Skip to main content

Posts

Showing posts with the label စားချင်စဖွယ် ပြင်ဆင်ကွယ်

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

ဇီးဖြူသီးထောင်း Amla Minced Extreme Spicy

အရမ်းစပ်ပြီးစိမ့်နေတဲ့ ဇီးဖြူသီးထောင်းလုပ်စားအောင်..   ကူးက ဇီးဖြူသီးဆိုအစိမ်းထောင်းတာပိုကြိုက်တယ်။ စားပြီးရေသောက်ရင်ချိုနေတာရယ်. အချဉ်ဓာတ်ပိုလေးတာရယ် သူ့မှာရှိတဲ့ အဟာရ မပျက်အောင် အစိမ်းကိုဘဲ အရသာရှိအောင်ထောင်းစားဖြစ်တယ်။ ဇီးဖြူသီးရဲ့ကောင်းကျိ ုးတွေက အစာခြေနိုင်စွမ်းကိုအထောက်ကူပေးတယ်၊ အမျှင်ဓာတ်အရမ်းများတယ်၊ ကူးစက်နိုင်တဲ့ ရောဂါတွေကို တန်ပြန်တွန်းလှန်ဖို့လိုအပ်တဲ့စွမ်းအင်တွေကိုပံ့ပိုးပေးနိုင်တယ်။ အသည်းကျမ်းမာရေးတွက်အထောက်အကူပြုသလို ဆီးချို သမားတွေအတွက်လဲ စားသင့်တဲ့အသီးပါ။   ကျွန်မတို့အတွက်ကတော့ ဇီးဖြူသီးအပြင် အရသာရှိအောင်မွန်းမံထည့်ပိုးထားတဲ့အစာပလာတွေပေါင်းတဲ့အခါ သူ့အာနိသင်နဲနဲတော့လျှော့သွားနိုင်တာမို့ တန်ဆေးလွန်ဘေးလို့သဘောထားပြီး တစ်ခါတစ်လေမှစားဖြစ်ပါတယ်။ ဇီးဖြူသီးကို ထုထောင်းရတာအလုပ်မရှုပ်စေဖို့ food processor လေးနဲ့ အဆင်ပြေ အောင်ပြင်ဆင်ထားတယ်။ ပါဝင်တဲ့ပစည်းတွေက ဇီးဖြူသီး - ၂၀လုံး (ရေဆေးပြီးခပ်ထူထူလှီးထားပါ) ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ မြေပဲလှော် ပုဇွန်ခြောက်မှုန်ှု စိမ်းစားငပိ ၁။ ငရုတ်သီးစိမ်းကို အရင်လှော်ပါတယ်။ ကြက်သွန်နီကိုလဲ ကြမ်းကြမ်းတုံးပြီးလှော်ထား...

ပေါက်ပန်းဖြူပွင့်သုပ် (Katuri flower Salad)

ပေါက်ပန်းဖြူ လေးတွေကို အထဲကဝတ်ဆံလေးတွေခြွေ ရေနွေးဖျောပြီး     ပုဇွန်ခြောက်မှုန့်     သံပုရာသီး     ငရုတ်သီးစိမ်း     ကြက်သွန်နီဆီချက် နဲ့ စိမ်းစိမ်းချဉ်ချိုလေးသုတ်စားရအောင်။ ပေါက်ပန်းဖြူသုတ် (Katuri Flower Salad) ပေါက်ပန်းဖြူသုတ် (Katuri Flower Salad)

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...

