အသက်လဲသုံးဆယ်စွန်းလာတာနဲ့အမျှအရင်ကအိမ်မှာနေတဲ့အချိန်နဲ့ ဈေးသွားတဲ့အချိန်ကလွဲလို့ မျက်နှာပြောင်နေတတ် တဲ့အကျင့်က ပျောက်သွားတယ်။ အလှပြင်ပီးသောမျက်နှာအပိုင်းစများ..း)) အခုနောက်ပိုင်းတော့ အပြင်ထွက်တာနဲ့အလှပြင်သွားရမှ.. အ၀တ်အစားက အဓိက မကျဘူး။ မျက်နှာပြောင်နဲ့ဆို သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရပါ့။ သူတို့ကလစ်ရင်လစ်သလို ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ facebook ပေါ်တန်းရောက်တော့ ကိုယ့်ကိုကြည့်ပီး... အဝေးက သူငယ်ချင်းတွေရော မိသားစုတွေက ပါ နေမကောင်းတဲ့ရုပ်လို့လှမ်းထင်ကြေးပေးကြ၊ စိတ်ပူပီး ခေါ်မေးတာနဲ့ဘဲ..... အပြင်ထွက်ပြီဆိုရင်တော့ အလှမပြင်ဘဲမထွက်တော့ဘူး။ အလှပြင်ပစ္စည်းဆိုတာလဲ ဈေးကြီးတိုင်းကောင်းတာမဟုတ်သလို ကိုယ်နဲ့ သင့်တင့်မှ လဲ သုံးလို့ ကောင်းမယ်မဟုတ်လား။ ကျွန်မအတွက်တော့ အလှပြင်ပစ္စည်းကို ဈေးကြီးကြီးပေးမ၀ယ်ရဲဘူး။ ၀ယ်ခဲ့ရင်တောင်သုံးရတာစိတ်မချမ်းသာဘူး။ တစ်ကယ်လည်းကောင်းမယ်၊ အသားရေလဲမပျက်ဆီးဘူးဆိုရင်တော့ ပေးရတာတန်ပါတယ်။ ရုံးမှာ အလုပ်တူလုပ်တဲ့သူတွေရော၊ သူငယ်ချင်းတွေရော.. မောင်လေး၊ ညီမလေး တို့က အစ လက်ဆောင်တွေပြောင်းသွားတယ်..အရင်က အရုပ်လေးတွေပေးပေမယ့် အခုတော့အလှပြင်ပစ္စည်းလေးတွေအစားထိုး...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။