Pages

Thursday, July 29, 2010

ငပိမှုန့်ချက်နှင့်တို့စရာ (နှိုင်းအတွက်)

ကူးကူးဘလော့ ဘာဘဲတင်တင်အရင်ဆုံးရောက်ရောက်လာတတ်တဲ့ ညီမလေး(နှိုင်း) က c-box မှာသူ့အတွက် ချက်ပီးမတင်ပေးလို့စိတ်ကောက်နေလေရဲ့..  သူ့အကြိုက်ငပိချက်လေးနဲ့တို့စရာ ဒီညနေတစ်ကူးတစ်က လုပ်ပီးတင်ပေးလိုက်ပါတယ်။ 
ငပိချက်လုပ်ဖို့အတွက်ရေကြိုငါးငပိမရှိတဲ့အတွက် ထိုင်းကလာတဲ့ ငပိရည်ကျိုအမှုန့်ဗူးကိုသုံးပါတယ်။
ငပိရည်ဖျော်လုပ်စားလဲကောင်းတယ်၊ အမှုန့်လေးကိုရေအေးလေးနဲ့ဖျော်ထည့်ကြိုလိုက်ရုံပါဘဲ။
ငပိချက်အတွက်တော့
ခရမ်းချဉ်သီး
ပုဇွန်ခြောက်အနည်းငယ်
ကြက်သွန်နီတစ်လုံး
ကြက်သွန်ဖြူနှစ်မွှာ
ငါးငပိရည်အနည်းငယ်ဆိုရပါပီ။   မျှင်ငပိသုံးတဲ့ငပိချက်က အအီလွယ်လို့ ကျွန်မကတော့ ငါးငပိချက်ဘဲ စားဖြစ်တာများတယ်။ 
ရုံးကပြန်အရောက်.. အမြန်လုချက်ရလို့ အလွယ်နည်းသုံးပါ။
ဆီပူပူမှာ ခရမ်းချဉ်သီးလှီးထားတာထည့်ကြော်လိုက်တယ်၊ မွှေးလာမှ ကြက်သွန်ဖြူနီ တောက်တောက်စင်း ထားတာထည့်၊ ပုဇွန်ခြောက်အနည်းငယ်နည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်... (မွှန်တယ်နော်သတိထား)   နောက်ဆုံးအားလုံးနူးပီးလိုချင်တဲ့အနေထားရောက်မှ ငပိရည်အမှုန့်ကိုရေအေးလေးနဲ့ဖျော်ပီး လောင်းထည့် လိုက်ရုံပါဘဲ။ ဆားလိုသလောက်ထည့်ပါ၊ ငပိအမှုန့်က မငံဘူး။   နဲနဲလောက် ခန်းအောင်တည်လိုက်ရင် ငပိချက်တစ်ခွက်ရပီ။  အလွယ်နည်းပေမယ့်အရသာမရှိဘူးမပြောနဲ့နော်။  စမ်းကြည့်မှသိမှာ..း))


ငပိချက်ဆိုတာနဲ့ နောက်ဆက်တွဲမပါမဖြစ် တို့စရာအတွက်..ရေခဲသေတ္တာထဲကရှိသမျှအရွက်တွေထုတ်..
ရေစင်အောင်ဆေးထားပီး ရေနွေးပွက်ပွက်ထဲ ဆားနဲနဲထည့်ပီး အရွက်စိမ်းတွေထည့်ပြုပ်လိုက်ရုံပါဘဲ။   အချို့ကတော့အရွက်တွေစိမ်းနေအောင်ရေအေးနဲ့ဆေးတယ်၊ အဟာရတွေရော့ကုန်မှာဆိုးလို့ ခပ်စိမ်းစိမ်း လေး အနေထားမှာဘဲ ရေစစ်ပီးဆယ်ထားလိုက်တယ်။  သူ့အငွေ့နဲ့သူ ကျက်သွားပါတယ်။ 
မုန်လာဥချဉ်ကတော့ မမလုလု နည်းအတိုင်းလေ့ကျင့်လုပ်ထားတာပါ။ ငပိချက်အနံ့လေးနဲ့ မုန်လာဥချဉ်အနံ့ လေးနဲ့တင်ဗိုက်ဆာလာမှာအမှန်ဘဲ...ဟင်းသီးရွက်စိမ်းစိမ်းလေးတွေနဲ့တို့စား....

