Skip to main content

ခရမ်းသီး ပြောင်းဖူးစေ့အစာသွပ်

ခေါင်းစဉ်တွေ့တော့ စိတ်နောက်သွားသလား။  အရင်ကဇတ်လမ်းဘဲပြန်ခင်းရမှာ၊ vege potluck အလှည့်ကျတိုင်း ခေါင်းခြောက်အောင်စဉ်းစားရတယ်။ ဘာချက်ရင်ကောင်းမလဲ...ဘယ်လိုချက်ရင်အရသာရှိမလဲနဲ့...
ဒီအပတ်တော့ မွေးနေ့မှာ ပန်းလှူဖို့ ပန်းသွားဝယ်ရင်းနဲ့ farm မှာ ပြောင်းဖူးလေးတွေရောင်းတာတွေ့လို့ ၀ယ်လာ ခဲ့တယ်။ အမှန်ကပြုတ်စားမလို့ပါ။ potluck အတွက် ဘာမှစဉ်းစားမရတဲ့အဆုံး ခရမ်းသီးတွေဝယ်လာလာတာ။  အစာသွပ်မလို့စဉ်းစားတာဘဲ၊ ဒါပေမယ့်သွပ်မယ့်အစာသတ်သတ်လွတ်အတွက် ဘယ်လိုလုပ်မှ အရသာ လေး က လေးပြီးစားလို့ကောင်းမလဲစဉ်းစားနေရင်းနဲ့ ပြောင်းဖူးတွေကိုသွားကြည့်မိတာနဲ့ ကဲ.. ဒီလိုဟိုလို စပ်လိုက် ပါတယ်။
သွပ်မယ့်အစာ အတွက်
  1. ပြောင်းဖူးစေ့လေးတွေကိုလှီးထုတ်ပါမယ်။
  2. ကြက်သွန်ဖြူနီနဲ့၊ ပဲငံပြာရည်အပျစ် နဲနဲကို ဆနွင်း၊ အရောင်တင်နဲ့ ဆီချက်မွေးမွေးသတ်ထားပါ။
  3. မှိုခဲ knorr ကို ၄ ပုံ ၁ ပုံထည့်ပါ၊ 
  4. နောက်ဆုံးမှာတော့ အပေါ့ငံမြည်းပြီး၊ ပြောင်းဖူးစေ့လေးတွေပါရောထည့်ပါ။
  5. အကျက်မြန်တဲ့အတွက် အအေးခံထားလို့ရပါပြီ။
ခရမ်းသီးကို လက်နှစ်ဆစ်အရွယ်ဖြတ်ပီး တစ်ခြမ်းကို လေးစိတ်ထပ်ခွဲထားပြီးတော့၊ ပြောင်းဖူးစေ့ အနှစ်ကို နို့ခဲ၊ ဒါမှမဟုတ် နွားနို့ပျစ်ပျစ်နည်းနည်းထည့်ပီးရောမွှေပါတယ်။ ပြီးရင်တော့ လှီးထားတဲ့ခရမ်းသီး တစ်ဖက်၊ ခွဲထားတဲ့လေးစိတ်ခြမ်းထဲကို အနှစ်လေးတွေ ဇွန်းသေးသေးနဲ့ယူပီး သွပ်ထည့်ပါ၊

အားလုံးပြီးသွားရင်တော့.. ဒယ်အိုးကျယ်ကျယ်ထဲမှာ ရေနွေး နဲနဲထည့်ပီး ခရမ်းသီးလေးဒေါင်လိုက် တန်းစီ ထည့် အဖုံးအုပ် ပြီးနှပ်ပါ။  ရေလိုရင်ထပ်ထည့်ပါ၊  ကျက်ခါနီးမှ ငရုတ်ကောင်းလေးဖြူးပေးပါ။ ဒါဆိုရင်တော့ ပုံလဲမပျက်တဲ့ ခရမ်းသီး ပြောင်းဖူးစေ့အစာသွပ် နှပ် တစ်ခွက် ရပါပြီ။  ခရမ်းသီးအရသာရော၊ ပြောင်းဖူးစေ့ ချိုချိုလေးတွေပါ ရောခံစားနိုင်တဲ့ ဟင်းတစ်ခွက်ပါ။

Comments

  1. အင်း.......... နဲနဲတော့ အလုပ်ရှုပ်သား....

    အားမှ လုပ်စားကြည့်မယ်....

    ခုတော့....... နဲနဲမြည်းသွားတယ်နော်... :D

    (အမှောင်ထုထဲက အလင်းစက်များ)

    ReplyDelete
  2. ထူးထူးဆန်းဆန်းလေးတော့
    စားချင်စရာလေးရယ်
    စိတ်ဝင်စားတယ် လုပ်စားမယ်..
    စားကောင်းမှာ သေချာတယ်..
    ကျေးဇူး စန္ဒကူးရေ...

    ReplyDelete
  3. စားချင်စရာလေး.... ဘုန်းကြီးကျောင်းဆွမ်းကပ်တဲ့ နေ့ကျ သက်သက်လွတ် ပါကပ်တယ်... အဲဒီနေ့ကျရင် စမ်းလုပ်ကြည့်ရမယ်။ ကောင်းမယ့်ပုံပဲ။

    ကျေးဇူးမမကူး

    ReplyDelete
  4. တော်ပါပေတယ်မိကူးရယ်။udeaneu

    ReplyDelete
  5. အဆန်းလေးပဲ

    ReplyDelete
  6. http://www.mmsexygirls.com/
    http://www.xmyanmarx.org/

    ReplyDelete

Post a Comment

ကူးကူးရေ...