ခေါင်းစဉ်တွေ့တော့ စိတ်နောက်သွားသလား။ အရင်ကဇတ်လမ်းဘဲပြန်ခင်းရမှာ၊ vege potluck အလှည့်ကျတိုင်း ခေါင်းခြောက်အောင်စဉ်းစားရတယ်။ ဘာချက်ရင်ကောင်းမလဲ...ဘယ်လိုချက်ရင်အရသာရှိမလဲနဲ့... ဒီအပတ်တော့ မွေးနေ့မှာ ပန်းလှူဖို့ ပန်းသွားဝယ်ရင်းနဲ့ farm မှာ ပြောင်းဖူးလေးတွေရောင်းတာတွေ့လို့ ၀ယ်လာ ခဲ့တယ်။ အမှန်ကပြုတ်စားမလို့ပါ။ potluck အတွက် ဘာမှစဉ်းစားမရတဲ့အဆုံး ခရမ်းသီးတွေဝယ်လာလာတာ။ အစာသွပ်မလို့စဉ်းစားတာဘဲ၊ ဒါပေမယ့်သွပ်မယ့်အစာသတ်သတ်လွတ်အတွက် ဘယ်လိုလုပ်မှ အရသာ လေး က လေးပြီးစားလို့ကောင်းမလဲစဉ်းစားနေရင်းနဲ့ ပြောင်းဖူးတွေကိုသွားကြည့်မိတာနဲ့ ကဲ.. ဒီလိုဟိုလို စပ်လိုက် ပါတယ်။ သွပ်မယ့်အစာ အတွက် ပြောင်းဖူးစေ့လေးတွေကိုလှီးထုတ်ပါမယ်။ ကြက်သွန်ဖြူနီနဲ့၊ ပဲငံပြာရည်အပျစ် နဲနဲကို ဆနွင်း၊ အရောင်တင်နဲ့ ဆီချက်မွေးမွေးသတ်ထားပါ။ မှိုခဲ knorr ကို ၄ ပုံ ၁ ပုံထည့်ပါ၊ နောက်ဆုံးမှာတော့ အပေါ့ငံမြည်းပြီး၊ ပြောင်းဖူးစေ့လေးတွေပါရောထည့်ပါ။ အကျက်မြန်တဲ့အတွက် အအေးခံထားလို့ရပါပြီ။ ခရမ်းသီးကို လက်နှစ်ဆစ်အရွယ်ဖြတ်ပီး တစ်ခြမ်းကို လေးစိတ်ထပ်ခွဲထားပြီးတော့၊ ပြောင်းဖူးစေ့ အနှစ်ကို နို့ခဲ၊ ဒါမှမဟုတ် နွားနို့ပျစ်ပျစ်နည်းနည်း...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။