စည်းကအရမ်းခိုင်တယ်၊ ကြိမ်နဲ့ယက်ထားတာ... ကားအိပဲ့ပဲ့နဲ့
ရွာအပြင်ထွက်လာရင်တော့ လက်ပြနေတဲ့အဒေါ်ဦးလေးတွေနဲ့ ကလေးတွေရယ်
ဖုန်းတစ်ထောင်းထောင်းနဲ့ရွာဦးကျောင်းလေးရယ်..အပြန်လမ်းတစ်လျှောက်ပိလော
ပိနန်ခင်းတွေရယ်..လွမ်းဖွယ်အတိပါ..


Thursday, May 14, 2009

ပဲတ်ီပေါက်အမဲဆုပ်လုံးကြော်

ဘလော့ကိုပြင်နေရတာစိတ်တိုင်းမကျနိုင်တာမို့တော်တော့ကိုစိတ်ထိခိုက်နေရတာ။
အလုပ်လုပ်ရင်တောင်စိတ်ကမဖြောင့်ဘူး။ FB ရဲ့ လယ်ကွက်ထဲကမထွက်နိုင်တာလဲ ပါတယ်။ အပင်စိုက်လိုက်၊ မြေတူးလိုက်၊ သူများလယ်ကွင်းမှာအလုပ်သွားလုပ်လိုက် နဲ့မဟုတ်တာတွေရှုပ်နေတာဆိုးတယ်။ ကျွန်မပဲပင်ပေါက် (ဘယ်လိုခေါ်လဲမသိလို့) ပဲပင်ပေါက်လိုတော့မရှည်ဘူး၊ တိုတုတ်တုတ်လေးတွေ။ အဲဒါလေးတွေကိုကြော်စား ရင် ၀ါးလို့ကောင်းတယ်။ အမဲလုံးကတော့လက်ဝင်တယ်။ အမဲသားကြိတ်ပြီးသားကို ကြက်သွန်နီ၊ ငရုတ်သီးအကြမ်းမှုန့်၊ စပါးလင် အားလုံးညက်အောင်ထောင်း၊ ပြီးရင် အသားကြိတ်ထားတဲ့အထဲကိုရောမွှေ၊ စီးနေအောင်နယ်ပြီးလုံးကြော်ထားတာပါ။ လက်ဝင်ပေမယ့် စားလို့ကောင်းတယ်။ အကြာကြီးလဲအထားခံတယ်။ ဟင်းအနေနဲ့ ချက်စားစား၊ ပျင်းလို့ဘဲ ထိုင်စားစား၊ အသီးရွက်ထဲထည့်ကြော်စားစား၊ အတော်ကို အဆင်ပြေတယ်။ အကြာကြီးလဲချက်စရာမလိုဘူးလေ.း) စိတ်ဝင်စားရင်စမ်းကြည့်။

