Skip to main content

ပဲပုပ် လုပ်ရအောင်

 
ပဲပုပ်လုပ်ဖို့ကြိုးစားနေတာကြာပြီ။ တစ်ခါမှမအောင်မြင်တာနဲ့ဘဲ...လက်လျှော့ထားတာ ၅ လ လောက်ရှိပြီ။ အရင်လကရန်ကုန်ပြန်ပီးပဲပုပ်အစိုလေးတွေသယ်လာသေးတယ်။
ဒီရောက်မှာ ခရမ်းချဉ်သီးနဲ့ ဂျင်းနဲ့ ချက်စားတာ စိမ့်နေတာဘဲ။ ပဲပုပ်အခြောက်တွေထက် ပဲပုပ်အစိုကိုပိုနှစ်ခြိုက်တယ်။
ပဲပုပ်အစိုလုပ်နည်းမျိုးစုံရှိပေမယ့် ကျွန်မနိုင်ငံခြားရောက်ကာစ ချင်းအမျိုးသမီး ဆရာကတော်တစ်ယောက်လုပ်ပေးတဲ့ပဲပုပ်အရသာ ကျွန်မဘယ်တော့မှမမေ့ဘူး။
အရသာက မဆိုစလောက်လေးခါးပြီး စိမ့်လိုက်တာအရမ်းဘဲ.. လတ်လဲလတ်ဆတ် တယ်။ အဲဒီပဲပုပ်မျိုးလုပ်ဖို့စမ်းနေတာမအောင်မြင်ဘူး။
သူထမင်းခေါ်ကျွေးပြီး နောက်လဲဝေးတော့မရောက်ဖြစ်တော့ဘူး။ နှစ်ပတ်လောက်နေ တော့ သူတို့ အခြားနိုင်ငံပြောင်းသွားပီ။
ဒီတစ်ခါတော့ ကျွန်မနေတဲ့နေရာသိပ်မဝေးတဲ့ ကျောင်းမှာ ပညာတော်သင်လာတဲ့ ချင်းမိသားစုထပ်ရောက်တာနဲ့သူ့ဇနီးသည်ဆီမှာပဲပုပ်လုပ် ပေးဖို့သွားတောင်းဆိုပါတယ်..
  1. ပဲပုပ်လုပ်ဖို့ကတော့ soy-bean ပဲကို တစ်ညရေစိမ်၊ pressure cooker နဲ့ နူးနေအောင်ပြုပ်ရပါတယ်။ ပြုပ်ပြီးရင် ရေကိုစင်အောင်စစ်၊ အအေးခံ...
  2. သဖန်းရွက်တွေကို ရေဆေး၊အ၀တ်နဲ့သုတ်ပီး ပြုပ်ထားတဲ့ပဲတွေကိုထည့်..လုံအောင် အုပ်ပြီး အထုပ်သေးသေးလေးတွေထုပ်ပြီး ပိတ်စအဖြူအပါးနဲ့စီထုပ်  ထားပါတယ်။ အဲဒါကို ပလတ်စတစ် ဗန်းထဲထည့်၊ အပေါ်ကအရွက်တွေထပ်ဖုံးပြီး အ၀တ်စလေးနဲ့ထပ်အုပ်ထားတာပါ။ နေရှိရင် နေပြ ထားပြီး ၃ ရက်ဆို စားလို့ရပါပြီ။ 

သူကသဖန်းရွက်မခံဘဲ အ၀တ်စသန့်သန့်နဲ့ ထုပ်ထားလဲရတယ်လို့ပြောပါတယ်။
ကြော်စားစား၊ ချက်စားစား... ကျွန်မကတော့ ဆီများများနဲ့ ကြွပ်ကြွပ်လေးကြော်စား တာ သဘောကျပါတယ်။ ထမင်းပူပူလေးနဲ့စားရင် အရမ်းကိုအရသာရှိပြီး စိမ့်နေတဲ့ ပဲပုပ်လတ်လတ်ဆတ်ဆတ်လေးပါ။ 
ဒါကတော့ ခြံထဲမှာလမ်းလျှောက်ရင်းနဲ့ တွေ့လို့...  စားလို့ရရင်တော်တော်အရသာရှိ မယ့်ပုံ။ ဒါပေမယ့် မစားရဲဘူး။။။း))

