Skip to main content

Posts

Showing posts with the label ကဗျာ

ပျား သေ

ဝတ်ရည်ငမ်းလို့ လမ်းမမြင် ပွင့်ဖတ်လန်းလတ် ငါ့ မသတ် စုံးစုံးမြုပ်မှ ငါ့အသက် ၀တ်ဆံအများ လှောင်ရီနှက်

ချစ်သူ့လက်ရာ

စာရေးတာကိုမကြိုက်တဲ့၊ ဘလော့ဖတ်တာစိတ်မ၀င်စားတဲ့၊ ညည အင်တာနက်တစ်ခွင်သဝေထိုးနေတာမကြိုက်တဲ့ချစ်သူက ကျွန်မ၀ါသနာကိုဘေးမဲ့ပေးလိုက်ပီးနောက်မှာ ထပ်ဆင့်တိုးလာတာက သူကိုယ်တိုင် ရောက်တဲ့နေရာမှာ အစားသောက်ပုံနဲ့ပန်းပုံလေးတွေရိုက်လာပေးပါတယ်။ မျက်နှာတည်တည်နဲ့ email ထဲမှာပုံတွေပို့ထားတယ်လို့ ရုတ်တရက်စကားဖြတ်ပြောပီး.. အခြားအကြောင်းတွေကို စကားလွှဲသွားပါတယ်။း)

သရက်သီးတစ်လုံး..ငါ

ငါ အသီးလေး တစ်လုံးမှန်းစသိခါစက မောင်နှမတွေအများကြီး..သူငယ်ချင်းတွေလဲအများကြီး... အမိမြေကမွေးထုတ်လိုက်တဲ့အပင်ကြီးမှာ တွဲလဲ ဟီးလေးခိုလို့ လေတိုက်တိုင်း အညှာတံကြိုးလေးက နွဲယိမ်းလို့ အပူပင်မဲ့ပျော်ခဲ့လိုက်ရတာ.... အေးစက်စက်အရည်တွေ ငါတို့ကိုယ်ပေါ်ကျ လေပြင်းထဲကဖုန်မှုန့်တွေတစ်ဇွတ်ထိုး တိုးဝှေ့လာတော့ ငါတို့မောင်နှမတော်တော်များများ တစ်ဖုတ်ဖုတ်နဲ့ ကျကြွေသွားလိုက်တာ မမြင်ရက်လို့...ရပ်ပါတော့ လေပြင်းမုန်တိုင်းရယ်လို့ ဆုတောင်းတာကလွဲ... ဘာများတတ်နိုင်ခဲ့မှာလဲ... ငါတို့မိခင်အပင်ကြီးဘေးမှာရှိတဲ့ ဘောစကိုင်းပင်အိုကြီးက ငါ့တို့ကိုပြုံးကြည့်တယ်... သားသမီးတွေကိုနိုင်အောင်တာဝန်မယူနိုင်တဲ့ အပင်မျိုးမှာမှသီးရသလားတဲ့... ဘောစကိုင်းသီးတွေများ... လေဘယ်လောက်တိုက်တိုက် သစ်ကိုင်းမကျိုးကျမချင်း၊ ကြွေတဲ့အသီးမှမရှိတာပဲလေ... ခဏခဏအော်ငိုရလွန်းတော့..နောက်ပိုင်းမှာ ကိုယ့်နေရာမှာသာကိုယ် ရအောင်မှီတွယ်ရင်း... မျက်စိစုံမှိတ်နေလိုက်ရတာ ငါလဲတစ်နေ့ ငါ့မောင်နှမတွေများလို အောက်ကိုဇောက်ထိုးကျ.. လမ်းမာမာအုတ်ကျောက်ပေါ် အရှိန်နဲ့ ငါ့အသားတွေဖဲ့စင်... ကားဘီးများအောက်ပျားပျားဝပ်ရောက်နိုင်တာဘဲ.. ငါတော်တော်သန်မာလာတယ်။ တော်ရုံလေပြင်းလောက်တော့ ကျ...

