တိုဟူးသုပ် တိုဟူးသုပ်အတွက် ပဲမှုန့်နဲ့ကြိုပီးလွှင့်ပစ်ရအခါခါကျွန်မအတွက်တော့ မွှေးတိုဟူးမှုန့် နဲ့ အလုပ်ဖြစ်နေပါတယ်။ ကြိုရတာလဲလွယ်ပီး သုပ်စားလဲအရမ်းအရသာရှိတယ်။ ခြံထဲကရှောက်ပင်လေးက တိုဟူးသုပ်ဖို့ရည်ရွယ်ပီးစိုက်ထားတော့ အခုမှာ တိုဟူးနဲ့ရှောက်ရွက်အတွဲကိုက်တော့တယ်။ မန်ကျည်းမှည့်လေးစိမ်၊ ငရုတ်သီးစိမ်းလှီး၊ ကြက်သွန်ကြော်လေးနဲ့သုပ်စား။ ကျွန်မလိုဟင်းသီးဟင်းရွက်ကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်သူတွေအတွက်ပါ။ ကျွန်မခြံလေးထဲမှာ ဒီနိုင်ငံမှာမရနိုင်တဲ့ရှောက်ရွက်၊ ချဉ်ပေါင်၊ ဆူးပုပ်၊ သံပရာ နဲ့ ဟင်းနုနွယ်၊ ကောက်ကွေးညွန့်၊ ငရုတ်သီးအစိမ်းမျိုးစုံ၊ ကလောပီနံရွက် (ကလောဥ ဈေးထဲမှာရောင်းတယ်၊ အရွက်တော့မပါဘူး)၊ နဲ့ ပင်စိမ်း၊ စပါးလင် နဲ့ပူစီနံ၊ ကင်ပွန်းချဉ်... အစရှိတာတွေကိုစိုက်ထားတယ်။ ကိုယ့်လက်နဲ့မြေတူးပီးစိုက်တာဘဲ..ဒါပေမယ့်ခံကိုအမြဲကြည့်ရှုရေလောင်းဖို့တော့ ခြံလုပ်သားတစ်ယောက်ကိုတာဝန်ပေးထားရတယ်.. ကိုယ်မရှိတဲ့အခါဆိုလဲ အပင်လေးတွေကိုစိုးရိမ်နေဖို့မလိုတော့ဘူးပေါ့။ ဒန့်သလွန်ပင်လဲစိုက်ထားတယ်.. အရွက်လဲစား၊ အသီးလဲစားပေါ့။ ဒါပေမယ့် အသီးကိုတော့ ကြီးအောင်စောင့်ပြီးမှစားတတ်တာ။ မနေ့ညနေက ခြံထဲက အလုပ်သမားကောင...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။