Skip to main content

Posts

Showing posts from March, 2016

ကလောက် ကလောက်

  ဧရာဝတီတိုင်းက အဖွားနေထိုင်တဲ့ရွာလေး သူမဆုံးခင်ရောက်ခဲ့တုန်းကပေါ့။  ရွာလေးမှာအမှတ်ရစရာတွေ အများကြီးရှိတယ်။ ရွာထိပ်ကချောင်းလေးမှာ ငါးဖမ်း ပုဇွန်ရှာ အန်တီဦးလေးတွေနဲ့လိုက်သွားတိုင်း ကလောကလောက်အကောင်လေးတွေ ချောင်းစပ်မှာခုန်ပေါက်နေတာ လိုက်ဖမ်းခဲ့ဖူးတယ်။ ဒီအကောင်လေးတွေကို ဖမ်းပီး ငါးမျှားဖို့သုံးကြတယ်။ အခြားအရပ်မှာတော့ဘယ်လိုခေါ်လဲမသိဘူး။ နောက်ဆုံးတစ်ခေါက် ရွာသွားလည်တုန်းက ကလောကလောက်အကောင်လေးတွေကို ပုံရော ဗီဒီယိုလေးပါရိုက်လာခဲ့တယ်...  မောင်လေးကတော့ ချောင်းစပ်ရောက်တာနဲ့ ဖိနပ်ချွတ်ပီးချောင်းစပ်မှာ ကလောကလောက်လိုက်ဖမ်းတယ်...  သူတို့က ကုန်းမှာလဲနေသလို နေထဲမှာလဲနေတယ်.. ချောင်းစပ်တစ်လျှောက်လမ်းလျှောက်ရင်းနဲ့ ခေါင်းရွက်ဗျပ်ထိုး ငါးလိုက်ရောင်းနေတဲ့ သူဆီက ငါးပြေမ ငါးမွေထိုး ငါးရံ့လေးတွေပါ ဝယ်လာခဲ့တယ်. အမြင်ပန်းမလှပေမယ့် ငါးရောင်းနေတဲ့ အဒေါ်က မာမီ့အသိမို့  ဓာတ်ခဲလေးတွေနဲ့ အလေးချိန်တာလေးကို စိတ်ဝင်တစ်စားဖြစ်မိခဲ့တယ်။  ကန်ဇွန်း ပန်းဂေါ်ဖီ ပဲပင်ပေါက် နဲ့ ခရမ်းချဉ်သီးတွေကတော့ မြို့ပေါ်ကနေ ကားနဲ့တစ်ဆင့်သယ်ပီးရွာက ဈေးသည်တွေတစ်အိမ်ထွက်တစ်အိမ် ဆင်းလိုက်ရောင်းကြတယ်။ ရွာမှာ