Skip to main content

Posts

ပဲထမင်း

ထမင်းရိုးရိုးစားရတာပျင်းလာတဲ့ကျွန်မ..ဒီတစ်ခါနှုတ်ဆက်ပွဲလေးမှာတော့ပဲထမင်း ချက်ဖို့စိတ်ကူးရလိုက်ပါတယ်။ အကြောင်းကလဲ ဟင်းချက်နည်းစာအုပ်ကိုဟိုလှန် ဒီလှန်နဲ့ ပဲထမင်းချက်နည်းလဲတွေ့တော့စိတ်ဝင်စားသွားတယ်။ ပဲနီလေးကလဲ အိမ်မှာအဆင်သင့်ရှိနေတာနဲ့ဆိုပါတော့။ ပဲနီလေးက၀ယ်ချင်းတိုင်းဝယ်လို့မရဘူး။ ဒီမှာကရှားတယ်။ ကားနဲ့သွားရင် ၂ နာရီလောက်ဝေးတဲ့နေရာမှာရှားရှားပါးပါးကုလား ဆိုင်တစ်ဆိုင်ရှိတယ်။ ပဲနီလေး၊ ကုလားပဲ၊ ငရုတ်သီးမှုန့်၊ ဆိတ်သား၊ ပါပရာ၊ အရောင် တင်မှုန့်၊မဆလာ အဲဒါတွေအဲဒီဆိုင်မှာဘဲဝယ်လို့ရတယ်။ ပဲထမင်းချက်ဖို့ပြင်ဆင်ထား တဲ့အရာတွေကတော့ ဆန်ကောင်းကောင်း (jasmine rice) ပဲနီလေး ကြက်သွန်နီ ကရဝေးခေါက် နောက်တစ်ခုတော့နာမည်မသိ..ကြယ်လိုအပွင့်လေး ထောပတ်ဆီ ပဲနီလေးကိုရေ(၄) နာရီလောက်စိမ်ထားပါတယ်။ ထမင်းကိုခပ်မာမာလေးချက်ပြီး။ ပဲကိုထောပတ် ဆီ၊ ကြက်သွန်နီအနဲငယ်နွမ်းရုံ၊ ကရဝေးခေါက်နဲ့ကြယ်လိုအပွင့်ခြောက်လေးအကုန်ထည့်ပြီးတော့ နဲ့ဆီသတ်ပါတယ်။ဆီသတ်တာပြီးတာနဲ့ထမင်းအိုးခလုတ်ပြောင်းတာနဲ့ချက်ချင်းပဲဆီသတ်ထားတာ ကိုထည့်ပြီးမွှေပြီးထမင်းအိုးကိုနှပ်ပါတယ်။ ထမင်းကောင်းကောင်းကျက်လောက်တဲ့ အချိန်ဆိုရင် ပဲလဲကျက်ပါပြီ။ စိမ့်စိမ့်မွှေးမွှေးနဲ့စားလို့တော်ေ...

ကြက်ဟင်းခါးသီးအစိမ်းသုပ်

ဒီတစ်ခါတော့ကြက်ဟင်းခါးသီးအစိမ်းကိုသုပ်စားရအောင်... ခါးတာကြောက်တဲ့သူတွေတွက်တော့စွန့်စားနည်းတစ်ခုဘဲ... ကြက်ဟင်းခါးသီးသေးသေးလေးတွေဘုလေးတွေအများကြီးနဲ့အသီးတွေကသာ အရမ်းကိုခါးတာ။ အကြီးတွေကတော့အဲလောက်မခါးလှပါဘူး။ ကြက်ဟင်းခါးသီး သုပ်ဖို့အတွက်အရင်ဆုံးပြင်ဆင်ထားရမှာက ကြက်ဟင်းခါးသီးတွေကိုလှီးပြီးဆား နဲ့ဖွဖွနယ်၊ တစ်ရေလောက်ဆေးပြီးတာနဲ့ရှလကာရည်မှာ ၃ နာရီလောက်စိမ်ထား လိုက်ပါ။ ကြက်ဟင်းခါးသီး ကြက်သွန်နီ ခရမ်းချဉ်သီးမမှည့်တစ်မှည့် မြေပဲမှုန့် ဆား နှမ်း ကြက်သွန်နီကိုခပ်ထူထူလှီးပြီးရေဆေးထားပါ။စိမ်ထားတဲ့ကြက်ဟင်းခါးသီးတွေကိုအရည်စစ် ပြီးပုဂံလုံးခပ်ကြီးကြီးမှာထည့်ထားပြီး။ ခရမ်းချဉ်သီးတွေကိုအစိတွေမပါအောင်လေးကအသား တွေကိုဘဲလေးတောင့်အတုံးလေးတွေရအောင်တုံးပါ။ ပြီးရင်တော့ကြက်ဟင်းခါးသီးပေါ်မှာ လောင်းထည့်ပြီး မြေပဲမှုန့်ထည့်၊ ဆားထည့်ပြီး သမအောင်မွှေပါ။ ဇွန်းနဲ့မွှေနော်။ ရှလကာရည် နဲ့စိမ်ထားတော့သိပ်မခါးတော့ဘူး.. စားခါနီးမှ နှမ်းလေးဖြူးလိုက်ရင်ရပြီ...