Monday, May 11, 2009

Farm Town တွင်ပိတ်မိခြင်း



Thursday, May 7, 2009

မန်းကျည်းရွက်နုသုပ်

တက်လိုက်ကျလိုက်ဖြစ်နေတဲ့အဖျားကြောင့်အစားသောက်ပျက်(ဘလော့ပျက်တာလဲပါတယ်)
တာကြောင့်စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်နေတာ ကြာပါပီ။ ဘာစားချင်မှန်းကိုယ့်ကိုတိုင်မသိ၊ သူငယ်ချင်းတွေကလဲစားလို့ကောင်းမယ့်ဟာလေးတွေဝယ်လာပေးလဲခံတွင်းမတွေ့၊ မုန့်ဟင်းခါး စားချင်သလားချက်ပေးမယ်လို့ညီမ၀မ်းကွဲကလှမ်းပြောတော့လဲ ကိုယ့်မှာစားချင်သလားမစားချင်
လားအဖြေမရှိ။ရန်ကုန်ကလူကြုံလာမယ်ဆိုတော့မာမီကဘာထည့်ပေးရမလဲမေးတော့ဘာမှစားချင်
စိတ်မရှိလို့ဆေးဘဲပို့ပေးပါမှာတော့၊သူကအိမ်ရှေ့မှာစိုက်ထားတဲ့မန်းကျည်းပင်တွေအနုလေးတွေ
ထွက်နေတာအများကြီးဘဲပို့ပေးလိုက်မယ်ဆိုပြီး၊မနေ့ကတော့ကျွန်မဆီသတင်းစာရွက်နဲ့ပတ်ထား
တဲ့မန်းကျည်းရွက်ထုပ်၊ ငါးဖယ်ထုပ်နဲ့၊ ငါးကြင်းကြော်နဲ့ဆေးတွေရောက်လာပါတယ်။ လေယဉ်(၂)ဆင့်စီးရတော့ကျွန်မကမန်းကျည်းရွက်လေးတွေပုပ်ကုန်မယ်ထင်တာ၊ရောက်တဲ့အထိ
လတ်လတ်ဆတ်ဆတ်လေးရှိသေးတယ်။အတော်ပါဘဲ..ကြက်သွန်နီလှီး၊စိုက်ထားတဲ့ငရုတ်ပင်က
အသီးကိုလတ်လတ်ဆတ်ဆတ်ခူး၊ ဆီလေးနဲနဲ ဆားနဲနဲ၊ အချိုမှုန့်နဲနဲ ထည့်ပြီးသုပ်စားပါတယ်။ ငရုတ်ပွသီးမို့အထင်မသေးပါနဲ့၊ အရမ်းကိုစပ်ပါတယ်။ မန်းကျည်းရွက်နုသုပ်နဲ့ထမင်းစားရတာ..ထမင်းမြိန်လာပါတယ်..မာမီသိရင်တော့ဝမ်းသာမှာ...း)
တစ်ခါတစ်လေ..အဖြေမသိတဲ့ခံစားချက်မျိုးလိုနေရင်..ရိုးရိုးရှင်းရှင်းမစဉ်းစားဘဲ..ခေါင်းနောက်အောင်
အမြင့်ကြီးတွေးစဉ်းစားတတ်တဲ့ကိုယ့်ကိုကိုယ်..မန်ကျည်းရွက်နုလေးကသင်ခန်းစာပေးနေသလိုဘဲ။

