cebu မြို့ရဲ့ နောက်ဆုံးညနေခင်းမှာ Ayala Mall ကိုရောက်သွားခဲ့တယ်.... ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။ အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။ အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။