Skip to main content

"House of Memory" ရန်ကုန်

ဒီဇင်ဘာနောက်ဆုံးအပတ်မှာ House of Memory ကိုရောက်သွားတယ်။ နေ့လည့်ပိုင်း မို့လူအများကြီးမရှိဘူး။  မောင်လေးက ပုံမှန်သွားနေကြ လားတော့မသိဘူး..ရောက်တော့ စန္ဒယားထိုင်တီးနေတာဘဲ။
လူပျိုကြီး ဦးလေးကတော့ ထုံးစံအတိုင်း မူးဝေေ၀အရေကိုဆက်သောက်နေတယ်.
ကျွန်မကတော့ ဆိုင်က မန်နေဂျာကိုခွင့်တောင်းပြီး ဓာတ်ပုံလေးတွေလိုက်ရိုက် ခဲ့တယ်။ ဗိုလ်ချုပ်လျို့ဝှက်ရုံးခန်းအဖြစ်သုံးခဲ့ဖူးတယ်ပြော တယ်။  ရှေးဟောင်းပုံလေးတွေနဲ့ အနုပညာမြောက်မြောက်အလှဆင်ထားတဲ့ ဆိုင်လေး ကိုသဘောကျလို့မဆုံးဘူး။ ဦးဝိစာရလမ်းမပေါ်တင်ပါ..နဲနဲလေးကွေ့ဝင် သွားရတယ်။
အေးအေးချမ်းချမ်းလဲရှိတယ်..ညနေပိုင်းတွေဆို live show လေးနဲ့ အရမ်းကို ငြိမ့်ညောင်းတဲ့နေရာလေးပါ။ 
ရာဇ၀င်အသေးစိတ်သိချင်ရင်တော့ ဆိုင်က ၀န်ထမ်းလေးတွေလိုက်ရှင်းပြပါတယ်။
စိတ်ဝင်စားစရာကောင်းသလို သွားကြည့်သင့်တဲ့နေရာလေးပါ။  
လမ်းကြုံရင်သွားလည်ဖို့တိုက်တွန်းလိုက်ပါတယ်။ ညနေပိုင်းဆိုပိုစည်မယ်။း)
















Comments

  1. ခရစ္စတလ်February 14, 2012 at 11:15 PM

    သွားချင်တယ်။
    မသွားရပေမယ့် ဓာတ်ပုံတွေ ကြည့်ရလို့ ကျေးဇူး :)

    ReplyDelete
  2. သွားချင်တယ်။အဲ့ ဒီလိုမျိုးရှိမှန်းသိတောင်မသိဘူး။

    ReplyDelete
  3. အစ်မကူးရေ ညီမ လည်း ရန်ကုန်နဲ့ အဆက်ပြတ်နေတာ၊ ဒီလိုမျိုးဖွင့်နေမှန်းတောင်မသိဘူး။ ဒီတစ်ခေါက်ရန်ကုန် ပြန်ရင်တော့ သွားစရာတစ်ခုတိုးလာပြီ :)

    ReplyDelete
  4. မရောက်ဖူးဘူး။ သွားချင်အောင် ဆွဲဆောင်နိင်တာတော့ အမှန်ပဲ။
    ပြန်ရောက်မှ သွားကြည့်အုံးမယ်။

    ReplyDelete
  5. ရန်ကုန်ရောက်ရင် သွားကြည့်ဦးမှ..

    ReplyDelete
  6. owner is elder sister of former popular model pa pa win .
    this place is really interesting. i also wanna go.

    ReplyDelete
  7. yes, you can find her in facebook.. "House of Memory Ma Mie Mie" she's very beautiful woman.

    မရောက်ဖူးတဲ့သူတွေရောက်ဖြစ်အောင်သွားကြနော်..ကြုံရင်

    ReplyDelete
  8. Ma Mie Nge is not elder sister of Pa Pa Win :-) They are closed friends.

    ReplyDelete
  9. အခုနှစ်ပိုင်းတွေတော့ကြုံအုံးမှာမဟုတ်တာသေချာတယ်
    ဒါကြောင့် ဒီမှာပဲ ပုံထဲကနေအဝလေ့လာသွားတော့မယ်။

    ReplyDelete
  10. အဲဒါရှိမှန်းတောင်မသိဘူးအမရေ
    နောက်ကြုံမှသွားဦးမယ်

    ReplyDelete
  11. ဆိုင်လေးက သဘောကျစရာလေးနော်.. ရိုမန်းတစ်ဆန်တယ်.. ဗိုလ်ချုပ်ရဲ့အထိမ်း
    အမှတ်နေရာဆိုတော့ သွားချင်တယ်အစ်မ. ကြုံရင်သွားဦးမယ်..

    ReplyDelete
  12. နောက်နှစ်ပြန်ရင်သွားမယ်။ ဖော်ပြပေးတာကျေးဇူး။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။