Pages

Sunday, February 28, 2010

ချ ထားခဲ့ပါ၊ လွှတ်ပစ်လိုက်ပါ။

ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ခုပါ။ ဘုန်းကြီးနှစ်ပါးအကြောင်းပေါ့။  ၀ါရင့်ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းကြီးအသက်ရွယ် အလတ်ပိုင်း တစ်ယောက်တို့ တောအုပ်တစ်ခုကိုဖြတ် ခရီးသွားရင်း လမ်းခုလတ်တစ်ခု မြစ်ကမ်းပါး မှာ အကူညီမဲ့စွာရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်..
မြစ်ကိုဖြတ်ကူးဖို့ မိန်းမသားတစ်ယောက်အနေနဲ့အခက်ခဲတွေ့နေတာမို့ ဘုန်းကြီးနှစ်ပါးကိုတွေ့တော့ ၀မ်းသာအား ရအကူညီတောင်းတယ်။  ဘုန်းဘုန်းအကြီးတစ်ယောက်က ချက်ချင်းဘဲ.. ကောင်းပါပီ ကူညီပါ့ မယ့်ဆိုပီး အမျိုးသမီးကို သူ့လက်မောင်းနဲ့ပွေ့ချီပီး မြစ်တံတားငယ်ကို ဖြတ်ကူး တစ်ဖက်ကမ်းရောက်တော့ ချပေး လိုက်တယ်။
ဘုန်းဘုန်းအငယ်တစ်ယောက်က ဇဝေဇ၀ါနဲ့ကြည့်နေတယ်.. ဒီဘုန်းဘုန်း ဘယ်လိုများလုပ်လိုက်တာပါလိမ့်..
ငါတို့တွေ အမျိုးသမီးတွေကိုထိလို့မရဘူးမဟုတ်လား...ဟင်း...ပိုဆိုးသေး အမျိုးသမီးကလဲချောတောတောနဲ့ သူက လက်မောင်းမှာတောင်ပွေ့ချီပီး သွားလိုက်သေးတယ်..
ဒါပေမယ့် သူ့စိတ်ထဲမှာသာပြောနေတာပါ.. ဘုန်းဘုန်းအကြီးကိုလှမ်းကြည့်လိုက် သူ့စိတ်ထဲမှာ မတင်မကျနဲ့ ဆက်ပီး လမ်းလျှောက်ခရီးသွားနေကြတယ်.. (၈)နာရီလောက်နီးပါးကြာတော့ သူ့စိတ်ထဲမှာ မကျေနပ် ဖြစ်နေ တာကိုဆက်ပီး ထိန်းထားမရတော့ စိတ်တိုတိုနဲ့ထပီးပေါက်ကွဲတော့တာဘဲ..
ကျွန်တော်ကတော့ခင်ဗျားကို သန့်ရှင်းရိုသေဖွယ်ကောင်းတဲ ဘုန်းဘုန်း၊မြင့်မြတ်တဲ့သူလို့ထင်ထားတာ.. ခင်ဗျားမို့ ဒီလိုမျိုး လုပ်ရဲတယ်...အမျိုးသမီးကိုလက်မောင်မှာပွေ့ချီသွားတယ်..အံ့ရောဘဲ..မထင်ရဘူး.. တဲ့
ဘုန်းဘုန်းအကြီးကပြန်ပြောတယ်..
ငါအမျိုးသမီးကို ကူညီပီး သူ့ကိုချီ မြစ်ဖြတ်ကူးတာ တစ်မိနစ်ဘဲ... ငါတစ်ဖက်ကမ်းရောက်တော့ သူ့ကို ချထား ပေးခဲ့တယ်..ငါသူ့ကို ချပီးတာနဲ့ သူ့ကို ငါ့စိတ်ထဲကနေလဲ လုံးလုံး ချခဲ့ပီးပီ.. မင်းကတော့ (၈) နာရီလုံးလုံး သူ့အကြောင်းကို စိတ်ထဲကနေတွေးပီး မချထားခဲ့နိုင်သေးဘူး... တဲ့
တစ်ခါတစ်လေကျရင် ကျွန်မတို့လဲဒီလိုဘဲ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ကိစ္စတွေ၊ စိတ်ဆိုးစရာတွေ၊ မကျေ နပ်ချက်တွေကို စိတ်ထဲမှာသယ်ထားတတ်တယ်...ဘာကြောင့်များစိတ်ထဲမှာ အလေးခံပီးသယ်နေကြမှာလဲ..
သတ်မှတ်နေရာတစ်ခုရောက်ရင် ချ  ထားခဲ့ကြဖို့စဉ်းစားရအောင်လား...

အမေနဲ့ ၄ နှစ်အရွယ်သားလေးတစ်ယောက် ရေချိုးခန်းမှာ သွားတိုက်နေကျတယ်..
မတော်တဆ ကလေးက သွားတိုက်နေရင်းလက်ချော်ပီး သွားပွတ်တံလွတ်ထွက်သွားတာ အိမ်သာခွက်ထဲ ကျသွားပါလေရော... ကောင်လေးကချက်ချင်းပြေးလက်နှိုက်ကောက်ပီး ပြန်သုံးဖို့လုပ်နေတဲ့အချိန်....
အမေက
သား..ရပ်လိုက်စမ်း.. သူ့သားလေးလက်ထဲက သွားတိုက်တံလေးကို လုပီးအမှိုက်ပုံးထဲထည့်လိုက်တယ်.. ပီးတော့အသစ်တစ်ခုထပ်ထုတ်ပေးတယ်...
သားလေးကမေးတယ်... မေမေ... ဘာလို့သားသွားတိုက်တံလွှတ်ပစ်လိုက်တာလ
ညစ်ပတ်နေပီလေသား...အိမ်သာခွက်ရေထဲကျသွားတာသားတွေ့တယ်မဟုတ်လား.. တဲ့..
အိုး..ဒါဆိုမေ့မေ့သွားပွတ်တံလဲလွှတ်ပစ်ရမယ်.. 
ဘာဖြစ်လို့လဲသားရဲ့ ..လို့သူ့အမေက သွားတိုက်နေရင်းလှမ်းမေးတယ်..
ဘာလို့လဲဆိုတော့ မေေ့မေ့သွားပွတ်တံ သားကြောင့်မနေ့က အိမ်သာခွက်ထဲကျသွားတာ လေ..အဲဒါ သားပြန်ကောက်ပီး ပြန်တင်ထားတာ... ညစ်ပတ်နေပီ..လွှတ်ပစ်လိုက်တော့ တဲ့..
ကျွန်မတော့မြင်ယောင်တယ်.. ကလေးအမေရဲ့မျက်နှာ စိတ်ဆိုးမှာလား၊ ချက်ချက်းသွားပွတ်တံကိုလွှတ်ပစ် လိုက်မလား...
သေချာတာတော့ သူ့သွားပွတ်တံသူလွှတ်ပစ်လိုက်မှာဘဲ...ကလေးကိုလဲစိတ်ဆိုးချင်ဆိုးလိမ့်မယ်..ခဏပေါ့။
ကျွန်မတို့စိတ်ထဲက မကောင်းတဲ့အညစ်ကြေးတွေဖြစ်တဲ့ ..စိတ်တိုတာတွေ၊ ဒေါသဖြစ်တာတွေ မကောင်းတဲ့ စိတ် လေးတွေ၊ မနာလိုမှုတွေ၊ ဟန်ဆောင်မှုတွေ၊ မလိုမုန်းထားတဲ့ အညစ်ကြေးတွေရော..သိသိရက်နဲ့ ဆက်ပီးသိမ်းထားကြအုံးမလား... အမှိုက်ဗုံးထဲ ပစ်လိုက်ဖို့ကြိုးစားရအောင်.. ဖြစ်ခဲ့ပီးတဲ့နေရာမှာဘဲ ချ ထားဖို့ ကြိုးစားကြရအောင်။။

