Pages

Monday, June 28, 2010

ခရီးသွားနေသည်။

ကူးကူးဘလော့လာလည်သူများ ပျော်ရွှင်ပါစေနော်။
အရင်နှစ်ပတ်ကတည်းက မိုးကြိုးပစ်လိုက်လို့ ကွန်ပြူတာလဲ ကြွသွားရှာသလို..
cable တွေလဲအကုန်လောင်သွားပါတယ်။
လူကိုပစ်လိုက်ရင်အကောင်း..မိုးကြိုးသွားရှည်ရှည်လေးရအုံးမယ်..
အခုတော့ မပြောချင်ဘူး.. ရင်နာတယ်။ 
အခြေနေရ ဆက်ပီး ပျောက်နေအုံးမယ်.. ခရီးထွက်နေတယ်..  နောက်မှ စားစရာတွေ နဲ့ပြန်လာမယ်။
လမ်းမှာတွေ့လဲ မုန့်ခေါ်ကျွေးကြအုံးနော်။း)))

Tuesday, June 15, 2010

ပြန်လာပီ။

ပျောက်နေရတဲ့အကြောင်းရင်းက ထုံးစံအတိုင်းနေမကောင်းဖြစ်နေတာပါ။
ဒီတစ်ခေါက်တော့ တစ်ခါမှမဖြစ်ဖူးသေးတဲ့ရောဂါဖြစ်တော့ တော်တော်ခံလိုက်ရတယ်။
ဘယ်သူ့ကိုလှည့်အပြစ်တင်ရမှန်းမသိတာနဲ့ ဆေးရုံ အတင်းသွားခိုင်းတဲ့ ချစ်သူ ဘဲ တရားခံ။
ကျွန်မဘယ်ဘက်ပခုံးနဲ့ အနောက်တစ်ပြင်လုံးကိုက်ခဲနေတာကြာပီ၊ တစ်နေကုန်နီးပါးထိုင် အလုပ်များတဲ့ ရက်တွေဆက်လာရင် ညတိုင်းလိုလိုကိုက်ခဲနေတော့တာ။ ထွန်းရွှေဝါ၊ မိဂသီ၊ ဦးစိုင်း စုံအောင်လိမ်းတာ ဘဲ။
မရဘူး။ အရင် တစ်လနီးပါး လက်မောင်းကိုက်တာ ဆိုးဆိုးလာတော့ ညညဆိုအိပ်မရတော့ဘူး။
ဆိုးရိမ်တာတော့ အကြောလား၊ အရိုးလား၊ ကြွက်သားများတစ်ခုခုဖြစ်လားဆိုပီး ဆေးရုံရောက်သွားပါတယ်။

ဆရာဝန်က ဟိုမေးဒီမေး စစ်ဆေးပီး arconxia နဲ့ Myonal ဆေးပေးလိုက်တယ်၊ ။
ဒါပေမယ့် တစ်သက်လုံးဆေးသောက်နေတဲ့ကျွန်မ ဆေးနဲ့ allergic မဖြစ်ဖူးတော့ ပုံမှန်ဘဲ ညအိမ်ပြန် ရောက်တော့ ဆေးသောက်ပီးအိပ်၊ ညသန်းခေါင်ရောက်တော့ တစ်ကိုယ်လုံးနီရဲ ရောင် ပီး အဖုတွေ ဖြစ်လာ ရော၊  တစ်ရက်နေပျောက်မယ်ထင်ပေမယ့် တစ်ပတ်ကျော်ကျော်ခံလိုက်ရတယ်၊
ရုံးလဲမသွားနိုင် အိမ်ထဲမှာ တံခါးပိတ်ချိပ်၊
ဆေးတစ်လုံးပီးဆက်မသောက်တော့ပေမယ့် allergic အတွက်ပေးတဲ့ဆေးက မပျောက်ဘူး၊ နောက်မှ ဆရာ ၀န်က ဆေးနောက်တစ်မျိုးပြန်ပြောင်းပေးမှ သက်သာလာတယ်၊ 
ဆရာဝန်ထက် ကြီးတဲ့ မြန်မာ့သမားတော်ဘကြီးချစ်ဖေ က တမာရွက်နဲ့ရေချိုးခိုင်းလို့၊ ကျောင်းက ကျောင်း သားလေးတစ်ယောက် အကူညီတောင်ပီး တမာရွက်သွားရှာ့ခိုင်းရတယ်။  ရောက်လာတော့ ရေချိုးဖို့ ပြုပ်တဲ့ တမာရွက်အနံ့ စားချင်လိုက်တာ မနဲကိုစိတ်ထိန်းထားရတယ်။
တစ်ကယ်လဲသိသိသာသာ သက်သာလာပါတယ်၊  အဖုတွေပေါက်ခဲ့တဲ့နေရာတွေခြောက် အရေခွံကွာ.  တစ်ပတ်အတွင်း ဘော်ဒီဝိတ်တောင်ကျသွားသေးတယ်။
ဆေးကြောင့်ဖြစ်တဲ့ဒဏ် ဒီတစ်ခါတော်တော်ခံလိုက်ရတယ်၊ သူငယ်ချင်းတွေက တော်သေးတယ် မျက်နှာပေါ် ထိမတက်လာလို့တဲ့။  ဆေးက ပါးစပ်ထဲထည့်လိုက်တာလေ၊ ရင်ဘတ်ထဲဝင်..အစာအိမ်ထဲရောက်၊ အဲတော့ ရင်ဘတ်၊ဗိုက်နဲ့ ကျောပြင်မှာဘဲ ဖြစ်မှာပေါ့လို့။ ရင်တွေပူ၊ ခေါင်းတွေမူး.. အဲဒီဆေးတွေနောက်ရောင်လို့ တော့ လှည့်မကြည့်တော့ဘူး။  ဘဲတောင်မှချော်လဲသေး တယ်။ ကူးကူးလဲ တစ်ခါတစ်လေတော့ အိပ်ရာပေါ်လဲ တော့မပေါ့၊
အိမ်မှာနေတဲ့အတွင်း မနက်ဆို ကိုယ့်ဘလော့ပေါ်က အသစ်လေးတွေတင်တဲ့နေရာသွားဖတ်တယ်၊
နေ့တိုင်းကိုအန်ဒီ နဲ့ မခင်ဦးမေဆီ သူတို့တင်ထားတဲ့feed roll လေးတွေသွားသွားယူတယ်၊
အခုနောက်ပိုင်း ဒီဘလော့ ဟိုဘလော့ စောင်းရေးနေတာများတော့ တစ်ခုထဲဝင်မိ ဆက်ဆက်ပီး လိုက်ရှာ ဖတ်ရသေးတယ်လေ။  အဲဒါလဲအလုပ်တစ်မျိုးပဲ။
ဒေါ်လာစားအတိုက်ခံများဆိုလို့ လန့်ပီးဝင်ဖတ်မိသေးတယ်။  နောက်တော့ထင်တာမဟုတ်လို့ ဟူးးး တော်သေးတယ်လို့။ 
ပဟေဌိလိုပေါ့..  ဘယ်သူက ဘယ်သူ့ကို ဘယ်လိုရေးလို့ ဘယ်လိုပြန်ရေးတယ်ဆိုတာ မရရအောင်လိုက်ရှာ ရသေးတယ်။ ၀င်ပီးကော်မန့်ရေးချင်ပေမယ့် ရေးဖို့လဲ စိတ်မပါ ပြန်ဘူး။ စိတ်ထဲမှာတော့ တစ်နင့်တစ်ပိုး။