ပန်းကြွေ

အကြွေပန်းမို့ မြေလမ်းမှာခ ရတာ မဆန်းပေမယ့်... လေအနမ်းမှာ ပင်မှာရမ်း ခွင့် မသာတော့သာမို့ ဦးဆိုက်ကျခြွေ မလန်းသာပေဘူး.. မိုးဦးသန်းတော့ စွတ်ဆိုနွမ်းရိ အလှမန်ဝင့်ချင်လည်း အလှမ်းမသာတော့ပြန်ပါဘူး....

တန်ဖိုးမဲ့မျက်ရည်ဟုခေါ်သည်

နှိုးစက်အသံအောက်မှာ ဦးနှောက်ကအလုပ်စလုပ် စိတ်ကနိုးထဖို့သင့်ပီ ခေါင်းထဲကနေ့တဓူဝ အရေးတွေးကာစီစက် တွက်ချက်တဲ့ခဏ အသက်ရှင်နေရခြင်းကို ရွေးချယ်ခွင့်မရှိပေမယ့် သမရိုးကျဘ၀မှာလည်ပတ်ရင်း မဆုံးနိုင်သေးတဲ့ခရီးဆက်လျှောက်ရမှာမို့.. ကိုယ့်ခေါင်းကိုယ်မတ်၊ အစနရှာမရတဲ့အကြောင်းတစ်ခုကိုတွေးပြီးပြုံး.. ဒီလိုနဲ့နေ့တစ်နေ့ကိုအစပြုရပြန်ပီ…. ခေါင်းသေးသေးလေးနဲ့ပင်လယ်ကူးတတ်တယ် တဲ့ ပုဇွန်ဆိတ်လေးကို တွေးမိရုံရီချင်မိပေမယ့် ပုဇွန်ဆိတ်လောက်တောင်မတွေးခေါ်နိုင်တဲ့ခေါင်းကြီးကြီးတစ်ခု ငါ့ခေါင်းပေါ်ဘာလို့များလေးလေးပင်ပင်တင်ထားမိပါလိမ့်။ အချစ်ကြီးသူတွေအရူးမူးချစ်သူတွေ ကိုသနားစာနာမိခဲ့ဖူးပေမယ့်.. အဖာတစ်ရာနဲ့ အဆင့်ဆင့်ထိုးနှက်ခံထားရတဲ့ ငါ့ရင်ထဲငါဘာကြောင့်ဝင်မကြည့်မိပါလိမ့်။ စင်ပေါ်ကဇတ်ရုပ်၊ သူ့ခွင်နဲ့သူ ကကြိုးတွေဆင်.. သူ့ဇတ်သူမျော သူပျော်ပျော်၊ သူမော်မော်… ပွဲကြည့်ပရိတ်သတ်တစ်ရောက်လို အညှို့ခံဘ၀နဲ့ ထိုင်ငေးနေရုံကလွဲ ကိုယ်ဘယ်ရောက်မှန်းမသိ.. စည်းဝိုင်းအပြင်ဘက်က ရွှေစွန်ညိုလိုဝဲနေရတဲ့ဘ၀ ငါခါးသီးလိုက်ချင်တယ်။ မီးတောင်ပေါ်ကခုန်ချလာတဲ့ ပူစပ်စပ်စကားလုံးတွေနဲ့ အခါခါလောင်းချခံထားရတဲ့ ငါ နလန်မထူနိုင်အောင်...

အရိပ်

မြေပြင်ညီမှာ ၀င့်ကြွား သင့်လျော်ညီညီအရာထင်ဖို့ ချစ်သူရဲ့ အလင်း ငါ လိုတယ်.. မိုးပေါ်တက်အလှမဆင်နိုင်ငြား ချစ်သူ့နွေးထွေးမှုနဲ့ မြေပြင်ကိုအလှဆင်ပေးနိုင်တယ် အချိန်ရောက်တော့ ခြေရာပျောက်ေ၀၀ါးဝါးနဲ့ အခါခါ မှောက် ချစ်သူသည်သာငါ့အလင်း နွေးထွေးမှုနဲ့ ခေါင်းတစ်ချက် ထွေးပိုက်လှည့်ပါအုံး

