အရင်အပတ် က ရုံးက ငွေကိုင်က လက်ထဲမှာ အကောင်လေးတစ်ကောင်ဆုပ်ပြီး မေ.. ဌက်ကြိုက်တယ်မဟုတ်လားတဲ့.. ကျွန်မလဲ အင်းကြိုက်တယ်လေ..ပြောတော့ ကျွန်မ လက်ကိုယူပီး သူ့လက်ထဲက အကောင်လေးတစ်ကောင် ထည့်ပေးလိုက်တယ်.. ဌက်ပိစိလေး... အကောင်သေးပေမယ့် အမွှေးအတောင်စုံပါတယ်။ ရုံးခန်းက စာရွက်ထုပ်ဗူးအလွတ်ရှာ..အပေါက်လေးတွေဖောက်ထားပီး သူ့ကိုထည့် ထား တယ်။ ထည့်ပြီး အပေါ်က အဖုံးဖုံးလိုက်တာနဲ့.. အဖုံးကိုဝင်ဝင်ဆောင့် တာ..ကိုယ်လုံး နဲ့မလိုက်ဘူး။ ဒါတင်မကသေးဘူး.. သူ့ကိုကြည့်ချင်လို့ အပေါက်လေးထဲက ချောင်း ကြည့်တော့ အဲဒီချောင်းတဲ့နေရာကို တန်းပျံပီး နှုတ်သီး နဲ့ လာထိုးတော့တာဘဲ.. ကျွန်မလဲ လန့်ပီး သွားမချောင်းရဲတော့ဘူး။ အိမ်ပြန်ရောက်တော့ ကျွန်မအခြားအိမ်က ဌက်လောင်အိမ်သွားဌားပြီး အဲဒီအထဲထည့်ထားတယ်။ အရောင်လေးက အပြာရောင် လှလှလေး..နာမည်က ဟီလို။ အနားသွားကပ်ရင်နှုတ်သီးနဲ့ ဆိတ်တယ်.. ဘာအစာကျွေးကျွေးမစားတဲ့အဆုံး အင်တာနက်မှာရှာရဖွေရ.. ငါးအရှင်မှစားတယ်ဆိုလို့ ခြံထဲက ငါးကန်တွေမှာ ငါးအသေးတွေလိုက်ဖမ်းတာ တစ်မနက်လုံး နဲနဲဘဲရတယ်.. အဲဒီငါးလေးတွေကို ဇလုံလေးထဲရေထည့်ပီး သူ့လှောင်အိမ်ထဲထည့်တော့ အရှိန်ယူပျံ ပြီး တစ်ခါတည်...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။