ထမင်းဖြူဖြူလေးနဲ့... ကဲ မကောင်းဘူးလား။။။

နှိုင်းလဲအ၀စားသွားနော်။

Wednesday, July 28, 2010

ဟိုမရောက်ဒီရောက်

ကော်ဖီမသောက်တတ်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေတိုက်ရင်တော့ တစ်ငုံနှစ်ငုံ ကြိတ်မှိတ်မျိုချတတ်တယ်။
ရန်ကုန်ရောက်တုန်းသူငယ်ချင်းတစ်ယောက်က Cafe Aroma မှာ ချိန်းတော့ ကော်ဖီထပ်မျိုချရပြန်တယ်။ 
ကော်ဖီဆိုတာဘယ်လိုအမျိုးစား၊ ဘာတွေရှိမှန်းလဲမသိဘူး၊ အထူးသဖြင့် star buck ရောက်ရင်အရမ်းခေါင်းစား တယ်။ ဘာမှာလို့မှာရမှန်းမသိဘူးရယ်။  ကော်ဖီခါးတဲ့အရသာမကြိုက်ဘူး။  instant coffee တွေတော့ နို့မှုန့် တွေအများကြီးရောပြီးသုံးလ (၁)ခါလောက်သောက်တယ်၊ တစ်နှစ်လုံးနေမှ ၂ ခါလောက်လဲသောက်သေးတယ်။
Cafe Aroma ကအရင်တုန်းကတော်တော်ကောင်းတဲ့ဆိုင်ပါ၊ အခုတော့ တော်တော်လေးစုတ်ပြတ်နေပီ၊ အစားသောက်တွေရော..ကော်ဖီလေးကတော့ ချစ်စရာလေးပါ..အသည်းပုံလေးနဲ့... 
အဲလိုဘဲ..အသည်းပုံရှိသေးတယ်။ KL မှာ...  မာမားဆိုင်ကငါးကြော်..အသည်းပုံလေးနဲ့...
ရှားရှားပါးပါးမို့ဓာတ်ပုံရိုက်လိုက်တယ်နောက်သွားစားလဲ ငါးကြော်တွေကအသည်းပုံတွေထပ်တွေ့ရပြန်တယ်။

ဖုန်းနဲ့ရိုက်တော့နဲနဲတော့ဝါးတယ်။  ရွှေတိဂုံပေါ်တက်တယ်...  စိတ်အေးချမ်းလို့သွားထိုင်နေသေးတယ်။  သူငယ်ချင်းလေးကတော့ ဘုရားကန်တော့နေတော့ကျွန်မ ဟိုငေးဒီငေးလုပ်ဖို့အချိန်ရတယ်။  ဘုရားပေါ်ကဆင်းတော့ မျှော်စင်ကျွန်းလိုက်ပို့တယ်။  ခရစ္စမတ် သစ်ပင်တဲ့.. ကျွန်မကြည့်တာ စေတီပုံတုပီး လုပ် ထားသလားလို့။  


 


ဆာကူရာ အထပ်(၂၀)က စားစရာရှားလို့သွားစားခဲ့တဲ့ ဆန်းဝှခ်ျ...








ယောမင်းကြီးလမ်းနား ရှမ်းဆိုင်ကစားခဲ့တဲ့အသားလုံးခေါက်ဆွဲ..

ဒါကတော့မသထာရေစာလိုက်ကျွေးထားတဲ့ ဦးကပ်စီးရဲ့ mustafa နားက ကုလားထမင်း..
ပန်ကိုး ကျွန်းပေါ်က ငါးစပ်စပ်ဟင်း....
လန်ကာဝီက ဘာဂါ..
ဘာလီပင်လယ်သောင်ခြေက ငါးကင်..
boracay က အုန်းပင်.
အုန်းပင်အရိုက်ကောင်းလို့ အုန်းသီးပြုတ်ကျတာ ကျွန်မရှေ့တစ်လှမ်းလောက်မှာဘဲ...နောက်ဆို အုန်းပင် အောက်တည့်တည့် ဓာတ်ပုံမရိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

