Skip to main content

Posts

Showing posts from April, 2013

ငါးပြုတ်၊ အမဲရိုးခြေထောက်မျှစ်ချဉ် နှင့်သရက်ကင်း

ငါးပြုတ်မွမွှေး - ငါးပြုပ်ဖို့အတွက် ခရီးထွက်တုံးက တစ်ကူးတစ်က ပြန်သယ်လာတဲ့ မြေအိုးလေးကို သုံးပါတယ်။  အစကတော့ ငပိရည်ကျိုဖို့ ဘဲစဉ်းစားတာပါ။  ၀ယ်ခဲ့တဲ့နေရာမှာ ထမင်းချက်လဲ ဒီအိုးဘဲ၊ ဟင်းအရည်လဲဒါဘဲ..အကြော်တောင်မှ မြေအိုးနဲ့ကြော်သေး.. အဲဒီတော့ ကျွန်မလဲ အားကျမခံ ထမင်းချက်ပါတယ်...  မကျက်ဘဲ လွှင့်ပစ်ရတာ ၄ ခါ။ နောက်ဆုံးတစ်ခေါက်တော့ အောင်မြင်သွားခဲ့ဖူးတယ်။ ရေနွေးအိုးအရင်တည်ထားပါတယ်..ပွက်ပွက်ဆူတာနဲ့ ရေနွေးတွေကို မြေအိုးထဲလောင်း ထည့်ပီး  ပင်စိမ်း ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းလက်တစ်ဆစ် စပါးလင် အနည်းငယ် ထောင်းထားတာထည့်ပါတယ်။ ပြီးရင်တော့ ခုတ်သားငါးကို ရေစင်စင်ဆေးပီး ထည့်။ ဆားအနည်းငယ် နဲ့ သံလွင်ဆီ နှစ်စက်လောက် ထည့်လိုက်ပါတယ်။.. သိပ်မကြာပါဘူး..ငါးပြုပ်မွှေးမွေးလေးတစ်ခွက်ကျက်ပါပြီရှင့်... စားကြတဲ့ကလေးတွေကတော့ အရမ်းချိုပီး creamy ဖြစ်တယ်လို့ ပြောကြတာဘဲ... တစ်ခါမှငါးမကြိုက်တဲ့ကလေးတွေတစ်ခါပီးတစ်ခါလာတောင်းစားတာတွေ့ပီး ၀မ်းသာမိပါရဲ့..တစ်ကယ်လည်းအရမ်းကောင်းပါတယ်။ စိမ့်ပီးချိုနေတာဘဲ..ဟင်းချိုလဲ သောက်လို့အရမ်းကောင်းပါတယ်။  ဒါပေမယ့် လျှာအလိုလိုက်ကျွန်မအကြိုက်ဆိုရင်တော့ အချဉ်တစ်တုံးလောက်ထပ်ထည့်ပီး၊ င