Skip to main content

သီဟိုစေ့ကွတ်ကီး


ဘယ်နေရာရောက်ရောက်မြန်မာပြည်ကသီဟိုစေ့ကလက်ဆောင်အဖြစ်အရမ်း
ကိုသင့်တော်လှပါတယ်။ သီဟိုစေ့ကိုမြန်မာမှာနေတုန်းကစားစရာအဖြစ်လို့မ
သတ်မှတ်ခဲ့ပေမယ့်ဒီလိုနိုင်ငံမျိုးတွေမှာတော့လူတစ်ကာနှစ်နှစ်ခြိုက်ခြိုက်ဈေး
ကြီးပေးဝယ်ပြီးစားနေကြတာပါ။ ဒီနေ့တော့သီဟိုစေ့ကွတ်ကီးလုပ်ဖို့စိတ်ကူးရ
တာနဲ့စမ်းလုပ်ကြည့်ဖြစ်ပါတယ်။
သီဟိုစေ့ (၂)ခွက်
ဂျုံ (၂)ခွက်
ဆားအနဲငယ်
သကြား (ကိုယ်ကြိုက်သလောက်ထည့်ပါ၊ အချိုကြိုက်တတ်ရင်များများထည့်)
မုန့်ဖုတ်ဆော်ဒါ (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)
ထောပတ်ဆီ (အနဲငယ်)
သီဟိုစေ့အလုံးလိုက်ဆိုရင်ညက်အောင်ကြိတ်ထားလိုက်ပါ။ ကျွန်မကတော့မ
ညက်တညက်လေးအနေတော်လောက်ထားပြီး ဂျုံမှုန့်ထဲကိုသကြား၊ ဆားနဲငယ်
မုန့်ဖုတ်ဆော်ဒါနဲနဲလေးနဲ့သီဟိုစေ့တွေထည့်ပြီး ရေနွေးနွေးလေးနဲ့နယ်ပါတယ်။
ထောပတ်ဆီလဲထည့်တယ်။ ရိုးရိုးဆီလဲသုံးလို့ရပါတယ်။ နဲနဲလေးအတွန့်တက်
ပြီး coffeemate အထုပ်သေးလေးတစ်ခုဖောက်ထည့်လိုက်သေးတယ်။
အဆိမ့်ကလဲကြိုက်သေးသကိုး။ အားလုံးသမအောင်နယ်ထားပြီးတဲ့ဂျုံလုံးကို
ခဏထားထားလိုက်ပါတယ်။မိနစ် ၂၀လောက်ဆိုရင်တော့ ဂျုံကိုအရှည်ဖြစ်
အောင်လက်လဲလိမ့်ယူပြီးလိုသလောက်အလုံးလေးတွေလုပ်၊ပြီးရင်ပြန်ဖိပြီး
ပြားအောင်လုပ် ဗန်းပေါ်ဆီသုတ်ပြီးမုန့်ပြားလေးတွေတင်၊ ၁၈၀ ဒီဂရီနဲ့
မိနစ် (၄၀) ဖုတ်လိုက်ရင်..မွေးကြိုင်ပြီးကြိုက်တဲ့အချိန်စား၊ အထားလဲခံတဲ့
သီဟိုစေ့ကွတ်ကီးလေးတွေရပါပီ။ စားပြီးရင်းစားချင်
သိပ်လဲမချိုစိမ့်တဲ့အရသာမို့ခံတွင်းတွေ့မိတာအမှန်ပါ။း)

Comments

  1. လုပ်စားကြည့်မယ်။ နည်းရပြီ။

    ReplyDelete
  2. မြူးသျှရီMay 18, 2009 at 7:04 PM

    မလုပ်စားဖူး.ကူကူးလုပ်တာလဲစားမယ်
    လာပို့ ပေးနော်းးးးးးးးးးးးးးး

    ReplyDelete

Post a Comment

ကူးကူးရေ...