Saturday, July 24, 2010

ဈေးနေ့

ဒီနေ့အိမ်မှာပြန်ရောက်တဲ့ပထမဆုံးအားလပ်ရက်ဆိုပါတော့။
အိပ်လို့မရ၊ အိပ်မက်ဆိုးတွေနဲ့တစ်ရေးနိုးတော့ မနက် (၅) နာရီရှိပီ။
ဈေးနေ့ဆိုတာ သတိရတာနဲ့ ခြင်းတောင်းဆွဲပီး ဈေးသွားတယ်။
တောင်ပေါ်ကဆင်းလာတဲ့ဈေးသည်တွေအများကြီးဝယ်ချင်စရာလဲအများကြီး...
လတ်လတ်ဆတ်ဆတ် ခြံထဲစိုက်ထားတဲ့အသီးရွက်တွေလာရောင်းတော့ အသည်တိုင်းလှည့်ပတ်ကြည့်မှ အချို့အသည်တွေမှာရှိတဲ့ဟာအခြားအသည်တွေမှာမရှိဘူး။ ဈေးတစ်ပတ်ပတ်လိုက်တယ်။
ပြန်ရောက်ကတည်းက အခြောက်အခြမ်းတွေဘဲစားနေတာ ကျွန်မဟင်းသီးဟင်းရွက်အရမ်းစားချင်နေတာ။
ဈေးနေ့မဟုတ်ရင် supermarket မှာသွားဝယ်ရတယ်၊ ဒါပေမယ့် ဈေးလောက်မလတ်ဆတ်ဘူး။
ငါးဟင်းလဲစားချင်တယ်၊ ချစ်သူကိုပြောတယ် ကျွန်မဘယ်လောက်အရွက်စိမ်းစားချင်လဲဆိုရင် အိမ်နောက် တံခါးဖွင့်လို့ မြက်စိမ်းစိမ်းလေးတွေတွေ့ရင်တောင်ခူးစားချင်ပါတယ်လို့၊
ဈေးထဲရောက်တော့အရင်ဆုံးလူမများခင်ငါးတန်းကို အရင်သွားလိုက်တယ်။ ငါးစားချင်လို့သာရယ်၊ တစ်ခါမှ ကိုယ်တိုင်ဝယ်ချက်ဖူးတာမရှိဘူး။  မြန်မာပြည်က ငါးနဲ့တူတာဆိုလို့ တလားပီးယားဘဲရှိတယ်။  ကျန်တဲ့ ငါးတွေ အကွက်တွေ အရောင်တွေနဲ့ ဘာငါးတွေမှန်းမသိဘူး။
တလားပီးယားအကြီးကြီးတစ်ကောင်ဝယ်လိုက်တယ်။ သူကသေနေပီလေ။  တစ်ကီလို $2.5 လောက်ကျ တယ်။  မသေသေးဘဲ ကန်ထဲ ဖျတ်ဖျတ်လူးခုန်နေတဲ့ တလားပီးယားလက်တစ်ဝါးစာအကောင်တွေကတော့ တစ်ကီလို $3   ငါးကိုတစ်ခါတည်း အကြေးထိုး ခုတ်ထားခိုင်းပီ....  အခြားအသည်ဆီက ပုဇွန်လေးတွေ သွားချောင်းပါတယ်။  တစ်ကီလို $10 ..  တစ်ခါမှပုဇွန်မ၀ယ်ဖူးဘူး။  စူးနွယ်လေးရဲ့ ပုဇွန်စဥကြော်  ကို စမ်းကြည့်ချင်တာနဲ့..စားလဲစားကြည့်ချင်တာ။  ပုဇွန်ကနှစ်မျိုး..  အကျားလေးနဲ့ အပြောင်...  အကျားလေး တွေကပိုကြည့်လို့ကောင်းတာနဲ့ အဲဒါ $3 ဖိုးဝယ်လာတယ်။
အဖိုးကြီးနှစ်ယောက် ၀ါးပိုးမျှစ်တစ်တုံးချပီးထိုင်နေတာတွေ့ခဲ့တယ်...  မျှစ်ကို ဖြတ်ပီး အမျှင်လေးတွေ လှီးဖို့ လုပ်နေတယ်။ ကျွန်မက မလှီးနဲ့.. ဘယ်လောက်လဲတစ်တုံးလုံးဆိုတော့..၀မ်းသာအားရနဲ့ အလေးချိန် ချိန်တဲ့ ဟာသူများဆီသွားဌားပီး...  3 ကီလိုအတုံးကို $2.5 တဲ့။  ဒါနဲ့ဝမ်းသာအားရ၀ယ်ခဲ့တယ်။
ဒီမှာမျှစ်စားချင်ရင် ၀ါးပင်အောက်သွားကိုယ့်ဘာသာကိုယ်သွားခုတ်ရတာ..
အခုလိုအဆင်သင့်တွေ့တော့အတော်ဖြစ်သွားတယ်။  မျှစ်ချဉ်လေးလုပ်ထားမယ်၊  နောက်အကြာကြီး သိမ်းထားပီးစားလို့ရတယ်အတွေးနဲ့ ဟုတ်နေတာ၊ အိမ်ပြန်ရောက်မှ မမလုလုဆီ မေးလ် ပို့ပီး မျှစ်ချဉ်မလုပ် တတ်လို့လှမ်းမေးရတယ်။
ဌက်ပျောဖူး၊ မုန်လာဖူး၊ ကြက်ဟင်းခါးရွက်၊ ပီလောပီနံရွက်၊ ခရမ်းသီးရှည် (တို့စရာ)၊ မုန်လာဥ (အချဉ်တည် မလို့ပါ) ပြီးတော့ ခါကြက်ဥနီ နှစ်လုံး (ကျွန်မက ယုန်ချစ်တယ်လေ..ယုန်စားတဲ့အစားတွေလဲစားတယ်)
ကြက်သားဝယ်မလို့.. တောကြက်ရောင်းတဲ့သူက ကိုယ့်ဘာသာကိုယ်အိမ်ယူသွားပီးသတ် လို့ပြောတယ်၊
အဲဒီအချိန် ကြက်ကလေးကလဲ ကျွန်မကိုလှမ်းကြည့်တယ်၊ အဲဒါနဲ့လန့်ပီး လှည့်ထွက်ခဲ့တယ်။

