Facebook မရှိတဲ့နိုင်ငံမှာ အစားသောက်ကောင်းလို့ နေပျော်ခဲ့ပါတယ်။ ကျွန်မနေတဲ့နေရာမှာအခုလိုဟင်းသီးဟင်းရွက်စုံစုံလင်လင်မတွေ့ရသလို imported တွေနဲ့ဘဲ နှစ်ပါးသွားနေရလို့အမြဲစိတ်ပျက်မိတယ်။ shenzhen ရောက်တော့တရုတ်လိုမပြောတတ်တော့တော်တော်အဆင်မပြေဖြစ်တယ်။ အဓိကကတော့ အစားသောက်ပါ.. ရှောင်တဲ့အစာတွေများတော့ tour company က ညီမလေးတစ်ယောက်ကို ဖုန်းထဲမှာ ၀က်သားနဲ့ ပင်လယ်စာ မစားပါကိုဘယ်လိုပြောလဲ လို့ရေးခိုင်းတာ သူက "ဧ။်သူသည်ဝက်သားမစားပါ၊ ပင်လယ်စာ ငါးမှလွဲမစားပါ၊" လို့ရေးပေးတာကို ကိုင်ပီး စားသောက်ဆိုင်တိုင်းလိုက်ပြရပါတယ်။ အဲမှာနေရရင်တော့ နေ့တိုင်းဈေးသွားပီးမျိုးစုံချက်ပစ်လိုက်မယ်လို့စိတ်ကူးယဉ်ခဲ့တယ်။ ဒီပုံတွေကတော့ ဈေးထဲလိုက်ပတ်ရင်းရိုက်ခဲ့တာပါ... အဲဒီမှာလွှင့်ပစ်တာမရှိ အကုန်အသုံးဝင်ပုံဘဲ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။