Wednesday, May 6, 2009

16+Crush များသည်

ကျွန်မစိတ်ကစားတတ်တဲ့အရွယ်၊တစ်ရက်မှာသူငယ်ချင်းကခေါ်လို့နေ့လည်ပိုင်း မြန်မာ့အသံ
ကလွှင့်တဲ့ဇတ်လမ်းကိုကြည့်ပီး စွဲလမ်းမှုရောဂါစဖြစ်တာ လွင်မိုး ပါ။ သူပထမရိုက်တဲ့ကားလား
တော့သေချာမသိပေမယ့်သူတော်တော်လေးငယ်ပါသေးတယ်။ အစွဲဘယ်လောက်ကြီးလဲဆို
ကျောင်းခန်းထဲမှာ လွင်မိုး ပုံတွေဝယ်ပြီးကပ်...သူငယ်ချင်းယောက်ျားလေးတွေကြည့်မရလို့
နှုတ်ခမ်းမွှေးတွေဆွဲ၊ ပုံကိုလိုက်ဖျက်၊နဲ့..... လွင်မိုးရောဂါစွဲကပ်ပုံများ ပိုက်ဆံအိတ်ထဲမှာတောင်
ဖွင့်လိုက်တာနဲ့လွင်မိုးပုံ။ မှတ်မှတ်ရရ လွင်မိုး ပုံအသေးလေးမွေးနေ့မှာလက်ဆောင်ရဖူးတယ်။
အဲဒီပုံလေးအခုထိရှိတုန်းဘဲ..အပြင်မှာတွေ့ရင်မကြည့်ရဲဘူး။ ဒီလိုနဲ့ လွင်မိုးရောဂါရပ်သွားတဲ့
အချိန်က သူလပ်ထပ်လိုက်တဲ့အချိန်ဘဲ။ သူ့ကိုမေ့ပစ်လိုက်တယ်....
တစ်ရက်.. အင်္ဂလိပ်သီချင်းတွေမကြိုက်တတ်တဲ့ကျွန်မ..မောင်လေးက Westlife အခွေဖွင့်နေတာ
ကိုသွားထိုင်ကြည့်ရင်းနဲ့ အဲဒီထဲက တစ်ယောက်ကိုကြိုက်သွားပြန်ရော.. Shane ဆိုလား၊ ခေါင်း
ဆောင်လိုတစ်ယောက်အမြဲလိုလိုသူဆိုတာများတယ်။ သူ့ကိုတန်းတန်းစွဲ..အခွေတိုင်းကြည့်၊ ကြည့်
ပီးလဲထပ်ကြည့်...နောက်တော့ ကုလားကားတစ်ကားကြည့်ရင်းနဲ့ Amir Khan ကိုတွေ့တော့စိတ်
ကပြောင်းသွားပြီး westlife crush လေးကိုမေ့သွားပါတယ်။ သူငယ်ချင်းအမကြီးကပြောတယ်။
ကူးကူးကြိုက်တဲ့ကုလားမင်းသားအသက်က ကူးကူးအဖေလောက်ရှိတယ်တဲ့..Opps...
ဒါနဲ့နောက်တစ်ယောက်ချက်ချင်းကောက်ရပါတယ် (စွဲလမ်းမှုကိုအချိန်မရွေးကောက်ယူလို့ရတယ်
လေ) Bae Yong Jun ...ကြိုက်လိုက်တာမပြောပါနဲတော့..ကာလအတော်ကြာထိပါ..
ီDaniel Henny ကိုတွေ့သွားတဲ့အထိပေါ့.. ဒီတစ်ယောက်ကတော့ကျွန်မချစ်သူနဲ့တော်တော်ဆင်
ပါတယ်...(အဟမ်း..နဲနဲတော့ကြွားတာပါတယ်သီးခံပါ)
ဘာရယ်မဟုတ်စိတ်ကူးယဉ်တတ်တဲ့အရွယ်မှာ တစ်ခုခုကိုစွဲလန်းတတ်တဲ့စိတ်လေး..စွဲလန်းတယ်
ဆိုတာလဲအမျိုးမျိုးပြောင်းနေတော့ စွဲလန်းတယ်မဆိုနိုင်ပြန်ဘူး....
အခုလက်ရှိအထိသဘောကျနေတဲ့သူရှိပါသည်ပေါ့။ သူ့ကိုတော်တော်များများကကြည့်မရဘူး။ ကျွန်
မလဲဘာကိုကြိုက်လို့ကြိုက်မှန်းမသိဘူ..ဘဘောကျနှစ်ခြိုက်ဖူးတဲ့သူတွေခြုံကြည့်ရင်ကျွန်မယောကျာ်း
လေးဆိုမျက်လုံးမျက်ခုံးလှတာသဘောကျတယ်.. မျက်တောင်လေးတွေလဲပါသေးတယ်...အပြောအ
ဆိုအမူယာ... နောက်ဆုံးသဘောကျနေတဲ့တစ်ယောက်ကတော့ဘာမှမယ်မယ်ရရပြောလို့မရအောင်
အဖြစ်တော့မရှိပေမယ့် သူ့သီချင်းကိုနားထောင်ရင်းနဲ့ကြိုက်သွားပါတယ်..(မျက်စောင်းမထိုးကြပါကုန်)

