ကျွန်မနေထိုင်တဲ့နေရာမှာကျွန်းတွေအများကြီးရှိပါတယ်။ ဒူးရင်းသီးကတော့ဒီကဒေသခံတွေ အကြိုက်ဖြစ်ပေမယ့်ကျွန်မနေတဲ့ခြံဝင်းကြီးထဲမှာတော့အဖြူတွေများတော့သူတို့ကအနံ့မခံ နိုင်ကြဘူး...ဒါကြောင့်စားချင်လဲကြိတ်မှိတ်နေရတယ်။ အဲဒါလဲတစ်မျိုးကောင်းတယ်။ ဘာလို့လဲ ဆိုတော့အရမ်းဈေးကြီးလို့။ ဒါပေမယ့် ဒူးရင်းသီးပေါ်ချိန်ဆိုရင် တောင်ဖက်ကျွန်ကနေကားနဲ့ လာလာရောင်းတယ်။ ဈေးကြီးပေမယ့်စားချင်စိတ်ကိုထိန်းမရတဲ့အဆုံးကျွန်မနဲ့သူငယ်ချင်း ဒူးရင်းသီးဝယ်စားဖြစ်ပါတယ်။ ဒီတစ်ခါဈေးကတော့သင့်တင့်တယ်လို့ပြောရမယ်။ ၁ကီလိုကို 4500ကျပ်လောက်ကျတယ်။ ကျွန်မတို့ရွေးတဲ့အသီးက ၃ကီလိုဆိုတော့ 13500ကျပ်ပေါ့။ ၀ယ်ပြီးတော့ရုံးအပြင်ကပန်းရုံထဲမှာဖွက်ထားလိုက်တယ်။ ရုံးဆင်းတာနဲ့ပျော်ရွှင်မြူးတူး ပြီးဒူးရင်းသီးကိုဆွဲပြီးလူနေအိမ်နဲ့ဝေး...တန်းနစ်ကွင်းတောင်ဖက်ကကုန်းပေါ်က၀ါးအိမ်လေးမှာ ဒူရင်းသီးကိုအကျနခွဲပြီးစားပါတော့တယ်။ နှစ်ယောက်စားတာလောက်တောင်မလောက်ဘူး။ ၀ါးအိမ်လေးအပေါ်ကနေလှမ်းကြည့်တော့ အောက်ဘက်တောင်ကုန်းဆင်းလေးမှာစပါးပင်လေး တွေအလှစိုက်ထားတာမျက်စိပသာဒရလွန်းလို့..အောက်မှာကြည့်နော်... မိုးတွင်းရောက်ပီဘဲလေ။ တန်းနစ်ကွင်းမရောက်ခင်ကျွန်မသွားသွားထိုင်နေတဲ့နေရာလေးက အောက်ပ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။