Pages

Tuesday, December 14, 2010

Pain >>aching>>> Excercise!!

ပုခုံးနဲ့နောက်ကြောဖက်တွေမှာ မီးပူထိုးဆိတ်နေသလိုနာကြင်နေသူများအတွက် လေ့ကျင့်ခန်း လုပ်နည်းတင်ပေးလိုက်ပါတယ်။ စာနဲ့ရေးရတာခက်နေတာရယ်ကြောင့် model လိုက်ရှာနေ တာ။ အခုမှအဆင်ပြေလို့တင်ပေးလိုက်တယ်။ တစ်ကယ်တမ်းလုပ်ကြည့်ရင် အချိန်မကြာပါဘူး။ မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညဖက်တစ်ခါ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နာကြင်တဲ့ဝေးနာ တွေအတော့်ကိုသက်သာသွားမှာပါ။  လေ့ကျင့်ခန်းမလုပ်ခင် နာကြင်နေတဲ့ နေရာကို ရေနွေးအိတ် နဲ့ (၁၅) မိနစ်လောက်အပူပေးဖို့လဲအရေးကြီးပါတယ်။  ဒီတိုင်းအစိမ်းသတ်သတ် လုပ်မယ်ဆိုရင်ကြွက်သားတွေ မာနေပီး ပိုဆိုးလာနိုင်ပါတယ်တဲ့။
ကျွန်မကိုတော့ ဆရာဝန်က ဘယ်ဖက်တစ်ခြမ်းသွေးစီးဆင်းတာ မမှန်ဘူးပြောပါတယ်။  ကြွက်သားတွေနဲ့ အကြောတွေ ထိုင်းနေတဲ့ပုံမျိုးပါ။  အရမ်းကိုက်တယ်၊ အေးတဲ့အချိန်ဆို ပိုဆိုးတယ်။ အလေးနဲနဲမရင်လဲကိုက်ခဲနေတာမျိုးပါ။
ကဲလေ့ကျင့်ခန်းလေးစရအောင်။

ခုံပေါ်တွင်မတ်မတ်ထိုင်ပြီး၊ ညာဖက်လက်ဖ၀ါးကို ပေါင်အောက်သို့ထည့်ပြီး ဘယ်ဖက်လက်ဖြင့် ခေါင်းကိုဖိချပါ။ (၁-၁၀) ထိရေတွက်ပါ။ ပြီးလျှင် ခေါင်းကိုလွှတ်ပြီး တည့်တည့် ခဏပြန်ထားပါ။ ပြန်ဖိချပါ၊ (၁-၁၀) ထိရေတွက်ပါ။ စုစုပေါင်း (၅) ကြိမ်၊ အကြိမ် (၅၀) တစ်ခါဖိချလျှင် (၁၀) ထိဖြစ်သည်။ ညာဖက်လက်မှတောင့်ခံထားပါ။
ပြီးလျှင် တစ်ဖက်သို့ပြောင်း ခေါင်းကို ဆွဲပြီးဖိချပါ၊ အကြိမ် (၅) ကြိမ်၊ တစ်ကြိမ်လျှင် ၁ မှ ၁၀ ထိရေတွက်ပါ။
ပုခုံး တစ်ဖက်တည်းသာ နာကျင်နေသူများအတွက် ဆန့်ကျင်ဖက် တစ်ဖက်သို့သာ ဖိချရမှာ ဖြစ်ပါတယ်။  ဥပမာ ကျွန်မဆိုရင် ဘယ်ဘက်ဘဲ နာနေတဲ့အတွက် ခေါင်းကို ညာဖက်ကို ဖိချ ရပါတယ်။












