Skip to main content

တန်ဖိုးမဲ့မျက်ရည်ဟုခေါ်သည်

နှိုးစက်အသံအောက်မှာ ဦးနှောက်ကအလုပ်စလုပ် စိတ်ကနိုးထဖို့သင့်ပီ

ခေါင်းထဲကနေ့တဓူဝ အရေးတွေးကာစီစက် တွက်ချက်တဲ့ခဏ

အသက်ရှင်နေရခြင်းကို ရွေးချယ်ခွင့်မရှိပေမယ့်

သမရိုးကျဘ၀မှာလည်ပတ်ရင်း မဆုံးနိုင်သေးတဲ့ခရီးဆက်လျှောက်ရမှာမို့..

ကိုယ့်ခေါင်းကိုယ်မတ်၊ အစနရှာမရတဲ့အကြောင်းတစ်ခုကိုတွေးပြီးပြုံး..

ဒီလိုနဲ့နေ့တစ်နေ့ကိုအစပြုရပြန်ပီ….

ခေါင်းသေးသေးလေးနဲ့ပင်လယ်ကူးတတ်တယ် တဲ့ ပုဇွန်ဆိတ်လေးကို

တွေးမိရုံရီချင်မိပေမယ့် ပုဇွန်ဆိတ်လောက်တောင်မတွေးခေါ်နိုင်တဲ့ခေါင်းကြီးကြီးတစ်ခု

ငါ့ခေါင်းပေါ်ဘာလို့များလေးလေးပင်ပင်တင်ထားမိပါလိမ့်။

အချစ်ကြီးသူတွေအရူးမူးချစ်သူတွေ ကိုသနားစာနာမိခဲ့ဖူးပေမယ့်..

အဖာတစ်ရာနဲ့ အဆင့်ဆင့်ထိုးနှက်ခံထားရတဲ့ ငါ့ရင်ထဲငါဘာကြောင့်ဝင်မကြည့်မိပါလိမ့်။

စင်ပေါ်ကဇတ်ရုပ်၊ သူ့ခွင်နဲ့သူ ကကြိုးတွေဆင်.. သူ့ဇတ်သူမျော

သူပျော်ပျော်၊ သူမော်မော်… ပွဲကြည့်ပရိတ်သတ်တစ်ရောက်လို အညှို့ခံဘ၀နဲ့

ထိုင်ငေးနေရုံကလွဲ ကိုယ်ဘယ်ရောက်မှန်းမသိ..

စည်းဝိုင်းအပြင်ဘက်က ရွှေစွန်ညိုလိုဝဲနေရတဲ့ဘ၀ ငါခါးသီးလိုက်ချင်တယ်။

မီးတောင်ပေါ်ကခုန်ချလာတဲ့

ပူစပ်စပ်စကားလုံးတွေနဲ့ အခါခါလောင်းချခံထားရတဲ့ ငါ

နလန်မထူနိုင်အောင်အထပ်ထပ် ကန်ထုတ်ခံထားရတဲ့အခါ

ငါ့ခေါင်းထဲကသွေးကြောတွေပေါက်ထွက်မတတ်ခုန်ပေါက်နေတဲ့ခါ

ငါ့နှလုံးခုန်ချက် အသက်ရှုသွင်းချက်နဲ့မကိုက်တော့တဲ့ခါ

ငါကျမိတဲ့မျက်ရည်ဟာ….

--------------------------

လာပီ..ပြောလိုက်ရင်မျက်ရည်လေးတစမ်းစမ်းနဲ့


Comments

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. ကိုယ့်မျက်ရည်ဟာ ကိုယ့်အတွက်တော့ တန်ဖိုးရှိပါတယ် ကူးကူးရယ်
    ရင်ထဲက လာရတာ မဟုတ်လား

    ReplyDelete
  3. δαίμων daimōnMay 29, 2009 at 6:50 PM

    လက်စသတ်တော့တို့ မီးရှို့ မီးတွေကဒီကလာတာကိုး။ ဥဥ ခင်တယ်ဆိုတဲ့စကားတလုံးအရင်းတည်ပြီး မြှောက်ထိုး ပင့်ကော်ဝင်မပါနဲ့ ။ Know your boundary. ဝန်ထုပ်ဝန်ပိုးဟုတ်မဟုတ်ဆိုတာ ခင်ဗျားဝေဖန်ပိုင်ခွင့်မရှိဘူး။ Please keep your advice to yourself. If she need an advice, I can take care of it.Don't be a so called adviser. There is always good day and bad day for those who are in relationship. Just because of a bad day, doesn't mean she is a burden to someone.

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။