မနေ့က အိမ်နဲ့သိပ်မဝေးတဲ့နေရာကဈေးလေးကိုရောက်တော့.. စည်ကားလိုက်တာ.. သူတို့လူမျိုးတွေရဲ့ ပွဲတော်ရောက်တော့မယ်... လမ်းဘေးကျပန်းဈေးသည်တွေ..ပစ္စည်းတွေစုံနေတာဘဲ။ ဟိုငေးဒီငေးလျှေက်ရင်း ကျောက်ကျောလုပ်အုံးမယ်ဆိုပြီး အုန်းသီးဝယ် လာခဲ့တယ်။ ဌက်ပျောဖူး၊ ဗူးသီးနုနု တစ်လုံး လဲပါတယ်။ အိမ်ပြန်ရောက်တော့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီ. ကို ပုဇွန်ခြောက်လေးနဲ့ရောထောင်း.. ပြီးတော့ ဗူးသီးဟင်းစပ်စပ်တစ်အိုးချက်လိုက်တယ်။ရေခဲသေတ္တာထဲမှာဘာရှိလဲလျှောက်မွှေရင်းနဲ့ ခရမ်းသီးနှစ်လုံးတွေ့ တာနဲ့ ပြုပ်ထားပြီး အလုံးလိုက်အခွံနွှာ၊ ပြီး ဘိုက်ခွဲ..ခက်ရင်းနဲ့ခြစ်၊ ကြက်ဥကို မဆလာ၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် နဲ့ ခေါက်ထားပြီး ခုနခရမ်းသီးကို နှစ်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်...လိုက်တော့ ညစာအဆင်သင့် ဖြစ်ရော.. ပဲပင်ပေါက် အချဉ်စိမ်ထားတာနဲ့တွဲစားလိုက်တော့ ကောင်းမှကောင်းး ကဲစားပြီးပီဆိုတော့ ကျောက်ကျောကြိုဖို့ စရတော့တယ်... ပထမဆုံး အုန်းသီးကို အုန်းနို့ညှစ်ထားလိုက်တယ်။ ပြီးတော့ နို့ (နွားနို့လတ်လတ်ဆတ်ဆတ်ရှိရင် ပိုကောင်း မယ်) Anchor Fresh Milk ဗူးကြီးတစ်ဝက်နဲ့အုန်းနို့နဲ့ရောပြီးကြိုလိုက်တယ်။သကြားနဲ့ ကျောက်ကျောမှုန့်ကို သမအောင်မွှေထားတယ်။ ပြီးတာ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။