ဌက်ပျောဖူး + ခါကြက်ဥ

ကြက်ဟင်းခါးရွက်+ ပီလောပီနံရွက် + ခရမ်းသီးပိန်ရှည်
မုန်လာဥဖြူ

မုန်ညှင်းဖူး

ဝါးပိုးမျှစ် (မဟုတ်ပါ၊ အုန်းပင်နု) Heat of Palm
ဝါးပိုးမျှစ် ထင်ပီးဝယ်လာတာ..ညနေကျမှ မဟုတ်မှန်းသိတယ်။ အုန်းအသည်းဆံ၊  အဲဒါကြောင့်ပြုပ်စားတော့ အရမ်းချိုပီး စိမ့်နေလို့မသင်္ကင်္ာဖြစ်နေတာ..း)))... 

တလားပီးယားငါး

ဈေးကပြန်ရောက်ပီးတစ်ရစပ်အလုပ်တွေရှုပ်နေတာ...  အခုမှနားရတယ်။
မနေ့ညက အဲလာ ဆီက download လုပ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပုံတွေလိုက်ဆော့နေတာ..
စိတ်ဝင်စားရင် သွားဒေါင်းလို့ရတယ်....တော်တော့ကိုမိုက်တယ်...  အရမ်းကိုသဘောကျနေတာဒီမှာတော့..
အောက်မှာနမူနာပုံ...

သောင်ပြင်ခတ်တဲ့လှိုင်း

Friday, July 23, 2010

လွမ်းလွန်းလို့တော့ မရူးစေချင်

အခုတစ်လောအရမ်းကိုပြင်းရှတဲ့အလွမ်းဒဏ် လှိမ့်ပိတ်ခံနေရတယ်.. အခြားအဆင်မပြေမှုတွေ ထပ်လောင်း လူက ကြောင်တောင်တောင်ဖြစ်ချင်နေပီ။
ခံစားချက်ကိုတစေ့တစောင်းအကဲခတ်မိတဲ့ ဥဥ ကဒီကဗျာလေးစပ်ပေးလို့ သူ့ဘလော့ထဲက သွားကူးလာ ခဲ့တယ်။  ကူကူးအတွက်စပ်ပေးတဲ့ကဗျာမို့ ကူးကူးကူး..... တာ စိတ်မဆိုးပါဘူးနော်...
 












ကူးကူး.......