Friday, February 26, 2010

ကြေးအိုးပူပူလေး

ကြေးအိုးစားချင်တဲ့ရောဂါကတော်တော်ဆိုးပါတယ်။ ဘယ်လောက်ထိလဲဆို ရန်ကုန်ပြန်ဖို့လက်မှတ်ချောင်း နေတဲ့အထိပါဘဲ။ ခရီးစဉ်တွေကလဲ ရန်ကုန်နဲ့ဘယ်လိုမှမအပ်စပ်လို့ငြိမ်နေရပေမယ့် google မှာ ကြေးအိုး လို့ ရိုက်ပီး သူများစားထားတာတွေလိုက်ငမ်းနေတာတစ်ပတ်ရှိပီ။
ကြေးအိုးကို ၀က်သားနဲ့ချက်တာအကောင်းဆုံးဘဲလို့ပြောကြတယ်။ ကူးကူးရန်ကုန်မှာတုန်းက ကြေးအိုး YKKO မှာသွားစားတယ်.. The Prome မှာစားတယ်...  YKKO ကြေးအိုးကိုတော့အကြိုက်ဆုံးဘဲ...
သူတို့ကတော့ ကြေးအိုးစပယ်ရှယ်လစ် ဆိုတော့ ပိုကောင်းတာလားတော့မသိဘူး။ The Prome မှာတုန်းက သူငယ်ချင်းကစတယ်... အရည်က ၀က်ရိုးပြုတ်ရည်နဲ့အတူတူဘဲတဲ့... အဖြစ်က ဆိုင်မန်နေဂျာကိုတောင်ခေါ် ပီး သေချာမေးယူရတယ်... သူတို့က ကြက်သားနဲ့လုပ်တယ်ပြောတာပါဘဲ။
မနေ့ကတော့ အွန်လိုင်းမှာ မမလုလု ကို သူလုပ်ပြထားတဲ့ကြေးအိုးကို ကြက်သားနဲ့ revised လုပ်ပေးဖို့ တောင်းဆိုရပါတယ်... သူကလဲစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်...
ကြက်ရိုး ကနေစတယ်... ကြက်ကဒီမှာအရိုးချည်းဘဲဝယ်လို့မရဘူး.. ပေါင်တစ်ခြမ်းလုံးကိုယ်တစ်ခြမ်းလုံးဝယ် လဲ အရိုးသတ်သတ် အသားသတ်သတ်လုပ်ခိုင်းလို့မရဘူး။ အဲဒါကြောင့် ၀ယ်ပီး နဲနဲလေး ခဏ ပြုတ်လိုက်တယ်။ ပီးမှဘဲ အသားတွေလှီးထုတ်၊ အရိုးတွေကို စတီးသံတုံးထုတဲ့ဟာလေးနဲ့ထုထုပီး  ...
ဂျင်းအရည်ရည်၊ ကြက်သွန်ဖြူညက်ညက်ထောင်းပီးထည့်၊ ဆားနဲနဲရယ်.. Knorr chicken cube ကို သကြားအစားထည့်ပီး အကြာကြီးတည်ထားလိုက်တယ်.. မမလုက အဖြူရည်ထွက်တဲ့အထိတည်လို့ ပြောတာ ဘဲ။ အခု ဗိုက်ဆာနေပီ... အရည်ကတော့မဖြူလာသေးဘူး။
တည်ထားတုံးမှာ... လှီးထားတဲ့အသားဖတ်လေးတွေကို နဲနဲသေးအောင်ထပ်လှီးပီး ဆား၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနဲ့ ဂျင်းညက်ညက်ကြိတ်ထားတဲ့အရည်ကို ရောပီး သမအောင်နှပ်ထားလိုက်တယ်...
မုန်ညှင်းစိမ်းကိုတော့ ရေဆေးပီး အဆင်သင့်လှီးထားလိုက်တယ်။
ငုံးဥလဲပြုတ်ပီး ခွာထားတယ်။ အသည်းအမြစ်လေးတွေလဲရေဆေးပီးအဆင်သင့်လှီးထားတယ်။
chicken ball လုပ်ထားတာတွေ့လို့ အဲဒါဘဲဝယ်လာလိုက်တယ် (အစကတော့ကိုယ့်ဘာသာကိုယ် ဘောလ် လုပ်မလို့ပါ၊ မတတ်နိုင်တော့ဘူး၊ ပင်ပန်းတယ်ဟ)
ဖက်ထုပ်ကြော်...(ဂျုံမှုန့်ကို နယ်... အပြားလေးတွေလုပ်ပီး အထဲမှာ ဂေါ်ဖီ နဲ့ကြက်သွန်နီ တောက်တောက်စင်း ထည့်လိပ်ပီးကြော်ထားလိုက်တယ်၊ နဲနဲတော့ ရုပ်ဆိုးတဲ့ ဖက်ထုပ်လေးပါ)
တွဲစားမယ့် ဆော့စ် ငရုတ်ဆီကိုတော့ တစ်ခါတည်း ဗြောင်းဆန်အောင်စပ်တဲ့ဟာ ၀ယ်လာလိုက်တယ်.. ငရုတ်သီးစိမ်းအဆင်သင့်မရှိတာကြောင့်လှီးထည့်ဖို့မဖြစ်နိုင်တော့ဘူး...
ဂေါ်ဖီနဲနဲကျန်တာကို ရှလကာရည်နဲ့နှပ်ထားလိုက်တယ်... အချဉ်လိုရင်ထပ်ထည့်စားလို့ရအောင်ရယ်ဒီ..
ကြာဇံကိုတော့ မမလုက corn vermicelli ၀ယ်ပါလို့ပြောပေမယ့်ရှာမတွေ့ဘူး၊ corn starch vermicelli ဘဲရှိတယ်။ အဲဒါတွေက ပြုတ်လိုက်ရင် ကပ်စီးကပ်စီးနဲ့မို့ မ၀ယ်ခဲ့ဘူး၊ ရိုးရိုးတရုတ်ကလာတဲ့ ကြာဇံဘဲရေစိမ်ထားတယ်။ 
စားဖို့အတွက်ပြင်ဆင်ဖို့ကတော့....
နှပ်ထားတဲ့ကြက်သားတွေကို အိုးထဲထည့်အရင်လှော်လိုက်တယ်.. (အသားလေးနဲနဲအပေါ်ယံတင်းပီညိုညို လေးဖြစ်အောင်လို့)
ပီးရင်တော့ ကြက်ရိုးပြုတ်ရည်ကို ထည့် ပွက်ပွက်ဆူရင် ကြာဇံထည့်၊ chicken ball လေးတွေထည့်၊ အသည်းအမြစ်လေးတွေလှီးထားတာကိုထည့်၊ ငုံးဥလေးတွေထည့်.. ကဲ...
ကြေးအိုးဖြစ်ပီမဟုတ်လားနော်...း)   
** ကြာဇံကလုံးဝအဆင်မပြေပါဘူး..စားလို့တော့ကောင်းတယ်..ဒါပေမယ့် ဒီလိုကြာဇံထက် မြန်မာပြည်က ကြာဇံမျိုးရှာဝယ်လို့ရရင်ပိုကောင်းမှာ...