စာအုပ်ဆိုင်က Princess of Ireland ၀တ္တုဟောင်းတစ်ခုဝယ်လာတယ်၊ အခုထိ စာမျက်နှာ ၄ က နေဆက်မတက်သေးဘူး။
စိတ်ဝင်စားမယ့်စာကိုရွေးဖတ်မှ စာဖတ်တာပြန်အကျင့်ရလာမယ်တဲ့.. ပညာရှင်တွေအကြံပေးပါတယ်။
အိမ်က ပို့ထားပေးတဲ့ Image နဲ့ သရဖူ magazine စိတ်ဝင်စားမလားလို့ဖတ်မိပါတယ်။
ကဗျာကနေစရတာပေါ့၊ တစ်ခုမှနားမလည်ဘူး၊ကဗျာ၉ ကြောင်း ၉ ခေါက်ဖတ်တယ်။
အရမ်းကိုခေတ်နောက်ကျနေပီ။   (လိုက်မမှီတော့ဘူး) 
ဘာမှစိတ်မ၀င်စားတော့တဲ့ အခြေနေက စိုးရိမ်ရေမှတ်ရောက်နေပြီထင်တာဘဲ။ 



Tuesday, June 1, 2010

မန်ကျည်းပွင့်

မန်းကျည်းရွက်နုလေးတွေကြိုက်ကြလားဟင်။
ကျွန်မတော့အရမ်းကြိုက်တယ်၊ မန်းကျည်းရွက်နုလေးတွေကို ဆီစိမ်းလေးနဲ့ ကြက်သွန်နီလေးနဲ့သုပ်စား။
ကောင်းမှကောင်း။
အိမ်မှာ မာမီက မန်ကျည်းပင်သေးသေးလေးတွေစိုက်ထားပေးတယ်လေ..
အဲဒါ မန်းကျဉ်းရွက်နုပေါ်ချိန်မဟုတ်လဲ ကျွန်မ စားဖို့ တစ်ခါစာတော့ အမြဲလိုလိုရတတ်တယ်။
ဒီတစ်ခါနဲနဲအဆင့်မြင့်သွားပီ။ အရွက်တင်မက အဖူးရောအပွင့်ပါ စားတယ်။
ရုံးပိတ်ရက်က ဈေးမှာ အပွင့်လေးတွေရောင်းတာတွေ့လို့ အဖူးလေးကို ကိုက်မြည်းကြည့်တော့ ချဉ်ချဉ်လေး မို့ ငပိချက်လေးချက်စားရကောင်းမယ်ဆိုပီးဝယ်လာတာပါ။
အိမ်ရောက်တော့ အဖူးအပွင့်လေးတွေ..နဲနဲသုပ်စားတယ်၊ ကောင်းတယ်။
ခရမ်းချဉ်သီး၊ စိမ်းစားငပိလေးနဲ့ ငပိချက်လေးလဲချက်စားတယ်။ ကောင်းမှကောင်း။း)))

 
Powered by Blogger