ကျွန်မ ဆေးရုံတက်နေတာရယ်. ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။ စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။ ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။ နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။ အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်... သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်... ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။ အစားနဲ့ရေကိုတော့ များမ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။