သီးသီးထောင်း Wood Apple Salad

  မန္တလေးသူဖြစ်တဲ့ကျွန်မ အညာအစားစာလေးတွေအရမ်းကိုကြိုက်နှစ်သက်ပါတယ်။အဲဒီထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့သီးသီးလဲပါတယ်။ငယ်ငယ်ကနေခဲ့တဲ့အိမ်ကအမေရိကန်သံရုံးနဲ့နီး တော့ သံရုံးမှာအလုပ်လုပ်နေတဲ့ခင်မင်ရတဲ့ဦးလေးကြီးမျက်နှာနဲ့အများကြီးကကြွေက ျနေတဲ့သီးသီးတွေ ကိုမက်မက်မောမောကောက်ခဲ့ဘူးတယ်။ သီးသီး ထုတိုင်းကစားကြတယ်။မှည့်နေတဲ့အလုံးတွေ ကိုဇွန်းနဲ့ကော်ပီးထညက်ရည်လေးနဲ့စားတယ်။ မွှေးပြီးချိုချည်မြအရသာလေးကိုဘယ်သောအခါ မှမမေ့ခဲ့ဘူး။ ဘယ်ရောက်ရောက်မြန်မာအစားစာမက်တဲ့ကျွန်မအတွက်ဒီမှာရှိတဲ့ဘင်ဂလာဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါမြန်မာနိုင်ငံကငါးဖယ်၊ ကွမ်း၊ ငါးကြင်း၊ ငါးသေးသေး၊ ပုဇွန်သေးသေး၊ ဘလချောင်ကြော်တွေဝယ်လို့ရလို့အရမ်းကိုဝမ်းသာသွားတယ်။ ဒါထက်ပိုပြီး သီးသီး၊ ဂွေးသီး၊လဲ ရာသီအလိုက်ရပါတယ်။သီးသီးကိုအမြဲမရပေမယ့်ဆိုင်ကကောင်မလေးကိုအဲဒီအသီးရောက်လာရင်ဖုန်းလှမ်းခေါ်ပါလို့ ပြောထားတော့အသီးရောက်တိုင်းအမြန်ပြေးဝယ်ရပါတယ်။ သူကတော့သီးသန့်လေးဖယ်ဖယ်ထားပေးတယ်။ ဘယ်သူတွေများဘယ်လောက် ကြိုက်လဲတော့မသိဘူး။ ရောက်တာနဲ့ ပြိုက်ကနဲ့ကုန်သွားတာဘဲ။ မှည့်တဲ့အထိမစောင်းနိုင်လို့အစိမ်းကိုဘဲ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ အနီ၊ ငပိစိမ်းစားလေးနဲ့ထောင်းထာ...

တန်ဒိုရီ ကြက်ကင်

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ကျွန်မနေထိုင်တဲ့မြို့မှာရှိတဲ့မြန်မာမိသားစုလေးတွေစုစည်းပီးကလေးတွေအချင်းချင်း ရင်းနှီးအောင်၊ မြန်မာမိသားစုအဖွဲ့ဝင်တွေအချင်းချင်းပိုမိုသိရှိလာအောင်စုပီးပစ်ကနစ် ထွက်ဖို့ပြင်ဆင်ကြပါတယ်။ အစားသောက်တွေအတွက် ဘာဘီက ျူးအဓိကလုပ်မယ်လို့ တိုင်ပင်ထားတဲ့အတွက်သောကြာနေ့ညနေ ချစ်သူမောင် အလုပ်ပီးတော့ ကြက်သားတွေဝယ်လာပီး ကြက်ကင် လုပ်ဖို့ကြိုတင်နယ်နှပ်ထားပါတယ်။ တန်ဒိုရီကြက်ကင် အစားသောက်ချစ်သူတွေအတွက်  တန်ဒိုရီကြက်ကင်လုပ်နည်းကိုပြန်ပီးဝေမှ ျှပါ့မယ်။  အင်ဒီးယန်းလိုတော့ အမွှေ့နံ့သာတွေမစုံဘူး၊  အနံ့ပေါင်းစုံသွားရင် စားလို့သိပ်မကောင်းဘူး။ မြန်မာ ကြက်ကင်အရသာလေးကို တန်ဒိုရီ စပိုက်စ် လေးနဲနဲသုံးထားတဲ့သဘောပါဘဲ။ ကြက်ပေါင် ၅ ချောင်း - ကင်ပီး ၁ ချောင်းကို (၃)ပိုင်းပိုင်းရင်အပိုင်း ၃၀ ရပါတယ်။ ကြက်ပေါင်ကို အရေခွံဆုတ်၊ အဆီတွေဖယ်ထုတ်ပီးသားကို ခွက်တစ်ခွက်ထဲမှာ... ဒိန်ချဉ် ဆား ဆီ (၂)ဇွန်း တန်ဒိုရီမဆလာမှုန့် နံနံစေ့ အရောင်တင်ငရုတ်မှုန့် (ငရုတ်သီးအစိမ်းကိုထောင်းထည့်ပါတယ်) စပ်တယ် ငရုတ်ကောင်း ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်း အားလုံးရောမွှေပီး ကြက်သားနဲ့နှပ်ထားပါတယ်။  ရေခဲသေတ္တာထဲမှာ ငွေရောင...

