Skip to main content

Posts

Showing posts from September, 2010

ဒန့်သလွန်ရွက်မုန့်

ဒီမှာတော့ ဒန့်သလွန်သီးပင်တွေစိုက်ကြတဲ့သူတွေအရမ်းများတယ်။ ဈေးမှာတော့တစ်ခါတစ်လေ တွေ့ရတတ် ပေမယ့် ဈေးနေ့တွေမှသာ ကြိုကြား..ကြိုကြားရောင်းတယ်။  ဒန့်သလွန်ရွက်က ကျမ်းမာရေးအတွက် ဘက်စုံ ကောင်းတော့ တစ်ခုခုချက်တိုင်းဒန့်သလွန်ရွက်လေးနဲနဲ နောက်ဆုံးမှာဖြူးတတ်ကြတယ်။ ကျွန်မဒန့်သလွန်ရွက်စားတာတွေ့တော့သူတို့လန့်သွားတယ်။  ပြုပ်စားတယ်၊ ကြော်စားတယ်။  သူများတွေ တစ် စည်းကို ၃ခါလောက်စားရင် ကျွန်မ ၃ စည်းကို တစ်နပ်တည်းစားတယ်။  အရွက်ဆိုအကုန်ကြိုက်.. ဒီကလူတွေအဲလောက်ကြိုက်ကြတဲ့ ဒီဒန့်သလွန်ရွက်ကို မုန့်လုပ်ပါတယ်..  recipe မရှိပေမယ့် အနည်းဆုံးတော့ စားလို့တော့ရမှာဘဲဆိုပြီး မုန့်ဖုတ်ကြည့်တယ်။  ထုံးစံအတိုင်းစိတ်ဝင်စားရင် စမ်းကြည့်လို့ရပါသည်။ ဒန့်သလွန်ရွက် တစ်စည်း ခြွေပီး   ရေဆေး ရေနွေးလေးနဲ့နည်းနည်းဖျောထားပါ။ ဂျုံ၊ ကြက်ဥ အကာ(၃)လုံး၊ သကြားအနည်းငယ်၊ ထောပတ်တစ်ဇွန်း ရောမွှေပါ။ ရေနွေးဖျောထားတဲ့ဒန့်သလွန်ရွက် အနည်းငယ်ခါးပီး စိမ်းရွှင်ရွှင်အနံ့နဲနဲရှိနေတဲ့အတွက် သစ်တော်သီး တစ်လုံးရဲ့တစ်ဝက်ကို ရောထည့်ပီး ဘလန်ဒါနဲ့ မွေပါ..   ဒန့်သလွန်သီးနဲ့ မုန့်သားအကုန်ရောထည့်မွှေပါ.. ပြီးရင်တော့ မီး ၂၂၀ ဒီဂရီနဲ့ မိနစ် ၂၀ ဖုတ်ပါ.. ဒန့်သလွန်ရ

ချစ်သူလို့ပြောနိုင်ပါသလား

အချိန်လေးရရင် vote ပေးသွားပါနော်။ခေါင်းထဲရောက်နေတာတော့ကြာပြီ။ သူငယ်ချင်းတို့အမြင်လေးလဲသိချင်လို့ပါ။  ဒီတစ်လောတော့ဟင်းမချက်နိုင်သေးဘူး။ ဆေးရုံတစ်ဝက်၊ အိမ်တစ်ဝက် လှည့်နေရတဲ့အချိန်မို့ အိမ်လုံးလုံးပြန်ရောက်မှ ပေါက်ကရ ထပ်ချက်ပါ အုံးမယ်။   အားလုံးရွှင်လန်း ကျမ်းမာ ကြပါစေ။  ............................................................................................................................ ............................................................................................................................

