ဘန်ကောက်ရောက်တုန်းအငမ်းမရ..ဈေးသွားတိုင်းလိုက်ရှာပီးဝယ်စားတဲ့မျောက်ငိုသီး တွေပါ။
အသီးနဲနဲနုတာလေးလဲရတော့ အခွံနဲ့ရောပီးကြော်စားတယ်.. ပိုစိမ့်ပီးအရသာရှိတယ်။
ပဇွန်ခြောက်မှုန့်၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း ထောင်း ကို ငါးငံပြာရည်နဲနဲ ထည့်ကြော်ထားတာပါ.... ဆူးပုတ်ရွက်လေးကတော့ ခြံထဲက နဲနဲရလို့ ရောထည့်လိုက်တယ်။။...
တစ်တွဲကို သုံးချောင်းပါတယ်..အဲဒါကို ဈေးထဲမှာ ဘတ် ၂၀/ ၂၅ ပေးရတယ်..
မြို့ထဲမှာတော့ အထမ်းသည်ကရောင်းတာ တစ်တွဲကို ၅ ချောင်းပါပီး ဘတ် ၁၀၀ ပေးရပါတယ်။
ဈေးထဲမှာရောင်းတဲ့ တစ်နေလှမ်းငါးတွေကတော့ ဥလေးတွေနဲ့ ကြော်စားရင်အရမ်းအရသာရှိတယ်.. ငါးကြော်ရမှာကြောက်လို့ မ၀ယ်စားဖြစ်ဘူး။ ငါးချဉ်တွေတော့ ၀ယ်ပီးကြော်စားတယ်..သိပ်ကောင်း...
ငါးမြွေထိုးတွေလဲတွေ့တော့ ညီမလေးက မာမီ့ကိုဖုန်းဆက်ပီး ဘယ်လိုကြော်ရလဲ လှမ်းမေးတော့ မာမီက ဘယ်အရွယ်လဲဆိုတော့ သူက ဆိုဒ်ပြောပြတော့..ဟယ်ကြီး လိုက်တာ..ဒီမှာဆို အဲလို အရွယ်စားချင်တာရှိဘူးတဲ့... ..း)...
ဘန်ကောက်ဈေးထဲက ပုံလေးနဲနဲပါ.... ကိုယ့်အကြိုက်ပုံလေးတွေစုပီး ဘလော့ပေါ်မှာတင်ထားလိုက်ပါတယ်ရှင်..။

ယိုးဒယားက အစားသမားကြိုက်တိုင်းပြည်လို့ တင်စားရမယ်ထင်ရဲ့...စားလိုက်ကြတာမှ ကိုယ်မစားဖူး မမြင်ဖူးတာတွေချည်း...မျောက်ငိုသီးကတော့ အခုမှပဲ မြင်ဖူးတော့တာကလား...ထူးဆန်းပါပေ့ နာမည်ကး)
ReplyDeleteအယ်တော့.. မြန်မာပြည်မှာလဲ စားပါတယ်နော်... အထူးသဖြင့် မြန်မာပြည်အထက်ပိုင်းနဲ့ ချင်းတောင်ဘက်မှာ မပါမဖြစ်ကို စားကြတာ.. မန္တလေး စစ်ကိုင်းဘက်မှာ လဲအများကြီးဘဲ..
ReplyDeleteကူးရေ..
ReplyDeleteခုအိမ်နားကလမ်းဘေးမှာအဲဒီအသီးလိုမျိုးတွေသီးနေတာတွေ့ တော့သိချင်လိုက်တာ။ အဲဒီအပင်လားလို့ ။
ကူးကိုလည်းအသီးတွေတွေ့ တိုင်းသတိရနေတာ။
အိုင်အိုရာ
ဟုတ်လား... အဲဒီအပင်ဆိုရင်တော့ပွတာဘဲ... ကူးတောင်သွားကြည့်ချင်လာပီ..
ReplyDelete