ပန်းသီးချဉ် - Crab Apples

ပုဇွန် တန်ပူရာကြော် မန်ကျည်းချဉ်ရေ

ပုဇွန် တန်ပူရာကြော်/အပွကြော် လုပ်စားကြရအောင်။  ကျွန်မတို့မြန်မာအစားစားမှာတော့ ပုဇွန်ခွက်ကြော်ကိုပိုပီး အကျွမ်းဝင်ကြမှာပါ။ ကူးကူး လဲ ကြိုက်တယ်။ ဒါပေမယ့်အရိုးရှင်းဆုံးဝန်ခံရရင်တော့ မလုပ်တတ်ဘူးရယ်။ ကဲ..ညလယ်စာအပျင်းပြေစားဖို့ မူရင်းနည်းကိုအခြေခံပီး ကိုယ့်အကြိုက်အရသာထပ်မံထားတဲ့ ပုဇွန်ကြော် လေးလုပ်နည်းကိုပြောပြပါ့မယ်။ အရင်ဆုံးအချဉ်ရေအတွက်     မန်းကျဉ်းမှည့်     ငရုတ်သီးစိမ်း -၃တောင့်     ကြက်သွန်ဖြူ -၂မွှာ     ကြက်သွန်မိတ် - အပင်တစ်ဝက်     နံနံပင်အနည်းငယ် ငရုတ်သီးစိမ်းကိုပါးပါးလှီး၊ ဆားထည့်ပီးထောင်း၊ ကြက်သွန်ဖြူ၊ လှီးထားတဲ့ကြက်သွန်မိတ်နဲ့ နံနံပင်အနည်း ငယ်ကိုပါ ညက်အောင်ထောင်းပါ။ မန်းကျည်းမှည့်ကိုရေစိမ်ထားပီး.. အချဉ်ရေကိုစစ်... ထောင်းထားတဲ့ အမွှေး၊အစပ်စုံ နဲ့ ရောမွှေ... အပေ့ါငံမြည်းပီးတော့ ကြက်သားမှုန့် သို့ မှိုမှုန့် (ကြိုက်ရင်အချိုမှုန့်)အနည်းငယ်ထည့်ပါ။  ဒါဆိုအချဉ်ရေအဆင်သင့်ဖြစ်ပါပီ။     ပုဇွန်ကိုတော့ရေစင်အောင်ဆေးပြီး ကြောရိုးပေါ်ကအခွံတွေကိုသာခွာပါ..     အလယ်ချေးကြောင်းကိုတော...

ပေါင်မုန့်သီး (Bread Fruit)

   ပေါင်မုန့်သီး (Bread Fruit) Bread Fruit ကိုတော့သိနှင့်ပြီးသားသူတွေရှိမှာပါ။ မြန်မာပြည်မှာတော့ အဲဒီအသီးရှိမရှိမသိဘူး။ ဖိလိပိုင်မှာတော့ ခြံထဲမှာအပင်ကြီးတွေရှိပေမယ့်အသီးမအောင်ဘူး။ supermarket တွေမှာတော့ ရောင်းတယ်..ဈေးကြီးလို့တစ်ခါမှမ၀ယ်စားခဲ့ရတာ။ ဒီမှာတော့ Mexico ကသွင်းတဲ့အသီးတွေတစ်ပေါင်ကို ၂ ဒေါ်လာ၊ တစ်ခါတစ်လေ ၁ဒေါ်လာခွဲနဲ့ရောင်းလို့ မြည်းကြည့်ချင်တာလဲပါတယ်..  မလေးရှား နဲ့ သြဇီက အလုပ်အတူလာလုပ်ကြတဲ့ အန်တီတွေပြောပြဖူးတာလဲရှိတော့ ကိုယ်တိုင်ဝယ်ပီးစမ်းကြည့်ပါတယ်။ အရသာကတော့ပေါင်မုန့်ချိုချိုလေးလိုဘဲ.. ကျွန်မအတွက်တော့ ကလောဥ/ပီလောပီနီဥ ချိုချိုလေးနဲ့တူတယ်။ အသီးကိုအလုံးလိုက်မီးဖိုထဲထည့်ဖုတ်စားကြသလို၊ ပြုတ်ပီးတော့ ဆီလေးနဲ့ နဲနဲပြန်ကြော်စားကြတယ်..အချို့ကတော့ ပြုတ်ပီးပါးပါးလှီး..အသုတ်လုပ်စားကြတယ်.. အရသာကစိမ့်ပြီး စီးစီးလေးနဲ့ချိုတော့အရမ်းစားလို့ကောင်းပါတယ်။ အခွံကိုခွာပြီးရင် ထက်ခြမ်းခြမ်း...အလယ်ကအူတိုင်တွေကိုအကုန်လှီးထုတ်ပစ်ဖို့တော့လိုပါတယ်.. မဟုတ်ရင်အနံစိမ်းရွှင်ရွှင်လေးတစ်မျိုးရမှာမို့ ကျွန်မတို့တွေအတွက်ခံတွင်းမတွေ့နိုင်ပါဘူး။ ကျွန်မကတော့ အမြောင်းလိုက်လှီး...