Wednesday, February 24, 2010

ကျုပ်တို့ကိုဘယ်အချိန်စားမလဲ

ကဲ...  အသီးတွေစားပေးတယ်ဆိုတဲ့သဘောက အသီးတွေဝယ်တယ်၊ အခွံနွှာတယ်၊ လှီးတယ်.. ပါးစပ်ထဲ တန်းထည့်လိုက်တာပါဘဲလား။ ဒါပေမယ့်အဲလောက်မလွယ်ကူပါဘူး။ ငွေကြေးကုန်ကျခံဝယ်ယူ ထားတဲ့အသီးနှံတွေ ဘယ်လိုစားရမလဲ၊ ဘယ်အချိန်မှာ စားရမလဲ ဆိုတာသိဖို့ ပိုအရေးကြီးလှပါတယ်။
ဒါဆိုရင် အသီးနှံစားတာဘဲ..ဘယ်လိုစားမှ အကျိုးအာနိသင်ရှိမှာလဲ..???
ဘယ်လိုဘယ်ပုံ အသီးတွေစားသင့်သလဲ... 
အဓိက ပြောချင်တာကတော့ အသီးတွေစားတဲ့အခါမှာ ဗိုက်ထဲမှာ ဘာအစာမှရှိမနေစေပါနဲ့...
အစာအိမ်ဟောင်းလောင်း..ဆာလောင်နေတဲ့အချိန်မှာစားပါ..
အစားတစ်ခုခုစားပီးမှ အသီး စားဖို့ မစဉ်းစားပါနဲ့...
ဒါကြောင့် အသီးတွေကို ထမင်းစားပီးတဲ့အခါတို့ အခြားအစားသောက်စားပီးတဲ့အချိန်မှာမစားမိပါစေနဲ့။
သူငယ်ချင်းတို့လဲကြားဖူးကြမှာပါ.. ငါကွာ..ဖရဲသီးစားပီးတိုင်း လေအန်..တယ်၊ ဒူးရင်းသီးစားရင် ဗိုက်ပွတယ်၊ တစ်ချို့ကတော့ ငါဌက်ပျောသီးစားပီးတိုင်းအိမ်သာပြေးချင်တာဘဲ...စသည်ဖြင့် ပြောနေကြပါတယ်။
တစ်ကယ်တော့ အသီးတွေစားလို့ ဖြစ်လာပါတယ်ဆိုတဲ့ဆင်ခြေတွေက သူငယ်ချင်းတို့ဝမ်းဗိုက်ထဲမှာ အစာ အခံမရှိဘဲ.. အစာအိမ်ဟောင်းလောင်ဖြစ်နေတဲ့အချိန်၊ ဆာလောင်နေတဲ့အချိန်မှာ အသီးတွေစားရင် ဒီလို ပြသနာတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။
ဆံပင်ဖြူလာတာတို့၊ ထိပ်ပြောင်တာတို့၊ စိတ်လှုပ်ရှားပေါက်ကွဲတာတို့၊ မျက်ကွင်းညိုတာတို့... အဲဒါတွေကို လွယ်လွယ်လေးနဲ့ကာကွယ်နိုင်ဖို့အတွက် ၀မ်းဟာတဲ့အချိန်မှာသာ အသီးတွေစားပေးပါ။
(ကျွန်မတို့ မြန်မာများဓလေ့..အစားသောက်စားပီးရင် အသီးနှံလေးနဲ့အချိုတည်းလိုက်ရမှ၊ အဆုံးသတ်မှာမှ အသီးကိုစားလေ့ရှိပါတယ်။ ဒီတစ်ခေါက်ရန်ကုန်ပြန်တော့ အချို့ စားသောက်ဆိုင်တွေမှာ အစားသောက် အကုန်ပီး ပြန်ခါနီးမှာ အသီးလိုက်ပွဲလေးတွေ အလကားချပေးနေပါပီ)
လိမ္မော်သီး၊ သံပုရာသီးလောက် အက်စစ်ဓာတ် (အချဉ်ပေါက်) တာ မရှိတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အသီးတွေအကုန်လုံး က လူကိုယ်ခန္တာမှာ အယ်လ်ကယ်လိုင်း (having a pH greater than 7)ဓာတ်ဖြစ်လာပါတယ်လို့ ဒီအကြောင်းကို လေ့ လာသုတေသနလုပ်တဲ့ ဒေါက်တာကပြောပါတယ်။ 
(Alkali ဆိုမှ ဒီမှာ ရေသန့်ဗူးတွေရောင်းရင် Alkali ပါတဲ့ဟာဆိုပိုဈေးကြီးတယ်၊ နှစ်ဆနီးပါကြီးတယ်။ ကျမ်းမာရေးအတွက်ရော ခန္တာကိုယ်ခံအားအတွက် အရမ်းကောင်းတာကြောင့် ကျွန်မလည်း အခုဆို alkali သောက်ရေသန့်ကိုဘဲ သောက်တော့တယ်) 
အကယ်လို့ အသီးတွေကိုဘယ်လိုဘယ်ပုံစားသုံးရမယ်၊ ဘယ်အချိန်မှာစားသင့်တယ်ဆိုတာကို နားလည် သဘောပေါက်ပီး လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ လူတွေရဲ့ အလှပဆိုင်ရာလျို့ဝှက်ချက်၊ အသက်ရှည် အနာမဲ့ကြောင်း၊ ခန္တ်ာစွမ်းအင် ကိုယ်အလေးချိန်မျှတာပီး ပျော်ရွှင်မှုအသက်တာ ကို အလိုလိုနေရင်း ရရှိလာ ပါလိမ့်မယ်။
အကယ်လို့ သင်ဟာ ဖျော်ရည်တစ်ခုခုသောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်..  အသီးဖျော်ရည်စစ်စစ်ကိုသာသောက် ဖို့ စာရေးသူကတိုက်တွန်းထားပါတယ်။ သံဗူး၊ စက္ကူဗူး၊ ပလတ်စတစ်ဗူးစတဲ့ အဆင်သင့်သောက်သုံးနိုင်ဖို့ ရောင်းတဲ့ ဖျော်ရည်တွေမသောက်မိပါစေနဲ့တဲ့။ (ခက်တော့ခက်သား၊ အသီးစစ်ဖျော်ရည်ဆိုတာလဲ ကိုယ်တိုင် လုပ်နိုင်အုံးမှ... အရေးကြောင်းပြေးလွှားမောပန်းလို့ ဖျော်ရည်သောက်ချင်ရင် အလွယ်တစ်ကူ အဆင်သင့် ဗူးနဲ့ဝယ်သောက်လိုက်တာဘဲ၊ ဒီမှာတော့ supermarket တွေမှာ ကိုယ်လိုချင်တဲ့အသီး လက်ညှိုးထိုးတစ်ခါ တည်း စက်နဲ့ညှစ်ချပေးပါတယ်။ ရေမရောပါဘူး။ ဈေးကတော့မြင့်ပါတယ်) မြန်မာမှာတော့ ရှိပါတယ်..
ကြံရည်လေ.. စစ်/မစစ်တော့မသိဘူး..သူများပြောတာတော့ ကြံချောင်းတွေအခွံနွှာပီး သကြားရည်ထဲ ထည့်စိမ်တယ်ဆိုလား )..
ပီးတော့ အသီးဖျော်ရည်မှာတောင် အပူပေးထားတဲ့ဟာကိုမသောက်မိပါစေနဲ့တဲ့။
ချက်ထားတဲ့ အသီးတွေကိုလဲမစားပါနဲ့တဲ့... ချက်လိုက်တယ်..ကြော်လိုက်တဲ့အတွက်..အဟာရဘာမှ မရှိတော့လို့ပါ။ (ပန်းသီးကြော်လား၊ စပျစ်သီး ချက်လား၊ ကြားဖူးပေါင်)
အပူပေးချက်ပြုတ်လိုက်တာက  အသီးတွေထဲမှာပါတဲ့ အဟာရတွေအကုန်လုံးပျောက်ပျက်စေပါတယ်။
(ကျွန်မတစ်ညနေက ဆရာလင်မယား ညနေစာခေါ်ကျွေးလို့သွားစားတယ်.. haystacks လုပ်စားတယ်..
chips တွေအပေါ်မှာ ပဲညိုပြုပ်ထားတာတွေတင်၊ ခရမ်းချဉ်သီးလှီးထားတာတွေထည့်၊ ကျန်တာအကုန် အသီး တွေဘဲ..ထောပတ်သီးလဲပါတယ်.. ခရမ်းချဉ်သီးဆော့ခ်၊ မယိုးနီစ့်.. အဲဒါတွေအကုန်ရောစားတာ.. အသီးရွက် တွေလဲပါတယ်.. ပဲနဲ့ chips ကလွဲလို့ကျန်တာအားလုံးအစိမ်း၊ သူ့ဇနီးက အသီးရွက်တွေကို bleach နဲနဲထည့် ရေ ထဲမှာ ၂မိနစ်လောက်စိမ်လိုက်တယ်..အဲဒါမှ ထပ်ရေဆေးပီး အစိမ်းစားရတဲ့အကြောင်းပြောပြတယ်၊ အစိမ်းစားဖို့တော့မရဲလှဘူး..ဈေးထဲမှာဘယ်လောက်တောင်ညစ်ပတ်နေလဲ၊ ဘာရေတွေနဲ့ ထပ်ထပ်ဖျန်းနေ လဲမသိဘူးလေ၊ supermarket မှာဝယ်တဲ့အရွက်တွေတောင် သိပ်စိတ်ချရတာမဟုတ်ဘူး၊ ကျွန်မတို့အတွက် ချက်ပြုတ်တာ အဆန်းမဟုတ်ပေမယ့် အဖြူတွေကတော့ အားလုံးအစိမ်းစားရတာပိုနှစ်သက်တဲ့ပုံပါဘဲ။ ပေါင်မုန့်ကလွဲရင်ပေါ့)။
မနေ့ကချစ်သူကဆူတယ်၊ အစိမ်းတွေမစားပါနဲ့ ချက်ပီးမှစားပါ.... ဘာညာကွိကွ....
သူလဲအသက်ကြီးလာတယ်ထင်တယ်တော်တော်ပွစိပွစိ ဆူနိုင်လွန်းတယ်...
ကျွန်မလဲ သူများအစိမ်းစားတာအားကျပီး ကန်ဇွန်းဥရွက်အစိမ်းသုပ်တင်မိပါတယ်....
လာပါ၊ဆူပါ၊ လက်ယပ်ခေါ်သလိုကိုဖြစ်နေတာ..
....
အသီးတစ်လုံးအကုန်စားပစ်တာက ဖျော်ရည်သောက်တာထက်ပိုကောင်းပါတယ်တဲ့။ အကယ်လို့ ဖျော်ရည် အဖြစ်နဲ့သောက်မယ်ဆိုရင် တစ်ငုံချင်းပါးစပ်ထဲထည့် ဖြည်းဖြည်းမျိုချပါ။ ဘာကြောင့်လဲဆိုတော့ ပါးစပ်ထဲ က တံတွေးအရည်တွေနဲ့ အတူရောပီး မျိုချတာပိုပီးအကျိုးအာနိသင်ရှိလို့ပါတဲ့။
စိတ်ဝင်စားရင်စမ်းကြည့်လို့ရတယ်... (၃)ရက်အစာရှောင်ပီးအသီးနဲ့ဖျော်ရည်ဘဲ စားမယ် သောက်မယ်ဆိုရင် သင့်အသားရည်နဲ့ ခန္တာကိုယ် ထူးခြားတောက်ပလာတာ အနားပတ်ဝန်းကျင်ကသူငယ်ချင်းတွေ သတိပြုလာ မိလိမ့်မယ်။
အသီးတွေနဲ့အဟာရတွေအကြောင်းနဲနဲထပ်ပြောပြအုံးမယ်။
ကီဝီသီး    -    သေးပေမယ့်အားကြီးတယ်.. (ပုဇွန်ဆိတ်လေးဘယ်လိုငယ်..)  Potassium, Magnesium, vitamin E နဲ့ အမျင်ဓာတ်တို့အတွက် အကောင်းဆုံးစားသင့်တဲ့အသီးဖြစ်ပါတယ်။ လိမ္မော်သီး ထက်Vitamin C နှစ်ဆ ပိုပါတယ်။ (ကီဝီ မြန်မာမှာမတွေ့ဘူး..စိုက်ဖို့အကြံပေးသင့်တယ်ထင်တယ်)
ပန်းသီး    - သူကတော့နာမည်ကြီးပါတယ်.. တစ်ရက်ပန်းသီးတစ်လုံးစားရင် ဒေါက်တာ ပြေးတယ်ဆိုဘဲ.. ပြောချင်တာတော့ ရောဂါ ကင်းတယ်ပေါ့..  အူမကြီးကင်ဆာ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့အတွက်စားသင့်ပါတယ်လို့အကြံပြုထားပါတယ်။
စတော်ဗယ်ရီ   - ကာကွယ်ရေးဝန်ကြီးသဖွယ်ပါ.. ကြောက်ဖွယ်ကောင်းတဲ့ ကင်ဆာရောဂါဆိုး နဲ့ သွေးခဲ တတ်တဲ့ရောဂါကို အင်မတန်ကာကွယ်နိုင်တဲ့အသီးမို့စားကြပါ(ပြင်ဦးလွင်ကလူတွေတယ်ကံကောင်းပါ့)
လိမ္မော်သီး    -  အချိုဆုံးဆေးသီးပါ... အအေးမိဖျားနာတဲ့အခါလိမ္မော်ရည်များများသောက်၊ နှာစီး ချောင်းဆိုးအတွက်တင်မက ကျောက်ကပ်ကျောက်တည်တာမဖြစ်ဖို့လဲ ကာကွယ်ပေးပါတယ်..
အူမကြီးကင်ဆာဖြစ်နိုင်တဲ့ဆိုးကျိုးတွေကိုလဲ ကာကွယ်နိုင်ပါတယ်တဲ့။
ဖရဲသီး - ရေငတ်ပြေ အေးမြချိုမြိန်တဲ့အသီးပါ... ဖရဲသီး ၉၂% က ရေဓာတ်တွေချည်းဘဲ။ ခန္တာကိုယ်စွမ်း အားကိုပြန်လည်မြှင့်တင်ပေးနိုင်တယ်။
မကလာသီးနဲ့ သင်္ဘောသီး   -  ဗီတာမင် (စီ) ဓာတ်အပြည့်ဝပါဝင်တယ်.. အခြားအသီးတွေထက်စာရင် သူတို့က ဗီတာမင်စီပါဝင်မှုမှာ နံပါတ်(၁)ဘဲ။  မကလာသီးကတော့ အမျှင်ဓာတ်တွေများစွာပါဝင်တဲ့အတွက် ၀မ်းချုပ်တာခြင်းကိုမဖြစ်အောင်တားဆီးပေးပါတယ်။ မျက်လုံးအမြင်ကြည်လင်အားကောင်းဖို့အတွက် သင်္ဘောသီးကိုစားပေးဖို့လဲမမေ့ပါနဲ့အုံး။
အစားစားပီးပီးချင်းရေခဲရေသောက်တာ - ကင်ဆာ ကိုဖိတ်ခေါ်တာဘဲ...တဲ့။ ယုံမလားတော့မသိဘူး။ ကျွန်မကတော့ ရေဆိုအေးအေးလေးဘဲသောက်ချင်တာ. ထမင်းစားပီးတာဖြစ်ဖြစ်၊ ရေဆာတဲ့အချိန် ဖြစ်ဖြစ် ရေအေးအေးလေးသောက်လိုက်ရမှ... ကဲ..စားပီးပီးချင်းရေခဲရေသောက်ပါပီတဲ့..
အေးတဲ့ရေက ကျွန်မတို့စားလိုက်တဲ့အစာတွေထဲက အဆီတွေကို ခဲစေတယ်.. အထူးသဖြင့် မြန်မာထမင်းဟင်းဆို ဆီပြန်လေးမှ... ဆိုတာတွေသတိထားနော်.. ထမင်းစားပီး ရေနွေးကြမ်းပူပူလေးနဲ့ သာမျောချပေတော့။  ရေအအေးနဲ့ထိတွေ့ထားတဲ့ စားထားတဲ့အဆီတွေက ခဲပီးတော့ အစာကြေချက်မှု ကို နှောင့်နှေးစေတယ်။ စားလိုက်တဲ့အစာတွေကတော့ အစာအိမ်က အက်စစ်နဲပထိတွေ့ပီး အစာကြေချက်ပီး အူတွေက စုပ်ယူပီးနောက်မှာ ရေအေးကြောင့်ခဲနေတဲ့အဆီတွေကကျန်ခဲ့ပါတယ်။  အူလမ်းကြောင်းက အလွယ်တစ်ကူမစုပ်ယူနိုင်တဲ့အတွက် အဲဒီထဲမှာတန်းစီကျန်ခဲ့ပီး မကြာပါဘူး... အဆီခဲအဖြစ်ပြောင်း သွားပီး တော့ ကင်ဆာဖြစ်လာနိုင်တဲ့အတွက်... ပူနွေးတဲ့ဟင်းရည်၊ ဒါမှမဟုတ် ရေနွေး ကို အစားစားပီးချင်းသောက် ပေးဖို့ သတိပေးလိုက်ပါရစေ...
(ကျမ်းမာရေးဌာနက အန်တီတစ်ယောက် အဝေးကနေ တစ်ကူးတစ်ကလှမ်းပို့ပေးတဲ့စာလေးမို့ တတ်သလောက် မှတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ်၊ မှားတာတွေ့လဲ ခွင့်လွှတ်၊ အဓိက ကျမ်းမာရေးနဲ့ဆိုင်တဲ့အချက်လေးတွေမှတ်သားမိရင်ကျေနပ်ပါပီ။  အထူးသဖြင့် ကျွန်မတို့တွေ မှားယွင်း နေတဲ့အစာစားပီးတိုင်းအသီးစားတတ်တဲ့အကျင့်လေးတွေကို သတိထားဆင်ခြင်ကြပါလို့။
မြန်မာလိုစာလုံးစီတာအဆင်မပြေတာရှိရင်နားလည်ပေးကြပါ)



