Skip to main content

ယုန်တုန်တုန်အကြောင်း

ကျွန်မမှာ ယုန်လေးတစ်ကောင်ရှိတယ်॥အရင်တုန်းကလေဟာပြင်ဈေးလို့ခေါ်မှာပေါ့॥အဲဒီမျက်နှာစာမှာ အကောင်လေးတွေရောင်းတယ်။ ဖြတ်သွားတိုင်းငမ်းလိုက်ရတာပြောမနေနဲ့။ ယုန်လေးတစ်ကောင်လောက်အရမ်းဝယ်ချင်တယ်။ အလုပ်ကလုပ်ခါစဆိုတော့ လခနဲ့ မနဲလောက်အောင်သုံးနေရတဲ့အချိန်ဆိုတော့ ယုန်လေးဝယ်ဖို့ပိုက်ဆံမရှိဘူး။ ဒါပေမယ့် (၃) လလောက်နဲနဲချင်းစုတော့ ယုန်လေးဝယ်လိုပြီ။ အဲဒါနဲ့ဘဲ ဆိုင်ကိုသွား၊ စိတ်ကြိုက်တစ်ကောင်ရွေး॥ (သေးသေးလေး) ပြီးတော့ သူ့ကိုရုံးသွားရင်ခေါ်သွားဖို့ ခြင်းတောင်အနီလေးတစ်လုံးဝယ်၊ ပျော်လိုက်တာပြောမနေနဲ့॥ အိပ်ခန်းထဲမှာထည့်ထားပြီး।သူ့ကို တုန်တုန် လို့နာမည်ပေးလိုက်တယ်။ ရုံးသွားတိုင်းခြင်းအနီလေးထဲမှာ မုန်လာဥနီ၊ ကန်ဇွန်းရွက် သုံးလေးပင်ထည့်ပြီးသယ်သယ်သွားတယ်။ ရုံးပိတ်ရက်တွေ အိမ်ကိုပြန်တဲ့အခါ သူ့ကို လိုင်းကားနဲ့ခေါ်သွားတယ်။
ဒီလိုနဲ့ တုန်တုန်လဲကြီးလာတယ်။ ယုန် သေးကအရမ်းနံတယ်။ သူ့မစင် မဲမဲလုံးလေးတွေလဲ နေရာတကာဘဲ॥အိပ်ခန်းကို အမြဲသန့်ရှင်းရေးလုပ်ရတယ်။ သူကကြီးလာတော့ ခြင်းတောင်းလေးနဲ့မဆန့်တော့ဘူး။ မာမီကပြောတယ်။ အိမ်ကိုခေါ်သွားမယ်တဲ့။ မာမီနဲ့ ပါးပါးက ရန်ကုန်မြိုထဲနဲ့(၁) နာရီလောက်ဝေးတဲ့ အစွန်မှာနေတော့ ခြံထဲမှာလွှတ်ထားလို့ရတယ်။ ဒါပေမယ့် စိုးရိမ်တာက အိမ်မှာ ကီးကီ ဆိုတဲ့ ခွေးကြီးတစ်ကောင် နဲ့ ပေါင်ချိန်ဆို တဲ့ ကြောင်တစ်ကောင်ရှိတယ်။ သူတို့တွေက ယုန်အနံ့ရရင်အငမ်းမရဖြစ်နေကြတာ။ နောက်ပိုင်းတော့ တုန်တုန်ကို မာမီက အိမ်ကိုခေါ်သွားတော့ သူ့ကို ရုံးပိတ်ရက်မှဘဲတွေ့ရတယ်။ သူက လူစကားနားလည်တယ်။ သူ့ကိုခေါ်ရင်လာတယ်။ အရမ်းကိုချစ်ဖို့ကောင်းတယ်။ ပထမတစ်ခေါက်အိမ်ကိုခေါ်သွားတုန်းက ပေါင်ချိန် (ကြောင်) က သူ့ကို စားစရာဆိုပြီး ကိုက်ချီသွားပြီး ကုတင်အောက်ကိုခေါ်သွားတာ၊ မနဲကို လိုက်ပြီးလုရတယ်။ တော်သေးတယ် ဘာမှမဖြစ်လို့၊၊ ဒါပေမယ့် ကြာလာတော့ ကြောင်ပေါင်ချိန် နဲ့ ယုန်တုန်တုန်တို့ သူငယ်ချင်းဖြစ်သွားတယ်။ ပြေးတမ်းလိုက်တမ်းကစားနေတာ အိမ်မှာတော့သူတို့က ဗိုလ် ဘဲ။ ခွေးကြီးကီးကီ က လူစကားအရမ်းနာလည်ပြီး လိမ်မာတယ်။ သူ့ကိုမကိုက်ရဘူးနော်လို့ ပါးပါးက ပြောထားတာနဲ့ နောက်ဆို ယုန်လေး သူ့ကိုယ်ပေါ်ခုန်တက်ပြီး ကျော်သွားရင်တောင် မကိုက်ဘူး॥ အိမ်က လူတွေမျက်နှာကိုလှမ်းလှမ်းကြည့်တယ်။ ခွေးနဲ့ယုန်ဆိုတာသိသားဘဲနော်॥ခွေးတွေကယုန်တွေ့ရင်မငမ်းမရ၊ ဒါပေမယ့် ကီးကီကတော့ မကိုက်ဘူး॥သူတောတော်ချုပ်တည်းရမှာဘဲ လို့ တစ်ခါတစ်လေတွေးမိတယ်။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။