Skip to main content

ချစ်သူလို့ပြောနိုင်ပါသလား

အချိန်လေးရရင် vote ပေးသွားပါနော်။ခေါင်းထဲရောက်နေတာတော့ကြာပြီ။
သူငယ်ချင်းတို့အမြင်လေးလဲသိချင်လို့ပါ။  ဒီတစ်လောတော့ဟင်းမချက်နိုင်သေးဘူး။
ဆေးရုံတစ်ဝက်၊ အိမ်တစ်ဝက် လှည့်နေရတဲ့အချိန်မို့ အိမ်လုံးလုံးပြန်ရောက်မှ ပေါက်ကရ ထပ်ချက်ပါ အုံးမယ်။  
အားလုံးရွှင်လန်းကျမ်းမာ ကြပါစေ။ 
............................................................................................................................
............................................................................................................................


Comments

  1. ချစ်လို့ပေါ့.. သူတခုခုမှားယွင်းသွားမှာ စိုးရိမ်လို့ တဖြစ်တောက်တောက်ပြေနေရတာပေါ့.. :)

    ReplyDelete
  2. ချစ်နည်းတစ်မျိုးလည်းဖြစ်နိုင်ပါတယ်
    ကိုယ်ကရော အမှားတွေ မလုပ်သင့်တာတွေပဲလုပ်နေလို့ အော်ငေါက်တာရော ဖြစ်နိုင်ဘူးလား ဟဲဟဲ။

    ReplyDelete
  3. KuuKuu

    It is depend on your health too, when you are unwell you might shout & might b angry him.

    I just recovered from serious illness. I complained, shouted him even I got his care & kind help.

    Take care Kuu

    ReplyDelete
  4. အင်း..အခုဟာက အပြစ်ဆိုတာပြောစရာရှိဘဲ စိတ်မရှည်နိုင်အော်ငေါက်နေတာကိုပြောတာပါ.. အမှားကြောင့်မဟုတ်ပါဘူး။

    ReplyDelete
  5. ငေါက်တတ်တဲ့ လူမို့ နေမှာပါ မချစ်ဘူးတော့မဖြစ်နိုင်ဘူးလေ ၊ ကူးကငေါက်တာမကြိုက်ဘူးဆိုရင်သေချာမှာထားပေါ့ တဖြည်းဖြည်းတော့ အဆင်ပြောပါလိမ့်မယ်။

    ReplyDelete
  6. ကူးကတော့ အော်ငေါက် ပြောတတ်တဲ့သူဆို အရမ်းမုန်းတယ်။ ငယ်ငယ်ကတည်းက မိဘမောင်နှမ တွေကအစအော်ဟစ်ပြောတာတွေမကြားဖူးဘူး..
    ကိုယ်မကြိုက်ဘူးပြောထားရက်နဲ့ ခဏခဏ အော်ငေါက်တာတွေကြားရရင် တောတော့ကို စိတ်ပျက်တယ်..စိတ်လဲကုန်တယ်..

    ReplyDelete
  7. ကဲ...ချစ်သူရေ...
    ကူးကူးက ပြောနေတယ်...
    အော်ငေါက်တာ...ပွစိပွစိလုပ်တာ မကြိုက်ဘူး..တဲ့
    သွားချော့လိုက်အုံး...
    .......................

    ReplyDelete
  8. Kuu Kuu, It depends on person n condition including age,health.........There's no fomular n fix answer.B cool n happy.

