Pages

Saturday, January 30, 2010

Cebu နောက်ဆုံးည

cebu မြို့ရဲ့ နောက်ဆုံးညနေခင်းမှာ Ayala Mall ကိုရောက်သွားခဲ့တယ်....
ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။  ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။  အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။
အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း ကဆရာတစ်ယောက်က ကျွန်မကို ကကတစ် လို့ခေါ်တယ်..
မြန်မာစကားလဲဖြောင့်အောင်မပြောတတ်၊ အီး..လိုလဲ ဖြစ်မြောက်အောင်မပြော...အခြားစကားဆိုဝေလာဝေး မနေ့ကတောင် ချစ်သူကိုပြောတယ်..မြန်မာလိုဘာလို့များစကားလုံးစီ ဖြောင့်အောင်မပြောနိုင်လဲမသိဘူး ဆိုတော့ သူက အခုမှသိလားတဲ့...  အစကတည်းက မြန်မာစကားတောင်ဖြောင့်အောင့် မပြောတတ်ဘူး တဲ့။ စကားပြောနည်းတာကြောင့်လားတော့မသိဘူး..လေ့ကျင့်ယူရင်ရမယ်ပြောတာဘဲ..
စာရေးရင်တောင်စာလုံးပေါင်းမှားလို့ သူများအရီခံရတာလဲ များနေပီ။ ကျွန်မကိုပြောတယ်..အရမ်းတော် တာဘဲ တဲ့..မြန်မာစာအသစ်တွေတီထွင်တတ်တယ်တဲ့..း(

Ayala Mall ကအကြီးကြီးပတ်ပတ်လည်ဝိုင်းဆောက်ထားပီး အလယ်မှာတော့ ညတိုင်းဖျော်ဖြေပွဲတွေရှိတယ်..  ကျွန်မလဲ ၄ ထပ်ထိရောက်သွားတယ်..pizza hut ဆိုင်အပြင် နားမှာထိုင်းရင် ရှုခင်းတွေလိုက်ကြည့်ဖြစ်တယ်။

 
  
  
  
  
  
  
တစ်ယောက်တည်းဆိုတော့ ကိုယ့်ဘာသာကိုယ်ဘဲ ဓာတ်ပုံပြန်ရိုက်ရတာပေါ့။  အဲဒီနေ့က Plantation Bay ကပြန်လာတော့ လူကပင်ပန်းပီး ဘာပုံပေါက်နေလဲတော့မသိဘူး။ အဲဒါကို အဲဒီကောင်လေးတစ် ယောက် ခပ်တည်တည်နဲ့ အဲဒီ တန်းနားမှာလာထပီး ခပ်တည်တည်နဲ့လာကြည့်နေတယ်..အဲဒါနဲ့ ကျွန်မလဲ ခုံ ဒီဘက် ကျောပေးတဲ့အခြမ်းမှာပြောင်းထိုင်လိုက်တယ်.. အတော်လေးကြာတဲ့အထိ ကျွန်မလဲ ကြောက်လို့ မထသွား ရဲဘူး။ ကင်မရာလက်ထဲမှာကိုင်ထားတော့ ဓာတ်ပုံရိုက်ကြည့်တော့ရှိသေးတယ်...  နေရာစိမ်းလဲ ဖြစ် တစ်ယောက်တည်းလည်းဖြစ်တော့ ကြောက်တယ်။ ကံကောင်းတော့ ကောင်မလေးတစ်ယောက် ကျွန်မ စားပွဲ ဘေးနားက ၀ိုင်းမှာလာထိုင်တော့ သူကိုပြုံးပြလိုက်တယ်.. ကျွန်မက saloon လိုက်ရှာနေတာ မတွေ့ ဘူးပြောတော့... သူက လိုက်ပို့ပေးမယ်တဲ့...  ဒါမှဘဲ အဲဒီနေရာကထ ပီး ထွက်သွားရတယ်.. ဒါတောင် လိုက် လာသေးတယ်နောက်က... ခေါင်းခေါက်ချင်တယ်..သူများစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်လို့။
.. သူ့အမနဲ့တူလို့လား၊ သူတို့ ပြောနေကျ story လို ရည်းစားဟောင်းနဲ့ တူလို့လားတော့မသိဘူး... 