Sunday, February 21, 2010

ကန်ဇွန်းဥရွက်အစိမ်းသုပ်

အခုတစ်လော Pasta ဆိုတဲ့ ကိုးရီးယားဇတ်လမ်းတွဲလေးကြည့်နေတယ်။ အစပိုင်းဘဲရှိသေးတယ်။ Pasta ကိုအရမ်းကိုစိတ်ဝင်စားနေမိတယ်။ လုပ်တတ်ချင်တာပါ။ Pasta စားဖူးတယ်..ဆိုင်မှာတော့မဟုတ်ဘူး၊ သူများ လုပ်ကျွေးတာစားဖူးတာ..မဆိုးပါဘူး။ Spaghetti ကိုတော့မကြိုက်ဘူး။ ချိုရဲရဲနဲ့ ဘာအရသာမှန်းကိုမသိဘူး။ ဒီမှာ Spagetti ဆော့စ် တွေရောင်းတယ်..အဲဒါကို ခေါက်ဆွဲနဲ့ရောစားကြတာဘဲ.. မ၀ယ်တတ်လို့လားမသိချိုရဲရဲကို ဖြစ် နေတာကိုမကြိုက်ဘူး။ ရုံးမှာ ပီးခဲ့တဲ့အပတ်က overtime 12 နာရီကျော်ထိဆိုတော့ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် အကိုကြီးတစ်ယောက်ကို အ၀ယ်တော်လွှတ်လိုက်တယ်.. ဒီကလူတွေများ Spaghetti တယ်လဲကြိုက်ကြသကိုး..  မှာလိုက်တာ(၁၀) ယောက်မှာ (၉) ယောက်က Spaghetti တဲ့လေ...
Mall ကစားသောက်ဆိုင်တွေ..fast-food ဆိုင်တွေမှာလိုက်ရှာတာ..မသင်္ကာလို့မေးကြည့်တော့ တစ်ခုမှ ၀က်သား နဲ့မလွတ်ဘူး.. ဆော့စ် ထဲမှာထည့်ချက်ထားတာ..ကံကောင်းချင်တော့ သေချာမေးကြည့်မှ ဆိုင်အကုန်လုံးနီး ပါး ၀က်သားနဲ့မလွတ်ဘူး... ကျွန်မအပြင်မှာတစ်ခါမှစမ်းမစားဖူးတာတော်သေးတယ်။  နောက်ဆုံးတော့ KFC လိုက်ရှာပီး သူတို့ဆီက spaghetti ကတော့ ၀က် နဲ့လွတ်တယ်ဆိုမှ စိတ်ချလက်ချ ၀ယ်ရတယ်.. 
ဒီကလူတွေဝက်သားအရမ်းကြိုက်ကြတယ်.. ဘာမဆိုဝက်မပါရင်မပီးဘူး။ ၀က်သားမစားတဲ့ ကျွန်မတို့ တစ်တွေကတော့ တော်တော့ကို အခက်တွေ့တယ်.. တစ်ခေါက်လဲ စားသောက်ဆိုင်တစ်ခုမှာ ဘူဖေးစတိုင် လုပ်ထားတာ... စားချင်စရာတွေကြီးဘဲ.. ပန်းကန်ယူ..တန်းစီပီးမှ တစ်နေရာအရောက် ၀က်ခေါင်းကြီး ကင်ပီး ချထားတာတွေ့လို့ ပြန်လှည့်ထွက်လာခဲ့ရတယ်..
ဝက်သားမစားဖူးတော့ ဘာအရသာလဲမသိဘူး ဒါပေမယ့် လူကြိုက်များပုံထောက်တော့ ကောင်းလို့ ဖြစ်မယ် ထင်တာပါဘဲ.. မြန်မာစကားပုံတောင်ရှိသေးတယ် အသီးမှာသရက်၊ အသားမှာဝက် ဆိုလား..
ကျွန်မတို့ကတော့ ဘာသာရေးအရရော၊ မွေးကတည်းက မျိုးရိုးစဉ်ဆက်မစားတာကြောင့်သာ ၀က်ဆို ရှောင် နေရပေမယ့်.. ၀က်သားကိုအဓိကထား စားတဲ့နေရာမျိုးရောက်နေရတာ အစားသောက်အရမ်းခက်ခဲ ပါတယ်။  အခြားအသားဝယ်မယ်ဆိုပြန်တော့လဲ ၀က်သားနဲ့တွဲရောင်းပြန်ရော.. သတ်သတ်ကန့်ထားပေ မယ့် စဥ့်နီတုံး..သုံးတဲ့ဓား.. ချိန်တဲ့နေရာ..အကုန်တူတော့ စိတ်ထဲမှာတစ်မျိုးကြီးရယ်ကြောင့် နောက်ဆုံးတော့ လည်းသတ်သတ်လွတ်စခန်းရောက်တာပါဘဲ...
ဒီနှစ်အတွင်မှာ ကျွန်မခေါင်းအရမ်းမူးတာ လည်နေအောင်မူးတာ နှစ်ခါရှိပီ.. ပီးခဲ့တဲ့လက တစ်ခါ..
၅ ရက်လောက်ကြာတယ်.. ဒီတစ်ခေါက်လည်းထိုနည်းလည်းကောင်းဘဲ.. မသောက်ဘဲ မူးနေတာအဲလို..
ချစ်သူကပြောတယ်.. အသားမှမစားတာတဲ့.. ကျွန်မက အတွန့်တက်တယ်.. အသားမစားလဲ ပဲတို့ အခြားအဟာရဖြစ်မယ့်ဟာတွေစားနေတာဘဲလို့... သူကလက်မခံပါဘူး... အသားစားပေးသင့်ကြောင့်ဘဲ တရားချပါတယ်။ ကျွန်မလဲ အသားဝယ်ရတာ အခက်ခဲဖြစ်တဲ့အကြောင်း.. ရှင်းပြရတာလဲ ခဏခဏပါ။ 
အသားမစားရင်တောင်မှ အခြားသီးနှံနဲ့ ပဲ..ငါး စသည်တို့ကို အချိုးကျကျ အစုံလင်ချက်ပြုပ်စားသောက် နိုင်မယ်ဆိုရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် အလုပ်ချိန် နဲ့ ဘလော့ လည်ချိန်နဲ့ လူမှုရေး(ငွေမရခေါင်းရှုပ်) အလုပ်တွေနဲ့ရွာလည်နေတော့လည်းခက်သား။
ကြာသပတေးနေ့က ဖေဖေါ်ဝါရီလမွေးနေ့ရှင်တွေ စုပီး နေ့လည်စာကျွေးတယ်.. အစုံလင်ဘဲ...
ထုံးစံအတိုင်းအကုန်လုံးသတ်သတ်လွတ်ပါ.. အဲဒီအထဲမှာ ကျွန်မမျက်စိကျနေတာ.. ကန်ဇွန်းဥအရွက်အစိမ်း ကို အစိမ်းသုပ်ထားတာကိုပါ... ကန်ဇွန်းရိုးအစိမ်းသုပ်တော့စားဖူးတယ်.. ကန်ဇွန်းဥအရွက်ကိုတော့ တစ်ခါ မှမစားဖူးလို့ မြည်းကြည့်တာ ကောင်းတာနဲ့ အိမ်မှာသီးသန့်လုပ်စားဖြစ်တယ်။
ကန်ဇွန်းဥအရွက်စိမ်း (sweet potato leaves) ကို ရေစင်အောင်ဆေး..ပါးပါးလှီးပီးတော့ ရှလကာရည်ရယ် ဆားရယ် နဲနဲထည့်ပီး ရေ (၂) မိနစ်လောက်ဘဲစိမ်ရတယ်..
ပီးရင်ထုတ်၊ ရေစစ်ပီးရင် 
ကြက်သွန်နီ လှီး၊ ခရမ်းချဉ်သီးတွေ အစေ့ထုတ်ပီး အတုံးလေးတွေလှီး..
ငရုတ်သီးလတ်လတ်ဆတ်ဆတ် အနီတောင့်ကို လည်းအစေ့ထုတ်ပီးပါးပါးလှီး..
ဆား နဲ့ နှမ်းဆီ၊ နှမ်းလေးတွေဖြူးပီးသုပ်စား....အချဉ်ထပ်လိုချင်သေးတယ်ဆိုရင်တော့ သံပုရာသီးလေးညှစ် လိုက်ပါ... လတ်လတ်ဆတ်ဆတ်နဲ့အရမ်းလဲစားလို့ကောင်းပါတယ်။

