Enokitake-Golden Needle Mushroom ပင်အပ်မှိုပါ။ မှိုကြိုက်ကြတဲ့သူတိုင်းအတွက်တော့ ဘယ်လိုလုပ်စား စားအရသာအရမ်းရှိတဲ့မှိုကို ဘယ်လောက်ဈေးကြီးကြီးပေးဝယ်စားကြတာပါဘဲ။ ဒီမှာတော့ ကောက်ရိုးမှိုလေးတွေတွေ့ရခဲတယ်.. ပင်အပ်မှိုကတော့ဈေးအပေါဆုံးဘဲ။ ၂ထုပ်မှ ၁ ဒေါ်လာလောက် ဘဲပေးရတယ်။ ဒါပေမယ့် နာမည်ကြီး စူပါမားကတ်တွေမှာသာရောင်းလေ့ရှိတယ်။ အရင်က ယပ်တောင်လေးကို လုပ်ပြီးကြော်တယ်.. ဒီတစ်ခါတော့ အပြားလိုက်ကပ်ပြီးကြော်တယ်။ မသိရင်တော့ ကြက်ဥခေါက်ကြော်ပေါ့... အဲဒီနေ့က သူများကိုကျွေးတော့ အထဲမှာ မှိုလေးတွေတွေ့တော့ သူတို့ တော်တော်ပျော်သွားပုံရတယ်.. ဒါကတော့ ကြော်နည်းအဆင့်ဆင့်ပါ.... ခရစ္စမတ်အတွက် နေရာတိုင်းမှာ ပုံစံအမျိုးမျိုးပြင်ထားကြတယ်.. ဒါကတော့ တစ်မူထူးတဲ့ ကပ်ထူစက္ကူလေး တွေနဲ့ သခင်ခရစ်တော်မွေးဖွားတဲ့အချိန်က အဓိက အခန်းမှာပါတဲ့သူတွေပုံကို ခေါက်ချိုး ဆင်ထားတာလေးတွေပါ..လက်ရာသိပ်သေသပ်လွန်းလို့ ပုံလေးတွေရိုက်လာခဲ့တယ်။ ဒါကတော့ တစ်ခေါက် Quickie မှာဝယ်စားမိတာအရမ်းကြိုက်သွားတဲ့ natural bar ပါ.. နေကြာစေ့နဲ့ အခြား Nuts တွေလဲပါလို့ လိုက်ရှာဝယ်တာဘယ်လိုမှမ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။