လွမ်းရလွန်းလဲ
ရူးမသွားပါနဲ့ကွယ်
စိတ်ကရုပ်ကိုထိန်းချုပ်သတဲ့
စိတ်ထောင်းလို့ကိုယ်ကျေ
နေဖြစ်သလိုသာနေပါ
စိတ်တော့မထောင်းပါစေနဲ့...........

နားလည်ပါတယ်
ရင်ထဲကခံစားချက်တစ်ချို့
အတွေးကိုလာငြိတဲ့အခါ
လွမ်းလွန်းလို့ဆိုတဲ့
စကားလုံးရိုင်းလေးက
အထီးကျန်ရင်ကို
ထိရှစေခဲ့............

ဘယ်ရောက်နေလဲ
ဟိုးအဝေးမှာ(တစ်ကယ်ဆိုမိုင်ပေါင်းများစွာ)
ကမ္ဘာ ရဲ့တစ်ဖက်ခြား
အခက်များပင်ပွေ
ရတက်ပွားချင်လေပါပဲ
ချစ်သူ၏ချစ်ခြင်းကို
ငတ်မွတ်စွာတမ်းတမိတဲ့
မှောင်မိုက်တဲ့ညများ
ဖြတ်သန်းစီးဆင်းသွားချိန်လေး
တမ်းတစွာ
နွမ်းလျစွာ
မောဟိုက်စွာ
လှောင်ပိတ်နေတဲ့
အခန်းကျဉ်းထဲမှာ
လွမ်းနေတဲ့အလွမ်းတွေနဲ့
ရူးရမယ်ထင်ပ..............

မဆုံနိုင်တဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို
ဒါမှမဟုတ်
မဆုံသေးတဲ့
မြစ်တစ်စင်းရဲ့
ကမ်းပါးနှစ်ဖက်
အဲဒီမြစ်ဟာအထီးကျန်မြစ်
ပင်လယ်ထဲကိုစီးဆင်းမယ်
ငါသိပါတယ်
ဒါပေမယ့်ငါ
ဂဃဏန မသိခဲ့ပါဘူး
ငါသေချာသိနေတယ်
ငါသေချာသိချင်တယ်
လောလောဆယ်လွမ်းရလွန်းလို့
ရူးတော့မယ်ထင်ပါရဲ့..............

ငိုနေမိတယ်
တစ်ယောက်တည်းပါပဲ
တိတ်တိတ်လေး
ကြေကွဲစွာမနေရဲခဲ့
ဒါပေမယ့်ကြေကွဲနေတယ်
ဒါပေမယ့်တမ်းတနေတယ်
ဒါပေမယ့်...............
ဒါပေမယ့်.......
ဒါပေမယ့်ချစ်နေခဲ့တယ်
အဲဒီတော့
လွမ်းမှာပဲပေါ့ ..........။     ။
ကူကူးအတွက် အမှတ်တရရေးပေးလိုက်တဲ့ ကဗျာလေးပါ တစ်ခါက စီဘောက်မှာ ဥဥ ကဗျာစပ်ပေးမလား
လို့လာအော်သွားခဲ့ ဖူးတဲ့ ကူကူး အတွက် ဥဥ ရဲ့လက်ဆောင်လေးပါ လွမ်းရလွန်းလို့ရူးတော့မယ် ဆိုတဲ့
စိတ်အခြေနေမှာတွေ့လို့ အားပေးလိုက်တဲ့ဥဥရဲ့ ကဗျာပါ အမှတ်တရပေါ့................
ခင်တဲ့
ဥဥ

Thursday, July 22, 2010

ရဲရဲချို တဲ့အကင်

ညနေဓာတ်ဆီဆိုင်လိုက်ရှာရင်းနဲ့ အကင်ဆိုင်တစ်ခုတွေ့တယ်။
ဝမ်းသာအားရ ကားရပ်ပီး အကင်သည်နဲ့ မိတ်ဖွဲ့ပီး အကြီးကျယ်ကိုဝယ်ခဲ့တယ်။
ဆော့စ်.. တွေကို လိုက်မြည်းကြည့်တော့အားလုံးချိုနေတာမို့ မယူခဲ့တော့ဘူး။
ဟော်တယ်ပြန်ရောက်တော့ TV လေးကြည့်အားရပါးရ စားဖို့လုပ်တယ်။
တစ်ခုစားပီး မနဲကိုမြိုချရတယ်..ကျန်တာတွေတော့အကုန်လွှင့်ပစ်လိုက်ရတယ်။
ချိုရဲနေတဲ့အကင်...  ဆော့စ့် မပါတာတောင်ဒီလောက်ချိုရဲနေတာ..ဆော့စ် ပါရင်အချိုတွေ ထပ်ကွမ်းတွေ ဖြစ်ဘယ်လောက်တောင်ဆိုးမလဲ..


