မန္တလေးသူဖြစ်တဲ့ကျွန်မ အညာအစားစာလေးတွေအရမ်းကိုကြိုက်နှစ်သက်ပါတယ်။အဲဒီထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့သီးသီးလဲပါတယ်။ငယ်ငယ်ကနေခဲ့တဲ့အိမ်ကအမေရိကန်သံရုံးနဲ့နီး တော့ သံရုံးမှာအလုပ်လုပ်နေတဲ့ခင်မင်ရတဲ့ဦးလေးကြီးမျက်နှာနဲ့အများကြီးကကြွေက ျနေတဲ့သီးသီးတွေ ကိုမက်မက်မောမောကောက်ခဲ့ဘူးတယ်။ သီးသီး ထုတိုင်းကစားကြတယ်။မှည့်နေတဲ့အလုံးတွေ ကိုဇွန်းနဲ့ကော်ပီးထညက်ရည်လေးနဲ့စားတယ်။ မွှေးပြီးချိုချည်မြအရသာလေးကိုဘယ်သောအခါ မှမမေ့ခဲ့ဘူး။ ဘယ်ရောက်ရောက်မြန်မာအစားစာမက်တဲ့ကျွန်မအတွက်ဒီမှာရှိတဲ့ဘင်ဂလာဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါမြန်မာနိုင်ငံကငါးဖယ်၊ ကွမ်း၊ ငါးကြင်း၊ ငါးသေးသေး၊ ပုဇွန်သေးသေး၊ ဘလချောင်ကြော်တွေဝယ်လို့ရလို့အရမ်းကိုဝမ်းသာသွားတယ်။ ဒါထက်ပိုပြီး သီးသီး၊ ဂွေးသီး၊လဲ ရာသီအလိုက်ရပါတယ်။သီးသီးကိုအမြဲမရပေမယ့်ဆိုင်ကကောင်မလေးကိုအဲဒီအသီးရောက်လာရင်ဖုန်းလှမ်းခေါ်ပါလို့ ပြောထားတော့အသီးရောက်တိုင်းအမြန်ပြေးဝယ်ရပါတယ်။ သူကတော့သီးသန့်လေးဖယ်ဖယ်ထားပေးတယ်။ ဘယ်သူတွေများဘယ်လောက် ကြိုက်လဲတော့မသိဘူး။ ရောက်တာနဲ့ ပြိုက်ကနဲ့ကုန်သွားတာဘဲ။ မှည့်တဲ့အထိမစောင်းနိုင်လို့အစိမ်းကိုဘဲ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ အနီ၊ ငပိစိမ်းစားလေးနဲ့ထောင်းထာ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။