Skip to main content

၉ ဂဏန်းသမား ကျွန်မ

ကျွန်မ စင်ကာပူရောက်တော့ လေယဉ်ကွင်းကိုလိုက်လာပီး လိုက်ပို့ပေးတဲ့ သူငယ်ချင်းတစ်ယောက်က McDoc မှာ သွားထိုင်မယ်ဆို လို့ အောက်ထပ်ကိုဆင်းသွားပါတယ်... စားချင်တာတွေမှာပီးတော့ ကျွန်မက စားပွဲတစ်ခုမှာသွားထိုင်ဖို့ လှည့်အထွက်မှာ သူက ဒီတစ်ခါနင့်အလှည့် ငါ့ကို serve ငါသွားထိုင်စောင့်နေမယ်ပြောတာ ကြားလိုက်တာ နဲ့ ခေါင်းကဆံပင်တွေတောင် ထောင်သွားလားအောက်မေ့ရတယ်..မျက်နှာလဲထူပူပီးဒေါသက ထောင်းကနဲ့ ကိုထွက်လာတာ... စန္ဒကူးရာဇ၀င်မှာ အဲလိုမျိုးမရှိဘူးလို့ပြောပီး အရင်ဦးအောင်ထွက်သွားပီး စားပွဲတစ်ခုမှာ သွားထိုင်နေလိုက်တယ်..
အမှန်ကတော့ မလုပ်သင့်ဘူးလဲသိတယ်... မိန်းကလေးချင်းဆိုရင်တော့ လုပ်ပေးရင်လုပ်ပေးမယ်.. ယောက်ျားလေးကျတော့ ကိုယ့်ထက်လဲအကြီးဘဲဟာ..ကျွန်မပစ္စည်းတွေတင်တဲ့တွန်းလှည်းလဲ သူကတစ်ဖက်နဲ့ ဒီမုန့်တွေ အရည်တွေဗန်းသယ်ပီး ယူသွားပေးရတာ အပန်းမကြီးပေမယ့် နဂိုစိတ်ရင်းက ဘာဖြစ်မှန်းကိုမသိတာ.. ကြီးကျယ်တာလားဆိုတော့မဟုတ်ပါဘူး။ တစ်ခါမှလဲ ဘယ်သူမှမခိုင်းဖူးတဲ့..မလုပ်ခဲ့ရဖူးတာမို့ စိတ်က အလိုလိုနေရင်း ဒါငါလုပ်သင့်တဲ့အရာမဟုတ်ဘူးဆိုပီး အော်တိုမှတ်ထားပီးသားဖြစ်နေတာ... အမှန်ကတော့ အဲဒီစိတ်တွေမကောင်းပါဘူး... လုံးဝကိုဖျောက်သင့်တယ်.. အလုပ်ကိစ္စရော၊ မိသားစုမှာရော၊ ရုံးမှာပါ.. အားလုံးက ဦးစားပေးထားတော့ အကျင့်ပါနေတာ ဆိုးတယ်..ဒီနေ့တော့ ခဏလေးခေါင်းရှင်းအောင် people magazine ကိုဝင်ဖတ်တော့မှ ၉ ဂဏန်းသမားတွေအကြောင်းရေးထားတာတွေ့တော့ စိတ်ဝင်တစားဖတ်ကြည့် မိတယ်...  တိုက်လဲအကုန်နီးပါးတိုက်ဆိုင်တယ်.. ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင် မိလို့ စိတ်လိုလက်ရရီလိုက်တယ်... မရီရတာ ၁ပတ်ကျော်ပီ...

၉ ဂဏန်းသမားတွေပါရင်လဲဖတ်လို့ရတယ်.. စံဇာဏီဘိုဆိုရင်တော့ ကူးကူးက အခြားသူထက်ပိုအယုံအကြည်ရှိတယ်.. ကိုယ်တွေ့မို့ပါ..း)

Comments

  1. ဟာ.. တခြားဂဏန်းသမားတွေ ဘယ်သွားဖတ်ရမလဲ.. ပြောပါ.. ပြောပါ..

    ReplyDelete
  2. အဲ... အဲဒါတော့မသိဘူးနော်.. ကူးကူးတောင် people ထဲက ယူလာတာ..း)

    ReplyDelete
  3. ချစ်အုန်းဖေJanuary 21, 2010 at 4:46 PM

    You???? Being a commander??? Vengeful???? Cold blooded????? Kidding me????

    ReplyDelete
  4. ဒီနေ.မှဖတ်မိတယ် ။ ၉ဂဏန်းသမားပါပဲ။
    ( တိုက်ဆိုင်လိုက်တာများကွာ :-)

    ReplyDelete

Post a Comment

ကူးကူးရေ...