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ခေါင်းတရာသားအိုးကပ်

ငယ်ငယ်ကလေ သင်ပုန်းကြီးဖတ်စာထဲက ဆုံးမစာထဲမှာ နောက်ဖေးဈေးဆိုင်တည်၊ ခေါင်းတရာ သားစားပါဆိုတာမှတ်မိကြလားဟင်။ ကဲခေါင်းတရာသားက ငါးဈေးထဲက ရတာဘဲ။ ကျွန်မတော့ ဈေးရောက်တိုင်းငါးဈေးတန်းကို ဖြတ်လေ့ရှိတယ်၊ အစောကြီးဆိုအနံ့သက်လဲ သိပ် မဆိုးဘူး၊ ငါးတွေပေါင်းစုံတွေ့ရတာ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီက ငါးတွေက ပင်လယ်ငါးများတော့အရောင်ပိုစုံတယ်၊ ခရမ်း၊အပြာ၊အ၀ါ၊အနီ၊ အဖြူ၊ အစိမ်းနဲ့ နက်ပြာစင်း အကုန်ပါဘဲ။ ငါးလေးတွေကသန့်ပီးဖြောင့်ဖြောင့်လေးတွေမို့စိတ်ဝင်တစားဝယ်လာပါတယ်။  အများကြီးဘဲ...  ကီလိုဝက်မှာ 2$ လောက်ကျ တယ်။အိမ်ရောက်မှ ဗိုက်ဖောက်မလိုဟာကို ဗိုက်ထဲမှာ ဥလေးတွေလားမသိ အဲဒါလေးတွေဘဲရှိတယ်၊ မာမာလေးတွေ၊ ချေးကြောင်းလဲမတွေ့..မထူးတော့တာနဲ့ ရေနဲ့ဘဲစင်အောင်ဆေး ချက်လိုက်ပါ တယ်။ ခေါင်းတရာသားအိုးကပ်ပေါ့..း) ကြက်သွန်ဖြူ၊ နီ နဲ့ ငရုတ်သီးအနီတောင့်၊ ဂျင်းနဲ့စပါးလင်နဲနဲ ထည့် ညက်အောင်ထောင်း ဆီချက်သတ်ပီးမွှေးမှ ငါးငံပြာရည်နဲနဲထည့် ၊ ခရမ်းချဉ်သီး မမှည့်တစ်မှည့်ကိုအခွံနွှာ..အစေ့ထုတ်ပီး ပါးပါးလှီးထည့်.. အားလုံးနွမ်းလောက်မှ သန့်စင်ပီးသားငါးလေးတွေထည့်..ဆားထည့်.. အချိုမှုန့်စားရင် အချိုမှုန့် နဲနဲထည်

အသားကင်ဆလပ်ထုပ်

ရန်ကုန်ကမထွက်လာခင်လေးမှာ ကိုးရီးယားဆိုင်တွေစဖွင့်နေပီ၊ ကိုးရီးယားကားတွေကြည့် သူတို့စားသလို လိုက်စား ချင်တဲ့စိတ်ကတားမရ.. အဲတုန်းက ကိုးရီးယားစားသောက် ဆိုင်တွေ ဈေးကကြီးကြီး... ဦးလေးလူပျိုကြီးကို ခေါ်ပြီး အသားကင်သွားစားကြတယ်..  အရန်ဟင်းတွေကအများကြီး..ကင်မ်ချီရော၊ ဂေါ်ရခါးသီး ပါးပါးလှီးကြော်၊ အရွက်ကြော်..စုံနေတာဘဲ..  အသားကင်ရဲ့အရသာတော့ သိပ်သဘော မကျဘူး။ ပေါ့ရွတ်ရွတ်ဖြစ်နေတယ်လို့ခံစားရတယ်။ ဒီရောက်တော့ ဘယ်ပြောကောင်းမလဲ ကိုးရီးယား ဆိုင် တွေ မှိုလိုပေါက်နေတာ..  သွားစားပြန်လဲကိုယ့်ခံတွင်းတွေ့မဖြစ်ဘူး၊ စားလဲစားချင်တယ်.. အသားကင် တော့မစားဖြစ်ဘူးလေ ဒီမှာကတော့ ၀က်သားကြိုက်တဲ့ သူတွေအတွက် ပိုအဆင်ပြေ တယ်.. အရင်အပတ်တောင်ပေါ်တက်ပီးအမဲသားသွားဝယ်တော့ အဲဒီက အမဲသားရောင်းတဲ့ကောင်လေးက ကျွန်မ၀မ်းကွဲ ညီမလေးရဲ့သားငယ်ငယ်လေးကိုကြည့်ပီး အမဲသားကနုတယ်..နင့်ကလေးလို့ဘဲလို့ ပြော တော့ ညီမက..စိတ်ဆိုးရအခက်..ရီရအခက်.. ကျွန်မကသူတို့စကားနားမလည်ဘူးရယ်.. ညီမက ပြန်ရှင်း ပြမှ သိတာ။  အဲဒီနုတဲ့အသားလေးတွေချည်း အသားကင်လုပ်စားမယ်ဆိုပီးဝယ်လာ တယ်။ အမဲသားနုနုလေးကိုပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆားနည်းနည်း၊ သံလွင်ဆီ အနည်းငယ်နဲ့

