အသည်းရောဂါသည်တွေအ၀ါနဲ့ကင်းလို့မရဘူး၊ ရွှေဖရုံသီး၊ သင်္ဘောသီး အစရှိတဲ့အ၀ါရောင် အသီးတွေ စားပေးရမယ်။
ကင်ဆာရောဂါ ကာကွယ်လိုသူများနဲ့ ဖြစ်နေတဲ့သူများကတော့ ကယ်လိုရီအများကြီးပါတဲ့အစာ၊ ပရိုတင်း အများကြီးပါတဲ့ဟာ နဲ့ အဆီနဲနဲစားသောက်တဲ့အကျင့်ကိုလိုက်ပေးရမှာဖြစ်ပြီးတော့ တတ်နိုင်သလောက် အသီးရွက်နဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်ကိုသာ စားပေးရမှာဖြစ်ပါတယ်တဲ့။ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားသောက်တွေတတ်နိုင်သလောက် ရှောင်ရပါမယ်။
အသည်းဝါ၊ နဲ့အသည်းရောဂါသည်တွေလဲ သိပ်မကွဲခြားဘဲ ကယ်လိုရီပမာဏများများပါဝင်တဲ့အစာနဲ့ အဆီနဲနဲ အစားသောက်ကို လေ့ကျင့်စားပေးရမှာဖြစ်ပါတယ်။
ကင်ဆာရောဂါကာကွယ်ဖို့အတွက်အဓိက ကတော့ ဗီတာမင် အေ နဲ ဘီ ပါဝင်တဲ့အစာတွေများများစား ပေး ပါ။ အဲဒါတွေကတော့..
Vitamin A မြင့်မားသောပမာဏပါဝင်သည့်အစားအစာများ..
အ၀ါရောင်အသီးအနှံများ ( သရက်သီးမှည့်၊ သင်္ဘောသီးမှည့်)၊ ကြက်ဥအနှစ်၊ အသီးအရွက် ( အစိမ်းရင်ရောင်ရှိသော အရွက်များများနှင့်အသီးရွက်များနှင့် မုန်လာဥနီ၊ ဖရုံသီး အစရှိသည့်အ၀ါရောင် အသီးနှံများ)၊ ငါးကြီးဆီ
Vitamin B
ပေါင်မုန့် (ဂျုံကြမ်း)၊ Cheese ဒိန်ခဲ၊ ပြောင်းဖူး၊ ကြက်ဥ၊ နို့၊ မှို၊ အခွံမာ အစေ့များ (သီဟိုစေ့၊ မြေပဲဆံ၊ ငါးပေါက်သီးဆံ၊ သစ်ကြားသီး၊ ရင်ကွဲစေ့)၊ ထမင်း.. ဆန်လုံးတီး
ဒါကတော့ နေ့စဉ်စားသောက်ရမယ့် အချိန်ဇယားနဲ့အစားစာတွေ (၃)ရက်စာနမူနာပါ။ အမျိုးစားတူတဲ့ အသီးတွေ နဲ့ ဟင်းအမယ်တွေ စိတ်ကူးရှိသလောက်လဲလှယ်ချက်စားလို့ရပါတယ်။
သတိထားရှောင်သင့်သောအရာများ
၁။ အချိုအလွန်ကျွံစားခြင်း
၂။ အဆီများသောအသားနှင့်ကိုယ်တွင်းကလီစာအသားများ
၃။ အသား/ငါးအရေခွံများ
၅။ ကျွဲနို့၊ နို့ဆီ
၆။ ထောပတ်သီး
၇။ fried chips, French fries နှင့်အခြားဆီများများနှင့်ကြော်ထားသောအစားများ
၈။ အမဲရိုးစွပ်ပြုပ်
၉။ ကော်ဖီ၊ လဖက်ရည်၊ အရက်နှင့်မူးယစ်စေသောအရာများ၊ ဆိုဒါပါဝင်သောအရည်များ နှင့် ကိုလာ
၁၀။ အုန်းနို့ပါဝင်သောအချိုပွဲများ
http://www.usefulusability.com/7-reasons-why-you-can%E2%80%99t-sell-usability/ (photo credited)
http://www.usefulusability.com/7-reasons-why-you-can%E2%80%99t-sell-usability/ (photo credited)