Skip to main content

အုန်းနို့ကျောက်ကျော

မနေ့က အိမ်နဲ့သိပ်မဝေးတဲ့နေရာကဈေးလေးကိုရောက်တော့.. စည်ကားလိုက်တာ.. သူတို့လူမျိုးတွေရဲ့ ပွဲတော်ရောက်တော့မယ်... လမ်းဘေးကျပန်းဈေးသည်တွေ..ပစ္စည်းတွေစုံနေတာဘဲ။ ဟိုငေးဒီငေးလျှေက်ရင်း ကျောက်ကျောလုပ်အုံးမယ်ဆိုပြီး အုန်းသီးဝယ် လာခဲ့တယ်။ ဌက်ပျောဖူး၊ ဗူးသီးနုနု တစ်လုံး လဲပါတယ်။ အိမ်ပြန်ရောက်တော့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီ. ကို ပုဇွန်ခြောက်လေးနဲ့ရောထောင်း.. ပြီးတော့ ဗူးသီးဟင်းစပ်စပ်တစ်အိုးချက်လိုက်တယ်။ရေခဲသေတ္တာထဲမှာဘာရှိလဲလျှောက်မွှေရင်းနဲ့ ခရမ်းသီးနှစ်လုံးတွေ့ တာနဲ့ ပြုပ်ထားပြီး အလုံးလိုက်အခွံနွှာ၊ ပြီး ဘိုက်ခွဲ..ခက်ရင်းနဲ့ခြစ်၊ ကြက်ဥကို မဆလာ၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် နဲ့ ခေါက်ထားပြီး ခုနခရမ်းသီးကို နှစ်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်...လိုက်တော့ ညစာအဆင်သင့် ဖြစ်ရော.. ပဲပင်ပေါက် အချဉ်စိမ်ထားတာနဲ့တွဲစားလိုက်တော့ ကောင်းမှကောင်းး ကဲစားပြီးပီဆိုတော့ ကျောက်ကျောကြိုဖို့ စရတော့တယ်...
ပထမဆုံး အုန်းသီးကို အုန်းနို့ညှစ်ထားလိုက်တယ်။ ပြီးတော့ နို့ (နွားနို့လတ်လတ်ဆတ်ဆတ်ရှိရင် ပိုကောင်း မယ်) Anchor Fresh Milk ဗူးကြီးတစ်ဝက်နဲ့အုန်းနို့နဲ့ရောပြီးကြိုလိုက်တယ်။သကြားနဲ့ ကျောက်ကျောမှုန့်ကို သမအောင်မွှေထားတယ်။ ပြီးတာနဲ့ အုန်းနို့အိုးကို မွှေရင်းနဲ့ အုန်းနို့ပွက်ပွက်ဆူပြီးလောက်တဲ့အခါ သကြား ကျောက်ကျောမှုန့် ကို ရေနွေးနွေးလေးနဲ့ဖျော်.. စကာနဲ့ စစ်ပြီး အုန်းနို့ အိုးထဲလောင်းထည့်ပြီး မီးအေးအေးနဲ့ မိနစ် (၂၀) လောက်မှန်မှန် မွှေပြီး... အအေးခံမယ့် ဗန်းထဲ လောင်းထည့် ခဏလောက်အအေးခံပြီး..မျက်နှာပြင်နဲနဲ မာလာတာနဲ့အုန်းသီးခြစ်ပြီးသားအဖတ်တွေကိုသကြားနဲ့မွှေပြီး မျက်နှာပြင် အနှံ့ ခပ်ပါးပါးလေးဖြူးလိုက်တယ်။ ဒီနေ့မနက်ရောက်တော့ ကျောက်ကျော/ ဂျယ်လီ ရပြီပေါ့.. ဂျယ်လီမှုန့်ထည့်တာ ချိန်ပြီးမထည့်လို့လားမသိဘူး.. ကျောက်ကျောကအရမ်းပျော့နေလို့ မနဲထိမ်းပြီးဖြတ်ယူရတယ်။
ဒါပေမယ့် အရသာကတော့...ရှယ်..ဘဲ...


Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။