Pages

Tuesday, May 20, 2014

မေပယ်လ် ရွက်သုတ် (maple)

ချစ်သူကပြောတယ်.. ကျွန်မကြောင့် Maple တွေပြုန်းတော့မှာဘဲတဲ့....
မနေ့က Tulips Festival သွားတော့ ခင်မင်ရတဲ့ မြန်မာမိသားစုက အကိုကြီးက အရွက်လေးသုတ်ပီးယူလာတာ ညောင်ချဉ်ဖူးလို စားလို့ကောင်းတာနဲ့ ကိုယ်တိုင်ခူးပီး ကိုယ့်စတိုင်နဲ့ကိုယ်သုတ်စားဖြစ်တာ။
အစေးဖြူဖြူလေးတွေထွက်လို့ ရေနဲ့တစ်ညစိမ်ထားရပါတယ်။
နောက်နေ့မှာတော့ ပြုတ်၊ ရေညှစ်အနေတော်လှီးပီး...
ဆီသတ်ထားတဲ့ငါးခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ နီ ၊ ငရုတ်သီးစိမ်းလေးကို အနေတော်လှီး..
အချဉ်အတွက် မန်းကျည်းသီးရည်လေး နဲနဲထည့်ပီးသုတ်စားတာ...ကောင်းမှကောင်းဘဲ...
ညောင်ချဉ်ဖူး၊ ကလောရွက်.. အဲဒါလေးတွေပြုတ်သုတ်စားတဲ့အရသာခပ်ဆင်ဆင်ပါ။


မေပယ်လ်ရွက်သုတ် (Maple Leaves)


Monday, May 19, 2014

Tulips Festival -2014

မိုးက တစ်ချက်တစ်ချက်သည်းသည်းရွာတော့ ပန်းလေးတွေပျက်မှာသိပ်စိုးရိမ်ခဲ့ရတာ..
မနေ့က နေကသာတော့ သိပ်ဝမ်းသာသွားပီးပန်းပုံလေးတွေသွားရိုက်ခဲ့တယ်။  နေသာ သာနေပေမယ့် တစ်ချက်တစ်ချက်လေတိုက်လိုက်တဲ့အခါနဲ့ တိမ်အုပ်လာတဲ့အချိန် အေးနေတာ ခိုက်နေတာပါဘဲ။။း)
ပန်းချစ်သူတွေကြိုက်ရင် ကူးသွားလို့ရတယ်နော်။ ကူးကူးမှာ ကင်မရာအကောင်းတော့ မရှိဘူး..ရှိတာလေးနဲ့ ပန်းရောင်စုံခင်းကြီးကို ဘလော့ပေါ်သယ်လာခဲ့တယ်။









အပေါ်က ကျွန်မ sony camera လေးနဲ့ရိုက်ထားတာပါ...ဒီအောက်ပိုင်းကပုံလေးတွေကို ပိုသဘောကျတယ်..
samsung note နဲ့ရိုက်ထားတာ..

















ရေမုန်ညှင်းသုတ်

နွေရာသီမို့အရွက်တွေစိမ်းစိမ်းစိုစိုနဲ့ အလေ့ကျပေါက်နေတဲ့ ပန်းဝါ၀ါလေးတွေက မြေပေါ်မှာဖြန့်ကျက်ထား ထားသလိုအရမ်းလှပတဲ့အချိန်မှာ ကျွန်မအတွက်တော့ အေးလို့အပြင်တောင်မထွက်ရဲဘူး...  အာရှမှာအနေ ကြာလို့ ခန္တာကိုယ်က အသာမကျသေးဘူးလို့ သူငယ်ချင်းတွေကပြောပေမယ့် ဒီလိုအေးရင် asia ကိုပြန်ပြေး ချင်တာပါဘဲ။
ရာသီဥတုသာယာလို့ အများက အပြင်ထွက်ဖို့.. လျှောက်လည်ကြဖို့ ပြင်နေပေမယ့် ကျွန်မကတော့ အရွက်စိမ်းတွေ့သမျှအကုန်ကိုစားချင်နေတော့တာ...ဒီနေ့တော့ တရုတ်တန်းဘက်ကိုသွားပီး အရွက်စိမ်း တွေ့သမျှအမျိုးစုံဝယ်လာပီး သိုထားလိုက်တယ်။
ဒီနေ့တော့ ရေမုန်ညှင်း ကို အရသာထပ်ပေါင်းတဲ့အနေနဲ့ ပင်အပ်မှိုလေးနဲနဲ နဲ့ဆူးပုတ်ရွက်ရောထည့်ပီးစိမ်းစိမ်းလေးသုတ်စားဖြစ်တယ်။
မှိုကချိုတယ်၊ ဆူးပုတ်က အနံ့ပြင်းတယ်.. ရေမှုန်ညှင်းက ခါးသက်သက်နဲ့စိမ့်တယ်။
ဆူးပုတ်ရွက်လေးနဲနဲ တော့ ပါတယ်.. အနံ့လေးပြင်သွားအောင်..အနံ့မကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ဘူး။

ရေမုန်ညှင်း သုပ်
ရေနွေးဆူပွက်ပွက်မှာ ဆေးထားတဲ့အရွက်လေးတွေထည့်ဖျောပြီးတော့ ခပ်ထူထူလေးလှီး.. ကြက်သွန်နဲ့င၇ုတ်သီးစိမ်း၊ ဆီစိမ်းမွှေးမွှေးထည့်..အချဉ်အတွက်သံပရာလေးတစ်စိပ် ညှစ်ပီး သုတ်စားရုံပါဘဲ။
အိမ်မှာ ဟင်းချက်ရင်းကျန်တဲ့အရွက်စိမ်းလေးတွေ ၃ -၄ မျိုးပေါင်းပီးသုပ်စားလဲရပါတယ်..
အရသာစုံအသုပ်လေးပေါ့။

 
Powered by Blogger