အငြိုး

သစ်ခြောက်ပင်အရိုးပြိုင်းပြိုင်းနဲ့ ငါ့ကိုများငုံ့ကြည့်နေသလား..... ရာသီချိန်ပွင့်ဖူးနေတဲ့သရက်ပွင့်တွေ ငါ့ကိုကကြီစယ်ချွေချနေသလား... ကြိုးတန်းလန်းနဲ့ ဆွဲသူနောက်ပါသွားတဲ့ခွေး ငါ့ကိုအငြိုးနဲ့များလှည့်ကြည့်နေလား.. ပြုံးနေတဲ့တိမ်တိုက်တစ်ခု ငါတွေ့ခဲ့တယ်... ငါလျှောက်သာလျှောက်တယ်.. မိုးပေါ်တစ်ခါမှမော့မကြည့်ဘူး... အငြိုးထားတဲ့တိမ်တိုက်.. အခြေနေပြောင်းပြီ.. အငြိုးနဲ့ငါ့ခေါင်းပေါ်ကို တရစပ်သွန်းချတော့မှ ငါ.... အမုန်းမျက်လုံးနဲ့မော့ကြည့်မိတယ်။

စိတ်ကူး

စိတ်ကူး.... တစ်နေ့တစ်နေ့တိုးပွားလာတဲ့ဟင်းချက်နည်းဘလော့တွေကိုကြည့်...ဟင်းချက်နည်း တွေကိုဖတ်ပြီး ဘလော့ဂါဟင်းချက်နည်းများဆိုတဲ့ အီးဘွတ်လုပ်ရင်ကောင်းမလား။ လုပ်ပြန်ရင်လဲလိုက်ခွင့်တောင်းရမယ်။ ဟင်းချက်နည်းတွေအသစ်ဆန်းတွေချည်းမို့ စိတ်ထဲမှာတော့အားလုံးစုပြီးလုပ်ချင်နေတယ် ဘလော့ပေါ်မှာဟင်းအသစ်ဆန်းလေး တွေတင်ထားတဲ့သူအားလုံးလဲအပါဝင်ပေါ့.. (အမှားပါလဲခွင့်လွှတ်) cover ကိုတော့ အရင်စိတ်ကူးလိုက်ပါရစေ.. စိတ်ကူး... ညနေပိုင်းအားတဲ့အချိန်လေးတွေကို တယောထိုးတာပြန်လေ့ကျင့်ရင်ကောင်းမလား.. မိန်းမပီသစွာအိမ်တွင်းမှုကိစ္စတွေအတွက် အချက်အပြုပ်၊စက်ချုပ်တာဘဲသင်ရင်ကောင်းလား.. နဲနဲပါးပါးတတ်ထားတဲ့ချည်ထိုး၊တက်တင်းထိုးတာကိုဘဲဖြစ်မြောက်အောင်ပြန်လုပ်ရင်ရော... ဒါမှမဟုတ်...စန္ဒယားဘဲပြန်လေ့ကျင့်ရမလား...ဒါဆိုလဲပိုက်ဆံကုန်အုံးမယ်.. ၀ယ်ရမှာကိုး... စိတ်ကူး... မြန်မာနှစ်သစ်ကူးရောက်တော့မယ်.. ပိတောက်တွေလဲဝေနေပြီ.. ကျွန်မအရမ်းချစ်ရတဲ့သူရဲ့ မွေးနေ့လဲနီးလာပြီ... လက်ဆောင်ပေးဖို့စိတ်ကူးနဲ့အွန်လိုင်းမှာလဲအိုင်ဒီယာရှာတာလဲညနက် လှပြီ... စိတ်ကူး.... အရမ်းတော့မ၀ပေမယ့်ခန္တာကိုယ်ကတစ်တောင့်တည်းဖြစ်နေလို့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် လေ့ကျင့်ခန်းလေးလုပ်ရင်ကော...

