ရွှေဖရုံသီးကိတ်လုပ်ဖို့အတွက်တော့၊ ရွှေဖရုံသီးကိုအခွံနွှာပြီးနူးအောင်ပြုပ်ထားရပါတယ်။ ပြီးရင်တော့ဇွန်းနဲ့ခြေလိုက်ရုံပါဘဲ။ နောက်တော့ကိတ်အတွက်မပါမဖြစ် ဂျုံ (၂)ခွက် ကြက်ဥ (၂)လုံး သကြား (အနေတော်) ဆား အနဲငယ် မုန့်ဖုတ်ဆော်ဒါ (လက်ဖက်ရည်ဇွန်းသေးတစ်ဝက်) သမအောင်ရောမွှေပြီး ပြုတ်ချေထားတဲ့ဖရုံသီးတွေကိုထည့်မွှေ (ရောသမမွှေ)ပြီး ၁၉၀ဒီဂရီနဲ့ ၄၅ မိနစ်ဖုတ်လိုက်ရင်ရပါပြီ.. မနက်စာအတွက် ဘဲစားစား၊ အပျင်ပြေစားစား၊ ဗိုက်စာလို့ဘဲ စားစား၊ စားလို့ကောင်းတဲ့ရွှေဖရုံသီးကိတ်လေးရပါပီ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။