ကျွန်မမှာ ယုန်လေးတစ်ကောင်ရှိတယ်॥အရင်တုန်းကလေဟာပြင်ဈေးလို့ခေါ်မှာပေါ့॥အဲဒီမျက်နှာစာမှာ အကောင်လေးတွေရောင်းတယ်။ ဖြတ်သွားတိုင်းငမ်းလိုက်ရတာပြောမနေနဲ့။ ယုန်လေးတစ်ကောင်လောက်အရမ်းဝယ်ချင်တယ်။ အလုပ်ကလုပ်ခါစဆိုတော့ လခနဲ့ မနဲလောက်အောင်သုံးနေရတဲ့အချိန်ဆိုတော့ ယုန်လေးဝယ်ဖို့ပိုက်ဆံမရှိဘူး။ ဒါပေမယ့် (၃) လလောက်နဲနဲချင်းစုတော့ ယုန်လေးဝယ်လိုပြီ။ အဲဒါနဲ့ဘဲ ဆိုင်ကိုသွား၊ စိတ်ကြိုက်တစ်ကောင်ရွေး॥ (သေးသေးလေး) ပြီးတော့ သူ့ကိုရုံးသွားရင်ခေါ်သွားဖို့ ခြင်းတောင်အနီလေးတစ်လုံးဝယ်၊ ပျော်လိုက်တာပြောမနေနဲ့॥ အိပ်ခန်းထဲမှာထည့်ထားပြီး।သူ့ကို တုန်တုန် လို့နာမည်ပေးလိုက်တယ်။ ရုံးသွားတိုင်းခြင်းအနီလေးထဲမှာ မုန်လာဥနီ၊ ကန်ဇွန်းရွက် သုံးလေးပင်ထည့်ပြီးသယ်သယ်သွားတယ်။ ရုံးပိတ်ရက်တွေ အိမ်ကိုပြန်တဲ့အခါ သူ့ကို လိုင်းကားနဲ့ခေါ်သွားတယ်။ ဒီလိုနဲ့ တုန်တုန်လဲကြီးလာတယ်။ ယုန် သေးကအရမ်းနံတယ်။ သူ့မစင် မဲမဲလုံးလေးတွေလဲ နေရာတကာဘဲ॥အိပ်ခန်းကို အမြဲသန့်ရှင်းရေးလုပ်ရတယ်။ သူကကြီးလာတော့ ခြင်းတောင်းလေးနဲ့မဆန့်တော့ဘူး။ မာမီကပြောတယ်။ အိမ်ကိုခေါ်သွားမယ်တဲ့။ မာမီနဲ့ ပါးပါးက ရန်ကုန်မြိုထဲနဲ့(၁) နာရီလောက်ဝေးတဲ့ အစွန်မှာနေတော့ ခြံထဲမှာလွှတ်ထားလို့ရတယ်။...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။