Tuesday, May 5, 2009

ဗိုက်မပြည့်ပါ..သို့သော်

ကြာစိ..စားဖူးကြလား။ ရန်ကုန်မှာဆိုအထုပ်လေးတွေနဲ့ရောင်းတယ်။ တစ်ခါတစ်ရံ
တော့ကြာခွက်အလိုက်ငါးခွက်တစ်စည်းရောင်းတယ်။ ကြာခွက်တစ်ခုမှအစေ့အောင်
တာနဲနဲဘဲပါလို့ မာမီက ၂၆လမ်းဈေးသွားလို့လမ်းကြုံရင်ကြွပ်ကြွပ်အိတ်နဲ့ရောင်းတဲ့
ကြာစေ့လေးတွေဝယ်လာပေးတယ်။ ဗိုက်ပြည်တဲ့အစားစာတော့မဟုတ်ဘူး။ ဒါပေ
မယ့်ကျွန်မကြိုက်မှန်းသိတော့ဝယ်ဝယ်လာပေးတယ်..
photo by: sandakuu at Thailand
နောက်တစ်မျိုးက ထန်းသီး... အညာမှာမွေးတယ်မပြောပါနဲ့၊ ကျွန်မထန်းသီးအရမ်း
ကြိုက်တာ။ နုနု၊ ရင့်ရင့်၊ ထန်းရည်..အင်းထန်းရည်အချိုလဲကြိုက်တယ်။ ထန်းရည်
အချည်ကိုတော့ယောင်လို့ ပြင်ဦးလွင်မှာ တစ်မော့သောက်ဖူးတယ်။ မူးလို့မဟုတ်။
အရသာကိုမကြိုက်တာ။ ခေါင်ရည်ကိုပိုကြိုက်တယ်။ ခေါင်ရည်ကြောင်မူးရီရီလေး
ဖြစ်နေတာကိုကြိုက်တာ။ ခေါင်ရည်တော့တောင်ကြီးမှာ မောင်လေးဝမ်းကွဲ (၄)
ယောက်နဲ့ ယိုင်လဲအောင်သောက်ဖူးတယ်။
မုန့်ကျွဲသဲ.... ဒါတော့ကျွန်မအကြိုက်ဆုံးမြန်မာအစားစာ၊ မုန့်ကျွဲသဲကိုအုန်းသီးခြစ်
လေးနဲ့စားလိုက်ရလို့၊ အိမ်မှာတုန်းက အဖေကဈေးသွားတယ်။ သူပြန်လာရင်အရင်
ဆုံးပြေးပြီး ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့မုန့်ကျွဲသဲ ပါမပါလိုက်ရှာရတာအမော။
ရေခဲခြစ်... မန္တလေးမှာကျောင်းတက်တုန်းက (၁၆ အ.ထ.က)မှာပေါ့၊ ရေခဲခြစ်ရောင်း
တဲ့ဦးလေးကြီးရှိတယ်။ ကျွန်မမုန့်စားဆင်းချိန်ဆိုအဲဒီအသည်ဆီပြေးတာပါ။ ရေခဲခြစ်
တောင်မှတစ်ခြမ်းကနို့ဆီအပြည့်နဲ့ဟာမှစားတာ။
ထန်းမြစ်...မနှစ်ဒီဇင်ဘာကတောင်မန္တလေးသွားလည်ရင်း ပွဲဈေးတန်းမှာလျှောက်ပတ်
ရင်းနဲ့ ထန်းမြစ်၀၀တုတ်တုတ်တွေဖုတ်နေတာတွေ့လို့အများကြီးဝယ်စားခဲ့သေးတယ်။
ထုံးစံအတိုင်းပွဲဈေးတန်းမှာဘောလုံးပိစိလေးတွေထောင်ထားတယ်၊ မြှားနဲ့ပစ်ရတယ်။
မြှားသုံးချောင်းကို ၅၀၀ ပေးရတယ်။ ၃ ချောင်းလုံးဘောလုံးပေါက်ရင် ဆုရတယ်ပေါ့။
မောင်လေးကရန်ကုန်မှာ သံရုံးကသူတွေနဲ့မြှားသွားသွားပစ်တော့ကျွန်မလဲသူ့အစွမ်း
စကိုယုံပြီး ၂၀၀၀ နဲ့ပစ်ခိုင်းလိုက်တာ နောက်ဆုံးတော့ GIV ဆပ်ပြာတစ်တုံးနဲ့ဟော်
တယ်ပြန်လာခဲ့ရတယ်။ အဲလောက်တော်တာ..ထားပါလေ..