လက်နှစ်ဖက်ကိုတန်းတန်းဆန့်ထုတ်ပါ။













လက်ဖ၀ါးကိုအပေါ်သို့ ဆွဲတင်ပါ။













လက်နှစ်ချောင်းအပေါ်သို့မြောက်ပါ။













လက်နှစ်ချောင်းကို ဘေးသို့ခွဲထုတ်ပါ။










အပေါ်သို့ဆက်ဆွဲတင်ပါ။
 











ရင်ဘတ်နားထိပြန်ချပါ။













လက်တစ်တောင်ဆစ်ကို အထဲသို့ ချိုးပါ။လက်သီးဆုပ်ပီး လက်သီးကို အထဲသို့ကွေးပါ။













လက်သီးဆုပ်ကိုအပြင်သို့လှည့်ထုတ်ပါ။













ဘေးသို့ကွေးပါ။













မတ်မတ်ထပီး ကိုယ်လုံးကိုရှေ့သို့ကိုင်းပါ။လက်ဖ၀ါးများကိုဆန့်ထားပါ။













မတ်မတ်ပြန်ထိုင်ပါ။ လက်ဖ၀ါးကိုပေါင်ပေါ်တင်ပြီး ခေါင်းကိုစောင်းပါ။













အလယ်သို့ပြန်မတ်ပါ။ တစ်ဖက်သို့ထပ်စောင်းပါ။ အလယ်သို့ပြန်မတ် ခဏနေရန်မမေ့ပါနှင့်။













ပုံကဲ့သို့လက်မောင်းတစ်ဖက်ကိုလွဲပါ။ (၁-၅) ထိရေပြီး နောက်တစ်ဖက်သိုပပြောင်းလုပ်ပါ။













credit to model PLK

Tuesday, December 7, 2010

ငါးဆန်ပြုတ်

ငယ်ငယ်ကလုံးဝမစားခဲ့တဲ့အစာတွေ အခုအသက်လေးရလာတော့ အကြိုက်တွေပြောင်းကုန်တယ်။  ဆန်ပြုတ် ဆို ဖျားရင်တောင်မစားခဲ့ဘူး။ ပဲမြစ်လဲအရင်ကလုံးဝကိုမစားခဲ့တာ.. အခုတော့ ကြိုက်တတ်နေပြီ။ 
ဆန်ပြုတ်လဲ ဒီနှစ်ထဲမှာမှ အန်တီတစ်ယောက်ပြုပ်ထားတာ အတင်းကျွေးလို့စားမိရာက အရမ်းကိုကြိုက်သွား တယ်။  ကချင်ဆန်ပြုတ်ဆိုလား၊ ပျစ်ပျစ်လေးနဲ့ အရမ်းစားလို့ကောင်း။ 
ဒီမှာ ဈေးနေ့ဆို ဆန်ပြုတ်ရောင်းတယ်၊  တစ်ခေါက်သွားဝယ်စားမလို့ သူက porridge chicken/ pork ဆိုတော့ ပန်းကန်ထဲထည့်နေရင်း ကျွန်မက chicken, no pork OK? ဆိုတော့သူတို့က ရတယ်ရတယ် ဆိုပီး ကျွန်မ ရှေ့မှာတင် ခွက်ထဲက ၀က်သားဖတ်တွေခပ်ထုတ်နေတယ်၊ ရီလဲရီချင်တယ်.မစားတော့ဘူးပြန်လှည့်ခဲ့တယ်။ 

ဆန်ပြုတ်ကို ထမင်းလွတ်တော့စားလို့မဖြစ်ဘူး၊ ကျွန်မ ထမင်းပျော့ပျော့စားရင်တောင်ခဏခဏဗိုက်ဆာ တတ် တယ်။  အဲတော့ စားချင်တဲ့ဆန်ပြုတ်ကို ဒီတစ်ခါတော့ ပထမဆုံးကိုယ်တိုင်ပြုပ်ပါတယ်။  ပထမဆုံးငါး ကို ဂျင်းနဲနဲ နဲ့ထည့်ပြုပ်ပါမယ်။
  • ငါးပြုပ်အသားနွှာ
  • ဂျင်းအနည်းငယ်
  • ငရုတ်ကောင်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်မိတ်
  • ငရုတ်သီးမှုန့်
  • သံပုရာသီ
ဆန်ကောင်းကောင်းလေးနဲ့ပြုပ်ရင်ပိုမွှေးပါတယ်။ ဒီမှာတော့ ထိုင်းက သွင်းတဲ့ Jasmine ကိုသုံးပါတယ်။ ဆန်ကိုဆေးရေအများကြီးထည့်၊ ကြက်သွန်နီအဖြူ မျိုးကို ပါးပါးလှီးထည့်ပြီးပြုပ်ထားလိုက်ပါ။ ပွက်ပွက်ဆူလာရင် ဆန်ပြုတ်ရည်က အစမ်းရောင်လေးသန်းနေပါလိမ့် မယ်။ ငါးပြုပ်အသွားနွှာထားတာကိုထည့်လိုက်ပါ။ ဆားထည့်ပါ၊ ငါးငံပြာရည်နဲနဲထည့်ပြီး ပိုပြီး ပျစ်လာအောင် တည်ပါ။ ဆန်လုံးတွေကြေပြီးခပ်ပြစ်ပြစ်ဖြစ်လာပြီဆိုရင်တော့ ငရုတ်ကောင်းထည့်မွှေပြီး သုံးဆောင်လို့ ရပါပြီ။ တွဲဖက်စားဖို့ ဆီချက်ရယ်၊ ကြက်သွန်မိတ်ရယ်၊ ငရုတ်သီးမှုန့်၊ သံပုရာရည်တစ်ခါတည်းညှစ်ထည့် ပြီးသုံးဆောင်ပါ။ ငရုတ်ကောင်းပိုကဲချင်ရင်ထပ်ထည့်လိုက်ပါအုံး....

