ပေါက်ပန်းရွက်သုပ် ရှားရှားပါးပါးရလာတဲ့ပေါက်ပန်းရွက်ကို ရေဆူဆူမှာ ၂ မိနစ်လောက်ပြုပ်ပီး သုပ်ထားတာပါ။ အာလူးပါးပါးလှီးပီးပြုပ် ကြက်သွန်ကြော် မန်ကျည်းမှည့်အရည် ဆားအနည်းငယ်.... ပါ။ အရွက်သွားခူးတုန်းကလမ်းမှာတွေ့တဲ့ မြက်ပန်းလေးတွေပါ။ ဘဘာဝအလှတရားက ဖန်ဆင်းထားတဲ့အလှထက်ပိုပီးကဗျာဆန်တယ်...း)
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။