ရင်ကွဲစေ့

ဒီတစ်ပတ်ရုံးပိတ်ရက်တော့ လူက ကိုယ်နွေးနေတာမို့ သတိထားဆေးသောက်အဖျားမ၀င်အောင် ကြိုးစား နေနေရတယ်။  အခုတစ်လော ဒီက သွေးလွန်တုတ်ကွေးတွေ ဗြောင်းဆန်အောင်ဖြစ်နေတာ အရင်အပတ် အပင် သွားဝယ်တော့ လက်မောင်းနဲ့ ခြေသလုံးမှာ လာကိုက်တဲ့ ခြင်ကြီးတွေကို ပြန်မြင်ယောင်ပီးလန့် နေ တာ။ မကြာပါဘူး ရုံးက အကူအကိုကြီးတစ်ယောက်သားက ဆုံးသွားပါရော၊ အငယ်နှစ်ယောက်လဲ သွေးလွန်တုတ် ကွေးနဲ့ဆေးရုံမှာ၊ ဖျားတဲ့သူတိုင်း သွေးစစ်ရတယ်၊ ဆေးရုံမှာလဲ အခြေနေမကောင်းရင်လက်မခံတော့ဘူး၊ ပြန်လွှတ်တယ်။ တော်တော်ဆိုးတဲ့ခြင်... .... ခြင်အကြောင်းစဉ်းစားတော့ ခြင်ဝီ၀ီဝီ လုပ်တဲ့အသံတော်တော်နားကလီဆန်တယ်... နားမငြီးပေမယ့် တော်တော့ ကိုအနှောင့်ယှက်ပေးတယ်။ ဒီမှာတော့ သိပ်မသိရဘူး၊ မြန်မာပြည်မှာတုန်းက နယ်တွေသွားရင် ညနေဆို ခြင်တွေတစ်ဝီ၀ီနဲ့...  မနေနိုင်လိုက်ရိုက်ပြန်လဲမမိ..  သူတို့လဲ အစာငမ်းတော့သေချင်သေပါစေ ကိုက်မှာဘဲဆိုတာမျိုး။ ခြင်အကြောင်းကနေ ပုဇဉ်းရင်ကွဲအကြောင်းတွေးမိပြန်တယ်၊ သူလဲတော်တော်နားငြီးစေတဲ့အကောင်ဘဲ.. အထူးသဖြင့် သစ်ပင်တွေများတဲနေရာဆို အော်လိုက်တာ ကျီ........နဲ့ တော်တော့်ကိုနားမခံနိုင်အောင် အော်တယ်..  သူတို့တွေအော်တဲ့အသံလာတဲ့နေရာ နဲနဲလောက်ကြာကြာလေးစိ

ရီရအောင်

Facebook မှာ တစ်ယောက်က share လုပ်ပေးလို့ဖတ်ဖြစ်တယ်၊ သဘောကျလို့ ဘလော့မှာလဲ တင်ထားလိုက်တယ်။ ဘယ်သူရေးလဲ ဘယ်ကလဲတော့မသိပါဘူး။ ရေးတဲ့သူကို ဒီကနေဘဲ ခွင့်တောင်း လိုက်ပါတယ်။ ရေးတဲ့သူကိုသိတဲ့သူရှိရင်လည်း comment မှာချန်ထားပေးပါနော်။ ကူညီပါ့မယ် ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည် "အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။" "မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်" မတိုင်နဲ့လေ အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကိုမကျေမနပ် ပြောသည်။ "မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။" "မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။" နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီးလိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့သြတကြီး လက်ခုပ်တီး သြဘာပေးကြသည်။ ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No