အစားစုံ..အစုံစားသတ္တ၀ါထဲမှာကျွန်မလဲပါလိမ့်မယ်..အထူးသဖြင့်မဟုတ်ကဟုတ်က ကိုယ်နဲ့ မတည့်တဲ့အစာတွေဆိုစားချင်တာသေတော့မယ်။ အခုလဲမှို၊ မှိုတောင်မှခါတိုင်းစားတဲ့ငွေနှင်းမှို မဟုတ်ဘူး။ ကောက်ရိုးမှို၊ အဲဒါကဒီမှာမရောင်းဘူး၊ တစ်ခါတစ်လေတောင်ပေါ်တက်တဲ့ကျောင်း သားတွေခူးလာပေးမှရတာ.. မြန်မာပြည်ကနေခွဲကတည်းကကောက်ရိုးမှိုကိုစားရတာဒါပထမ ဆုံးအကြိမ်ပါဘဲ။ မှိုလေးတွေကတောင့်တင်းလတ်ဆတ်နေတာ..သဲတွေနဲနဲပေနေတော့သေချာ ဖွဖွလေးသွားပွတ်တံနဲ့ခြစ်ဆေးရတယ်။ နောက်တော့အဖတ်မျှင်လေးတွေလုပ်ထားပြီး...... ကောက်ရိုးမှိုကြီးကြီး - ၅ ပွင့် ကြက်သွန်ဖြူ - ၄ မွှာ ခရမ်းချဉ်သီး - ၁ လုံး (မမှည့်တစ်မှည့်) ငရုတ်သီးစိမ်းတောင့်ရှည် - ၁ တောင့် ဆီပူပူမှာ ကြက်သွန်ဖြူကိုဓါးပြာရိုက်ထည့်လိုက်ပြီးတော့ ခရမ်းချဉ်သီးကိုလဲမခွံနွှာထည့်ပါတယ်။ နဲနဲ လေးများချဉ်မလားလို့၊ ပြီးတော့ငရုတ်သီးစိမ်းတောင့်ရှည်ကိုအမြောင်းလိုက်လှီးထည့်ပြီး သန့်စင်ပြီး မှိုတွေထည့်ဆားနဲငယ်ထည့်ပြီး ချိုမှုန့်နဲနဲထည့်၊ မထည့်လဲချိုနေပြီ။ ပြီးရင်မွှေ..ကျက်လောက်ပီဆိုရင် ကောက်ရိုးမှိုငရုတ်ချဉ်စပ်ကြော်တစ်ခွက်ရပါပီ။ ဒါဘဲလားဆိုတော့မပီးသေးပါဘူး။ မုန်လာထုတ်ကိုလက်တစ်ဆစ်စာလောက်လှီးပြီး၊ ကြက်သွန်ဖြူ၊ မျှင် ငပိ၊ ငရု...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။