မြေဆွ၊ အပင်ပျိုး၊ အပင်စိုက်ရတာ စိတ်ဝင်တစားလုပ်နေတာမို့ပင်ပန်းတယ်မထင်ရဘူး ဒါပေမယ့် ခြင်၊ ဖြုတ်၊ ပုရွက်ဆိတ်တွေကိုက်တာတော့ တော်တော်ခံရတယ်.... နေတိုင်းရေလောင်းပေးပေမယ့် မိုးရွာတာနဲ့မတူဘူး။ သဘာဝမိုးရွာရင်တော့ အပင်တွေ မြန်မြန်ထိုးတက်လာတယ်။ အပင်နဲ့အတူ မြက်ပင်တွေရော သန်လာပါတယ်။ ကျွန်မ ခြံလေးကိုတစ်ယောက်တည်းအပင်ရိုင်းတွေရှင်းဖို့တော့မတတ်နိုင်သလိုအချိန်လဲ မရှိ တာမို့ တစ်လတစ်ခါ ခြံအလုပ်သမားတစ်ယောက်ကိုခေါ်ရှင်းခိုင်းရတယ်။ အခုတော့ မုန်ညှင်း၊ ကိုက်လံ၊ ချဉ်ပေါင်၊ ပူတီနံ.. တွေကတော့ စားလို့ရနေပြီ။ တစ်ကယ်တမ်း ကြီးလာတော့လဲ မစားရက်ပါဘူး.. ကိုယ်အပင်ပန်းခံ စိုက်ထား၊ နေ့တိုင်းမပျက် ရေ သွားလောင်း၊ ခြင်ကိုက်ခံပြီး ပျိုးထားတဲ့အပင်တွေမို့။ ကန်ဇွန်းဥနီ၊ အ၀ါ တွေလဲ စားလို့ ရနေပြီ။ တစ်ခါတစ်လေတော့ ပြုပ်စားတယ်။ ချဉ်ပေါင်တွေထွားလာတာဝမ်းအသာ ဆုံးဘဲ။ ရုံးပတေသီးပင် (ရုံးပတေသီးအခြောက်တစ်တောင့်မာမီပို့ပေးလို့စိုက်ထားတာ) မုန်ညှင်းဖြူ ရွက်စားမုန်လာ (ဒုတိယအသုတ်) ခရမ်းချဉ်သီး (ပထမဦးဆုံးအသီးလေး) နှင့် အပင် ချဉ်ပေါင် (အရိုးဖြတ်စိုက်တာပါ၊ အစေ့နဲ့စို...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။