ငါးမဟုတ်ဘဲ ကြက်သားနဲ့ဆိုရင်တော့ ဆန်ကိုစပြုပ်တဲ့အချိန်မှာ တစ်ခါတည်းရောပြုပ်လိုက်ရုံပါ။

Friday, December 3, 2010

ဆန်စီးငါးခေါက်ဆွဲ

 ဆန်စီးခေါက်ဆွဲအပြားနဲ့ ငါးချက်ကို ရောစားတဲ့ ကချင်အစားအစာလို့ပြောတဲ့ ဆန်စီးငါးခေါက်ဆွဲ လုပ်နည်း လေးပါ။ လုပ်စားရတာလဲလွယ်ကူပြီးအရမ်းအရသာရှိပါတယ်။ ဒီခေါက်ဆွဲကိုနာမည်ဘယ်လိုခေါ်သလဲ သိမယ့် မမလုလု ဖြစ်ဖြစ် မမဂျာမုန်း ဖြစ်ဖြစ် မြူးစ် ဖြစ်ဖြစ် သိရင် ပြောပြခဲ့နော်။

ရှမ်းခေါက်ဆွဲနဲ့ခပ်ဆင်ဆင်တူပေမယ့် ဒီခေါက်ဆွဲကတော့ ငါးနဲ့ချက်တာပါ။ ဆန်စေး ခေါက်ဆွဲ ခြောက်ထုပ် ရှိရင်လုပ်စားလို့ရပါပြီ။  ညီမလေးဝမ်းကွဲ ကရန်ကုန်ပြန်တုန်း ခေါက်ဆွဲခြောက်ထုပ် ယူလာပီး  သူ့ကိုပေးလိုက် တဲ့ အန်တီက မလိခူး လို့ခေါ်တယ်ပြောတာဘဲ။ အခေါ်ဝေါ်တော့သေချာမသိဘူး။ သူတစ်ခါ လုပ်စားတော့ သွားစားတယ်။ အရမ်းအီလို့မစားနိုင်ဘူး။ ဒါပေမယ့် ၂ လကျော်ကြာတော့ အဲဒါပြန်စား ချင်စိတ် ပေါက်လာတယ်၊ အရမ်းကိုစားချင်တာနဲ့ ဒီတစ်ခါတော့ ကိုယ်တိုင်ချက်ဖြစ်တယ်။ မလိခူးဆန်စီးခေါက်ဆွဲ လို့ပြောတာဘဲ။ မလိခူးကိုအင်တာနက်မှာရှာတော့ ရန်ကုန်က ကချင်ရိုးရာစားသောက်ဆိုင်နာမည်တော့ တွေ့တယ်။ ပြန်ရောက် မှသွားစားအုံးမယ်။ ရိုးရာအစားသောက် တွေစားဖို့တော့ဝန်မလေးဘူးရယ်။
ကဲ ဆန်စီးငါးခေါက်ဆွဲလုပ်နည်းလေး ထပ်ဆင့်ဝေမျှလိုက်ပါတယ်။
  • ဆန်းစီးခေါက်ဆွဲခြောက်
  • ငါး (ငါးမြစ်ချင်း / ငါးကြင်း / တလားပီးယား ) ကြိုက်တာသုံးပါ
  • ကြက်သွန် ဖြူ/နီ
  • ဂျင်း
  • စပါးလင်
  • ထညက် (တစ်ခဲ)
  • ငါးငံပြာရည်
  • ကြက်သွန်မိတ်
  • နံနံပင်
  • မြေပဲထောင်း
  • သံပုရာသီး
ကဲ၊ ငါးကို အရင်ဆုံးပြုပ်ပါမယ်။ ငါးကိုဆားနဲ့ပွတ်ဆေး၊ စပါးလင်နှစ်ချောင်ကို ထု၊ ဂျင်းနဲနဲ ကိုထောင်း၊ ငါးငံပြာရည် အိုး ထဲထည့်ပါ။ ငါးပြုပ်ကျက်ပီးမွှေးလာပီဆိုရင်တော့ အိုးချပြီး ငါးအသားနွှာလေးတွေလုပ်ထား ပါ။ 
ငါးပြုပ်ထားတဲ့အရည်ကို နဲနဲထပ်ပြီး ပျစ်လာအောင်မီးနွေးနွေးနဲ့ဆက်တည်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်ညက်ထောင်းပြီး ငါးနွှာထားတာကိုဆီသတ်ပါမယ်။ ငါးငံပြာရည် နည်းနည်း ထပ်ထည့်ပါ။ အပေါ့ငံတွက် ဆားနည်းနည်းထည့်ပါ။  အချိုမှုန့် မသုံးတော့ဘဲ ထညက်တစ်တုံး ထည့် ဆီသတ်ပါမယ်။
မွှေးမွှေးကျွတ်ကျွတ်လေးဖြစ်လာတဲ့အချိန် မှာတော့ ပြုပ်ထားတဲ့ခေါက်ဆွဲနဲ့ ရောသုံးဆောင်ဖို့ စားပွဲပေါ်ပြင် ပါမယ်။
ကျွန်မတော့ တွဲဖက်စားဖို့ ကြက်သွန်မိတ်နဲ့နံနံပင်လေးတွေလှီးထားပါတယ်။
ငရုတ်သီးမှုန့်၊ သံပုရာသီး နဲ့ မြေပဲလေးတွေလဲထောင်းထားပါတယ်။
မုန်ညှင်းခါးချဉ်လေးလဲ အရင်အပတ်ကတည်းကလုပ်ထားပီးသားမို့အစဉ်သင့်ပါဘဲ။
မုန့်ပန်းကန်ကိုပြင်တော့မယ်ဆိုရင် ခေါက်ဆွဲဖတ်လေးတွေထည့်၊ ငါးပြုပ်ရည်လေးနဲနဲထည့်ပြီး ခေါက်ဆွဲ စီးစီး လေးတွေကို တစ်ချောင်းချင်းစီခွဲထွက်သွားအောင်မွှေပါမယ်။
ပြီးရင်တော့ ငါးဆီချက်သတ်ထားတာထည့်၊ တွဲဖက်စားချင်တဲ့အစာပလာတွေအကုန်ထည့်ပီး စားရုံပါဘဲ။
အရမ်းလဲအရသာရှိပီး ဆန်စီးမို့ နဲနဲအီပေမယ့် မုန်ညှင်းခါးချဉ်လေးနဲ့တွဲစားရင် (၃) ပန်းကန်လောက် အသာလေးပါဘဲ။