မေပယ်လ် ရွက်သုတ် (maple)

ချစ်သူကပြောတယ်.. ကျွန်မကြောင့် Maple တွေပြုန်းတော့မှာဘဲတဲ့.... မနေ့က Tulips Festival သွားတော့ ခင်မင်ရတဲ့ မြန်မာမိသားစုက အကိုကြီးက အရွက်လေးသုတ်ပီးယူလာတာ ညောင်ချဉ်ဖူးလို စားလို့ကောင်းတာနဲ့ ကိုယ်တိုင်ခူးပီး ကိုယ့်စတိုင်နဲ့ကိုယ်သုတ်စားဖြစ်တာ။ အစေးဖြူဖြူလေးတွေထွက်လို့ ရေနဲ့တစ်ညစိမ်ထားရပါတယ်။ နောက်နေ့မှာတော့ ပြုတ်၊ ရေညှစ်အနေတော်လှီးပီး... ဆီသတ်ထားတဲ့ငါးခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ နီ ၊ ငရုတ်သီးစိမ်းလေးကို အနေတော်လှီး.. အချဉ်အတွက် မန်းကျည်းသီးရည်လေး နဲနဲထည့်ပီးသုတ်စားတာ...ကောင်းမှကောင်းဘဲ... ညောင်ချဉ်ဖူး၊ ကလောရွက်.. အဲဒါလေးတွေပြုတ်သုတ်စားတဲ့အရသာခပ်ဆင်ဆင်ပါ။ မေပယ်လ်ရွက်သုတ် (Maple Leaves)

ရေမုန်ညှင်းသုတ်

နွေရာသီမို့အရွက်တွေစိမ်းစိမ်းစိုစိုနဲ့ အလေ့ကျပေါက်နေတဲ့ ပန်းဝါ၀ါလေးတွေက မြေပေါ်မှာဖြန့်ကျက်ထား ထားသလိုအရမ်းလှပတဲ့အချိန်မှာ ကျွန်မအတွက်တော့ အေးလို့အပြင်တောင်မထွက်ရဲဘူး...  အာရှမှာအနေ ကြာလို့ ခန္တာကိုယ်က အသာမကျသေးဘူးလို့ သူငယ်ချင်းတွေကပြောပေမယ့် ဒီလိုအေးရင် asia ကိုပြန်ပြေး ချင်တာပါဘဲ။ ရာသီဥတုသာယာလို့ အများက အပြင်ထွက်ဖို့.. လျှောက်လည်ကြဖို့ ပြင်နေပေမယ့် ကျွန်မကတော့ အရွက်စိမ်းတွေ့သမျှအကုန်ကိုစားချင်နေတော့တာ...ဒီနေ့တော့ တရုတ်တန်းဘက်ကိုသွားပီး အရွက်စိမ်း တွေ့သမျှအမျိုးစုံဝယ်လာပီး သိုထားလိုက်တယ်။ ဒီနေ့တော့ ရေမုန်ညှင်း ကို အရသာထပ်ပေါင်းတဲ့အနေနဲ့ ပင်အပ်မှိုလေးနဲနဲ နဲ့ဆူးပုတ်ရွက်ရောထည့်ပီးစိမ်းစိမ်းလေးသုတ်စားဖြစ်တယ်။ မှိုကချိုတယ်၊ ဆူးပုတ်က အနံ့ပြင်းတယ်.. ရေမှုန်ညှင်းက ခါးသက်သက်နဲ့စိမ့်တယ်။ ဆူးပုတ်ရွက်လေးနဲနဲ တော့ ပါတယ်.. အနံ့လေးပြင်သွားအောင်..အနံ့မကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ရေမုန်ညှင်း သုပ် ရေနွေးဆူပွက်ပွက်မှာ ဆေးထားတဲ့အရွက်လေးတွေထည့်ဖျောပြီးတော့ ခပ်ထူထူလေးလှီး.. ကြက်သွန်နဲ့င၇ုတ်သီးစိမ်း၊ ဆီစိမ်းမွှေးမွှေးထည့်..အချဉ်အတွက်သံပရာလေးတစ်စိပ် ညှစ်ပီး သုတ်စားရုံပါဘဲ။ အိမ်...