အာလူးအစာသွပ်ယုန်

အာလူးကတ်သလစ်ကြော်က..အပျင်းပြေစားဖို့ဖြစ်ဖြစ်.. ထမင်းနဲ့တွဲဖက်စားဖို့ဖြစ်ဖြစ်စားလို့ကောင်း ပါတယ်။ ကျွန်မသူများကြော်ထားတာသာစားဖူးတာတစ်ခါမှကိုယ့်ဘာသာကိုယ်မကြော်ဖူးဘူး။ ဒီ တစ်ခါတော့စမ်းကြည့်အုံးမှဆိုပြီးတော့လုပ်နည်းကရိုးပါတယ်။ အဆန်းထွင်ချင်တဲ့ကျွန်မသာပင်ပန်း ညောင်းချိနေအောင်လုပ်ရတာ... အာလူး - အလုံးကြီး (၆) လုံး ငါး ရွှေပဲသီး ကြက်သွန်နီ ကြက်ဥ ဆား၊ မဆလာ ပထမဆုံးကြက်သွန်နီကိုတောက်တောက်စင်းထားလိုက်ပါတယ်။ ရွှေပဲသီးကိုလဲသေချာချွေပြီးရေဆေး တောက်တောက်စင်း၊ ငါးကိုပြုပ်ပြီးအသားချည်းနွှာထားပါတယ်။ ပြီးရင်တော့ ကြက်သွန်နီကိုဆီနဲနဲလေး နဲ့နွမ်းရုံလောက်လှိမ့်ပြီးငါးကိုဆီသတ်ပြီး ရွှေပဲသီးကိုလဲနွမ်းရုံလောက်ဆီသတ်၊ အာလူးပြုတ်ထားတာ တော်တော်ပျော့နေပြီဆိုရင်တော့ (ထောင်းရမှာပျင်းလို့) အာလူးတွေကိုအခွံနွှာပြီးပါးပါးလှီး၊ လက်အိပ် စွပ်ပြီးအသေကိုနယ်ပါတယ်။ ဂျုံနယ်သလိုပေါ့.. ပြီးတော့အလုံးလေးတွေလုံး လုပ်ထားတဲ့အစာတွေကို သွပ်...လုပ်နေရင်းနဲ့စိတ်မရှည်တော့တာနဲ့ အစာတွေအကုန်အာလူးနယ်ထဲအကုန်ရောမွှေပြီးစီးနေ အောင်ထပ်နယ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံလေးဖော်ပြီး ကြက်ဥကိုဆားနဲနဲ၊ မဆလာနဲ့နာနာ ခေါက်ထား တဲ့အထဲမှာတစ်ချက်လောက်နှစ်၊ ပြန်ဆယ်ပြီး ဆီနဲနဲမ...

တုန်ယမ်ဟင်းချို (ကိုယ့်နည်းကိုယ့်ဟန်)

Tom Yum Paste ကိုသိမ်းထားတာကြာပြီ။ ထိုင်းစာချက်ပြုတ်နည်းဘလော့တွေဝင်ဝင် ဖတ်ပြီးချက်မလို့ပြင်ဆင်တာလဲသိပ်ကြာပြီ..တစ်ခါမှမချက်ဖြစ်ဘူး။ ဒီတစ်ခါတော့လာပေ တော့။ လိုအပ်တဲ့ပစ္စည်းတွေကတော့ TomYum Paste အစပ်သတ်သတ်လွတ် ပဲကြာဇံအနည်းငယ် ငွေနှင်းမှို နဲ့ မှိုအညိုအပွင့်ကြီး လတ်လတ်ဆတ်ဆတ် ချဉ်ပေါင်ရွက် ရေနွေးကိုဆူအောင်တည်ပြီး အားလုံးကိုအဆင်ပြေအောင်ရောသမမွှေလုပ်လိုက်တော့ ပြီးသွားပါတယ်။ မှိုတွေကိုတော့နောက်ဆုံးမှထည့်တာပေါ့နော်။ ပြီးတော့မချဉ်လို့အိမ် နောက်ကချဉ်ပေါင်ပင်ကအရွက်လေးတွေခူးပြီးညှပ်ထည့်လိုက်သေးတယ်။ စပ်ချဉ်ချဉ် စိမ့်စိမ့်လေးနဲ့ကောင်းမှကောင်းတဲ့ ကိုယ့်နည်းကိုယ့်ဟန်တုန်ယမ်ဟင်းချိုလေးတစ်ခွက် ရပါပြီ။

ပုန်းရည်ထမင်း၊ရွှေပဲသီးမုန်ညှင်းနဲ့ငါးဥကြော်

မနေ့ညနေကတော့ စိတ်ရှိလက်ရှိနဲ့ပုန်းရည်ကြီးကိုသုပ်ပြီးထမင်းနဲ့နယ်စားပါတယ်။ ပုန်းရည်ကြီးကိုမြောင်းမြမှာရောက်တုန်းကအဒေါ်လုပ်တာစားဖူးတယ်။ သူကပဲကတီ ပါတွေကိုအပုပ်ထားပြီးပြန်ကြိုတာလားမသိဘူး။ စားလို့တော်တော်ကောင်းတယ်။ဒီ တစ်ခါတော့အိမ်ကပို့ပေးတဲ့ ဇီးကွက်ပုန်းရည်အနှစ်ထုတ်ကိုဘဲသုပ်စားတာပါ။ ပြီးတော့ ကြက်သွန်နီလေးနဲ့ မုန်ညှင်းစိမ်းကြော်။ ရွှေပဲသီးကိုကြက်ဥလေးနဲ့ကြော်ပြီး မာမီပို့ထား ပေးတဲ့ငါးဥဘလချောင်ကြော်လေးနဲ့ဝါးလိုက်ပါတယ်။

ခ၀ဲ ပလိန်း

ခ၀ဲသီးကို ကြက်သွန်ဖြူနဲ့စိမ်းစိမ်းလေးကြော်စားတာ.. အခွံမာတွေအကုန်ခွာဖို့တော့ လိုတယ်။ အဲဒါမှီနူညံ့တာ..တစ်ချို့ကဓါးနဲ့ဘဲခြစ်တာများတယ်...

ပုလုဧ။် ကလေး ပေါက်စီ