Skip to main content

ပင်အပ်မှို ကြက်ဥကပ်ကြော်

Enokitake-Golden Needle Mushroom ပင်အပ်မှိုပါ။  မှိုကြိုက်ကြတဲ့သူတိုင်းအတွက်တော့ ဘယ်လိုလုပ်စား စားအရသာအရမ်းရှိတဲ့မှိုကို ဘယ်လောက်ဈေးကြီးကြီးပေးဝယ်စားကြတာပါဘဲ။ 
ဒီမှာတော့ ကောက်ရိုးမှိုလေးတွေတွေ့ရခဲတယ်..  ပင်အပ်မှိုကတော့ဈေးအပေါဆုံးဘဲ။  ၂ထုပ်မှ ၁ ဒေါ်လာလောက် ဘဲပေးရတယ်။ ဒါပေမယ့် နာမည်ကြီး စူပါမားကတ်တွေမှာသာရောင်းလေ့ရှိတယ်။ 
အရင်က ယပ်တောင်လေးကို လုပ်ပြီးကြော်တယ်.. ဒီတစ်ခါတော့ အပြားလိုက်ကပ်ပြီးကြော်တယ်။  မသိရင်တော့ ကြက်ဥခေါက်ကြော်ပေါ့... အဲဒီနေ့က သူများကိုကျွေးတော့ အထဲမှာ မှိုလေးတွေတွေ့တော့ သူတို့ တော်တော်ပျော်သွားပုံရတယ်..
ဒါကတော့ ကြော်နည်းအဆင့်ဆင့်ပါ.... 

 
 ခရစ္စမတ်အတွက် နေရာတိုင်းမှာ ပုံစံအမျိုးမျိုးပြင်ထားကြတယ်.. ဒါကတော့ တစ်မူထူးတဲ့ ကပ်ထူစက္ကူလေး တွေနဲ့ သခင်ခရစ်တော်မွေးဖွားတဲ့အချိန်က အဓိက အခန်းမှာပါတဲ့သူတွေပုံကို ခေါက်ချိုး ဆင်ထားတာလေးတွေပါ..လက်ရာသိပ်သေသပ်လွန်းလို့ ပုံလေးတွေရိုက်လာခဲ့တယ်။
 

 ဒါကတော့ တစ်ခေါက် Quickie မှာဝယ်စားမိတာအရမ်းကြိုက်သွားတဲ့ natural bar ပါ.. နေကြာစေ့နဲ့ အခြား Nuts တွေလဲပါလို့  လိုက်ရှာဝယ်တာဘယ်လိုမှမရခဲ့ဘူး။  အခုတော့ ဒီမှာတွေ့ခဲ့တယ်...  စားချင်ပေမယ့် ဈေးက မတန်တစ်ဆ ကွာနေတော့ မ၀ယ်ခဲ့ဘူး။ 
 နေ့လည်စာ mediterranean food ပါ။  အတူတူသွားတဲ့ အန်ကယ်နဲ့ အန်တီက သတ်သတ်လွတ်မို့.. ဒီဆိုင်မှာဘဲ ကျွေးတာစားလိုက်ရတယ်.. မဆလာအနံ့လေးလဲရတယ်..  သိပ်တော့မကြိုက်ဘူး.. ဒါပေမယ့် မချိုတော့ စားလို့ရတယ်..း)
 ခရစ္စမတ်မှာ အားလုံးပျော်ရွှင်ကြပါစေနော်..  ဒီနေ့ဘဲ ကူးကူးရန်ကုန်ပြန်သွားပါပြီ....
နောက်နှစ်မှတွေ့ကြတာပေါ့...  ရန်ကုန်ရောက်ရင် လမ်းဘေးက မုန့်ဟင်းခါးရယ်..  ရခိုင်မုန့်တီရယ်...  အီကြာကွေးရယ်.. နံပြားရယ်.. အို..စုံနေတာ..စားဖို့စာရင်းလုပ်ထားတာ.. 
တာ့ တာ....








Comments

  1. ရန်ကုန်ပြန်သွားပြီ .....အားကျလိုက်တာ။

    ReplyDelete
  2. အဲ့သည်မှိုကို ကြိုက်လို့  ကိုယ်ဖာသာ ဟင်းချိုပူပူလုပ်ပြီး ပစ်ထည့်ပြီး သောက်တယ် အစ်မ။ ခုတော့ နည်းတစ်ခု ရပြန်ပြီ။ ဆွဲလိုက်ဦးမှ။ :P

    ReplyDelete
  3. ပင်အပ်မှိုကို ကြက်ဥနဲ့ ကြော်စားတာ စားဖူးသေးဘူး
    စိတ်ဝင်စားစရာလေးရယ်
    လုပ်စားကြည့်မယ်
    ခရစ္စမတ် အိမ်မှာ ပျော်မှာပေါ့နော်
    ပျော်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေ ကူးကူးရေ

    ReplyDelete
  4. စားချင်လိုက်တာမမ .:)
    ပျော်ရွင်ဖွယ်ခရစ်စမတ်လေး ဖြစ်ပါစေလို့
    ဆန္ဒပြုရင်း...

    ReplyDelete
  5. အပ်မှိုကို ကြက်ဥနဲ့အဲလိုလေးကြော်တော့လဲ သိပ်လှပြီး စားချင်စရာနော်...။ မယ်ရီခရစ်စမတ်နော် ကူးကူး... နှစ်သစ်မှာလဲ ပျော်ရွှင်ပါစေ...။

    ReplyDelete
  6. ကြက်ဥနည်းလေးမှတ်သွားတယ် ကူးကူးေ၇
    မနာလိုဘူးဟေ့ ပြန်ကြ ပြန်ကြး)
    သူများကမပြန်ရသေးဘူး

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  7. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ စန္ဒကူးရေ။
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. လုပ်စားကြည့်အုံးမယ်.... ကောင်းမဲ့ပုံပဲ....

    ReplyDelete
  9. ကူး ရေ- မွှေးမွှေးလေးနဲ.အရမ်းစားကောင်းမယ့်ပုံလေး.... ကြော်စားကြည့်ဦးမယ်....း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။