အရင်က အသီးရွက်အစိမ်းသုပ်တော့မယ်ဆို ဆီချက်သတ်လေ့ရှိပေမယ့် အခုတော့ အစိမ်းသုပ်ဆို အားလုံး အစိမ်းဖြစ်မှပိုအရသာရှိတယ်ဆိုတာကို မွေးနေ့ရှင်တွေထဲက အာဖရိက ပြောင်းလာတဲ့ Canadian အန်တီ က ပြောပြလို့သိရပါတယ်။

Thursday, February 18, 2010

တောမြိုင်ရှုခင်း (၂)

တောမြိုင်ထဲက သစ်ပင်ချုံနွယ်တွေရယ်..
သဘာဝအလျှောက်စီးနေတဲ့ရေတံခွန်ကြီးရယ်..
အောက်ခြေက ရေကန်အိုင်လေးမှာ ရေကူးပျော်မြူးနေကြတာတွေရယ်..
စိမ်းဆိုနေတဲ့စပါးခင်းနဲ့ ရွာတောစပ်ကတဲအိမ်လေးတွေရယ်..
အိမ်သုံးတံမြက်စည်းကို အုန်းရွက်အရိုးတံလေးတွေထွင်ပီးစည်းနေတာရယ်..
သစ်အိမ်ရှင်လေးရဲ သမီးငယ်လေးရယ်..
အစားသောက်ချက်ပြုတ်တဲ့ မီးဖိုတဲလေးရယ်..
စပါးခင်းနောက်ကတောအုပ်လေးနဲ့ တောင်တန်းတွေရယ်အလှ...ပန်ချီရေးမှီနိုင်မယ်မထင်ပါဘူး။
နောက်ဆုံးပုံလေးကတော့ ရွာထဲကကလေးလေးတစ်ယောက် ကျောင်းသွားတဲ့လမ်း လယ်ကွင်းတွေဖြတ် ကျောပိုးအိတ်လေးလွယ်ပီး.....
ဘယ်လောက်ခက်ခဲပါစေ..ဘ၀ကြမ်းတမ်းပါစေ.. အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးဖို့ ဆိုတာ သူတို့တွေရင်ထဲမှာ အုတ်မြစ်သဖွယ်ဖြစ်နေတဲ့စိတ်ဓာတ်ကိုလဲချီးကျုးမိတယ်...
တောမြိုင် သွားလာရခက်ခဲတဲ့နေရာလေးတွေမှာ လခ မဖြစ်စလောက်လေးနဲ့ ကလေးတွေကို အခမဲ့နီးပါး ပညာသင်ပေးနေတဲ့ ၀န်ထမ်းတွေ၊ ကျမ်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် ဆရာမလေးတွေ စိတ်ဓာတ်ကိုလည်း ချီးကျုးမိပါရဲ့....

 

Tuesday, February 16, 2010

တောဓလေ့ရှုခင်း (၁)

ဒီပုံလေးတွေကြည့်ရင်း ရွာတောအလွမ်းပြေနိုင်ပါစေနော်...
စမ်းချောင်းလေးရယ်.. သဘာဝအလျှောက်စီးနေတဲ့ရေတံခွန်ရယ်... ကျွဲ ရုပ်ကြီးနဲ့ကလေးရယ်..
တောပန်းလေးတွေရယ်... ခံစားကြည့်ရအောင်...


Sunday, February 14, 2010

ဒန့်သလွန်သီးဟင်း

ဒီနေ့ တရုတ်နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့...  ကျွန်မသူငယ်ချင်းတွေကတော့ သူ့အစီစဉ်နဲ့သူ အလုပ်တွေရှုပ် နေကြတယ်..တစ်ယောက်ဆီကမှအဆက်သွယ်မရဘူး။ မနေ့ညက Chicken Invader ဆော့နေတာ ညနက် သွားတယ်။ နိုးတော့ (၁၀)နာရီထိုးနေပီ။
သောကြာနေ့ညနေ ညီမ၀မ်းကွဲက တောင်ပေါ်ကဈေးဖက်သွားရအောင်ဆိုလို့လိုက်သွားတယ်...
လေအေးအေးနဲ့ ပြင်ဦးလွင်လိုမျိုးနေရာပေါ့.. ပန်းပင်လေးတွေလဲလှလိုက်တာ..ပန်းတွေလဲအမျိုးမျိုးဘဲ။
တော်တော်ရောင်းကောင်းတဲ့အချိန်ပေါ့။ အသားတွေလဲရောင်းတယ်၊ အသီးရွက်တွေလဲများတယ်...
ထူးထူးဆန်းဆန်း supermarket တွေမှာဝယ်လို့မရတဲ့ ဒန့်သလွန်သီးအစည်းလိုက်ရောင်းနေတာတွေ့တော့ ၀မ်းသာအားရ၀ယ်ခဲ့တယ်..အသီးရွက်ဈေးကိုကျွန်မအရမ်းကြိုက်တယ်..ဈေးသွားလိုက်ရင်စိတ်ဝင်စားစရာတွေ ချည်းဘဲ..ချက်စားချင်စရာတွေချည်းဘဲ... လမ်းကြုံတုန်းဝယ်လိုက်အုံးမှဆိုပီး ပြန်ရောက်ရင်သာ မချက်ချင်တော့တာ..
ဒီနေ့တော့ အိပ်ရာနိုးတော့ ဒန့်သလွန်သီးဟင်းချက်စားဖို့စိတ်ကူးလိုက်တယ်..
overtime ရှိလဲ ဒီနေ့တော့ ပေတေပီးမေ့ချင်ယောင်ဆောင်လိုက်မယ်စိတ်ကူးပီး ဟင်းချက်ဖို့အတွက် ဒန့်သလွန် သီးကို ဓားနဲ့အစိမ်းတွေခြစ်ထုတ်လိုက်ပီး တစ်ဆင့်စီချိုး၊ အမျှင်မာမာတွေခွာထုတ်...
အိမ်ကယူလာတဲ့ငါးရံ့ခြောက်လေးနဲနဲကျန်သေးတာအတော်ဘဲ...
အာလူးလေးကိုကြေအောင်ချက်၊ ဒန့်သလွန်သီးရယ်..ငါးခြောက်ဟင်းရယ်.. သရက်သီးစပ်စပ်သုပ်လေး ရယ်။
ကြက်သွန်ဖြူနီ ကိုဆီသတ်ပီးတော့ မှ အရောင်တင်မှုန့်မရှိတော့ဘူးဆိုတာသတိထားမိတယ်။
ငရုတ်သီးအကြမ်းမှုန့်ကို အရောင်တင်အစားသုံးလိုက်ရတယ်.. ဒီမှာလဲအရောင်တင်မှုန့်မရောင်းတော့ခက် တယ်။ ဒီတစ်ခါတော့ လူကြုံနဲ့အိမ်ကလှမ်းမှာရအုံးမယ်။
ကြက်သွန်တွေဆီသတ်ရင်းနဲ့ မဆလာလေးနဲနဲထည့်၊ ပီးတော့ငါးငံပြာရည်ထည့်ပီး အာလူးလေးတွေအရင် ထည့်ချက်လိုက်တယ်..
အာလူးဆိုကျွန်မတော့နူးနေမှကြိုက်တယ်..ဟင်းအနှစ်လိုဖြစ်နေတာမျိုးပေါ့။
အာလူးနူးလောက်မှ ဒန့်သလွန်သီးအဆင်သင့်ရေဆေးထားတာကိုထည့်ပါတယ်။
ငါးခြောက်ကိုတော့ရေခဏစိမ်ထားပီး ဓားနဲ့ဖြတ်ထားလိုက်တယ်..
ဒန့်သလွန်သီးနဲ့ငါးခြောက်ကို ထည့်ပီးတာနဲ့ အဖုံးအုပ်ထားပီး..အပေါ့ငံအချို သင့်တင့်အောင်ထည့်ပီး ရင်တော့ မဆလာနံ့မွှေးမွှေးလေးနဲ့ ဒန့်သလွန်သီးငါးခြောက်ဟင်းလေးရပါပီ။
ဒန့်သလွန်သီးကိုဘာကြောင့်များအလုပ်ရှုပ်ခံပီးစားကြလဲတော့ကျွန်မလဲမသိပါဘူး။
ထမင်းစားနေချိန်တောင် အရိုးခွံတွေဖယ်ထုတ်နေရပါသေးတယ်။ ဒါပေမယ့် ကျွန်မတော့ အနံ့လေးရော အရသာရော အရမ်းနှစ်သက်တယ်...
ဒန့်သလွန်သီးဟင်းချက်ပီး ချစ်သူအွန်လိုင်းလာကြွားမယ်လုပ်ပါတယ်... စားကြည့်တော့ မကျက်သေးဘူး...
ဒါနဲ့ နောက်တစ်ရေထပ်ချက်မှဘဲ ကျက်တော့တယ်.. ပျော့ပြဲသွားမှာလဲစိုးရသေးတယ်လေ..း)

ဒန့်သလွန်သီး၊အာလူးနဲ့ငါးခြောက် ချက်ဖို့တန်းစီ...


   ကဲ ကျက်ပါပီ
 

ချစ်သူများနေ့မှာ ကူးကူးဘလော့လာလည်တဲ့သူအပေါင်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်.
ကူးကူးတော့ ဒန့်သလွန်သီးဟင်းနဲ့သာ တစ်ယောက်တည်း ဖြတ်ကျော်လိုက်ရပါကြောင်း ...း)

Saturday, February 13, 2010

My Valentine!!