ညပိုင်းတော့ သူငယ်ချင်းအမကြီးနှစ်ယောက်နဲ့ ထပ်လာဖြစ်ပါတယ်...လူတွေပိုများတယ်... ပွဲတွေလဲစည် ပီး ပျော်ဖို့ကောင်းတယ်..အရမ်းအေးချမ်းတဲ့နေရာပါ... ညနေစာကတော့ ထမင်းနဲ့ ကြက်သားကင် ပီးတော့ ငါးနဲ့အချည်ရည်တစ်မျိုးပါ။
 
  
ညဘက်မီးရောင်တွေအောက်ကရှုခင်းလေးတွေကို စိတ်တိုင်းကျလိုက်ကြည့်ဖြစ်တယ်။ ကျွန်မနေတဲ့ နေရာမှာ ဆို အခုလိုညထွက်လို့မရဘူး။ ထွက်လဲမထွက်ရဲဘူး။ ညနေ ၅နာရီခွဲ မိုးချုပ်တာနဲ့ အိမ်ထဲ ခြံဝန်းထဲကနေ ဘယ်မှမထွက်ရဲပါဘူး။ ဒါကြောင့် ညခင်းရဲ့ အရသာကိုကျွန်မနှစ်သက်မိနေတာလဲဖြစ်ချင်ဖြစ်မယ်။...
ရန်ကုန်ပြန်တုန်းက ညပိုင်းဆို သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်စကားပြော..ကားတွေကြည့်၊ လူတွေကြည့် လုပ်ချင် ပေမယ့် မာမီက စောစော ပြန်လာ ဆိုတာကြောင့်၊ မပြန်လာမချင်းစိတ်ပူစောင့်နေတာရယ်ကြောင့် သာ။

Cebu သွားတဲ့ခရီးစဉ်ဒီတွင်ပီးဆုံးသွားပါပီ။ Cebu က ဖိလိပင်းရဲ့ ဒုတိယအကြီးဆုံးမြို့လို့ ပြောလို့ရမယ်ထင် တယ်။ မြန်မာမှာတော့ မန္တလေးလိုမျိုးပေါ့။  အခွင့်အခါသင့်ရင် ကူးကူးလိုဘဲ သွားလည်ကြ ပါလို့။း)

Thursday, January 28, 2010

Gay လိပ်ပြာနှင့် Cebu Plantation Bay



ချောကလက်တောင်ကုန်းတွေသွားကြည့်လို့ဝ ပီဆိုတော့ တောင်ပေါ်ကနေပြန်ဆင်းလာပါတယ်။ ကားပေါ်မှာ အဆင်းဆိုတော့ရှုခင်းလေးတွေလဲအရမ်းလှတယ်.... နောက်တစ်နေရာရောက်တာကတော့ လိပ်ပြာစခန်းပါ။  လိပ်ပြာမျိုးစိတ်တွေကို ခွဲခြားပြထားတဲ့နေရာပါ.... ရှင်းပြတဲ့အကိုကြီးကတော့ အသေးစိတ်ရှင်းပြနေတာပါ၊ ကျွန်မတော့ သိပ်လဲစိတ်မ၀င်စားတာကြောင့်နားမထောင်မိဘူး၊ ရေခဲရေသောက်ချင်လို့ အသဲသန်လိုက်ရှာ နေတာ.. ဒါတွေကတော့ လိပ်ပြာအထီးလဲမဟုတ်၊ အမလဲမဟုတ်တဲ့ လိပ်ပြာအခြောက် gay butterfly တွေပါ ဆိုမှ omg ဆိုပီးလှည့်ကြည့်မိတယ်... သေချာတောင်မရိုက်ခဲ့ရဘူး...ထူးခြားတာတော့ အဲလိုလိပ်ပြာတွေက အတောင်နှစ်ဖက် ကိုယ်လုံးမညီဘူး..အတောင်အောက်ဖက်ပိုင်းတစ်ခုကသေးနေတာတို့... ကိုယ်လုံး ဖင်လေးနားမှာရှုံ့နေတာတို့...အဲဒါ Gay butterfly တဲ့... သူတို့က အထီးနဲ့တွေ့...အဲလေ...မပြောတော့ပါဘူး။
ဒီနေရာမှာ အခြောက်တွေပေါတာများ... လိပ်ပြာတောင်အလွတ်မပေးပါလားလို့ ပြောမိသေးတယ်။
ဒီအောက်မှာကြည့်... အဲဒါ တွေဘဲ..


