အားလုံးဘဲမင်္ဂလာပါရှင်။ အေးရှားဝန်းကျင်ကနေ ကနေဒါပြောင်းပြီးနောက်ပိုင်းမှာ ဘာမှသိပ်မရေးဖြစ်၊ မချက်ဖြစ်ခဲ့တာအတော်ကြာပါပီ။ အကြောင်းကလဲ နေမြေသစ်မှာအသား ကျအောင်နေနေရတာရယ်။ ကျမ်းမာရေးကလဲ မဖြစ်ဘူးတာ တွေထပ်တိုးပြီး အိပ်ရာထဲနေရတဲ့ အချိန်တွေများလာတာရယ်ကြောင့်ပါ။ အရမ်းအေးတဲ့နိုင်ငံရယ်လို့ လူသိများတဲ့ဒီနေရာမှာ အောက်တိုဘာက နေ မေလ လောက်ထိ အလုပ်နဲ့အိမ် ကလွဲဘယ်မှ သိပ်မသွားဖြစ်ခဲ့ဘူး။ ကျွန်မအတွက်ကတော့ အေးအေးလေးနဲ့ နှင်းတွေကျနေပီဆို အရမ်းကို ခြေယားပြီးအပြင်ထွက်ဆော့ချင်တာပါဘဲ။ချစ်သူမောင်ကတော့မြန်မာနိုင်ငံသားပီသစွာ ပူပူပြင်းပြင်း နေတဝင်းဝင်းနဲ့ယင်ကောင်ခြင်ကောင် ပေါတဲ့ နွေရာသီမှသာအပြင်ထွက်လန်းချင်တဲ့ စိတ်ရှိလေတော့ ကားမမောင်းတဲ့ကျွန်မလဲအိမ်တွင်းပုန်းနေခဲ့ရတယ်။ အော်တာဝါ ကျယ်ဝန်းလွန်းတဲ့ ဒီနိုင်ငံကြီးမှာ ကျမ်းမာရေးနဲ့ ပတ်သတ်တာမှန်သမျှဆေးရုံသွားရပီဆိုကုသစရိတ်က အလကားရပါတယ်။ ဒါကလည်း ကနေဒါနိုင်ငံသားဖြစ်ပီးသူတွေ၊ အမြဲနေထိုင်ခွင့် ကဒ် ကိုင်ဆောင်ထားပြီး ကျမ်းမာရေးစစ်ဆေးခွင့်ကဒ်ကိုင်ဆောင်သူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက် ထားဆဲသူတွေသာ ဖြစ်ပါတယ်။ ကျွန်မလေယဉ်ကွင်းရောက်တဲ့အခါ နိုင်ငံသားစစ်ဆေးရေး ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။