အသုတ်စုံ(အူစုံ၊ပိန္နဲသီး၊စောင်းလျား၊ပဲပြား၊ပဲပုပ်စေ့ချဉ်၊ကြက်ဥကြော်၊သရက်ကင်း)

၂၀၁၄ မှာလုပ်စားဖြစ်တဲ့ဟင်းနဲ့အသုပ်တွေပါ... နွေဦးဝင်လာတော့ ပေါက်ကရအစုံလုပ်စားပါတယ်။။ ပထမဦးစုပ်က အူစုံ တုတ်ထိုး ပါ။ အမဲသားအူနု၊ ပုဆိုးကြမ်း၊အူကြီးရယ်ကို ဆားနဲ့အသေချာဆေးကြောပီး ပဲငံပြာရည်၊ ထညက် ၃ လုံး၊ စပါးလင်ထောင်း၊ ကြက်သွန်ဖြူနဲ့ဂျင်းထောင်းပြီးပြုတ်ထားတာပါ..  ပြီးရင်တော့ ကိုယ်လုပ်ထားတဲ့ ဆော့စ် နဲ့ တို့စားရုံပါဘဲ... ကူးကိုယ်တိုင်လုပ်ပေမယ့် ကိုယ်တိုင်တစ်ဖတ်နှစ်ဖတ်ဘဲစားဖြစ်တာမို့.. တုတ်ထဲမှာ တန်းစီထိုးပီး မိတ်စုံစားပွဲကိုယူသွားပါတယ်... ခဏလေးဘဲ ကုန်သွားတယ်..း) အူစုံ တုတ်ထိုး အူစုံ တုတ်ထိုး  ဒုတိယတစ်မျိုးကတော့ ပိန်းနှဲသီးသုပ် ပါ။ ပိန်းနှဲသီးအနုလေးတွေကိုအကွင်းလိုက်လှီး၊ ရေထဲမှာ ၁ နာရီလောက်စိမ်ထားရပါတယ်။ ပြီးရင်တော့ရေနွေးဆူဆူမှာ ထည့်ပီးပြုတ်ပါ။  အအေးခံပီး အသားမျှင်လေးတွေရအောင်နွှာ၊ ကြက်သွန်စိမ်း၊ငရုတ်သီးစိမ်း၊မြေပဲထောင်း၊ဆီစိမ်း၊ ဆား၊ရသာမှုန့်ထည့်ရောနယ်ပီးသုပ်စားရုံပါဘဲ။  (ပုဇွန်ခြောက်မှုန့် ထည့်သုပ်လဲရပါတယ်) ရွာကအဖိုးမဆုံးခင်ကဆို ရွာသွားလည်တိုင်းသူကသုပ်ကြွေးတာကြိုက်လွန်းလို့ အခွင့်ရတိုင်းလုပ်စားဖြစ်တဲ့ဟင်းတစ်မယ်ပါ။ ပိန္နဲသီးသုပ် စောင်းလျားသီးသေးသေးေ...