ကျန်တဲ့ပုံတွေကတော့ ခြံထဲလိုက်ရိုက်ထားတာဘဲ....  battery ကုန်ခါနီးမို့ ပုံသိပ်မရိုက်ဖြစ်တော့ဘူး။


အဲဒီနေ့ကတော့အရမ်းလဲပင်ပန်းနေတော့ အပြန် ကမ်းနားဆိပ်ရောက်... SUPERCAT ဖယ်ရီပြန်စီးပီး... ဖယ်ရီ ပေါ်မှာဘဲအိပ်ပျော်သွားတာ... cebu ပြန်ရောက်တဲ့အထိဘဲ......  ပင်ပန်းညောင်းကိုက်ပီး...မလှုပ်နိုင် တော့လို့ အိပ်ရာပေါ်လှဲအချ တုန်းကနဲ့အိပ်ပျော်သွားတာဘဲ....
နောက်နေ့မနက်..လာနှိုးပြန်ပီ.... ထပီးယိုင်တိယိုင်တိုင်နဲ့... Plantation Bay ကိုရောက်သွားပါတယ်... ဒီနေ့အတွက် နေ့လည်စာလဲ ဒီမှာဘဲစားပီး တစ်နေကုန် ကြိုက်တာလုပ်ခွင့်ရှိပါတဲ့...
စိတ်ဝင်စားတဲ့သူတွေဒီမှာသွားကြည့်နော်..  Plantation Bay  

ရောက်ရောက်ချင်းမှာ ခန်းမ ကြီးတစ်ခုထဲကိုခေါ်သွားပီး သူတို့ resort အကြောင်းကိုရှင်းပြပါတယ်။ Horse riding, cycling, swiming pool (sea water/ fresh water), indoor games, fishing, climbing....
အကုန်လုပ်လို့ရပါသတဲ့..... အရင်ဆုံးလက်ပတ် ပတ်ပေးပါတယ်... လက်ပတ်မရှိတဲ့သူဆို ဒဏ်ငွေရိုက် မယ်တဲ့။ ကျွန်မက ပြုတ်ထွက်မှာစိုးရိမ်နေတာ...အောင်မလေးမလွယ်ပါဘူး..နောက် (၃)ရက်ထိဖြုတ်လို့မရလို့  ကတ်ကြေးနဲ့အတင်းဖြတ်ယူရတယ်..


waterproof... သူတို့ resort ရဲ့မြေပုံကိုလဲအယောက်တိုင်းပေးပါတယ်။  ကျွန်မနဲ့ သူငယ်ချင်းအမကြီးကတော့ စက်ဘီးလိုက်စီးမယ်..ပီးရင်..လျှောက်လှည့်ပတ်ကြည့်မယ်ဆိုပီး စက်ဘီးတွေဌားတဲ့ station ကိုရောက်အောင် မြေပုံနဲ့လိုက်ရှာရပါတယ်...  resort ကအကျယ်ကြီးဘဲ...အိမ်လေးတွေရော... ဟိုတယ်အကြီးရော... အစုံဘဲ.. အစစရာရာစနစ်တစ်ကျနဲ့လုပ်ထားတာတွေ့ရတယ်.. ကားလေးတွေက လိုက်ပတ်နေတယ်..ရပ်ခိုင်းပီး ကြိုက်တဲ့ နေရာကနေလိုက်စီးလို့ရတယ်..  ကန်ကြီးကလဲအကျယ်ကြီးဘဲ..ပင်လယ်နားမှာရှိတဲ့အတွက် ပင်လယ်ရေကို စစ်ပီး ရေကူးကန်ထဲကိုသွင်းထားတာ... အဆင့်ဆင့်စစ်ပီး...ရေကူးကန်ထဲထည့်ပီးသွင်းထား တာစိတ်ဝင်စားဖို့ကောင်းတယ်...  ဂဏန်း၊ ပုဇွန်မွေးထားတဲ့နေရာလဲသွားလေ့လာလို့ရတယ်.. ။။




