Skip to main content

တန်ဒိုရီ ကြက်ကင်

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ
ကျွန်မနေထိုင်တဲ့မြို့မှာရှိတဲ့မြန်မာမိသားစုလေးတွေစုစည်းပီးကလေးတွေအချင်းချင်း ရင်းနှီးအောင်၊ မြန်မာမိသားစုအဖွဲ့ဝင်တွေအချင်းချင်းပိုမိုသိရှိလာအောင်စုပီးပစ်ကနစ် ထွက်ဖို့ပြင်ဆင်ကြပါတယ်။ အစားသောက်တွေအတွက် ဘာဘီက ျူးအဓိကလုပ်မယ်လို့ တိုင်ပင်ထားတဲ့အတွက်သောကြာနေ့ညနေ ချစ်သူမောင် အလုပ်ပီးတော့ ကြက်သားတွေဝယ်လာပီး ကြက်ကင် လုပ်ဖို့ကြိုတင်နယ်နှပ်ထားပါတယ်။
တန်ဒိုရီကြက်ကင်
အစားသောက်ချစ်သူတွေအတွက်  တန်ဒိုရီကြက်ကင်လုပ်နည်းကိုပြန်ပီးဝေမှ ျှပါ့မယ်။  အင်ဒီးယန်းလိုတော့ အမွှေ့နံ့သာတွေမစုံဘူး၊  အနံ့ပေါင်းစုံသွားရင် စားလို့သိပ်မကောင်းဘူး။ မြန်မာ ကြက်ကင်အရသာလေးကို တန်ဒိုရီ စပိုက်စ် လေးနဲနဲသုံးထားတဲ့သဘောပါဘဲ။
ကြက်ပေါင် ၅ ချောင်း - ကင်ပီး ၁ ချောင်းကို (၃)ပိုင်းပိုင်းရင်အပိုင်း ၃၀ ရပါတယ်။
ကြက်ပေါင်ကို အရေခွံဆုတ်၊ အဆီတွေဖယ်ထုတ်ပီးသားကို
ခွက်တစ်ခွက်ထဲမှာ...
ဒိန်ချဉ်
ဆား
ဆီ (၂)ဇွန်း
တန်ဒိုရီမဆလာမှုန့်
နံနံစေ့
အရောင်တင်ငရုတ်မှုန့် (ငရုတ်သီးအစိမ်းကိုထောင်းထည့်ပါတယ်) စပ်တယ်
ငရုတ်ကောင်း
ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်း
အားလုံးရောမွှေပီး ကြက်သားနဲ့နှပ်ထားပါတယ်။  ရေခဲသေတ္တာထဲမှာ ငွေရောင်စက္ကူဖုန်းပီး ညသိပ်ထားလိုက်တာပါ။ ကင်ခါနီးဆိုရင် ထုတ်ပီး အပေါ်ယံမှာ ငရုတ်မှုန့်နဲ့ဆီနဲ့ရောမွှေထားတာကိုထပ်သုတ်ပီးကင်လိုက်ရုံပါဘဲ။   oven ထဲထည့်ကင်မယ်ဆိုရင်တော့ ကင်မယ့် ကြက်သားကအရေထွက်လာရင်ကျအောက်ကအပေါက်လေးဖောက်ပီး ဗန်းခံထားပေးပါ။  ဘာဘီကျုးစတိုင် open flame ဆိုရင်တော့ ကင်မယ့်စင်ပေါ်တန်းတင်လိုက်ရုံ ပါဘဲ။

အပြင်ဆင်တွက်ကတော့ လတ်ဆတ်နဲ့ ဂေါ်ဖီရယ်၊ ကြက်သွန်နီဥကြီး (အဖြူမျိုး) ရယ် နံနံပင်လေးရယ်အုပ်လိုက်ရင် မွှေးကြိုင်ပီး စားလို့အရမ်းကောင်းတဲ တန်ဒိုရီ ကြက်ကင်လေးရပါပီ။

Comments

  1. လုပ်စားကြမယ်နော်

    ReplyDelete
  2. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

ကူးကူးေရ...