Comments

  1. ကူးကူးရေ အဲဒီပဲပုတ်ကို မကြော်ခင်ရေဆေးချရသေးလား

    ReplyDelete
  2. ဆေးရဘူး... tempe' လိုဘဲ

    ReplyDelete
  3. မိုတတ်နေသလိုပဲနော် ကူးရေ
    မမလည်းပဲပုပ်ကြိုက်တယ်..

    ReplyDelete
  4. မှိုတက်မှရတယ်လို့ပြောတယ်.. အရင်က မှိုတတ်တယ်ဆိုပီး လွင့်ပစ်တာခဏခဏဘဲ... အခုမှအင်ဒိုကသူငယ်ချင်းပြောတာ မှိုတက်အောင် yeast တောင်ထည့်တယ်ပြောတယ်..

    ReplyDelete
  5. စားချင်စရာလေး..
    ဒီမှာတော့ ပဲပုတ်ဝယ်လို့ရတယ်ဆိုတော့ လုပ်တော့မလုပ်ဖြစ်ဘူး.
    ဒါပေမဲ့ မှတ်ထားမယ် လိုအပ်ရင်လုပ်စားလို့ရအောင်

    ReplyDelete
  6. မိုက်တယ်နော်။
    ပဲပုပ်လုပ်တာကိုမြင်လည်းမမြင်ဖူးဘူးကြားလည်းမကြားဖူးဘူး...း)
    ခုမှသိတယ်။
    အိုင်အိုရာ

    ReplyDelete
  7. အဲဒီလိုပဲပုပ်ကိုကျုးမြစ်နဲ့ သုပ်စားတာ..။
    ကောင်းမှကောင်း..နော်။
    စမ်းလုပ်ကြည့်ရအုံးမယ်

    ReplyDelete
  8. ကူးကူးရဲ့ ပဲပုပ်လုပ်နည်းလေးလာလေ့လာသွားတယ်....။

    ReplyDelete
  9. ပဲပုပ်လုပ်နည်း မှတ်သွားတယ် မကူးကူး

    ReplyDelete
  10. ပဲပုတ်ဆိုတော့ရှမ်းစာပေါ့.......

    ReplyDelete
  11. Hello there! Would you mind if I share your blog with my twitter group?

    There's a lot of folks that I think would really appreciate your content. Please let me know. Thank you

    Feel free to visit my site - ford ranger

    ReplyDelete
  12. What's up to every one, it's in fact a nice for me to visit this web page,
    it contains priceless Information.

    Have a look at my web site: ranger forum

    ReplyDelete
  13. ကျေးဇူးတင်ပါတယ်။
    ပဲပုပ်ဝယ်လို့မရတော့ လုပ်နည်းကို ရှာနေ၊မေးနေတာကြာပါပြီ။
    မေးချင်တာက - ပဲပုပ်ပြားကိုရော ဘယ်လိုဆက်လုပ်ရပါသလဲ။
    ခုရလာမယ့်ပဲပုပ်ကိုပဲ ထောင်းပြီးအပြားလုပ်လိုက်ရင်ရပါပြီလား။
    ကျေးဇူးပြူပြီးဖြေပေးပါ။

    ReplyDelete
  14. ပဲပုပ်ပြားတော့မလုပ်ဖူးဘူး... ထောင်းပီးနေခံအခြောက်လှမ်းရမှာဆိုတော့ အနံ့ပြင်းလို့ အဝေးမှာနေတဲ့သူတွေအတွက်မကိုက်ဘူးမောင်လေး..

    ReplyDelete
  15. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။