ကျွန်မစိတ်ဝင်စားတဲ့အရာတွေအမြဲပြောင်းလဲနေတယ်။ မပြောင်းလဲသေးတာကတော့ ငါးမျှားဖို့အရမ်းဝါသနာပါတာကိုဘဲ။ ငါးတွေ့ရင်မနေနိုင်ဘူး။ အိမ်မှာတော့ ငါးလေးတွေလဲမွေးထားတယ်။ နိုင်ငံရပ်ခြားရောက်ကတည်းက ငါးမျှားခွင့် မကြုံခဲ့ဘူး။ ဒီတစ်ခါတော့ rideau canal ဘက်ကိုလမ်းလျှောက်ရင်းနဲ့ ကိုးရီးယားအန်တီတွေ လေးငါးယောက်စုပြီးငါးမျှားနေတာစိတ်ဝင်စားလို့အကြာ ကြီးရပ်ကြည့်နေမိတယ်။ ငါးမိတာမြန်လိုက်တာ..ဖတ်ကနဲ့ ဖတ်ကနဲ့ အသည်းကိုယားနေတာ... ငါးမိတော့ ချိတ်က ပြန်ဖြုတ်ပြီး ရေထဲ ၀ှီးကနဲ့ပြန်လွှတ်ချချလိုက်တာတွေတော့ ဘာများလုပ် ပါလိမ့်။ ပြန်လွှတ်ရင်လဲဘာလို့များ ငါးမျှားနေသေးလဲဆိုပြီး စဉ်းစားမိတယ်။ နောက်မှ အဲဒီမှာနေတဲ့သူက ရှင်းပြတာ ငါးမျှားဖို့လိုင်စင်လျှောက်ရတဲ့အကြောင်း၊ မျှားလို့ရရင်လဲ ငါးအကောင်ရေနဲ့အမျိုးအစားကန့်သတ်ထားတဲ့အကြောင်း ပြောပြ ပါတယ်။ ကျွန်မက ဘာဖြစ်လဲ ဘယ်သူမှလာစစ်တာလဲမဟုတ် မိတာအကုန်ယူသွား လဲပြီးတာဘဲဆိုတော့ ....မရဘူးလေ အဲဒါကိုယ့်အကျင့်နဲ့ဆိုင်တယ်.. သူများလာစစ်မှမဟုတ်ဘူး..လိုင်စင်လျှောက်ကတည်းက ကတိဝန်ခံချက်ရှိပြီးသားမို့ လိုက်လျှောက်မယ်မလျှောက်ဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။