Wednesday, July 21, 2010

Super Fresh ဂဏန်းဟင်း

ကျွန်မရောက်သွားတဲ့ကျွန်းလေးမှာ နေ့လည်စာစားဖို့လိုက်ပတ်ရင်းရှာရင်းနဲ့.. တစ်ကျွန်းလုံးနီးပါ.. ဆိုင်တွေပိတ်ထားတယ်၊ tourist တွေအလာများတဲ့အချိန်မဟုတ်ရင် ဟင်းတောင်ချက်စားကြရဲ့လား မသိဘူး။  နောက်ဆုံးမှာတော့ Daddy's Cafe ဆိုတဲ့ဆိုင်တစ်ဆိုင်တွေ့တယ်.. စားပွဲထိုးကောင်လေး တွေ ထိုင်နေတယ်.. ဆိုင်က တာဝန်ခံ ၀တုတ်တုတ်မဲမဲ ဦးလေးကြီးကတော့ ကားဖြေးဖြေးမောင်းပီး ဆိုင်ကိုလှမ်းကြည့်စပ်စုနေတဲ့ကျွန်မတို့ကို သူ့ဆိုင်လာဖို့ အတင်းလှမ်းခေါ်နေတယ်။
ကားကိုဆိုင်အကျော်၊ ပင်လယ်စပ်သောင်ပြင်မှာပေါက်နေတဲ့ အပင်ကြီးတစ်ပင်အောက်ထိုးရပ်လိုက်ပီး အပြင်ထွက်လိုက်တော့ အပေါ်က ဓာတ်တိုင်မီးကြိုးပေါ်မှာ မျောက်တစ်ကောင်... ဘာတွေစားနေလဲမသိ တောသားကျွန်မမျောက်တွေ့တော့ ပျော်တာပေါ့.. ဟယ်ဟိုမှာ မျောက်မျောက်ဆိုထအော်တာဘဲ။
မျောက်ကခပ်တည်တည်နဲ့ တစ်ချက်ငုံ့ကြည့်ပီး အရေးတောင်မလုပ်ဘူး။
ဆိုင်ထဲဝင်သွားတော့ မှန်ကန်တွေထဲကို ပင်လယ်က ဂဏန်းတွေလာထည့်နေတာတွေ့တယ်..

အဲဒီထဲက အကြီးဆုံးနဲ့ လှတယ်ထင်တဲ့ဂဏန်းကို ဓာတ်ပုံရိုက်လိုက်တယ်။ ရုပ်ဆိုးတဲ့ဂဏန်းတော့ရိုက် ချင်ဘူးလေ။
ပင်လယ်ပြင်ကိုမျက်နှာမူထားပြီး သဲပေါ်ချခင်းထားတဲ့စားပွဲမှာဝင်ထိုင်ရင်း menu ကြည့်လိုက်တော့ စားလို့ ရမယ်ထင်တဲ့ဟာတစ်ခုမှမတွေ့ဘူး၊ ထုံးစံအတိုင်း အသစ်ဆန်း စမ်းကြည့်ချင်တာတစ်ကြောင်း... စားပွဲထိုး လေးအညွှန်းကောင်းတာကြောင့် ဂဏန်းတုံယမ်း နဲ့ ဂဏန်းဟင်း.. မှာလိုက်တယ်။
စားကြည့်တာ တော်တော်ချိုတယ်..  မစားတတ်တော့ သူများခွာပေးတာထိုင်မျှော်နေရသေးတယ်လေ။
banana split.. လေးလဲထပ်မှာလိုက်သေးတယ်.. ဌက်ပျောသီးသေးသေးလေးမြင်တော့ ဓာတ်ကြိုးတွေ ပေါ် ထိုင်ထိုင်နေတတ်တဲ့မျောက်ကိုလှမ်းကြည့်မိသေးတယ်.. (သူများခူးလာပေးသလားလို့)
စားသောက်ပီးပြန်အထွက်မှာတော့ ဈေးကြီးလွန်းလို့ နောက်မလာတော့ဘူးလို့ အချင်းချင်းအတင်းတုပ် နေလိုက်သေးတယ်။  ပြန်အထွက်မှာ မှန်ကန်နားဖြတ်အသွား ဂဏန်းတွေရှိတော့ဘူး။
လိုက်ကျွေးတဲ့သူကပြောပါတယ်... ဘယ်ရှိတော့မလဲ ခုဏက စားလိုက်ပီလေတဲ့...   အော်အော်.. သနားပါ တယ်။ ...  သူတို့ကိုသတ်မယ်မှန်းသိရင်မစားပါဘူးရယ်လို့။  
စားပွဲထိုးဦးလေးကြီးက လတ်လတ်ဆတ်ဆတ် သတ်ပီးချက်ပေးလိုက်တာကို ဂုဏ်ယူပီး ရှင်းပြနေတုံး... ဆိုင်ထဲကအမြန် အပြေးတစ်ပိုင်းထွက်ခဲ့တယ်။း))))..