မုန်ညှင်းခါးချဉ်လုပ်နည်းရေးခဲ့ဖူးတယ်ထင်တာရှာမတွေ့တော့ဘူး။  မုန်ညှင်းအစိမ်းခါးကိုတွေကို ရေဆေး၊ လက်နှစ်ဆစ်အရှည်လောက်ဖြတ်ပီး ဆားကြမ်းနဲ့ နာနာနယ်... (၂) နာရီလောက်ထား။ထွက်လာတဲ့ အရည်တွေသွန်ပစ်ပြီး၊ ကောက်ညှင်းဆန်မှုန့် ကိုနဲနဲကျိုပီး၊ အေးတဲ့အခါ မုန်ညှင်းစိမ်းနဲ့ရောနယ်၊ ဂျင်းနဲနဲ၊ ငရုတ်သီးစိမ်းနဲနဲပါးပါးလှီးထည့်ပီး လေလုံဗူးထဲသိပ်ထား၊ တစ်နေလောက်ပြပီးရင် ချဉ်နေပါပီ။  ကူးကတော့ (၂)ရက်လောက်အပြင်မှာထားပါတယ်။ ပြီးမှ ရေခဲသေတ္တာထဲထည့်သိမ်းထားပြီး စားချင်တဲ့အခါ ထုတ်စားရုံပါဘဲ။




ကဲ အားရင်လုပ်စားကြည့်ကြနော်။  ပုံတွေဝါးနေတာခွင့်လွှတ်၊  ကင်မရာ charger ရှာမတွေ့လို့ ဖုန်းနဲ့ဘဲ ရိုက် လိုက်ရတယ်။  မုန့်တစ်ခါ တစ်ခါလုပ်စားဖို့က မလွယ်ဘူးလေ၊ လုပ်စားဖြစ်တုန်းလေးရိုက်ရတာမဟုတ်လားး))
(ခေါက်လုပ်နည်းပြောပြတဲ့ ညီမလေးဝမ်းကွဲကိုကျေးဇူးတင်ပါတယ်။ ကျွန်မနည်းကတော့ နဲနဲကွဲတာပေါ့၊ သဘောတရားတော့ အတူ တူပါဘဲ)

 
Powered by Blogger