ဇီးဖြူသီးထောင်းသုပ် .... ဟိုသွားဒီသွားအဲဒီအထုပ်လေးကိုကိုင်ပြီးဝါးချွန်လေးနဲ့တူလို
ညှပ်စား၊ရေသောက်...အလုပ်ကိုဖြစ်နေတာ၊ လမ်းသွားလမ်းလာတွေ ဒီကလေးမ ညစ်
ပတ်နေတာဘဲထင်မလားတော့မသိ ကွက်ကြည့်ကွက်ကြည့်နဲ့။ ဇီးဖြူသီးကိုထောင်းပြီး
ဆား၊ ချိုမှုန့်၊ ငရုတ်သီးမှုန့်၊ မျှင်ငပိအမှုန့်အားလုံးရောထည့်ထားတာ.ပြောရင်းနဲ့တောင်
စားချင်လာပီ that'sit..
အမဲအူတုတ်ထိုး... သွားသွားခိုးစားလို့ခဏခဏအဆူခံရပါတယ်။ ညနေပိုင်းတွေဆိုမောင်
လေးကိုအဖော်ဆွယ်၊စာအုပ်ဆိုင်သွားသလိုလိုနဲ့အပြန်လမ်းဆုံကဆိုင်မှာတုတ်ထိုးဝင်
ထိုင်ထိုင်စားတာ၊ ညစ်ပတ်လားမပတ်လား၊ ဖုန်တွေများဝင်မလားမစဉ်စားပါ။ စားပါတယ်။
ခြံထဲပြန်ဝင်လာရင်တော့ မာမီ့ကိုလိမ်လို့ရပေမယ့် ခွေးတွေးကိုလိမ်လို့မရပါ၊ ပုလုခွေး က
အဆိုးဆုံး၊ အသားနံ့ရတော့လူပေါ်ခုန်တက်တော့မယ့်အတိုင်း....း)
အထမ်းသည်မုန့်ဟင်းခါး...နောက်ဆုံးတစ်ခေါက်ရန်ကုန်ရောက်တော့အိမ်မှာမုန့်ဟင်းခါး၊
ကြာဇံဟင်းခါးစသည်ဖြင့်ကျွန်မကြိုက်တတ်ရာရာအိမ်မှာကောင်းကောင်းချက်ကျွေးပေမယ့်
ခံတွင်းမတွေ့ဘဲတစ်ရက်လပြည့်ဝန်းပလာဇာအရောက် ဒဂုံ(၁)နားလဲရောက်ရောအဲဒီမှာ
ပိုးထည်ရောင်းတဲ့ဆိုင်အရှေ့မှာအထမ်းသည်နဲ့ရောင်းတဲ့မုန့်ဟင်းခါးဆိုင်အရှေ့ရောက်တော့
အနံ့ကဘယ်လောက်ဆွဲဆောင်လဲဆိုတာမနေနိုင်မထိုင်နိုင်ဖြစ်စားချင်လို့လှည့်ကြည့်ကြည့်
အနားကလူတွေကလဲဝိုင်းကြည့်နေတော့ထိုင်စားရမှာလဲရှက်၊ ကျွန်မအစာစားနေလို့သူများ
ကြည့်ရင်မစားတတ်ဘူး။ လူတွေအများဝိုင်းအုံတဲ့နေရာဆိုတော့ဘာလုပ်ရမှန်းမသိလို့ အဲဒီ
မှာတင်ပတ်လျှောက်နေတာ ၄ခါလောက်၊ နောက်ဆုံးမှာတော့သူငယ်ချင်း မင်းချမ်းသာကို
လှမ်းခေါ်ပြီး သူလဲအလုပ်ကနေပြေးလာပါတယ်။ မုန့်ဟင်းခါးစားချင်လို့ဆိုတော့ရီပါတယ်။
ဖြစ်မှဖြစ်ရလေဒေါ်ကူးကူးရယ်ဆိုပီး မုန့်ဟင်းခါးဆိုင်မှာလိုက်ထိုင်ပြီးသူပါစားပေးပါတယ်။
မှတ်မှတ်ရရ ၁၇၀၀ လောက်ကျတယ်။
ကျွန်မမှတ်မှတ်ရရ အာလူးကြော်၊ နေကြာစေ့၊ ဇီးထုပ် စသည်စသည်မိန်းကလေးအများ
နှစ်ခြိုက်တဲ့ဟာတွေမစားတတ်ပါဘူး။ အထက်ပါပေါက်ကရများကိုတော့စားလေ့စားထရှိ
ပါတယ်။

 
Powered by Blogger