ကျွန်မအတွက်ဒီနှစ် Valentine လက်ဆောင်က စောပီးရောက်လာပါတယ်.ထုံးစံအတိုင်း စောချင်စော..မစောချင် နောက်ကျတယ်..
ဘာမှန်းရယ်အတိကျမသိပေမယ့် ဒီနှစ်ပန်းလေးနဲ့အတူပါလာတဲ့ကဒ်ကိုပိုစိတ်စောပီးကြည့်ချင်နေမိတယ်...
မျှော်လင့်ထားတဲ့စာတန်းလေးတော့မပါလာဘူး..ဒါပေမယ့် ကျေးဇူးတင်ပါတယ်..

Friday, February 12, 2010

ခေါက်ဆွဲ

ဒီတစ်ခေါက်ရန်ကုန်က ပြန်လာပီးဘာမှကိုချက်ချင်အသစ်ထွင်ချင်တဲ့စိတ်မရှိတော့ဘူး။ ဘာကြောင့်လဲတော့မသိဘူးဖြစ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုစိတ်ပျက်တာဖြစ်မယ်.. အိမ်မှာဟင်းချက်မယ်လုပ်တော့လဲ ကျွန်မချက်တဲ့ဟင်းကအရာမ၀င်ဘူး။ ဘာလို့လဲသိလား... အိမ်မှာကောင်မလေးချက်တာတောင်ကျွန်မထက်ပိုကောင်းတယ်လေ.. မာမီကနဲ့ပါးပါး ဒိုင်ခံလုချက်နေကြတော့ ကျွန်မလဲ ချက်သမျှ ဘဲစား...စားမှဘဲကိုယ်တစ်နှစ်လုံးစားခဲ့တဲ့ကိုယ့်လက်ရာကို ကိုယ်ပိုနားလည်လာတယ်.. သူငယ်ချင်းတွေလိုက်ကျွေးတဲ့ဆိုင်တွေ မှာ စားတဲ့အစားသောက်တွေလဲကောင်းမှကောင်း... အင်း...ဒီလိုနဲ့ဘဲ..ငါချက်တဲ့ဟာတွေက ထမင်းပွဲတန်းမ၀င်ဘူးလို့ လက်ခံလိုက် ပီး (၁၁)ကျပ်ကျသွားတာ...
အိမ်ကပြန်လာ..ခရီးထွက်..ပြန်ရောက်တော့ အိမ်ကယူလာတဲ့အခြောက်ခြမ်းတွေနဲ့ဘဲ ဖြစ်သလိုစားနေတာ..
ချက်ချင်စိတ်ကိုမရှိတော့ဘူး..
အချဉ်စားချင်လို့ သရက်သီးစိမ်းသွားဝယ်ပါတယ်..မချဉ်ဘူး.. Indian mangoes လို့ခေါ်တယ်တဲ့...
ဒါနဲ့ဘဲချဉ်တဲ့သရက်သီးလိုက်ရှာတော့ သရက်သီးမှည့်ထက်ဈေးပိုကြီးတဲ့ အမှည့်ထားမယ့်အသီးတွေကိုဝယ်မှချဉ်စုတ်စုတ်လေးရတယ်။
အရာရာကမောက်ကမဖြစ်နေတာတော့အမှန်ဘဲ..
အလုပ်က နှစ်လစာလောက်ပုံနေတယ်..overtime မလုပ်လဲမရတော့ဘူး..အလုပ်မှမပီးနိုင်တော့တာ..ရှင်းလိုက်ရတဲ့ ဇယားတွေ လဲတစ်နေ့တစ်နေ့မူးနောက်နေတာ.. ရုံးပိတ်ရက် လေးနားရမလားမှတ်တယ်.. အလုပ်ကမပြတ်ဘူး...အရေးထဲမှာ အိမ်မှာအလုပ် လုပ်တဲ့ အမကြီး ယောက္ခမသေလို့ ပျောက်နေတာ ပြန်ရောက်ကတည်းက.. အိမ်ရှင်းဖို့အချိန်ကိုမရှိဘူး.တစ်ပတ်တစ်ခါရှင်းလိုက်ပြန်ရှုပ်လိုက်.. အလုပ်မှာခေါင်းစားပီးပြန်လာလိုက် နဲ့ လုံးချာလည်ခဲ့တာ တစ်လရှိပီ... မနေ့က အိမ်မှာအလုပ်လုပ်ပေးတဲ့အမကြီးပြန်လာတယ်..၀မ်းသာလိုက်တာ အ၀တ်တွေ လျှော်စရာတွေ..လျှော်ထားပီးသားမီးပူတိုက်စရာတွေတစ်ပုံကြီး.. မီးဖိုချောင်ရှင်းရင်ဘဲ တစ်ညနေကုန်တယ်..မီးပူတိုက်ဖို့ ဆိုဝေး။
ညနေဆိုလဲပြန်ရောက်ရင် လူကနုံးချိနေပီ.. ခြံထဲကအလုပ်ကြမ်းသမားတွေတောင် ကိုယ့်လောက်ပင်ပန်းမယ်မထင်ဘူး..
စိတ်ရော ဦးနှောက်ရော..ပင်ပန်းတော့ တစ်ကိုယ်လုံးနုံးခွေတာဘဲ..
အရေးထဲမှာစိတ်ဆင်းရဲအောင်လုပ်လုပ်နေတဲ့သူရှိသေးတယ်..
အရင်ကတော့ ခေါက်ဆွဲကိုအပျော်စားပေမယ့်အခုတော့ အတည်စားဖြစ်နေပီ..
ညနေဆို ခေါက်ဆွဲနဲ့ဘဲ နှစ်ပါးသွားနေတာကြာပေါ့.. ခေါက်ဆွဲ ချဉ်စပ်ကို သရက်သီးသုပ် နဲ့ရောစားတယ်..
ဒီခေါက်ဆွဲအမျိုးစားကတော့ ကောင်းတယ်လို့ပြောလို့ရတယ်.. အခြားဟာနဲ့ယှဉ်ရင်ပါ.. supermarket တွေမှာ ကိုးရီးယား ခေါက်ဆွဲတွေရောင်းတဲ့အတန်းမှာရှာလို့ရပါတယ်.. အရသာထပ်ထည့်စရာမလိုအောင်ကို အစပ်အဟပ်တည့်ပါတယ်။ ပြုတ်ပီးသွားရင် မှိုဖတ်လေးတွေ.. မုန်လာဥနီဖတ်လေးတွေပါ တွေ့ရတယ်..
ခေါက်ဆွဲပြုတ်..ကြက်ဥဖောက်ထည့် ကြက်ဥက ခေါက်ဆွဲရည် အပူချိန်နဲ့ သူ့ဘာသူကျက်သွားပါလိမ့်မယ်..  ကြက်ဥညှီမှာကြောက်သူတွေအတွက်း))) .. မုန်ညှင်းစိမ်းနဲနဲထည့် စားလို့ရပီ။


Wednesday, February 10, 2010

ယုန်သွားဝယ်သည်

Monday, February 8, 2010

ပုလဲချစ်သူများ

ပုလဲချစ်တတ်တဲ့သူတွေအတွက်ပါ။ ကျွန်မတော့ပုလဲမကြိုက်ဘူး။ ဈေးကြီးကြီးပေးဝယ်ပီး အလှဆင်နေတဲ့သူ တွေလဲအံ့သြတယ်..အထူးသဖြင့် နိုင်ငံခြားသားတွေပါ။
ကျွန်မနဲ့ကျောင်းနေဖက်သူငယ်ချင်း သူကတော့ senior ပါ သူအလုပ်လုပ်နေတဲ့ မလေးက ဟိုတယ်တစ်ခု ဆီ ရောက်သွားပါတယ်။ သူက ပုလဲဆိုင်မှာ တစ်ယောက်တည်း... ကျွန်မလဲဝင်သွားတော့ သူက ပုလဲလေးတွေ သီနေတယ်.. ရောင်းလဲသူဘဲ၊ ရှင်းပြလဲသူဘဲ..အကူလဲမရှိ...အစောင့်လဲမရှိ..
ကျွန်မက လိုက်မေးကြည့်တော့ သူ့ဆိုင်မှာရှိတဲ့ပုလဲတွေ အနည်းဆုံး ရင်းဂစ် (၆၀) ကနေစတယ်... အများဆုံးတော့ ရင်းရစ် (၄၀၀၀၀) ကျော်ထိရှိတယ်.. မျက်လုံးတောင်နဲနဲပြူးသွားတယ်..
နင့်ကို သူများ ဒမြလာတိုက်ရင်ဘယ်လိုလုပ်မလဲလို့၊ သူကပြောတယ်.. ဒီလိုဘဲဆုတောင်းပီးနေရတာပေါ့တဲ့...  ပါသွားလဲကိစ္စမရှိဘူး.. ငါ့ပစ္စည်းတွေမှမဟုတ်တာတဲ့လေ.. (သူကအရင်ကတည်းက ပျော်ပျော်နေတတ်တယ် 
သူကပြောတယ်.. ငကူး..နင်သိလား ငါတို့ကျောက်ဖျာသွားတုန်းကလေ..ဒီပုလဲတွေဆို ၁၀၀ ကျပ်နဲ့ ရတယ် တဲ့။ ပီးတော့ ခရုတွေဆို အလကားလိုက်ကောက်တောင်ရတယ်...တဲ့လေ...
သူ့သူဌေးက စီးပွားရေးလုပ်တာအရမ်းတော်တဲ့အကြောင်း... ပုလဲတွေကို ပင်လယ်ကမ်းစပ်တွေမှာ လိုက် ၀ယ်ပီး အရောင်တင်..ဒီဇိုင်းထွင်ပီး ဆိုင်ပေါ်ရောက်တော့ ဈေးက မြောက်ရော....
မွေးပုလဲ၊ သဘာဝပုလဲ၊ ပုလဲနက်..ဘယ်လိုခွဲရတယ်ဆိုတာလဲရှင်းပြတယ်..  သူကတောင်ကျွန်မက အကူခေါ် လိုက်သေးတယ်..နင်ခဏရှိတုန်း နိုင်ငံခြားသားတွေလာရင် ငါ့ကိုကူရှင်းပြပေးနော်တဲ့.. 
ဟိုတယ်ကအပေါ်ထပ်မှာရှိတော့ ၀င်လာလိုက်တဲ့ နိုင်ငံခြားသားတွေ... စိတ်ဝင်တစ်စားဝယ်ကြတယ်..
စီးပွားရေးများလုပ်တတ်ရင်တော့ အမြတ်ကတော့နဲတာမဟုတ်ဘူး...  ခရုခွံတွေဆိုလဲ ဘာမှတန်ဖိုးရှိတာ မဟုတ်ပေမယ့် အရောင်တင်ပီး မှန်ဘောင်အောက်ရောက်သွားတော့ တန်ဖိုးရှိ သဘာဝပစ္စည်းဖြစ် သွားရော။  ကျွန်မကိုလဲ သူကိုယ်တိုင်သီထားတဲ့ပုလဲတစ်ကုံးလက်ဆောင်ပေးတယ်..  ဆိုင်မှာတင်ရောင်း တဲ့ဈေးက ရင်းဂစ် ၄၀၀ ကျော်မို့မယူဖို့ငြင်းပေမယ့် သူအတင်းပေးလို့ယူလာလိုက်ရတယ်..သူကပြောတာ  နဂို အရင်းဈေးကဘယ်လောက်မှမရှိဘူးတဲ့...း)... ဒါပေမယ့်လေကျွန်မပုလဲနဲ့မတဲ့ဘူး... လည်ပင်းတွေနီရဲလာပီး နေလို့ထိုင်လို့မကောင်းတော့လို့ နောက်နေ့ဖြုတ်ထားရတယ်။။