    ReplyDelete
  9.ှဗုတ်သွားတယ်နော်။ အော်ငေါက်ပြောတတ်တာ အကျင့်ပါတာ။ စိတ်မရှည်၊စိတ်တိုတတ်တဲ့ မျိုးရိုးဗီဇ ပါလာတာလည်းဖြစ်နိုင်ပါတယ်။ မကောင်းတာ သိပေမဲ့ တစ်ခါတစ်လေကျ ထိမ်းလို့မရဘူးလေ။ စိတ်မရှည်တာကို။ ချစ်တာ မချစ်တာနဲ့တော့သိပ်မဆိုင်ဘူးထင်တာပဲ။

    ReplyDelete
  10. ချစ်အုန်းဖေSeptember 21, 2010 at 3:25 PM

    ချစ်တာ၊မချစ်တာနဲ့ တော့မဆိုင်လောက်ပါဘူး။ ကြီးပြင်း လာတဲ့ပတ်ဝန်းကျင်၊ အခြေအနေ တွေလည်းပါမှာပါ။ ကူးလေးကို မိသားစုကအမြဲလျှော့ပြောနေတော့ သူက ပုံမှန်ပြောတဲ့အခါ ကူးအနေနဲ့ အော်ငေါက်တယ် ထင်တာ လဲဖြစ်ရင်ဖြစ်မှာပေါ့။ ချစ်သူက ကူးလေးကို အရမ်းချစ်မဲ့ပုံပါ။

    ReplyDelete
  11. လူရဲ့ စိတ်ဓာတ်အကျင့်နဲ့ဆိုင်ပါတယ်။ ကျွန်တော်ကတော့ အစ်မနဲ့ တူတယ်၊ အော်ဟစ်တာ အစရှိတဲ့ ကြမ်းတမ်းမှုတွေကို မကြိုက်ဘူး။ ကျွန်တော်ချစ်တဲ့သူကို မပြောနဲ့ သူငယ်ချင်းတွေ၊ မသိတဲ့သူတွေကိုတောင် ကျွန်တော် မအော်မငေါက်ဘူး။ အဲဒီလို အပြစ်ပြော အော်ငေါက်နေတဲ့သူနဲ့ တွေ့ရင် အရမ်း စိတ်ညစ်တယ်။ နဂိုကစကားနည်းတဲ့သူ အဲဒီအချိန် စကားလုံးဝ မပြောတော့ဘူး။
    ကျွန်တော်ကတော့ နံပါတ် (၅) ကိုရွေးခဲ့ပါတယ်။

    ReplyDelete
  12. howdy I am Trying to find for people to join my Guild Caesary come check it out. and join my army please! hawks raiders at http://www.lekool.com . Been playing Caesary game for 6 weeks. Caesary has been the best browser game in a long time!

    [url=http://caesary.lekool.com]Caesary[/url]
    [url=http://caesary.lekool.com]browser based[/url]
    [url=http://video.lekool.com]Game Videos[/url]
    [url=http://dc.lekool.com]Game Videos[/url]

    ReplyDelete
  13. ကူကူးရေ
    vote လိုက်ရပေမယ့် အကြောင်းအရာတွေကမတိုက်ဆိုင်ဘူးဖြစ်နေတယ် အဲလိုပြောရလို့ဆောရီးပါနော် ဥဥ ပြောရမယ်ဆိုယင် ခုထိဘယ်တစ်ယောက်ကိုမှအော်ဟစ်ငေါက်ငမ်းမိခြင်းမရှိသေးဘူးခုတလောတော့ သမီးနဲ့ရန်ခဏခဏ ဖြစ်တတ်တဲ့သူ့မာမားကိုခဏခဏဆူမိနေတယ် သူကလည်းဘာမှတော့မပြောပါဘူးသမီးလေးကိုဥဥတအားချစ်တာသိနေတာကိုး အော်တာတော့မဟုတ်ဘူးဆူတာ မတူဘူးနော် ဥဥ ပြောချင်တဲ့အဓိပ္ပာယ်က အော်စရာမလိုဘူးလို့

    ReplyDelete
  14. အရမ်းချစ်တဲ့သူဆို အော်ငေါက်ဖို့မပြောနဲ့ .. မျက်နှာညိုမှာတောင် မခံနိုင်ဖူးး(

    ReplyDelete
  15. သူ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါဘူး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသံညှင်းညှင်းလေး ရယ်နေတာ သဘောကျတယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။