ချစ်ပါတယ်ဆိုသူများရဲ့ကျိန်စာ

အချစ်လှည့်ဖျားတယ်.. ကွေ့ကောက်တဲ့မာယာတွေနဲ့ ဟန်ဆောင်တဲ့အပြုံးတွေ ငါလက်ခံနေရသလား အပေါင်းလက္ခဏာတစ်ခုပြတိုင်း ငါ့မှာကလေးငယ်လိုအပူပင်ကင်းပျော်ရွှင်လို့ ကပ်ပါလာတဲ့အနုတ်လက္ခဏာတွေမတွေ့မိဘဲ... လက်တွေ့ကျကျဘ၀ကိုလက်ခံပါ စိတ်ကူးယဉ်မဆန်ပါနဲ့ သူတစ်ကာနဲ့မယှဉ်ပါနဲ့ လက်တွေ့ဘ၀ခါးသီးနာကျင်တာမေ့ထားနိုင်ဖို့ စိတ်ကူးယဉ်အကန့်လေးတွေတည်ဆောက်နေရတာ ငါကလွဲလို့ ဘယ်သူကနားလည်နိုင်မှာလဲ မယှဉ်နိုင်မှန်းအစထဲကသိခဲ့လို့ ဒသမတစ်အချိုးလောက်ဖြစ်လာနိုင်ဖို့စိတ်ကူးမိတာရော အပြစ်ရှိသတဲ့လား..... ဒူးနဲ့မျက်ရည်သုတ်ရမယ်ဆိုတာ ထမင်းစားရင်းမျက်ရည်တောက်တောက်ကျရမယ်ဆိုတာ မိဘစိတ်ဆင်းရဲအောင်လုပ်ရင် တစ်သက်လုံးစိတ်မချမ်းသာရဘူးဆိုတာ ထမင်းတောင်ဖြောင့်အောင်မစားရဘူးဆိုတာ လူကြီးတွေချိန်းခြောက်တဲ့စကားအဖြစ် ငါသတ်မှတ်ခဲ့တာ ငါနဲ့မဆိုင်ဘူးလို့ဥပက္ခာပြုခဲ့တာ... ငါကျိန်စာသင့်ခဲ့ပီးပါပြီ။ ပြီးရင်တော့ တွေးခေါ်ဆင်ခြင်ကင်းမဲ့တဲ့ ခေါင်းတစ်စုံငါလိုတယ် အမြဲဟန်ချက်ညီညီခုန်နေတဲ့ နှလုံးသားတစ်ခုလိုပြန်တယ် လက်တွေ့အဖြစ်မှန်တွေ ငါမမြင်ဖို့မျက်လုံးတွေပိတ်ထားဖို့လိုတယ် ငါ့နာကျင်မှုတွေ စူးနက်တဲ့ခံစားချက်တွေ ပျောက်သွားဖို့.. တစ်ခုခုကိုအဆုံးသတ်ဖို့လိုတယ် ငါကျိန်စာထပ်သင့်ပြန...

......နဲ့

ဒီမှာအချစ်ရယ်.... ငါ့ကိုချောက်ထဲသာတွန်းချလိုက်ပါ သံသယမျက်လုံးတွေနဲ့တော့မကြည့်ပါနဲ့ ငါ့ကိုအခန်းထဲမှာလှောင်ပိတ်ထားပါ အမျက်ထွက်နေတဲ့စကားသံတွေနဲ့မပြောပါနဲ့ ငါ့ကိုကျောခိုင်းထားပါ လှောင်မဲမဲအပြုံးတွေတော့လက်ဆောင်မပေးပါနဲ့ ငါ့ကိုလွှတ်ချလိုက်ပါ တစိမ်းဆန်တဲ့စကားလုံးတွေနဲ့တော့မသတ်ပါနဲ့ ငါ့ကိုမေ့ပစ်လိုက်ပါ အမျက်ထန်နေတ့မျက်လုံးတွေနဲ့မရက်စက်ပါနဲ့

ဘ၀ဆိုသည်မှာ

ဘာလဲ စာမလုပ်ဘူးလား ဖတ်နေတယ်လေ.. အဲဒါဘာတွေလဲ ခြံထဲကကောက်လာတာ.. အုန်းပွင့်လေးတွေ..သီကြည့်မလို့ ဌက်ပျောသီးနှစ်လုံးကရော.. စားမယ်လေ. . ရူးနေလားး.. စာဖတ်..ဆော့မနေနဲ့ အင်း... zzzzZZZZZZZZzzz

ရေသံ

ချစ်သူ ငါခေါ်နေတာကြားလား ရေစီးသံနဲ့ရောနေလား လေတိုက်သံများလား ထင်ဝေယောင်ဝါး အမှားမှားနဲ့ ငါခုထိ...နစ်နေတုန်းဘဲ...