Friday, February 5, 2010

မေ့လိုက်ပီ - ခေမီကို

မနေ့ညနေက လွန်ခဲ့တဲ့ (၅) နှစ်လောက်ကအိမ်ကယူလာတဲ့အခွေဟောင်းလေးတွေပြန်ရှာရင်းနဲ့ ဓာတ်ပုံ ဟောင်း လေးတွေပြန်တွေ့တယ်..သီချင်းခွေလေးတွေလဲပြန်တွေ့တယ်...
အခုလောလောဆယ် ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းလေးတွေ နားထောင်နေမိတယ်..ခံစားချက်နဲ့သီချင်း ကာရံညီတဲ့အခါ..သီချင်းတိုင်းက လှပနေတော့တာဘဲ...
 မေ့လိုက်ပီဆိုတဲ့သီချင်းလေးပါ... ခေမီကို ဆိုထားတာ... စာသားလေးသေချာဖတ်ကြည့်ရင်ခံစားလို့ရမှာပါနော်။



singforyou မှာလဲသီချင်းသွားဆိုတယ်.. ဘာ credit မှမရှိတော့ ပိုက်ဆံ 10 ထွက်သွားတယ်..
ရောဂါ ရောဂါ.. credit မရှိတော့ သီချင်းသွင်းလို့မရဘူးလေ...ဆိုကလဲဆိုချင်...သွင်းလို့လဲမရ..အဲတော့ ၀ယ်ရတော့တာပေါ့..း)...  အစမ်းဆိုကြည့်တာ..ဆုံးသွားတော့ တစ်ကယ် credit ဖြတ်တယ်... အဲဒါနဲ့ ပြိုင်ပွဲဝင်ထဲမှာ..မ၀ါက ဆုရတာတွေ့တယ်.. ပျော်စရာကြီး..
ဒါကတော့ 25credits တန်သီချင်းပါ. ကျောပူမခံနိုင် နားပူ ခံလိုက်ကြပါအုံး

Wednesday, February 3, 2010

လိမ်တတ်ကြပါတယ်

လူတိုင်း လိမ် ခြင်းနဲ့မကင်းနိုင်ပါဘူး။ လိမ် တယ်ဆိုတိုင်း မကောင်းဘူး လိမ်ညာတတ်တဲ့သူလို့ သတ်မှတ်လို့ မရပါဘူး။ ငယ်ငယ်က မိဘတွေ ကျွန်မကိုလိမ်တယ်၊ ပြန်လာခေါ်မယ်.. မလိုက်နဲ့ ခဏဘဲသွားမှာ...အဲဒါမစား ရဘူး အရမ်းချောင်းဆိုးပီး ဆေးထိုးရမယ်၊ လာ မုန့်သွားဝယ်စားမယ်ဆိုပီး ဆေးရုံခေါ်ခေါ်သွားတာ စသည်ဖြင့် ပေါ့။ ဒါကို မိဘတွေ လိမ်တတ်တဲ့သူလို့ သတ်မှတ် လို့ ရမလား။ 
ကျောင်းတက်တော့ အတန်းဖော်ကောင်လေးတွေဆရာမကိုအမျိုးမျိုးလိမ် ပီး ကျောင်းပြေး ကြတယ်၊ ကောင်မလေးတွေက တော့ ကျောင်းပုံမှန်တတ်ပေမယ့် အိမ်စာမပီးရင် အဖွားနေမကောင်းလို့၊ အိမ်မှာမီးပျက်လို့ စသည်ဖြင့် လိမ်ပြော ကြတယ်... အဲဒါမကောင်းတာမှန်ပေမယ့် တစ်ဖက်သားကိုထိခိုက်စေလိုတဲ့ ဆန္ဒမပါဘူး။ စာမလုပ်တော့စာမရဘူးပေါ့...း)
ကျွန်မလဲ လိမ် တယ်။ ကိုယ့်အန္တရာယ်ကာကွယ်ဖို့၊ မိန်းမသားချင်း ညှာ တာလို့၊ ချစ်သူကို သူများတွေ အမြင်မှား ကုန်မှာစိုးလို့  မိဘစိတ် မကောင်းဖြစ်မှာ စိုးလို့၊ မိသားစု အဝေးကနေ စိုးရိမ်ပူပန်နေမှာစိုးလို့ကျွန်မ လိမ် ပါတယ်... ဒါကိုအပြစ်ရှိတယ်ပြောလဲ ကျွန်မကျေကျေနပ်နပ် ခံပါတယ်။
ကျွန်မ လိမ် ပြော လိုက်လို့ ဘယ်သူ့ဖက်မှမထိခိုက်ရင် ကျွန်မကျေနပ်တယ်...
လိမ် တယ်ဆိုတဲ့အလုပ်ကို ဘယ်သူကများလုပ်ချင်မှာလဲ... ဘယ်သူတွေများနှစ်သက်ကြမှာလဲ..ဒါပေမယ့် တစ်ကယ်ပါ... တစ်သက်လုံးလိမ်မပြောဖူးတဲ့သူရှိရင် လက်ညှိုးထောင်ခိုင်းကြည့်ပါ...
အဲဒီသူကိုယ်တိုင်က လက်ညှိုးထောင်လိုက်တဲ့အချိန် လိမ် တာဘဲ။ 
လူတိုင်းမကင်းနိုင်တဲ့ လိမ်ပြော တယ်ဆိုတဲ့စကားက တစ်ဖက်ကနေကြည့်မယ်ဆိုအရမ်းအပြစ်ကင်းပါတယ်။ ဘယ်သူ့ကိုမှမထိခိုက်စေဘဲ... တစ်စုံတစ်ယောက်ကို ထိခိုက်မှာစိုးလို့ စိတ်အနာတရဖြစ်မှာစိုးလို့ လိမ်ပြော နေရတာတွေလဲ အများကြီးကြုံဖူးကြမှာပါ။
နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ အရမ်းကိုရွံရှာမုန်းဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုရင် တစ်ဖက်သားဆီက တစ်စုံတစ်ရာရလိုမှုနဲ့ လိမ်တာ၊ သူတစ်ဖက်သားဆီက အမြတ်ထုတ် ငွေညှစ်ချင်လို့ လိမ်တာ၊ စီးပွားရေးသမားအချင်းချင်းလိမ်လည်အကွက်ဆင်တာ၊ အချစ် ဆိုတာကြီး ပါးစပ်က တစ်ဖွားဖွားနဲ့ ဗန်းပြပီး လိမ်ယူတာတွေတော့မကောင်းပါဘူး။  အဲဒီတွေထဲကအထူးသဖြင့် မိန်းကလေးတွေရဲ့အားနည်းချက် ဖြစ်တဲ့ ဂရုစိုက် မှု၊ ကြင်နာမှု၊ အလေးပေးမှုတွေကို အယောင်ပြပီး လိမ်လည်နေတဲ့သူတွေ အများကြီးပါ။ ခန္တာကိုယ်မှာ စိတ်နှလုံး သားက အရမ်းနူးညံ့တဲ့နေရာပါ.. စိတ်ဒဏ်ရာရအောင် လိမ်လည်ပြုစားခံရတဲ့ သူတွေ ကိုယ်ခန္တာရော၊ လူမှု ရေးရော၊ အလုပ်မှာရော...အကုန်ကျဆုံးတော့တာဘဲ။

ကျွန်မမှာသူငယ်ချင်းတစ်ယောက်ရှိတယ်၊ ဒိုက်ဦးသား.... ကျွန်မလဲ နိုင်ငံခြားရောက်ကာစ၊ သူနဲ့ သူငယ်ချင်း တွေဖြစ်ပီး သူက တစ်ဖွဖွ နင်တို့မိန်းမတွေ ဘာဖြစ်တယ်ညာဖြစ်တယ်..မရှိလဲမကောင်းရှိလဲမကောင်း၊ မိန်းမ တွေမကောင်းကြောင်းအမြဲကိုပြောတယ်။။ အားတဲ့နေ့တွေဆို အွန်လိုင်းမှာသူနဲ့ ဂိမ်းဆော့ကြတယ်... သူတစ်ခါခါ အလုပ်ကပြန်လာရင် ကျွန်မခေါ်တိုင်း autopickup လုပ်ထားတော့ သူအိပ်နေတာလဲ တွေ့တယ်။ တစ်ခါတစ်ခါ ဟိတ်ကြီးဟန်ကြီးနဲ့စာအုပ်အထူကြီးထိုင်ဖတ်နေတာလဲတွေ့တယ်... ခေါက်ဆွဲထုတ်စားနေတာ လဲတွေ့တယ်။ သူနဲ့ကျွန်မ တစ်ခါခါ စကားတွေပြောလောကကြီးအကြောင်းဟုတ်တိပတ်တိဆွေးနွေးတယ်... အရမ်းကို ဖြူစင် တဲ့သူငယ်ချင်းတစ်ယောက်ပါ... တစ်ရက်ပေါ့..တစ်ရက် ကျွန်မအမှတ်တမဲ့ သူ့ကိုလှမ်းခေါ် မိ တော့ သူ့ အိမ်ပျော်နေတယ်၊ သိပ်မကြာဘူး ကောင်မလေးတစ်ယောက်အခန်းထဲဝင်လာတယ် ပီးတော့သူ့ဘေးနားမှာဝင်အိပ်တယ်.. ဒါနဲ့ ကျွန်မ ဟေ့..ဟေ့ကောင် ထထ..နင့်နားမှာဘယ်သူလဲ မသိဘူး..စိုးရမ်တစ်ကြီးနဲ့.. ဘာလို့လဲဆိုတော့ သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ဘဲနေတဲ့အိမ် မိန်းကလေးဘယ်ကရောက်လာမှန်းမသိဘူး.. နောက်နေ့သူကပြောတယ်.. ညီမ၀မ်းကွဲတဲ့....
သူဘာကြောင့်ကျွန်မကိုလိမ်သလဲဆိုတာကျွန်မမသိဘူး... ဒါပေမယ့်ကျွန်မ သူ့ကိုခွင့်လွှတ်တယ်.. သူနဲ့ ကျွန်မ ဖြူစင်တဲ့သူငယ်ချင်းတွေ... သူလဲကျွန်မကိုကြိုက်တယ်မပြောဘူး၊ ချစ်တယ်လဲအရိပ်ရောင်မပြဘူး..အဲဒီ အတွက် သူ့ဘာသူ ညီမ၀မ်းကွဲဆိုသူက သူ့အိပ်ရာပေါ်တက်အိပ်တယ်ပြောလဲ ကျွန်မသိသိကြီးနဲ့ အေးပါဟ..ငါက လန့်သွားလို့ လို့ပြောလိုက်တယ်.. အမှန်တော့ သူ့ရည်းစားမက မိန်းမ မကျပါ။

