Skip to main content

Posts

Showing posts with the label ေ၀ဌၿခင္း

ပျိုမေတို့အသုံးဝင်စေဖို့

ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။ အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအရောင်မညီတာတို့.. ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့် အသုံးဆောင် Sally Hensen airbrush leg ပါ။ မြန်မာမိန်းကလေးတွေအများစုက ထမီရှည်ရှည် စကပ်ရှည်ရှည်လေးတွေ ဝတ်နေကျမို့ (မိန်းကလေးတိုင်မဆိုလိုပါ) ခြေထောက်ကိုတော်ရုံဂရုမစိုက်ခဲ့ကြဘူး။ အခုချိန်မှာ စကပ်တွေ ဘောင်းဘီတိုတွေခေတ်စားလာတာရယ်၊ နိုင်ငံရပ်ခြားမှာ အများနဲ့ လျှော်ညီအောင်ဝတ်ကြ ရတဲ့အခါ.. ဟောင်ကောင်လေဆိပ်မှာ တစ်ခါသာဆုံဖူးခဲ့တဲ့အန်တီတစ်ယောက်က ဟိုမှာ သူလဲမြန်မာဘဲ ဆိုပီး ပြတော့ ကူးက ဘယ်လိုသိတာလဲမေးတော့ သူ့ခြေထောက်ကိုကြည့်ပါလားတဲ့.. စကပ်တိုတို ဝတ်ထားပီး အနာရွတ်အမဲတစ်ချို့နဲ့ အမျိုးသမီးကိုလှမ်းပြတော့ ..အဲဒီအချိန်ကနေစပီး  အဆင်ပြေသုံးနိုင်မယ့်ပစ္စည်းကိုရှာနေခဲ့တာ..  ကူးလဲခြေထောက်မှာမြေပုံလိုအမှတ်လေးရှိတယ်  တော်ရုံဆိုအတိုတွေမဝတ်ဘူး။  အတိုဝတ်ရင် သူများ attention ပိုဖြစ်တာနဲ့ မသိတဲ့သူတွေက tatoo ထင်ပြီးလာလာမေးလို့ ကြာတော့ စ...

Tulips Festival -2014

Tulips Festival အတွက် ပန်းလေးတွေပွင့်ဖို့စောင့်နေကြတဲ့သူတွေအများထဲမှာ ကျွန်မလဲအပါဝင်ဘဲ။ မိုးက တစ်ချက်တစ်ချက်သည်းသည်းရွာတော့ ပန်းလေးတွေပျက်မှာသိပ်စိုးရိမ်ခဲ့ရတာ.. မနေ့က နေကသာတော့ သိပ်ဝမ်းသာသွားပီးပန်းပုံလေးတွေသွားရိုက်ခဲ့တယ်။  နေသာ သာနေပေမယ့် တစ်ချက်တစ်ချက်လေတိုက်လိုက်တဲ့အခါနဲ့ တိမ်အုပ်လာတဲ့အချိန် အေးနေတာ ခိုက်နေတာပါဘဲ။။း) ပန်းချစ်သူတွေကြိုက်ရင် ကူးသွားလို့ရတယ်နော်။ ကူးကူးမှာ ကင်မရာအကောင်းတော့ မရှိဘူး..ရှိတာလေးနဲ့ ပန်းရောင်စုံခင်းကြီးကို ဘလော့ပေါ်သယ်လာခဲ့တယ်။ အပေါ်က ကျွန်မ sony camera လေးနဲ့ရိုက်ထားတာပါ...ဒီအောက်ပိုင်းကပုံလေးတွေကို ပိုသဘောကျတယ်.. samsung note နဲ့ရိုက်ထားတာ..

Winterlude 2013

သိရိမင်္ဂလာဈေး -၂

သိရိမင်္ဂလာဈေးအပိုင်း(၂) လာပါပြီ။ ပုံတွေကအများကြီးဘဲ။  ကျွန်မအများဆုံးရိုက်ဖြစ်တာ ဒီမှာ ရှားတဲ့ဟင်းသီးဟင်းရွက်တွေပါ။  ရန်ကုန်ရောက်တော့စားချင်တာတွေလဲအများကြီး၊ ဈေးသွား ရင် အကုန်ကိုဝယ်ချင်တော့တာဘဲ။ နေ့နေ့ညည စားပြီးရင်စားချင်နေတာ ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေတွေ့တော့ပိုဆိုးတာပေါ့။  ကဲပုံလေးတွေကြည့်လိုက်ကြအုံး။  ပန်းဂေါ်ဖီ၊ တစ်ပွင့် ၅၀၀ ရှားစောင်းချဉ် (သို့) ရှားဇောင်းခါး (တစ်ခါမှမစားဖူးပါ) (thanks to kogyi Kyauk correct spelling) ကောက်ရိုးမှို  ဂျင်း  ခါကြက်ဥ  မုန်လာထုပ်  သခွားသီး  သံပုရာသီး ပိန်းဥ  အိုစွန်း  စမုံစပါး  ပဲညွန့်  မှို  ဂေါ်ဖီထုပ်  ရွှေဖရုံသီး  ကျောက်ဖရုံ  စပါးလင်  ပျဉ်းတော်သိမ်၊ ရှောက်ရွက်၊ တရုတ်နံနံ၊ ရှမ်းနံနံ၊ ပင်စိမ်း  ပဲပြား  ပဲပုဇွန်သီး (သို့) နွေပဲသီး (thanks baby taster)  ငရုတ်သီး လတ်လတ်ဆတ်ဆတ် ပဲသီး  ဘိုစားပဲ  ကိုက်လံပွင့်  ဂေါ်ရခါးညွန့်  ထောပတ်သီး  ရေကန်ဇွန်း  ထောပတ်ပဲ  ခရမ်းချဉ်သီး  ဇီးဖြူသီး  မုန်လာဥဖြူ ဘဲသွေး  ...