Tuesday, July 20, 2010

ရေခဲမုန့်ကြော်

၂၀၀၄ လောက်က ဖြစ်မယ်ထင်တယ်၊ ကန်ဘဲ့က သူငယ်ချင်းတစ်ယောက်က မြေနီကုန်းမှာ ရေခဲမုန့် ကြော်သွားစားမယ်လို့ အဖော်စပ်ဖူးတယ်၊ စိတ်ထဲမှာတော့ ဘာလဲ ရေခဲမုန့်ကြော်ပေါ့..
ဒါပေမယ့် ရေခဲမုန့်ဆို ငယ်ငယ်ကတည်းက အခုထိ မစားတဲ့ကျွန်မအတွက် ရေခဲမုန့်ကြော်ကမဆွဲဆောင် နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခါ ခရီးထွက်တော့မှ စားသောက်ဆိုင်မှာ နိုင်ငံခြားသားအများကို အဓိက ဆွဲဆောင်နိုင်ပီး အရောင်းသွက်တာ တွေ့တော့ သဘောကျပီး ပုံလေးရိုက်လာခဲ့တယ်။
ဘယ်လိုလုပ်လဲဆိုတာလိုက်ချောင်းသေးတယ်၊  အပြင်ယံဂျုံသားလေးနဲ့ အထဲကရေခဲမုန့် တစ်ခါတည်း လုံးထားပီးသား freeze လုပ်ထားတာ ဆီပူထဲထည့်ကြော်လိုက်တာဘဲ။ မြန်လဲမြန်တယ်။
မီးအချိန်အဆတော့လိုမှာပေါ့လေ..  စိတ်ဝင်စားတဲ့သူများရှိရင် ready-made ၀ယ်ကြော်လို့ ရမယ်ထင်တယ်။း))) အောက်မှာ recipe သွားကူးလာထားပေးတယ်။းP




http://www.foodnetwork.com/recipes/emeril-lagasse/fried-ice-cream-recipe/index.html

Ingredients

  • 1 quart vanilla ice cream
  • 1 cup crushed frosted cornflakes
  • 1 cup sweetened coconut flakes, or 1 cup chopped walnuts, or 1 cup cookie crumbs
  • 2 large eggs
  • 2 tablespoons sugar
  • Vegetable oil, for frying
  • Hot chocolate sauce, optional
  • Whipped cream, optional

Directions

With an ice cream scoop, form 4 large balls of ice cream. Place on a waxed paper lined sheet and cover with plastic wrap. Freeze for at least 2 hours.
In a bowl, combine the cornflake crumbs with either the coconut, walnuts or cookie crumbs (or any combination). Spread the mixture in a shallow dish.
Dip the ice cream balls in the crumb mixture and freeze for 30 minutes.
In a bowl, beat the eggs and sugar. Dip the coated ice cream balls into the eggs, then roll in the crumb mixture, coating completely. Freeze for 1 hour. (If necessary, or for a thicker crust, roll again in eggs and crumbs until the balls are completely coated.)
Heat the oil in a large pot or fryer to 400 degrees F. One at a time, lower the balls into the oil and fry until golden brown, about 30 seconds to 1 minute. Remove from the oil and place in a dessert bowl. Drizzle with chocolate sauce and whipped cream, as desired. Repeat with the remaining ice cream.

 
Powered by Blogger