 

 အဲဒီနေရာလေးကိုရေကူးသွားလို့ရတယ်... အလှလုပ်ထားတာပါ..ဒါကတော့တစ်ကယ့်ပင်လယ်ကြီးပါ...
နေ့လည်စာစားပီးတာနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်မယ့်အမကြီးနှစ်ယောက်နဲ့ taxi ဌားပီး စောစောပြန်လာ ခဲ့ပါတယ်... သူများတွေတော့ ရေကူးဖို့ကျန်ခဲ့တယ်.. ကူးကူးတော့ ဆားငံရေနဲ့ထိရင် ညဘက်ဒုက္ခရောက် တတ်တဲ့အတွက် ဆက်နေတော့ဘဲ သူတို့နဲ့လိုက်လာခဲ့ပါတယ်.. ဘန်ဂလိုလေးအ၀င်ဝမှာ ခြေထောက်ဆေး ဖို့ ရေခွက်လေးကိုသဘောကျလို့...ပင်လယ်ထဲကရေတွေကို ဟော်တယ်ထဲထိသွင်းထားပီး...ဘန်ကလိုလေး တွေအောက်ထိရေသွင်းထားတယ်...

 
သူတို့က Handicraft ဆိုင်မှာ လက်ဆောင် သွားဝယ်ကြမှာ....

 
သူတို့ဘာတွေဝယ်လဲတော့မသိဘူး.ကူးကူးတော့အဲဒီအသီးသစ်သားနဲ့ ထွင်းထားတာလေးတွေ ၀ယ်လာတယ်။ ဘာလို့လဲသိလား...အဲဒီအသီးလေးတွေကိုဖွင့်ကြည့်လို့ရတယ်..ဖွင့်လိုက်တာနဲ့ အထဲမှာ ရွှေပိုးကောင်လိုအကောင်တစ်ကောင်က လှုပ်စိလှုပ်စိနဲ့... သဘောကျလို့..


အပြန် taxi ပေါ်မှာ ကျွန်မချစ်ပါတယ်ဆိုသူတစ်ယောက်ဖုန်းဆက်နေတာကြောင့်... Ayala Mall ကိုရောက် မှန်းမသိရောက်လာပါတယ်.. ဘာတွေဆွေးနွေးမှန်းမသိစကားတွေများနေတာရော... သူတို့ကိုအားနာတာရော လွတ်လွတ်လပ်လပ်နေချင်တာရောကြောင့် အမကြီးနှစ်ယောက်ကိုနှုတ်ဆက်ပီး တည်းတဲ့ဟိုတယ်နဲ့လဲနီးတာမို့ ကိုယ့်ဘာသာကိုယ်ပြန်လာမယ်လို့ပြောပီး... လျှောက်လှည့်ပတ်ကြည့်နေ လိုက်ပါတယ်...

ပုံတွေဘဲအ၀ကြည့်သွားကြပါနော်...  ဒါကတော့ ခရီးစဉ် အပိုင်း (၃) ပေါ့...
ဒီနေ့ ကူးကူးစိတ်အရမ်းထိခိုက်စရာတစ်ခုကြောင့် အသည်းသန်ကိုငိုထားတော့ မျက်လုံးတွေအောင့်ပီးစပ် နေတာကြောင့် ကွန်ပြူတာသိပ်ကြည့်လို့မရဘူး... အသေးစိတ်မရေးပြတော့ဘူး..မေးစရာရှိရင်တော့ comment မှာချန်ထားလို့ရပါတယ်... ခံစားတတ်တဲ့နှလုံးသားတစ်စုံရှိတဲ့ Profile ကို အသစ်ပြင်မှဖြစ်မယ်...း(





 
Powered by Blogger