တည်ဆောက်ဆဲကာလ

့ ပြန်တည်ဆောက်ထားတဲ့ရင်ခွင်မှာ အချစ်ဆိုတာမရှိ အလွမ်းတွေကျိန်စာသင့်လို့ အနမ်းတွေမြေမှာခခဲ့ရပီ..... ကောက်ကွေ့ထွေလီလောကဒီမှာ ဆုန်ဆန်ကူးလူး အရူးတစ်ယောက်လို ထိခိုက်ခံစားလွယ်တဲ့ နူးညံ့တဲ့နှလုံးသားကို ကျောက်သားလိုမာကျောတဲ့ နှလုံးသားအသွင် ပြောင်းပေးပါဘုရား.....

ချစ်သူရေ

ချစ်သူ... အချိန်တွေတစ်ဆစ်ဆစ်ပြို..လဲ မင်းအကြည့် မင်းအပြုံး ရင်မှာစွဲထင်နေတုန်းမို့ သေချာပါတယ် အချစ်တွေ အလွမ်းတွေ တစ်နေရာထဲဦးတည်နေအောင် ငါ့ချစ်သူသာပြုစားနိုင်တယ် မင်းနဲ့ဆန့်ကျင်ဘက်ကိုပြေးလေလေ ပိုပိုနီးလာလေမို့ ယောင်လည်လည်နဲ့ ရပ်နေမိပီ တစ်ခုတော့သေချာပါတယ်ချစ်သူ အသက်တစ်ခါရူသွင်းတိုင်း အချစ်ပိုသာတိုးလာတာမို့ ချစ်သူ..... ငါလွမ်းတယ်................. တစ်ကယ်ရပ်နေလား စိတ်ဘ၀င်မှာအတွေးမှားဝင် ဘယ်လိုဖြစ်ဖြစ် ခေါ်ချင်နေတုန်း မင်းရဲ့အသံ ကြားယောင်ပြန်မိ...... ပင့်သက်ရှိုက်တိုင်း မင်းရဲ့အငွေ့သက် ရင်ကိုခက်စေတယ် တိုးတိုး ရစ် တဲ့ အချစ် တကယ်တော့ တို့နှစ်ယောက်ကြားက အနှစ်တွေပါ..... အလွမ်းတွေဝေတိုင်း ပန်းတွေ နဲ့ နှိုင်းယင် ပန်းခင်းတစ်ခင်း ဖြစ်တော့မယ်လေ ချစ်သူရေ........

**A love gone untouched..

A love gone untouched Remains innocent and pure Unscathed by human nature to twist Into lust then hate Our love remains untouched, unharmed Reading each other's thoughts Yet never acting upon But always longing for Just one touch But one would lead to more One kiss? But no... Our love remains pure To my pleasure and to my dismay

မုန်းပါချစ်သူ

ချစ်သူ...... ငါ့ရင်ထဲမှာ အော်ဟစ်နေတာ မင်းမကြားဘူးလား... နှလုံးသားထဲက သွေးတွေစီးယိုနေတာ မင်းမမြင်နိုင်ဘူးမဟုတ်လား... စွန့်ရက်လို့ပစ်သွားသူကို အပြစ်တင်စကားသောင်းခြောက်ထောင်နဲ့ မနှိပ်စက်ရက်ပါ တစ်ချိန်ကရဖူးတဲ့ အကြင်နာစကားတွေအစစ်အတုခွဲဖို့ ငါ့မှာဦးနှောက်တွေမရှိတော့လို့ တွေးတော ဆင်ခြင်နိုင်စွမ်းလဲမရှိတော့ဘူး... ချစ်သူ...တစ်ကယ်ကိုခံစားရပါတယ် ငါကိုအရှင်လတ်လတ်မြေမြုပ်ပစ်တာလား ငါရဲ့ဝိညဉ်တွေကိုလွင့်သွားအောင်မောင်းထုတ်ရက်လား.... မင်းရက်စက်တယ်လို့ မပြောရက်ပါဘူး အပြစ်ရှိသူဟာ ကိုယ်သာမို့ ရင်ဆီးခံမယ့်သူပါ......မုန်းပါချစ်သူ.........