ဒါပေမယ့် ကျွန်မကိုချစ်လှပါချည်ရဲ့..ကြိုက်ပါရဲ့..လက်ထပ်ချင်ပါရဲ့ ဆိုသူတွေ သူတို့မှာ ရည်းစားတွေ များနေ ရင်းတန်းလန်း ဘာကြောင့်များ ကျွန်မအချစ်ကိုထပ်လိမ်ပီးယူချင်သေးကြတာလဲဆိုတာတော့ ကျွန်မ စဉ်းစား လို့မရဘူး။ ကျွန်မ မထင်မှတ်ဘဲ သူတို့အလိမ်တွေ ကို ဖမ်းမိ တာ မနည်းတော့ဘူး... ကိုယ့်ကိုဘာကြောင့်လိမ် နေလဲ စဉ်းစားလို့မရဘူး... အကယ်လို့ ကျွန်မမဟုတ်ရင်ရော မိန်းကလေးဘယ်နှယောက်များ အဲလို အလိမ် ခံခဲ့ ရပီးပီလဲ.. သူတိုအလိမ်တွေမပေါ်ခင် ကိုယ့်ရင်ထဲကအချစ်တွေ ပေးခဲ့ပီးသွားပီလား၊ အလိမ်တော်သူများ တစ်သက် လုံး မရအောင် ဖုံးကွယ်သွားနိုင်မလား။ နောက်ဆုံးကိုယ့်အချစ်တွေ သူ့ ပေးပီးမှ နောက်ဆုတ် မရ တဲ့အခြေနေမှာ အလိမ်ညာခံရသူတို့ဘ၀တွေဘယ်လောက်များပျက်သွားခဲ့ပီးပီလဲ...
ဒါကြောင့် လိမ်တယ်ဆိုတဲ့ အရာမကင်းနိုင်တဲ့ လောကကြီးမှာ အထူးသဖြင့် တစ်ဖက်သားစိတ်နှလုံးသားနဲ့ အချစ်ကိုလိမ်လည်မယူမိကြပါစေနဲ့လို့။ 

Tuesday, February 2, 2010

ဘလော့လည်ထွက်သည်

မနက်ကွန်ပြူတာရှေ့ထိုင်ထိုင်ချင်း ပထမဆုံးနေ့တိုင်းဝင်ကြည့်မိတာ ကိုအန်ဒီ ဘလော့ပါ။ အသစ်မတင်ရင် တောင် သူ့ဆီက feed roll တွေသွားသွားယူပါတယ်။
ယောက်ျားများကိုထိန်းနည်း ဆိုတာတွေ့တော့ စိတ်ဝင်စားလို့ဝင်ဖတ်မိတယ်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း
 ဒီထက်ပိုတဲ့နည်းလမ်းတွေများရှိအုန်းမလားမသိဘူး။ ဘယ်နည်းနဲ့မှကျွန်မမကိုက်ဘူး။
အစားကောင်းလဲမချက်တတ်၊ ချက်တတ်လှချည်ရဲ့လို့သူများကပြောတဲ့ကျွန်မအစားသောက်တွေက ချစ်သူ စားနေကြအစားသောက်တွေလောက်လဲမကောင်းဘူး။ နောက်ဆုံးတော့ သူဘဲချက်ကျွေးရမှာဘဲ။
ပိုက်ဆံနဲ့ထိန်းရအောင်လဲ ကိုယ်က သူဌေးမဟုတ်၊ သူ့ပိုက်ဆံလဲ ကိုယ်က မမက်မော၊
လူကိုထိန်းရအောင်လဲ ကျွန်မကိုယ်တိုင်က ချုပ်ချယ်တာ၊ နေရာတစ်ကာဝင်ပါလွန်းတာမကြိုက် တော့ ချစ်သူကိုလဲ မချုပ်ချယ်ချင်ဘူး။
မိမိကိုယ်ထိန်းတာတော့ ကိုယ့်သိက္ခာအကျင့်တရားကလွဲလို့ ချစ်သူမရှိဘဲ ပျော်ပျော်နေပါဆိုတာတော့ မဖြစ် နိုင်ဘူး။  ချစ်သူထားခဲ့လဲ ပြုံးပီးမနေနိုင်ဘူး... ဟန်ဆောင်ပီးလဲ ပျော်မနေနိုင်ဘူး...ဆိုတော့.. ကျွန်မချစ်သူ ကံကောင်းလားကံဆိုးလား... သူ့ဘာသူဘဲဆုံးဖြတ်ပါစေ။
နောက် ဘလော့တစ်ခုယောက်သွားတာ မိုးမခမီဒီယာ မွန်အမျိုးသားနေ့ကျင်းပတာကိုရေးပြထားတာ။  မာမီ ကပြောဖူးတယ်၊ မွန်တွေကအရမ်းသဘောကောင်းမနောကောင်တယ်တဲ့။ ရန်ကုန်ပြန်တုန်းက taxi မောင်းတဲ့ ကားဆရာ ၄-၅ ယောက်မက ကြုံဖူးတယ်၊ အရမ်းသဘောကောင်းကြတယ်၊ တစ်ယောက်ဆို ကားမောင်းရင်း သီချင်းလေးဆိုလို့...တစ်ပုဒ်ပီးတစ်ပုဒ်၊ မြောက်ဒဂုံကနေ မြို့ထဲရောက်တဲ့အထိ....  မွန်လူမျိုးစစ်စစ်တွေ တွေ့ ရခဲတယ်။ ဒီတစ်ခေါက်တော့ရန်ကုန်မှာနဲနဲတွေ့ခဲ့တယ်။ မိုးမခမှာ ပုံတွေများကြီးတွေ့တယ်။
နောက်တော့ ပုဇွန်ဂဏန်းဟင်း  ဘလော့ရောက်သွားပြန်တယ်။ ဗိုက်ဆာလာသလိုဘဲ။ အဲဒီက ဟင်းပုံတွေ အရမ်းလှတာ။ ပုံနဲ့တင်ကို ကျေနပ်နေပီ။ ပုဇွန် နဲ့ ဂဏန်းရောချက်တယ်ထင်လို့...  ပုဇွန်ကို ပုဇွန်ဂဏန်းလို့ ခေါ်လားမသိဘူး။ အရသာတော့ခပ်ဆင်ဆင်ပါ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက ဂဏန်းတစ်ခါ နဲနဲမြည်းခဲ့ တယ်။ ပထမဆုံးဘဲ ချိုချိုလေး...း)
မ၀ါ ဘလော့လဲရောက်သွားတယ်။ မနေ့ညက မ၀ါကိုအားကျပီး singforyou.net မှာသီချင်းလိုက်သွင်း နေတာ နဲ့ ညသန်းခေါင်ထိမအိပ်ဖြစ်ဘူး။  ဓာတ်ကူးတာ..အဲလို။  မနေ့က ကျွန်မသီချင်းဟောင်းလေး တွေပြန်ကြားရတယ်..  အရင်ကပေါ့လေ.. ၂၀၀၄ လောက်က ကျွန်မမှာ mp3 player လေးရှိတယ်၊ အသံ သွင်းလို့လဲရတယ်..အဲဒါလေးနဲ့ ၊ သီချင်းတွေသွင်းပီး ပို့ပို့ပေးတာမှတ်မိသေးတယ်။.... အခုတော့ မဆိုတာကြာ လို့လားမသိ..အတွေးခေါ်ပြောင်းတာလားမသိ..ချစ်သူက သီချင်းဆိုပါလားပြောရင်တောင် ဖြစ်မြောက်အောင် မဆိုတတ်တော့ဘူး။
မမKOM ဆီရောက်ပြန်တော့ ၀ယ်လိုက်တဲ့ ပစ္စည်းတွေ..အမျိုးတွေများပုံရတယ်... တစ်ခါတစ်ခါသူရေးထား တာနားမလည်ဘူး၊ နှစ်ခါလောက်ပြန်ဖတ်ရတယ်..ဒါတောင်သိပ်နားမလည်ချင်ဘူး။ မြန်မာစာ မြန်မာစကား တယ်လဲ ခက်ပါလားလို့...တစ်ခါတစ်လေအားငယ်မိသေးတယ်...
မမလုလု အင်ဒို ရောက်နေတယ်..  ကူးကူး အင်ဒိုရောက်မယ့်အချိန်နဲ့ မမလု ပြန်မယ့်အချိန် (၁)ရက် ကပ်လွဲ ပြန်တယ်။  ရန်ကုန်မှာလဲလွဲ၊ အဲဒီမှာလဲလွဲ....  မမလုချက်တဲ့ဟင်းလေးတော့ စားရမယ့်အချိန်ကြုံချင်ပါသေး တယ်။

 
Powered by Blogger