မွေးနေ့ရောက်လာပြန်တယ်။ ဒီနှစ်တော့ထုံးစံအတိုင်းထွေထူးဘာမှမလုပ်ဖြစ်ဘူး။ စိတ်ကူးနေတာ ကြာဇံဟင်းခါးဖြစ်ဖြစ်၊ မုန့်ဟင်းခါးဖြစ်ဖြစ် အိမ်မှာချက်.. မြန်မာမိသား စုတွေနဲ့ သူငယ်ချင်း အချို့ ဖိတ်ပြီး မွေးနေ့အတွက် ကျေးဇူးတင်ချီးမွမ်း ဘုရားရှိခိုးမလို့။ ခရီးသွားပြန်ရောက်ကတည်းက နေမကောင်းဖြစ်နေတာ... အခုထိဘဲဆိုပါတော့။ ဒါနဲ့ဘဲ... တစ်ရက်တစ်ရက် ကိုယ့်ခြေတောင်ကိုယ်အနိုင်နိုင်သယ်နေရတော့ ဘာမှ မချက်ဖြစ်တော့ဘူး။ စိတ်ကူးထဲမှာတော့ရှိပါတယ်..စိတ်ကူးထဲမှာပေါ့.... ဆုတောင်းစာတွေ၊ နှုတ်ဆက်စကားတွေများကြီးရတဲ့ဒီနှစ်မှာတော့ မွေးနေ့လက်ဆောင် တစ်ခုမှမရဘူး။ သူငယ်ချင်းတစ်ယောက်လှမ်းဖုန်းဆက်ပြီး wish လုပ်တော့ ဘာကျွေးမလဲလို့မေး တာ နဲ့ ကျွန်မ ပေး...လက်ဆောင်.. ဆိုတော့ သူက လန့်ဖြန့်ပြီး..ဟဲ့ဘယ်လိုဖြစ်တာတုန်း.. ဘာလိုချင်လဲမေးတုန်းကတော့မယူဘူးဆို..တဲ့.. မွေးနေ့မတိုင်ခင်တုန်းကတော့ ဘယ်လိုချင်ပါ့မလဲ..မွေးနေ့ရောက်တော့ လိုချင်တဲ့စိတ် က ပေါ်လာပြန်ရော.. လူ့စိတ်နှယ်ခက်ရန်ကောလို့... . အသက်လား --- မနှစ်ကထက်ပိုကြီးလာပီ ရင့်ကျက်မှုရော.... သူငယ်နာမစင်သေး အတွေ့ကြုံ..... အရင်အတိုင်းဘဲ ချစ်သူ လဲ.. ဒီတစ်ယောက်ဘဲ မွေးနေ့လာလည်သူေ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။