ထွက်ပေါက်

အဝေးမှာလေ ငါလှမ်းကြည့်လိုက်တော့ ကြယ်လေးတစ်လုံးများတွေ့မလားလို့ အမှောင်ထုကိုခွဲထိုး...လေပြင်းကိုရင်စီးခံပြီးကြည့်လိုက်တော့..ကြယ်လေးတစ် လုံးမပြောနဲ့ တိမ်အဖြူစွန်းလေးတောင်မတွေ့ရဘူး... မှောင်မဲနေတဲ့ပတ်ဝန်းကျင်မှာ ငါ့ကိုယ်ငါပြန်ငုံ့ကြည့်တာတောင်မတွေ့ဘူး ခြေဖမိုးမှာတော့ကျလာတဲ့မျက်ရည်တစ်စက်..အေးစက်စက်နဲ့ ငါ့ရင်ထဲမှာဗလာ..ဦးနှောက်ဆိုတာဘယ်သူဖောက်စားသွားလဲ နှလုံးသားကတော့ဦးတည်ရာနေရာရှာ.. ဘယ်မှာများလုံခြုံနိုင်ပါ့မလဲ ကိုယ်ရပ်မိတဲ့နေရာနောက်ကျောမလုံလို့အခန်းထဲပြန်ပြေးဝင်မယ့်အစား ငါအဝေးကြီးကိုပြေးမယ်လို့ဆုံးဖြတ်လိုက်တာနဲ့ ခြေလှမ်းတွေက သုံးလှမ်းမြောက်ဖြစ်နေပြီ...ငါမမောသေးဘူး ငါချွေးမစိုဘူး...ငါပြေးနေတာသေချာပါတယ်နော်.. မဲမှောင်နေတော့ငါဘာမှမမြင်ရဘူး...ငါသိတယ် ငါပြေးနေတယ်... ငါ့ကိုလှမ်းဖမ်းတားပြီး အပြစ်ဒဏ်ခတ်မလား ငါ့ကိုနွေးထွေးတဲ့ရင်ခွင်ထဲကိုဆွဲသွင်းဖက်ထားမလား ငါ့ကိုကြင်နာတဲ့စကားတွေနဲ့မြူဆွယ်သိမ်းသွင်းပြီးချောက်ထဲကိုတွန်းချမလား ငါမသိဘူး... ငါပြေးနေတုန်းဘဲ......

ခံစားချက်ကိုတွန်းထုတ်ခြင်း

ကျေနပ်ပါတယ်

ငါခေါင်းတွေပွင့်ထွက်တော့မယ် ဖြစ်နိုင်ရင်ဆံပင်တစ်ချောင်းခြင်းကိုဆွဲနှုတ်ချင်တယ် ခံစားရတာများသက်သာလေမလား ကတုံးမဘဲဖြစ်သွားမလား အစာနဲ့ဆေး ပမာဏအချိုးမှာ အာခေါင်ကိုဖြဲ ဗိုက်ထဲကိုလှမ်းကြည့်ရင်တောင် ဆေးတွေဘဲတွေ့ရမယ် သူများတွေပျော်မြူး အလည်ကျုးတော့ကိုယ်လဲပါချင် စိတ် က ကိုယ်ကိုဆောင်တယ်တဲ့ နောက်နေ့ခံလိုက်ရတာအသေလဲ ဆိုးလှတဲ့ဘ၀လို့ ကံကိုမပုံချရက်ပါ ခုန်ကျော်လို့မရတဲ့ ဘ၀အစိတ်ပိုင်းတစ်ခုအနေနဲ့ ကျေနပ်စွာခံယူလိုက်ပါ့မယ်။ ................**..................

ကဗျာလေးတွေဘာလို့တင်

ဒီနေ့တော့ စိတ်ကူးရတာနဲ့ ကျောင်းတုန်းကရေးခဲ့ဖူးတဲ့ ကဗျာစာအုပ်အဟောင်းလေးကိုဖွင့်ပြီး... ကဗျာလေးတွေတင်ထားပါတယ်။ များသောအားဖြင့် ၂၀၀၂ လောက်ကရေးထားတာတွေပါ။ ကဗျာအပုဒ်တိုင်းမှာ သူ့ပုံပြင်လေးတွေရှိပါတယ်။ (true story) လေးတွေပါ။ သိချင်ရင်တော့...ဒိုင်လျှိုမေးပေါ့နော်။ ပေါ်တင်မေးရင်တော့ ပြောဘူးနော်..သတ်ချင်သတ်..